Monday, October 7, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၁၀)

သစ်ထူးလွင်



Posted: 07 Oct 2013 04:20 AM PDT

နေပြည်တော်၊ အောက်တိုဘာ ၇

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ဖြစ်ပွားခဲ့သည့် မီးရှို့/ဆူပူ/လှုံ့ဆော်မှုများနှ
င့်ပတ်သက်၍ သံတွဲအကျဉ်းထောင်တွင်ထိန်းသိမ်းထားသူ(၃)ဦးအား ၆-၇-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်မှ ၂၂၀၀ အချိန်ခန့်အတွင်း တပ်ဖွဲ့ဝင်(၂)ဦးကစစ်ဆေးမေးမြန်းစဉ် ရိုက်နှက်စစ်ဆေးခဲ့ကြောင်း သိရှိရသဖြင့် တရားခံများအပေါ် ရိုက်နှက်ညှင်းပန်းနှိပ်စက်ခြင်းမပြုရန် အထက်ဌာန၏ညွှန်ကြားချက်ကို လိုက်နာ ဆောင်ရွက်ရန်ပျက်ကွက်ခဲ့သည့် အဆိုပါတပ်ဖွဲ့ဝင်(၂)ဦးအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်


Posted: 07 Oct 2013 02:21 AM PDT

လယ်ယာမြေတွေကို အခြားနည်းအသုံးပြုဖို့ ဥပဒေချိုးဖောက်ပြီး ခွင့်ပြုနေသူ၊ အရောင်းအ၀ယ် လုပ်နေသူနဲ့ အသုံးပြုနေသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ပြည်ထောင်စုဒုဝန်ကြီးက ပြောပါတယ်။ ဒီနေ့မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှ
ာ ပဲခူးတိုင်း မဲဆန္ဒနယ် ၇ က ရွေးကောက်ခံ အမျိုးသားလွှတ်တော်အမတ် ဦးမင်းဦးက အိမ်ခြံမြေ ပွဲစားတွေနဲ့ ၀န်ထမ်းတချို့ ပူးပေါင်းပြီး လယ်ယာမြေတွေကို အိမ်ခြံမြေဈေးလောက်လည်း မဟုတ်၊ လယ်ဈေးလည်း မကတဲ့ ဈေးနှုန်းနဲ့ ၀ယ်ယူရောင်းဝယ်နေကြလို့ လယ်မြေတွေ လျော့နည်း ကျဆင်းလာနိုင်လို့ ဒါကို ဘယ်လိုဖြေရှင်းနေသလဲဆိုပြီး ပဲခူးတိုင်း အုတ်တွင်း၊ ရန်ကုန် – မန္တလေး ကားလမ်းနံဘေးက လယ်ယာမြေတွေကို ဥပမာပေးပြီး မေးခဲ့တာကို ခုလို ဖြေခဲ့တာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Oct 2013 02:16 AM PDT

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) တို့ ပူးပေါင်းသည့် ရခိုင်အမျိုးသားပါတီ (ANP) အတွက် ပထမခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် နှစ်ဦးကို စက်တင်ဘာ ၆ ရက်တွင် နှစ်ပါတီ ကိုယ်စားလှယ်များက ရွေးချယ်ခဲ့ပြီး ဦးအေးသာအောင်ကို ပထမခေါင်းဆောင်အဖြစ် ရွေးချယ်ကြောင်း အဆိုပါ ပါတီထံမှ သိရှိရသည်။ ရခိုင် အမျိုးသားပါတီ ပထမခေါင်းဆောင် အနေနှင့် ALD ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်ကို ရွေးချယ်ထားပြီး ဒုတိယခေါင်းဆောင် နေရာကို RNDP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ရွေးချယ်ထားကြောင်း ဦးအေးသာအောင်က ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Oct 2013 02:12 AM PDT

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် (၁၆) မိုင်စစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာ ၅ ရက်နေ့က မန္တလေးမှ မူဆယ်သို့သွားမည့် ကိုယ်ပိုင်ယာဉ်တစ်စီးနှင့် ကုန်တင်ယာဉ် သုံးစီးပေါ်မှ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၉ နာရီခန့်က ကုန်တင်ယာဉ် သုံးစီးပေါ်တွင် ဂုန်နီအိတ်ဖြင့် ထည့်ထားသော ၂၁၅ ကီလိုဂရမ် အလေးချိန်ရှိသည့် ကျောက်စိမ်းတုံးများ သယ်ဆောင်လာသည်ကို တွေ့ရှိခဲ့ရကြောင်း ကာလတန်ဖိုး ပမာဏကိုမူ တွက်ချက်ဆဲ ဖြစ်ကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Oct 2013 02:09 AM PDT

မြစ်ကြီးနားမြို့တွင်ပြုလုပ်မည်
့ မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။ အစိုးရအဖွဲ့အနေဖြင့် ယင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားသော်လည်း ကချင်လွတ်မြောက်ရေးဘက်မှ ဖိတ်ကြားခြင်းမရှိဟု အစိုးရအဖွဲ့ သတင်းရင်းမြစ်ကဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြစ်ကြီးနားမြို့တွင်ပြုလုပ်ခဲ့ပြီးသည့် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမြင်ကွင်း


Posted: 07 Oct 2013 01:56 AM PDT

စစ်ပွဲများ၊ မြေငလျင်များနှင့် ပူပြင်းသည့် နေပူဒဏ်များကို ရာစုနှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသော ပုဂံခေတ် စေတီပုထိုးများသည် မကြာမီနှစ်များအတွင်း ခေတ်သစ်အန္တရာယ်များ ကိုပါ ရင်ဆိုင်နေ ခဲ့ရကြောင်း သိရသည်။ နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ စေတီပုထိုးများအပါအ၀င် ရှေးခေတ်စေတီပုထိုးများတည်ရှိရာ ရှေးဟောင်း ပုဂံယဉ်ကျေးမှု နယ်မြေသည် မြန်မာနိုင်ငံအတွက် သမိုင်းတန်ဖိုးအကြီးဆုံး ရှေးဟောင်း ဘာသာရေး နယ်မြေများတွင် တစ်ခု အပါအ၀င်ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည်များအား အဓိက ဆွဲဆောင်နိုင်သော ယဉ်ကျေးမှုနယ်မြေလည်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Oct 2013 01:52 AM PDT

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ခေါင်းဆောင်သောအဖွဲ့သည် ယခုလ ၄ရက် မွန်းလွဲ ၁နာရီတွင် 'ဝ'အထူးဒေသ(၂)သို့ ရောက်ရှိကာ 'ဝ'အထူးဒေသ(၂)ဥက္ကဋ္ဌ ဦးပေါက် ယူချန်နှင့်တွေ့ဆုံခဲ့စဉ် အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးမှု များကို ပြည်ထောင်စု နေ့စဉ်သတင်းစာက မှတ်တမ်းတင် ