Monday, October 14, 2013

အင်္ဂလိပ်စာ အမှားများ (English Errors)

အင်္ဂလိပ်စာအမှားတွေကတော့ အဆောက်အဦးတစ်ခုခု (သို့) လမ်းဘေးတွေမှာ တွေ့ရတဲ့ ကြော်ငြာ သင်ပုန်း အကြီးကြီးတွေ၊ မဂ္ဂဇင်းတွေ၊ နိုင်ငံရေးသမားတွေရဲ့ မိန့်ခွန်းတွေအပါအ၀င် နေရာတိုင်းမှာ ရှိပါတယ်။ မှန်ကန်တဲ့ အင်္ဂလိပ်စာကို ပြောတတ်၊ ရေးတတ်မယ်ဆိုရင်ဖြင့် တခြားသူတွေထက်တော့ တပန်းသာနေမှာပါ။ သင်ဟာ အလုပ်တစ်ခုခုကို လျှောက်ထားတယ်လို့ဆိုကြပါစို့။ သင့်ရဲ့ စီဗွီ(CV)နဲ့ လူတွေ့မေးမြန်းခြင်းတွေကို အမှားမကင်းချင်ဘူးလား။ အင်္ဂလိပ်စာဟာ ကျွမ်းကျင်အောင်လုပ်ဖို့ရာ ခဲယဉ်းတဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် လူအများစု အတွက်ကလည်း ၄င်းသည် မိခင်ဘာသာစကားမဟုတ်ပါ။ ဒါကြောင့်မို့လို့ ၄င်းကို ကျွမ်းကျင်အောင် ပြုလုပ်ခြင်းသည် ပိုပြီးကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပဲဖြစ်ပါသည်။ ဒါပေမဲ့လည်း ဘ၀မှာရရှိတဲ့ အခြားသော အရာတွေလိုပဲ “လေ့ကျင့်မှုက ကျွမ်းကျင်မှုကို ဖြစ်စေမှာ” (practice makes perfect) ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ မှားလေ့မှားထရှိတဲ့ အမှားအချို့ကို လေ့လာ ကြည့်ကြပါစို့။

မိမိကြီးပြင်းရာဒေသကို ဖော်ပြလိုသောအခါ။
Wrong : I was bought up in Hyderabad. (ကျွန်တော်က ဟိုက်ဒြာဘဒ်မှာ ၀ယ်ယူခြင်း ခံခဲ့ ရပါတယ်။)
ဒီလို အမှားကို မကြာခဏ ကြားရတဲ့အတွက် လျင်မြန်တဲ့ ရယ်စရာတုံ့ပြန်မှုတစ်ခုကတော့ “And how much did you parents pay?” (ဒါဆိုရင် မင်းရဲ့ မိဘတွေက ဘယ်လောက်တောင် ပေးခဲ့ရလဲ?) ပဲဖြစ်ပါတယ်။
Correct : I was brought up in Hyderabad. (ကျွန်တော်က ဟိုက်ဒြာဘဒ်မှာ ကြီးပြင်းခဲ့တာပါ။)

“nuances” လို့ခေါ်တဲ့ သိပ်မထင်ရှားလှတဲ့ အဓိပ္ပါယ် (သို့) အသံထွက်ရဲ့ ကွဲပြားမှု အမှားလေးများ။
Wrong : What I did for you? (မေးချင်တာကတော့ “မင်းကို ငါ ဘာလုပ်လို့လဲ”)
Correct : What have I done to you?
Wrong : Why you do me like this? (မေးချင်တာကတော့ : “မင်းငါ့ကို ဘာ့ကြောင့် ဒီလို ဆက်ဆံရသလဲ?”)
Correct : Why are you treating me like this?

