Wednesday, March 4, 2015

ဆေးနှင့်ဘေး

ဝေဒနာတစ်ခုခံစားလာပြီဆိုတာနဲ့ ရက်တွေနဲနဲကြာလာရင်ဖြင့်ရောဂါဆိုပြီးအမည်တပ်ကြပါပြီ။ဝေဒနာဆိုတာက ခံစားနေရတဲ့လက်ရှိနာကြင်ကိုက်ခဲမှုလို့ဆိုချင်ပါတယ်။သက်သာမှုမရှိပဲရက်ရှည်လါတော့ဝေဒနာပေါ်မူတည်ပြီးရောဂါဆိုပြီးခေါ်ကြပါတယ်။ဥပမာလက်ကိုက်တဲ့ဝေဒနာ-ကြာလာတော့လက်ကိုက်ရောဂါပါ။ ကုသ -ရက်တွေရှည်လာတော့နာတာရှည်ရောဂါရယ်လို့ဖြစ်ပါပြီ။ ဒီနေရာမှာတော့ ဝေဖန်ကြည့်ကြရအောင်လား--ဘာကြောင့်နာတာရှည်ဖြစ်လာရတာလဲ ။
၁-ရောဂါအမှန်ကိုမသိလို့။ 
၂-ရောဂါသိပြီးပျောက်တဲ့ဆေးမတွေ့လို့။
 ၃-ရောဂါ နဲ့ကုသရေးလွဲချော်လို့။အနဲဆုံးဒီသုံးချက်နဲ့တင် နာတာရှည်ဆိုတာတွေဖြစ်ပါပြီ။နာတာရှည်ဖြစ်လာတာနဲ့ကောင်းတာတွေတစ်ခုမှမရှိပါဘူး။ဆေးတွေကဆက်တိုက်သောက်လာတာတွေက ကိုယ်ထဲမှာဆိုးကျိုးတွေစုပုံလာတတ်ပါတယ်။ကုသရေးမှာခိုင်မာတဲ့အယူအဆ(၂) ခု ထားရှိပါတယ်။-ရောဂါကိုကုသတယ်ဆိုရာမယ်-(၁) သက်သာမယ်-(၂) ကောင်းလာမယ် -(၃)ပျောက်ကင်းမယ်ဒီလိုရည်ရွယ်သလို။သောက်ရတဲ့ဆေးတွေကလဲဒီအတိုင်း အကျိုးခံစားရမယ်လို့ခံယူပြီး ဒီအတိုင်းမဖြစ်လာရင်တော့ ရင်ထဲမှာဘ၀င်မကျနိုင်ပါဘူး။ရောဂါတွက်ဆေးသောက်ရာမယ် ရောဂါကမကောင်းလာရင်တော့သောက်သမျှဆေးတွေက ကိုယ်အတွက် ဘေးဖြစ်စေမဲ့အဆိပ်အတောက် လို့ပဲဆိုရင်မမှားဘူးထင်ပါတယ်။ကိုယ်တွေ့တွေအနေနဲ့လက်တွေ့ပြရရင်တော့နှစ်ရှည်ကုလာတဲ့ ဝေဒနာရှင်တစ်ယောက် ရောက်လာတဲ့ခါစစ်ဆေးလိုက်ရင် ပထမမှာဝေဒနာတစ်ခုပါပဲနောက်ကုရင်းနဲ့ တခြားရောဂါတွေပါလာပြီးလူကယိမ်းသလိုယိုင်သလို နဲ့ရောဂါက(၆-၇)မျိုးလောက်ရှိနေတာတွေတွေ့ရတာတွေများပြီးအဓိကကတော့ အသည်း၊နှလုံး၊အစာအိမ်၊ကျောက်ကပ်၊အဆစ်တွေမှာစိုးရိမ်အဆင့် မှာရောက်နေတာကိုတွေ့ရတာတွေချည်းပါပဲ။ဒီနေရာမှာအဆိုးဆုံးသူတွေကတော့ပျောက်ချင်စိတ်ပြင်းထန်ပြီးဆေးတွေကို အချိန်ပြည့်အချိန်မှန် ဂရုစိုက်ပြီးသောက်တတ်တဲ့သူတွေမှာအဖြစ်များလွန်းတာကိုတွေ့ရပါတယ်။ထိခိုက်မှုမများခဲ့ရင်တော့ဆယ်လို့မှီနိုင်ပြီး