Monday, October 14, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၁၀)

သစ်ထူးလွင်



Posted: 14 Oct 2013 05:20 AM PDT

မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ အကွက် ၁၃၉၊မေဃဂီရိရပ်ကွက်၊လမ်း၈၀နှင့် ၁၆လမ်းထောင့်ရှိ ရွှေဘဲစားသောက်ဆိုင်ဘေး လူသွားလမ်းပေါ်တွင် ယနေ့နေ့လည် တစ်နာရီ သုံးဆယ့်ငါးမိနစ်အချိန်က
ယင်းဆိုင် အလုပ်သမားတစ်ဦးမှ လမ်းဘေးတွင် ဂျပ်ဘူးပြာဖြင့် ထုတ်ထားသော အမေရိကန်လုပ်လက်ပစ်ဗုံးတလုံး တွေ့ရှိခဲ့ပြီးနောက် တာဝန်ရှိသူများမှ နေ့လည်သုံးနာရီ အချိန်တွင် အောင်မြင်စွာ ဖောက်ခွဲနိုင်ခဲ့ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Oct 2013 05:03 AM PDT

ရခိုင်ပြည်နယ် သံတွဲမြို့မှာ  ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သေဆုံး ၇ ဦး၊ ဒဏ်ရာ ရသူ ၅ ဦး၊ ဖမ်းဆီးခံရသူ ၇၈ ဦး ရှိသွားပြီလို့ ဒီကနေ့ထုတ် ကြေးမုံ သတင်းစာမှာ ပြည်ထဲရေး ၀န်ကြီးဌာနကို ကိုးကားပြီး သတင်း ဖေါ်ပြပါတယ်။ လူ ၇၈ ဦးကို စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၁၃ ရက်အတွင်း ခေါ်ယူထိန်းသိမ်းကာ စစ်ဆေးမေးမြန်းနေတယ်လို့ ဖေါ်ပြပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Oct 2013 04:56 AM PDT

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လဒုက္ခသည်စခန်းအပြင်ဘက် တိုဝါး(တံတားဖြူ)နေရာအနီးရှိ တောတွင်းတနေရာတွင် ယမန်နေ့က သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး၏ အလောင်းကို ထပ်မံ တွေ့ရှိခဲ့သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။ ယင်းအမျိုးသမီးအလောင်းမှာ မယ်လဒုက္ခသည်စခန်း ဇုံစီ၊ ရပ်ကွက် အမှတ်(၄-ဘီ)တွင် နေထိုင်သော အသက် ၇၈နှစ်အရွယ် ဒေါ်ကြင်မြိုင်ဆိုသူဖြစ်သည်။ သူမသည် ပြီးခဲ့သော စက်တင်ဘာလ ၂၇ရက်နေ့က နေအိမ်မှ ပျောက်ဆုံးသွားပြီးနောက် ယမန်နေ့ အောက်တိုဘာ ၁၃ရက်နေ့၊ နံနက် ၁၀နာရီကျော်မှသာ သူမ၏ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Oct 2013 04:49 AM PDT

ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည့်အတွက် မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး ရန်ကုန်မြို့တော်တွင် ရက် အကန့်အသတ်မရှိ လုံခြုံရေး တိုးမြှင့်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက The Voice သို့ ပြောကြားသည်။ အောက်တိုဘာလ ၁၃ ရက်နေ့တွင် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ပွဲရုံနှင့် အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းရှေ့ ကားမှတ်တိုင်တွင် လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ မြို့နယ်တိုင်းတွင် ရဲတပ်ဖွဲ့ဝင် အင်အားကို တိုးမြှင့်၍ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သော မြို့နယ်၊ လူစည်ကားရာ နေရာများနှင့် မြို့အဝင်ဂိတ်များတွင် လုံခြုံရေးကို အထူးကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Oct 2013 04:45 AM PDT