*nuances တွေရဲ့ အသုံးအနှုန်းအမှန်တွေကို များများ လေ့ကျင့်ပေးခြင်းဖြင့် သင်ယူရမှာ ဖြစ်ပါတယ်။
မွေးနေ့ကို ထုတ်ဖော်ပြောလိုတဲ့အခါ။
Wrong : My happy birthday is on January 27. (ကျွန်တော့်ရဲ့ ပျော်ရွှင်စရာမွေးနေ့ဟာ ဇန်န၀ါရီလ (၂၇)ရက်နေ့ ဖြစ်ပါတယ်)
မွေးနေ့ရှင်ကို ဂုဏ်ပြုတဲ့အနေနဲ့ “Happy Birthday” သီချင်းကို ဆိုပေမဲ့ မွေးနေ့ကျရောက်တဲ့ တကယ့်နေ့ကိုတော့ “birthday”လို့ပဲ ခေါ်ပါတယ်။
Correct : My birthday is on January 27. (ကျွန်တော့်ရဲ့ မွေးနေ့ဟာ ဇန်န၀ါရီလ (၂၇)ရက်ဖြစ်ပါတယ်။

တစ်ခုကိန်း (singular)နဲ့ အများကိန်း(plural)မှားခြင်း။
Wrong : Inflation has gone up in the last four month. (လွန်ခဲ့တဲ့ လေးလအတွင်းမှာ ငွေဖောင်းပွမှုဟာ ပိုမြင့်တက်သွားပါတယ်။)
*months သည် တစ်ခုကိန်း month ၏ အများကိန်းဖြစ်ပါတယ်။ လေးလဖြစ်တဲ့အတွက် months လို့ သုံးရပါမယ်။
Correct : Inflation has gone up in the last four months. (လွန်ခဲ့တဲ့ လေးလအတွင်းမှာ ငွေကြေးဖောင်းပွမှုဟာ ပိုမြင့်တက်သွားပါတယ်။)

တစ်လုံးတည်းသော စကားလုံးကို စကားလုံးနှစ်လုံးအဖြစ် ခွဲရေးခြင်း။
Wrong : Five players have been short listed to play for India.
Correct : Five players have be shortlisted to play for India.
(အဓိပ္ပါယ်ကတော့ အိန္ဒိယကိုယ်စား ကစားဖို့ ကစားသမားငါးဦးကို ပဏာမ ဆန်ခါတင် ရွေးချယ်လိုက်ပါသည်။

အချိန်ကို မေးခြင်း။
Wrong : What is the time in your watch? (ခင်ဗျားရဲ့ နာရီက ဘယ်နှနာရီထိုးပြီလဲ?)
ဒီနေရာမှာ “နာရီ”ကို ထည့်ပြောစရာ မလိုပါ။
Correct : What is the time? (ဘယ်နှနာရီထိုးပြီလဲ?)

မလိုအပ်သော စကားလုံးပိုသွားခြင်း။
Wrong : The law comprised of several sections.
*”Comprise” သည် “Consist of” (မှာပါဝင်တယ်)လို့ အဓိပ္ပါယ်ရတဲ့အတွက် “of”ဆိုတဲ့ စကားလုံးကို ထည့်သုံးစရာ မလိုအပ်ပါ။
Correct : The law comprised several sections.
(အဓိပ္ပါယ်ကတော့ ဥပဒေမှာ ပုဒ်မတွေအများကြီး ပါဝင်ပါတယ်။)

နာမ်နှင့်ကြိမ်ယာကိုက်ညီမှု (Agreement of the verb with the noun) မရှိခြင်း။

Wrong : I is late. (ကျွန်တော် နောက်ကျတယ်။)
တစ်ခုကိန်း ပထမပုဂ္ဂိုလ် (first person singular)တွင် is သည် am သို့ ပြောင်းရပါမယ်။
Correct : I am late. (ကျွန်တော် နောက်ကျတယ်။)

Wrong : He said that you want it. (အဲဒါကို မင်းလိုချင်တယ်လို့ သူက ပြောခဲ့တယ်။)
ဒီနေရာမှာ said ဆိုတဲ့ကြိယာနှင့် want ဆိုတဲ့ ကြိယာနှစ်ခုကြားမှာ ကိုက်ညီမှုမရှိပါ။ Said က အတိတ်ကာလဖြစ်ပြီး want က ပစ္စုပ္ပန်ကာလဖြစ်နေပါတယ်။
Correct : He said that you wanted it. (အဲဒါကို မင်းလိုချင်ခဲ့တယ်လို့ သူက ပြောခဲ့တယ်။)

