Wednesday, October 2, 2013

ကလေးသူငယ်များအား အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက်ကို မြန်မာနိုင်ငံမှ မကြာမီ သဘောတူလက်မှတ် ရေးထိုးမည်

မြန်မာ့သားကောင်း's photo.
Photo: ကလေးသူငယ်များအား အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက်ကို မြန်မာနိုင်ငံမှ မကြာမီ သဘောတူလက်မှတ် ရေးထိုးမည်
Wednesday, October 2, 2013

ကလေးသူငယ်များအား အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့)၏ ပြဋ္ဌာန်းချက် အမှတ် ၁၈၂ ကို မြန်မာနိုင်ငံမှ မကြာမီ သဘောတူလက်မှတ် ရေးထိုးတော့မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂ ရက်အထိ ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ပြုလုပ်သည့် "ကလေးစစ်သားအဖြစ် တပ်မတော်မှ စုဆောင်းခံခဲ့ရပြီး နုတ်ထွက်ခွင့် ရသူများနှင့် မြန်မာနိုင်ငံအတွင်း အခြားအခွင့်အလမ်း နည်းပါးသည့် ကလေးသူငယ်များအတွက် စီးပွားရေး ပြန်လည်ပေါင်းစည်းနိုင်ရန် နိုင်ငံတော်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ" တွင် ဒုဝန်ကြီးက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

"ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပြီးနောက်မှာ ထင်ရှားတဲ့ ရလဒ်ကတော့ ILO က ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ အားလုံးကို ရုပ်သိမ်းပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ကလေးသူငယ်များအား အဆိုးရွား ဆုံးပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက် အမှတ် ၁၈၂ ကို မကြာမီ လက်မှတ်ရေးထိုးတော့မှာ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုး နိုင်ဖို့အတွက် လိုအပ်တဲ့ စိစစ်မှုတွေ လုပ်ဆောင်နေပါတယ်" ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးထင်အောင်က ဆိုသည်။

အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် "၂၀၁၅ ခုနှစ် အကုန်တွင် အတင်းအဓမ္မ စေခိုင်းမှု လုံးဝပပျောက်ရေး ပူးတွဲမဟာဗျူဟာ" ကို လက်မှတ်ရေးထိုးခဲ့ပြီး လုပ်ငန်းစီမံချက်အရ အရွယ်မရောက်သူ ကလေးသူငယ်များ တပ်မတော်မှ နုတ်ထွက်ခွင့် ရရှိရေးအတွက် ကာကွယ်ရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အတင်းအဓမ္မ ခိုင်းစေမှု ပပျောက်ရေးကို ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့) နှင့် ၂၀၀၇ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ကလေးအလုပ်သမား ခိုင်းစေမှု၊ တပ်မတော်မှ အသက် (၁၈) နှစ် မပြည့်သေးသည့် ကလေးစစ်သားများ စုဆောင်းမှုသည် ILO ၏ ပြဌာန်းချက် တစ်ခုဖြစ်သည့် အတင်းအဓမ္ဓ ခိုင်းစေမှု ပပျောက်ရေးတွင် ပါဝင်ကြောင်းလည်း သိရသည်။

Eleven Media Group

မြစ်ကြီးနား ရထားလမ်းပိုင်း တစ်နေရာတွင် ဈေးရောင်းနေသည့် ကလေးငယ်နှစ်ဦးအား တွေ့ရစဉ်
မြစ်ကြီးနား ရထားလမ်းပိုင်း တစ်နေရာတွင် ဈေးရောင်းနေသည့် ကလေးငယ်နှစ်ဦးအား တွေ့ရစဉ်
Wednesday, October 2, 2013

ကလေးသူငယ်များအား အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ ILO (အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့)၏ ပြဋ္ဌာန်းချက် အမှတ် ၁၈၂ ကို မြန်မာနိုင်ငံမှ မကြာမီ သဘောတူ လက်မှတ်aရးထိုးတော့ မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးထင်အောင် က ပြောကြားသည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂ ရက်အထိ ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ပြုလုပ်သည့် "ကလေးစစ်သားအဖြစ် တပ်မတော်မှ စုဆောင်းခံခဲ့ရပြီး နုတ်ထွက်ခွင့် ရသူများနှင့် မြန်မာနိုင်ငံအတွင်း အခြားအခွင့်အလမ်း နည်းပါးသည့် ကလေးသူငယ်များအတွက် စီးပွားရေး ပြန်လည်ပေါင်းစည်းနိုင်ရန် နိုင်ငံတော်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ" တွင် ဒုဝန်ကြီးက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

"ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပြီးနောက်မှာ ထင်ရှားတဲ့ ရလဒ်ကတော့ ILO က ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ အားလုံးကို ရုပ်သိမ်းပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ကလေးသူငယ်များအား အဆိုးရွား ဆုံးပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက် အမှတ် ၁၈၂ ကို မကြာမီ လက်မှတ်ရေးထိုးတော့မှာ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုး နိုင်ဖို့အတွက် လိုအပ်တဲ့ စိစစ်မှုတွေ လုပ်ဆောင်နေပါတယ်" ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးထင်အောင်က ဆိုသည်။

အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် "၂၀၁၅ ခုနှစ် အကုန်တွင် အတင်းအဓမ္မ စေခိုင်းမှု လုံးဝပပျောက်ရေး ပူးတွဲမဟာဗျူဟာ" ကို လက်မှတ်ရေးထိုးခဲ့ပြီး လုပ်ငန်းစီမံချက်အရ အရွယ်မရောက်သူ ကလေးသူငယ်များ တပ်မတော်မှ နုတ်ထွက်ခွင့် ရရှိရေးအတွက် ကာကွယ်ရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အတင်းအဓမ္မ ခိုင်းစေမှု ပပျောက်ရေးကို ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့) နှင့် ၂၀၀၇ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ကလေးအလုပ်သမား ခိုင်းစေမှု၊ တပ်မတော်မှ အသက် (၁၈) နှစ် မပြည့်သေးသည့် ကလေးစစ်သားများ စုဆောင်းမှုသည် ILO ၏ ပြဌာန်းချက် တစ်ခုဖြစ်သည့် အတင်းအဓမ္ဓ ခိုင်းစေမှု ပပျောက်ရေးတွင် ပါဝင်ကြောင်းလည်း သိရသည်။

Eleven Media Group

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...