ပခုက္ကူ၊ အောက်တိုဘာ ၁၃

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် စည်ပင်သာယာ အမှိုက်သိမ်းယာဉ် တိုက်မိ၍ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်က ပခုက္ကူမြို့ အမှတ် (၁၅) ရပ်ကွက်ရှိ မြို့မလမ်းပေါ်တွင် စည်ပင်သာယာ ဝန်ထမ်း သန့်ရှင်းရေး လုပ်သားများ သန့်ရှင်းရေး ဆောင်ရွက်နေစဉ် ဦးတင်မျိုးထွန်း မောင်းနှင်လာသည့် အမှိုက်သိမ်းယာဉ်က အမှိုက်များ တင်ရန်အတွက် ယာဉ်ကို နောက်ဆုတ်ရာမှ သန့်ရှင်းရေး ဝန်ထမ်း ဒေါ်ပေါက်ကို ဝင်ရောက် တိုက်မိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

အမှိုက်သိမ်းယာဉ် တိုက်ခံရသော ဒေါ်ပေါက်ကို ပခုက္ကူ ပြည်သူဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားခဲ့ရာ အမှိုက်သိမ်း ယာဉ်မောင်းဝန်ထမ်း ဦးတင်မျိုးထွန်းကို ယာဉ် (ပ) ၄၄/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၄ အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း အမှုစစ် ဒုရဲအုပ်ဌေးဝင်းက ပြောကြားသည်။

The Voice Weekly


Posted: 14 Oct 2013 04:43 AM PDT

လတ်တလောဖြစ်ပွားခဲ့တဲ့ သံတွဲပဋိပက္ခဟာ ပြည်နယ်အစိုးရက ပေါ့ပေါ့တန်တန် ကိုင်တွယ်မှုကြောင့် ဖြစ်ပွားခဲ့တာလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီ
း ဦးဇော်အေးမောင်က ဒီဗွီဘီကိုပြောပါတယ်။ “ပါးစပ်ကချည်း ပြောနေလို့ မရဘူး။ သတင်းစာမှာချည်း ဖော်ပြနေလို့ မရဘူး။ ရေဒီယိုမှာချည်း ပြောနေလို့ မရဘူး။ ကိုယ်တိုင် လုပ်ရမယ်။ ကိုယ့်တပည့်တွေကိုလည်း တိတိကျကျ ညွှန်ကြားရမယ်။ အောက်ကလုပ်တဲ့လူ အဆင့်ဆင့် အမိန့်ပေးရမယ်။ မလုပ်ရင် ချက်ချင်း အရေးယူရမယ်။ အခုက ၀န်ထမ်းတွေကို အရေးယူတာ သိပ်အားနည်းတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Oct 2013 04:38 AM PDT

အိန္ဒိယနိုင်ငံ မဒ်ယာပရာဒက်ရှ်ပြည်နယ်မှာ ၉ ညတိုင်တိုင် ကျင်းပတဲ့ နက်ဗရာထရီ ဟိန္ဒူဘုရားပွဲတခုမှာ ရာထောင်ချီ စုဝေးနေတဲ့လူတွေ အချင်းချင်း တိုးဝှေ့ကြရာနေ ပိမိလို့ သေဆုံးသူ ဦးရေ ၁၀၉ ယောက်ထိ မြင့်လာပြီး ဒဏ်ရာရသူ ၁၃၃ ယောက် ရှိတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ အောက်တိုဘာ ၁၃ ရက်နေ့ ည ၉ နာရီလောက်က ဒါတီယာမြို့အနီးရှိ ရာတန်ဂါ ဘုရားကျောင်းနားက တံတား ကျိုးကျပြီး လူတွေ ပိမိကြတာ ဖြစ်ပါတယ်။ လူတချို့ကတော့ တံတားကနေ ရေထဲခုန်ချပြီး သေဆုံးသွားကြပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Oct 2013 04:32 AM PDT

ခရီးသည်နှင့် ကုန်စည်ရရှိမှု လျော့နည်းလာ၍ စက်တင်ဘာလကတည်းက ရပ်နားထားရသော ပုသိမ်-ရန်ကုန် သင်္ဘောခရီးစဉ်များကို ယနေ့အချိန်အထိ ပြန်လည် ပြေးဆွဲခြင်းမရှိဘဲ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ မန်နေဂျာ ဦးဝင်းတင့်က ပြောကြားသည်။ ယခင်က တစ်ပတ်လျှင် ၅ ရက်ခန့် ပြေးဆွဲနေရာမှ ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်၍ တစ်ပတ်လျှင် ၂ ရက်သာ ပြေးဆွဲတော့သည့် ပုသိမ်-ရန်ကုန် သင်္ဘောများမှာ ခရီးသည်နှင့် ကုန်စည် တင်ဆောင်ရမှု နည်းပါးလာသဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Oct 2013 04:10 AM PDT

ဘေး ဒုက္ခဖြစ်ပွားရာနေရာဒေသများ တွင် ဝက်သက်ရောဂါအား ကပ် ရောဂါအသွင်မဖြစ်စေရန် အရေး ပေါ်လိုအပ်လာပါက အပိုဆောင်း အနေဖြင့် ထပ်မံထိုးနှံပေးမည်ဖြစ် ကြောင်း သိရသည်။လက်ရှိအချိန်တွင် အဆိုပါ ဒေသများ၌ ဝက်သက်ရောဂါကာ ကွယ်ဆေးကို အလျဉ်မီထိုးပေး ထားသော်လည်း လိုအပ်ပါက အပိုဆောင်းအနေနှင့် ထပ်မံထိုး ပေးမည်ဖြစ်ကာ အဆိုပါဘေး ဒုက္ခဖြစ်ပွားရာဒေသများတွင် ကာ ကွယ်ဆေးလွှမ်းခြုံမှု၊ ကာကွယ် ဆေးထိရောက်မှုနှင့် ကလေး၏ ကိုယ်ခံစွမ်းအားကောင်းမွန်မှုရှိ မရှိစသည်တို့အပေါ်တွင် မူတည် ပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန၊ ကာကွယ် ဆေးထိုးလုပ်ငန်းစီမံချက်မှ စီမံ ချက်မန်နေဂျာ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာကျော်ကံကောင်း ကပြောသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Oct 2013 03:59 AM PDT

မြန်မာ့လေကြောင်းနဲ့ ဒိန်းမတ်အခြေစိုက် World Ticket ကုမ္ပဏီ ပူးပေါင်းပြီး ရန်ကုန်- ညောင်ဦး၊ မန္တလေးနဲ့ ဟဲဟိုးခရီးစဉ်ကို ဈေးနှုန်းလျော့ ပြေးဆွဲမယ်လို့ လက်မှတ်အရောင်း အေးဂျင် တာဝန်ယူထားတဲ့ ဧရာဝတီခရီးသွားလုပ်ငန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ လက်ရှိ အဲပုဂံက ရန်ကုန်- ဟဲဟိုး ခရီးစဉ်တကြောင်း မြန်မာနိုင်ငံသား ကျပ် ၅ သောင်း ၈ ထောင်၊ နိုင်ငံခြားသား အမေရိကန်ဒေါ်လာ ၉၀ ပြေးဆွဲနေတဲ့ ခရီးစဉ်ကို မြန်မာ့လေကြောင်းနဲ့ ဒိန်းမတ်ကုမ္ပဏီက အောက်တိုဘာလကုန်အထိ အထူးနှုန်း မြန်မာနိုင်ငံသား ကျပ် ၃ သောင်း ၃ ထောင်၊ နိုင်ငံခြားသား ၅၅ ဒေါ်လာနဲ့ ပြေးဆွဲမယ် ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Oct 2013 03:54 AM PDT