လွန်လွန်းရင်တော့နောက်ဆုံးထွက်သက်ကိုညှင်သာစေဘို့ပဲကြိုးစားရမှာပါ။တစ်ယောက်သောလွန်လာတဲ့မျိုးဥအိမ်ကင်ဆာတစ်ယောက်တုံးက (၂)ခါခွဲပြီးပြန်ချုပ်လာတာ စားချင်တာပေးစားလိုက်ဆိုတဲ့သူက လာတုံးက ရင်ညွန့်ကနေပူနေတာကိုင်လိုက်ရင် စဉ့်အိုးကိုကိုင်သလို မာကြောနေတဲ့အခြေအနေက(၁၄)ရက်အတွင်းမှာချက်ဆီကိုဆင်းပြီးပူတာကတ ၀က်ရော့သွားချိန်မှာဆေးမှန်တွေ့ပြီဆိုပြီးကာယကံရှင်တွေအားလုံးက (၁၀) ရက်လောက်ပေါ့ဆပြီးဆေးသောက်ဘို့ပျက်ကွက်ရာက ဝေဒနာက တခြားနေရာတွေရောက်သွားပြီးမှဆေးတွေကို ပြန်ကြိုးစားသောက်ပြန်ပေမဲ့ (ငါခဏ)အိပ်အုံးမယ်ဆိုပြီး အိပ်လိုက်တာပြန်မနိုးတော့ပါဘူး။ဘာဝေဒနာမှအလူးလဲမခံလိုက်ရပဲ။ထာဝရအိပ်ပျော်သွားခဲ့တာရယ်။နောက်တစ်ယောက် အင်းစိန်ကလူနာသားအိမ်ခေါင်းကင်ဆာ (၁၄)ရက်အတွင်းတစ်နေ့အကိုက်ခဲဆေး(၃)ကြိမ်ထိုးနေရာက ဆေးလုံးဝမထိုးရတော့ပဲညတိုင်လဲအိပ်လို့ရပြီ လမ်းလဲနဲနဲလျောက်လို့ရလာပြီကြားရချိန် ခြေတောက်တွေယောင်နေတင်းနေပြီးအရည်တွေစိမ့်ထွက်နေတာသိရတာတွေကနှစ်ရှည်သောက်လာတဲ့ဆေးတွေကကျောက်ကပ်မှာစုပုံပြီး နှောက်ယှက်နေပါပြီ။ဒီလိုပါပဲဆိုခဲ့တဲ့အတိုင်းနှစ်ရှည်ဆေးတွေသောက်လာတဲ့သူတွေမှာဘေးဆိုးကျိုးတွေတပုံတပင်ခံစားရတာတွေ ရွှေမြန်မာတို့ကိုယ်တွေ့တွေကိုယ်စီရှိကြမယ်လို့ထင်မိပါကြောင်းနဲ့ရောဂါတွက် ရည်ရွယ်ပြီးသောက်တဲ့ဆေးမှန်သမျှတို့ သည်ကောင်းကျိုးမဖြစ်ခဲ့ပါလျှင် ဆိုးကျိုးကိုဖြစ်ပေါ်စေမဲ့ဘေးကိုဖြစ်ပေါ်ခံစား ရမှာကိုရွှေမြန်မာတို့သတိတရားလေးရှိကြဘို့ တင်ပြလိုက်ပါတယ်။
မှတ်ချက်-- ဆေးဆိုတာတသက်လုံးသောက်ရန်မဟုတ်ပါ။
ချက်ဘောက်မှာ အမည်
အသက် နေရပ် ခံစားနေရတဲ့ဝေဒနာတွေကို ချန်မထားပဲဖြစ်သမျှရေးတင်ထားပါ။လိုင်းကောင်းတာနဲ့ အဖြေနဲ့လိုအပ်တာကိုရေးထားပေးပါမယ်။အမ်အာအိုင် ။အိပ်စရေးရှိသူကလဲဓါတ်ပုံရိုက်ပြီးတင်ထားပေးနိုင်ပါတယ်။
အောင်စံမှီ (အထူးကု)မှတ်(၁)ဒီစကားဝါလမ်းရွှေတောင်ရပ်၊သီတာချမ်းမြေ့ဓမ်မာရုံရှေ့ မော်လဲမြိုင်မြို့။ -၀၉၄၉၈၀၇၃၃၇။
ဆက်လက်ဖေါ်ပြပါမည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...