Wrong : Do not open the doors of the window. (ပြူတင်းပေါက်ရဲ့ တံခါးရွက်တွေကို မဖွင့်ပါနဲ့။)
ဒီနေရာမှာ တံခါးရွက်တွေ ဆိုတာကို ထည့်သုံးရန် မလိုပါ။
Correct : Do not open the window. (ပြူတင်းပေါက်ကို မဖွင့်ပါနဲ့)

Wrong : Do not rotate in the corridor. (စင်္ကြ မှာ လည်မနေပါနဲ့)
Correct : Do not loiter in the corridor. (စင်္ကြ မှာ ယောင်လည်လည် လုပ်မနေပါနှင့်။)
*rotate နှင့် loiter တို့သည် အဓိပ္ပါယ် မတူပါ။
Wrong : I cannot teach if the student’s mob is not here (ဒီမှာ စည်းကမ်းမရှိသော ကျောင်းသားအုပ်စု မရှိရင် ကျွန်မ စာမသင်နိုင်ပါဘူး။)
*စည်းကမ်းမရှိသော လူအုပ်”လို့ အဓိပ္ပါယ်ရသော “mob” သည် အပြုသဘောကို မဆောင်သော စကားလုံးဖြစ်သည်။
Correct : I cannot teach if the number of students is insufficient. (ကျောင်းသားဦးရေ မလုံလောက်လို့ရှိရင် ကျွန်မ စာမသင်နိုင်ပါဘူး။)

Wrong : He hit him soft. (သူသည် သူ့အားဖြေးညှင်းစွာ ရိုက်လိုက်ပါတယ်။)
Soft သည် hit ဆိုတဲ့ ကြိယာကို အထူးပြုသည့်အတွက် ကြိယာထောက် (adverb)ဖြစ်၍ -ly ဖြင့် အဆုံးသတ်ရပါမည်။
Correct : He hit him softly. (သူသည် သူ့အား ဖြေးညှင်းစွာ ရိုက်လိုက်ပါတယ်။)

စကားလုံးများ၏ အထားအသို (Order of words)
Wrong : My all relatives are coming. (ကျွန်တော်၏ ဆွေးမျိုးအားလုံး လာကြမယ်။)
All သည် determiner ဖြစ်တဲ့အတွက် နာမ်နှင့် ၄င်းကို အထူးပြုသည့် စကားလုံးရှေ့၌ ရှိရမည်။
Correct : All my relatives are coming.

Wrong : She is absent always. (သူမသည် အမြဲတမ်း ပျက်ကွက်သည်။)
Verb to be နှင့် တွဲသော အကြိမ်ပြကြိယာထောက်ဖြစ်သော always သည် verb to be ဖြစ်သော is ၏ နောက်၌ နေရမည်။
Correct : She is always absent.

Wrong : What I can do for you? (ခင်ဗျားအတွက် ကျွန်တော် ဘာများလုပ်ပေးရမလဲ?)
What ဖြင့် စသော သမရိုးကျ မေးခွန်းတွေရဲ့ပုံစံမှာ - What + auxiliary + subject + verb infinity? ဖြစ်ပါတယ်။ ဒါ့ကြောင့်
Correct : What can I do for you?
ထို့အတူပင်

Wrong : Where you are going? (ခင်ဗျား ဘယ်သွားမလို့လဲ)
Correct : Where are you going ?

Wrong : There is any thing left? (တစ်ခုခုများ ကျန်ပါသေးလား?)
Yes or No ပါတဲ့ Short answer ကို တောင်းတဲ့မေးခွန်းတွေမှာ verb(be) / helping verb က မေးခွန်းရဲ့ အရှေ့ဆုံးမှာ ရှိရပါမယ်။
Correct : Is there anything left?

Wrong : These all are mine. (ဒါတွေအားလုံးက ကျွန်တော့်ဟာပါ။)
Correct : All these are mine.