စိမ်းပြာရေညှိ ဗီတာမင် ဆေးပြားတွေ ထုတ်လုပ်ရာမှာ အဓိက ကုန်ကြမ်းဖြစ်တဲ့ စိမ်းပြာရေညှိ ထွက်ရှိမှုဟာ ၂၀၁၂-၁၃ ခုနှစ်မှာ ၇၅ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း စစ်ကိုင်း အမှတ် ၃  ဆေးဝါးထုတ်လုပ်ငန်းက ဒေါက်တာမေယုခိုင်က ပြောပါတယ်။

ရန်ကုန် ယုဇနဟိုတယ်မှာ အောက်တိုဘာ ၁၂ ရက်နေ့က ပြုလုပ်တဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ သူက ပြောလိုက်တာပါ။

မြန်မာအပါအ၀င် တရုတ်၊ မက္ကဆီကို၊ ကင်ညာ၊ အီးသီယိုးပီးယားနဲ့ ချဒ်နိုင်ငံတွေလောက်မှာပဲ ထွက်တဲ့ ရှားပါး စိမ်းပြာရေညှိ သယံဇာတကို ထိန်းသိမ်းသင့်တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ စက်မှုဝန်ကြီးဌာနကနေ စိမ်းပြာရေညှိကို ဆေးဝါးအဖြစ် ထုတ်လုပ်ပြီး ပြည်တွင်းမှာတင်မက နိုင်ငံတကာကိုပါ တင်ပို့ ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။

by ဒီဗွီဘီ


Posted: 14 Oct 2013 03:33 AM PDT
ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ် ၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ Western Park II စားသောက်ဆိုင်မှာ အောက်တိုဘာလ(၁၄)ရက်နေ့  ဒီကနေ့ မနက် ၁၀ ခန့် က  ချိန်ကိုက်ဗုံး တစ်လုံးတွေ့ရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားပါတယ်။ အဆိုပါ Western Park II စားသောက်ဆိုင်မှာ စားပွဲထိုး ၀န်ထမ်းဖြစ်သူ မောင်ကျော်ဇေယျာမင်းသည် စားပွဲခုံများအား သန့်ရှင်းရေး ဆောင်ရွက်စဉ် စားပွဲခုံအမှတ် (၁၉)၏ အောက်တွင် အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ် အထုပ်တစ်ထုပ်အား တွေ့ရှိသဖြင့် ဆိုင်မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းအား အကြောင်းကြားခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Oct 2013 12:20 AM PDT

ရန်ကုန်မြို့တော်တွင် ရေကျိုငါးပိနှင့် ပတ်သက်သော ပြဿနာများ ထပ်မံပေါ်ပေါက်ပါက မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ အသင်းက တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့ ပန်ဒါဟိုတယ်တွင် ပြုလုပ်သော ပြည်သူများ ဘေးကင်းလုံခြုံ စိတ်ချစွာ စားသုံးနိုင်သော ရေကျိုငါးပိ ဈေးကွက် ပေါ်ထွန်းရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်လတ်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Oct 2013 12:11 AM PDT

(၂၇)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် ထည့်သွင်းကျင်းပမည့် မြင်းစီးအားကစားပြိုင်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ပိုင်ဆိုင်ေ
သာ “မြန်မာ့အလှ”အမည်ရှိ မြင်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ ““မြန်မာ့အလှမြင်းက ၂၀၁၃ ဆီးဂိမ်း အလှပြမြင်းစီးပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ မြန်မာ့အလှမြင်းကို YKKO မြင်းစီးကလပ်ပိုင်ရှင်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆောင်ပေးထားတာပါ။ မြန်မာ့အလှမြင်းက သားစပ်မြင်းအမျိုးအစားဖြစ်ပါတယ်”” ဟု မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဆီးဂိမ်းဝင်ပြိုင်မည့် မြန်မာ့အလှမြင်း ဓာတ်ပုံ -ဗိုလ်ဗိုလ်ဝင်း

