Monday, March 2, 2015

ဟာသ ပေါင်းချုပ် (၂-၃)

အထောက်အထားပါတယ်။
=============
လူတစ်ယောက်စူပါမားကက် တစ်ခုသို့ ရောက်လာပြီး ကောင်တာတွင်မေးသည်။
“ခွေးကျွေးတဲ့ အစာ ရှိသလား”
စာရေးကပြန်မေးသည်။
“ခင်ဗျားမှာ ခွေးရှိသလား”
“ရှိတယ်လေ။ အိမ်မှာ ထားခဲ့တယ်”

“စိတ်မရှိနဲ့ဗျာ။ ခင်ဗျားခွေးကို မြင်ရမှ ရောင်းလို့ရမယ်။
ဒါက ကျနော်တို့ စတိုးဆိုင်ရဲ့ စည်းကမ်းပါ။”
နောက်တစ်နေ့။
ထိုလူပင် အဆိုပါ စူပါ မားကက် သို့ ပြန်ရောက်လာပြီး ကောင်တာတွင် ကြောင်စာ
ရှိမရှိမေးပြန်သည်။
ယခင်အတိုင်းပင် စာရေးလုပ်သူကပြန်ဖြေသည်။
“ခင်ဗျား ကြောင်ကို မြင်ရမှ ရောင်းလို့ရမယ်ဗျ။ ဒါကလဲ
ကျနော်တို့ စတိုးဆိုင်ရဲ့ စည်းကမ်းမို့ပါ”
နောက်ထပ်တစ်နေ့။
ထိုလူသည် ယခင်နေ့က သူနှင့် စကားပြောခဲ့သော စာရေးဆီသို့ တန်းပြီးလျှောက်
လာသည်။ သူ့လက်ထဲတွင် အညိုရောင် စက္ကူအိတ်ထူထူ တစ်ခုကို ကိုင်လာသည်။
စာရေးဆီသို့ရောက်သော် စက္ကူအိတ် ကို ရှေ့သို့ထိုးပေးကာ စာရေးလုပ်သူကို ပြော
သည်။
“ခင်ဗျားလက်ကို အိတ်ထဲ ထည့် စမ်းကြည့်စမ်းဗျာ”
စာရေးက စက္ကူအိတ်ထဲသို့ လက်ထည့်ပြီးစမ်းကြည့်သည်။ အံ့သြသောမျက်နှာဖြင့်
ထိုလူကို ပြန်ပြောသည်။
“ဘာတွေလဲဗျ။ ပျော့စိစိ ပူနွေးနွေးနဲ့”
“စက္ကူလိပ်နှစ်လိပ်ပေးဗျာ”
KZO

ရှင်းပြဖို့ မလွယ်ဘူး
=========
လယ်သမားတစ်ယောက် စိတ်ဓာတ်ကျဆင်းနေဟန်ဖြင့် ဘားကောင်တာရှေ့
တွင် စိတ်ပျက်လက်ပျက်ပုံစံနှင့် အရက်ကို တစ်ခွက်ပြီးတစ်ခွက် မော့သောက်
နေသည်။ သူ့ကို တွေ့သော သူ့သူငယ်ချင်းများက အကျိုးအကြောင်းကို
မေးကြသည်။
“မင်းကြည့်ရတာ တမှိုင်မှိုင်တတွေတွေနဲ့ ဘယ်လိုဖြစ်လာတာလဲ”
လယ်သမားက ပြန်ဖြေသည်။
“တစ်ချို့ကိစ္စတွေက ပြန်ရှင်းပြဖို့ မလွယ်ဘူးကွ”
“လုပ်ပါကွ။ ပြန်ပြောပြပါအုံး တို့တွေ ကူညီလို့ရရင် ကူညီရတာပေါ့”
“ဒီလိုကွ ။ မနက်က ငါ့ နွားမကြီးကို တင်းကုပ်ထဲမှာ နို့ညှစ်တယ်လေ။
သိပ်မကြာဘူး ကောင်မက နို့ပုန်းကို သူ့ညာခြေ နဲ့ ကန်ပစ်လိုက်တယ်။
ဒါနဲ့ ငါလဲ သူညာခြေကို တိုင်မှာ ချည်ထားလိုက်တယ်။ ပြီးတော့ ဆက်ညှစ်
တယ်။ သိပ်မကြာပြန်ဘူး ကျန်တဲ့ ဘယ်ခြေနဲ့ နို့ပုံးကို ကန်ပစ်လိုက်ပြန်ရော။
ဒါနဲ့ ငါလဲ သူ့ဘယ်ဘက်ခြေကို ပါ တိုင်မှာချည်လိုက်တယ်။”
ပြီးနောက်သူက ဆက်ပြောပြန်သည်။
“ဒါလဲမရဘူးကွ။ သိပ်မကြာဘူး နို့ပုံးကို သူ့အမြီးနဲ့ ရိုက်လိုက်ပြန်ရော။ ငါ
လည်း စိတ်မရှည်တာနဲ့ အမြီးကို ကြိုးနဲ့ချည်မယ်လုပ်တာ။ ကြိုးကလဲမတွေ့
တော့ဘူး။ ဒါနဲ့ ငါ့ခါးပတ်နဲ့ သူ့အမြီးကို တုတ်လိုက်တယ်။ ဖြစ်ချင်တော့
ခါးပတ်မရှိတဲ့ ငါ့ဘောင်ဘီက အောက်ကိုလျှောကျသွားရော။ အင်း . . .
ထပ်ဖြစ်ချင်တော့ ငါ့မိန်းမ ရောက်လာတော့တာပဲ။ အဲဒီမှာ ပြဿနာ
တက်တာပဲကွာ။”
“ဟ . . . ဒါ ဘာဆန်းသလဲကွ သေချာရှင်းပြလိုက်ပေါ့”
“အဲဒါကြောင့်ပြောတာ။ တစ်ချို့ကိစ္စတွေက ရှင်းပြဖို့ မလွယ်ပါဘူဆို”
KZO

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...