အလေးအနက်ပြုလိုသည့်အတွက် အချို့သော စကားလုံးများကို ထပ်ကျော့ခြင်း။
(Repeating certain words for emphasis)
Wrong : Morning morning jogging is a good habit. (နံနက်စောစော ရွရွလေး ပြေးခြင်းသည် ကောင်းသော အလေ့အထဖြစ်သည်။)
Correct : Jogging early in the morning is a good habit.

Wrong : The flowers are of different different colours. (ပန်းများသည် အရောင်စုံကြသည်။
Correct : The flowers are of many different colours.
Wrong : Small small mistakes are forgivable, not big big blunders.
Correct : Small mistakes are forgivable, not big blunders.
(သေးငယ်သော အမှားများကို ခွင့်လွှတ်နိုင်ပေမဲ့ ကြီးမားသော အမှားများကိုတော့ ခွင့်မလွှတ်နိုင်ပါ။)

Wrong : I have given the exams.
အထက်ပါ ၀ါကျသည် ပြုလေ့ပြုထရှိသော အမှားများထဲမှ လူများ အများဆုံးမှားလေ့ရှိသော အမှားတစ်ခုဖြစ်သည်။
ဆိုလိုချင်တာကတော့ “ကျွန်တော် စာမေးပွဲဖြေပြီးပြီ” ဘဲဖြစ်ပါတယ်။
Correct : I have taken the exams.
Wrong : He was both my father as well as my mentor.
၎င်းသည်လည်း အများပြုလုပ်လေ့ရှိတဲ့နောက်ထပ် အမှားတစ်ခုပါ။
ဆိုလိုတဲ့ အဓိပ္ပါယ်ကတော့
“သူဟာ ကျွန်တော်၏ ဖခင်ရော ဆရာပါဖြစ်ပါတယ်။”
Both နှင့် as well as တို့သည် “နှစ်မျိုးစလုံး” ဆိုသည့် အဓိပ္ပါယ်ရှိတဲ့အတွက် both ကို အသုံးပြုရင် as well as ကိုထည့် သုံးရန် မလိုပါ။ နှစ်မျိုးထဲက တစ်မျိုးကိုပဲ အသုံးပြုပါ။
Correct : He was both my father and my mentor. (or)
He was my father as well as my mentor.
Wrong : She is very proudy. (ပြောချင်တာကတော့ သူဟာ အရမ်းမာနကြီးပါတယ်ဆိုတာပါ)
ဒါပေမဲ့ အဘိဓာန်ထဲမှာ proudy ဆိုတဲ့ ဝေါဟာရကို ဖော်မပြထားပါဘူး။
Correct : She is very proud. (သူဟာ အရမ်းကို မာနကြီးတယ်။ ဒါဟာ အကောင်းမြင်သဘောဖြစ်နိုင်သလို အဆိုးမြင်တဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။) or
She is very arrogant. (သူဟာ အရမ်းကို မာနကြီးပါတယ်။ ဒါကတော့ အဆိုးမြင် သဘောကို ဆောင်ပါတယ်။)

လူတွေရောထွေးလေ့ရှိတဲ့ စကားလုံး နှစ်လုံးကတော့ နာမ်ဖြစ်တဲ့ advice (အကြံပြုချက်)နှင့် ကြိယာဖြစ်တဲ့ advise (အကြံပြုသည်) တို့ပဲဖြစ်ပါတယ်။
Wrong : Please advice me on this issue.
Correct : Please advise me on this issue.
ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကတော့ - “ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ကျေးဇူးပြုပြီး ကျွန်တော့်ကို အကြံပေးပါခင်ဗျာ”လို့ပဲ ဖြစ်ပါတယ်။

Wrong : What is your advise? (ခင်ဗျားရဲ့ အကြံပြုချက်က ဘာလဲ)
Correct : What is your advice?
 http://www.english-for-students.com မှ English Errors ဆောင်းပါး  ကို ကိုးကားထားပါသည်။

Read more: အင်္ဂလိပ်စာ အမှားများ (English Errors) - Myanmar Network http://www.myanmar-network.net/forum/topics/english-errors#ixzz2hhPhTwkR

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...