Posted: 14 Oct 2013 12:07 AM PDT

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်ရှိ မြန်မာ ရတနာကုန်သည်တစ်ဦး နေအိမ် အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဓားပြတိုက် ခံရကြောင်း မလေးရှားနိုင်ငံ အခြေစိုက် The Star သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ကွာလာလမ်ပူမြို့တော် တမန်ဆရီတီလောတမ် ရပ်ကွက်ရှိ အဆိုပါ ရတနာကုန်သည်၏ နေအိမ်ကို အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဓားပြလေးဦး ဝင်ရောက်ပြီး နေအိမ်ရှိ လူလေးဦးကို ကြိုးဖြင့်တုပ်ကာ ရင်းဂစ် တစ်သိန်းခန့် (မြန်မာကျပ်ငွေ သိန်း ၂၉၀ ကျော်) တန်ဖိုးရှိ ကျောက်မျက် ရတနာများနှင့် ငွေများကို ယူဆောင်သွားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Oct 2013 11:41 PM PDT
ယခုနှစ်အတွင်း ဘာသာကြီး (၃) ခု ဖြစ်သည့် ဟိန္ဒိ၊ အစ္စလာမ်နှင့် ဗုဒ္ဓဘာသာတို့၏ ဘာသာရေး ပွဲတော်များမှ ရက်သတ္တပတ် တစ်ခု အတွင်း ပြိုင်တူ ကျရောက်ခဲ့သည်။ ဟိန္ဒီ ဘာသာဝင်များ၏ အထွဋ်အမြတ် ဘာသာရေးပွဲတော် တစ်ခု ဖြစ်သော ဒူရဇာ ပူဇာ ( Durga Puja) ပွဲတော်ကို အောက်တိုဘာလ ၁၀ ရက်နေ့က စတင်ခဲ့ရာ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဘင်္ဂလာဒေခ်ျ့မှ ဟိန္ဒီဘာသာဝင်များ၏ ဒူရဇာ ပူဇာ ပွဲတော် အခမ်းအနား။ ( ဓါတ်ပုံ- အင်တာနက်)

Posted: 13 Oct 2013 11:16 PM PDT

ဓါးပြအဖွဲ့ဟု ယူဆရသော လက်နက်ကိုင် အဖွဲ့တစ်ခုနှင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် အနောက်ဘက် မောင်တော နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မူ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မူကြောင့် ဓါးပြ တစ်ဦး သေနတ်ထိမှန်သွားခဲ့ပြီး နောက်ပိုင်းတွင် ကျန်လူများနှင့် အတူ ထွက်ပြေးသွားသည်ဟု အမည်မဖေါ်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Oct 2013 11:10 PM PDT

၁၂.၁၀.၂၀၁၃ရက်နေ့ ၁၈၁၅ နာရီအချိန်ခန့်တွင် တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ခေါင်းဆောင်သော တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် သတင်းအရ အရိုးကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် (၁၄၆)လမ်းဒေါင့်ရှိ လက်ဘက်ရည်ဆိုင်တွင် အသင့်စောင့်ဆိုင်းနေစဉ် သတင်းရရှိထားသူ မလွင်လွင်ခိုင်(ခ)မသိမ့်သိမ့် ရောက်ရှိလာသဖြင့် ရှာဖွေရာ ၎င်းကိုင်ဆောင်ထားသော Maddox စာတမ်းပါ အဖြူစင်းအနက်ရောင် လက်ဆွဲအိတ်(၁)လုံးအတွင်း အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာတမ်းပါ ငွေစက္ကူအတု (၁၀၀၀)ကျပ်တန် (အသေး) (၄၁၀)ရွက်အားလည်းကောင်း၊ဆင်းကဒ်ပါ Forme တံဆိပ် အနက်ရောင်(ဘေးအစင်းအနီရောင်) လက်ကိုင်ဖုန်း(၁)လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Oct 2013 11:05 PM PDT
အမေရိကန်ပြည်ထောင်စုဆီ တရားဝင် ရွှေ့ပြောင်း အခြေချနေထိုင်ခွင့်ရစေမယ့် ပြည်ဝင်ခွင့် ကံစမ်းမဲ အစီအစဉ်အတွက် လျှောက်လွှာတွေကို စတင် လက်ခံတော့မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးကလည်း ရန်ကုန်မြို့မှာ ဟောပြော ရှင်းလင်းပွဲတွေ လုပ်ပေးသွားဖို့ ရှိပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Oct 2013 11:00 PM PDT
ရန်ကုန်မြို့တော်နှင့် တောင်ငူမြို့များတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ် အတွင်းရှိ တည်းခိုခန်းနှင့် ဧည့်ရိပ်သာများအား လုံခြုံရေး တိုးမြှင့်ထားကြောင်း နေပြည်တော် ပျဉ်းမနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် ဦးစီးမှူး ဦးလွှမ်းမိုးအောင်က The Voice သို့ ပြောကြားသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Oct 2013 10:50 PM PDT
အဝေးသင်တက္ကသိုလ် ကျောင်းသားများအနေဖြင့် စာစဉ်ကူးချနေခြင်းများသည် ကျောင်းသား၏ ကိုယ်ပိုင်ခံယူချက်သာဖြစ်သောကြောင့် ယင်းကိစ္စအား ရာနှုန်းပြည့်ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း အဆိုပါအသိုင်းအဝိုင်းမှ သိရသည်။ အဝေးသင်ကျောင်းသားများအနေဖြင့် ဘွဲ့ရရှိရေးကိုသာ အဓိကထားသောကြောင့် အမှန်တကယ် စာတတ်မြောက်ရေးကို အလေးမထားတော့ဘဲ စာစဉ်ကိုအလွယ်တကူ ကူးချနေခြင်းများဖြစ်ကြောင်း၊ ယင်းသို့ကူးချနေခြင်းများသည် ကျောင်းသား၏ ကိုယ်ပိုင်ခံယူချက်ပေါ်တွင်သာ မူတည်သောကြောင့် ထိန်းချုပ်ရန်ခက်ခဲမှုများ ရှိနေကြောင်းသိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Oct 2013 10:46 PM PDT


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပခရီးစဉ်

လိုက်ပါမည့် လူဦးရေစာရင်း
(၁). ဒေါ်အောင်ဆန်းစုကြည် - (ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၂). ဒေါက်တာတင်မာအောင် - (Chief of Staff & Personal Assistant to Chairperson)
(၃). ကိုနိုင်ငံလင်း - (ဗဟိုကော်မတီဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၄). ဦးစိုးဝင်း - (Personal Aide to Chairperson)

ခရီးစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် (၂၀၁၃)ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့မှ၊ နိုဝင်ဘာလ (၂)ရက်နေ့အထိ ဥရောပနိုင်ငံများသို့ ဆွေးနွေးပွဲများ တက်ရောက်ရန်၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ လက်ခံရယူရန် နှင့် ဟောပြောပွဲများ ပြုလုပ်ရန်အတွက် ခရီးထွက်ခွာရန် အစီအစဉ်ရှိပါသည်။ အဆိုပါခရီးစဉ်တွင် Belgium, Luxemburg, France, United Kingdom, Italy နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ဥရောပပါလီမန်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ United Kingdom နိုင်ငံ Sandhurst Military Academy တွင် အမှာစကားပြောကြားခြင်း၊ Northern Ireland တွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိစ္စရပ်များ (Peace Process) နှင့် ပတ်သက်၍ လေ့လာဆွေးနွေးခြင်း၊ ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် “Sakharov” လူ့အခွင့်အရေးဆု လက်ခံရယူခြင်း၊ အီတလီနိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် အစဉ်တစိုက် အားပေးထောက်ခံခဲ့သော မြို့ (၄)မြို့သို့ သွားရောက်ခြင်း အစရှိသောအစီအစဉ်များ ပါရှိပါသည်။

မူရင်း National League for Democracy
Posted: 13 Oct 2013 06:05 PM PDT

အိန္ဒိယနိုင်ငံမှာ အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်းကြီးကို ကြုံဖူးပြီးသွားပြီလို့ အိန္ဒိယက မိုးလေဝသ ခန့်မှန်းသူတွေက ပြောတဲ့ phailin မုန်တိုင်းကြောင့် လူအနည်းဆုံး ၇ ဦး သေဆုံးသွားရပါတယ်။ မုန်တိုင်းသင့်ဒေသက လာတဲ့ သတင်းတွေအအရ သေဆုံးသူအရေအတွက် မြင့် တက်နိုင်တယ်လို့ ဆိုပါတယ်။ သေဆုံးမှုတွေဟာ မုန်တိုင်း ကုန်းတွင်းပိုင်းကို မဝင်ခင် မိုးတွေရွာပြီး သစ်ပင်တွေ လဲတာကြောင့် ဖြစ်တယ်လို့ Times of India သတင်းစာက ပြောပါတယ်။ မုန်တိုင်း မကျခင်မှာ လူပေါင်း တသန်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြတာကြောင့် အခုလို အသေအပျောက်နည်းရတဲ့ အချက်တချက်ဖြစ်တယ်လို့ ယူဆရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Phailin မုန်တိုင်းကိုရှောင်ဖို့ ဘေးလွတ်ရာကို ရှောင်နေကြတဲ့ အိန္ဒိယ ပြည်သူများ။ (အောက်တိုဘာ ၁၃၊ ၂၀၁၃။)

Posted: 13 Oct 2013 06:00 PM PDT

အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေ မလည်ပတ်နိုင်ဘဲ ရပ်ဆိုင်းနေတဲ့ အခြေအနေက မြန်မာဒုက္ခသည်တွေအပါအ၀င် အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းက ဒုက္ခသည်တွေကိုပါ ဂယက်ရိုက်လာပါတယ်။ အခုဆိုရင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒုက္ခသည်စခန်းတွေက မြန်မာ ဒုက္ခသည် ၂၀၀ လောက်ဟာ ဒီအောက်တိုဘာလထဲမှာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချမယ့် အစီအစဉ်တွေ နှောင့်နှေးခဲ့ရသလို အခြေချနေထိုင်ခွင့် ဗီဇာကံစမ်းမဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းတချို့မှာလည်း ကြန့်ကြာမှုတွေ ရှိနေတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်စခန်းတစ်ခု။ 

Posted: 13 Oct 2013 05:51 PM PDT

အိန္ဒိယ ဟိန္ဒူဘုရားပွဲတော်ကို လာကြတဲ့လူတွေ လူနင်းမိပြီး လူ ၈၀ ကျော် သေဆုံးခဲ့ပါတယ်။

မဒရာ ပရာဒက်ရှ် မှာရှိတဲ့ ဟိန္ဒူ ဘုရား ကျောင်း တကျောင်း ဆီ သွားရာ ကျဉ်းမြောင်းတဲ့ တံတားလေး ပေါ်မှာ ဘုရား ဖူးလာတဲ့ ထောင်သောင်းချီ ပရိသတ်တွေ စုပြုံ တိုးဝှေ့ ကြရာကနေ လူနင်းမိပြီး သေဆုံးခဲ့ကြတာဖြစ်ပါတယ်။ လူနင်းမိပြီး သေဆုံးကြသူတွေ အပြင် တံတားအောက် မြစ်ထဲခုန်ချပြီး ရေနစ်သေဆုံးကြသူတွေလည်း ရှိပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဘုရားဖူးသူများ လူနင်းခံရ သေဆုံးကြ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...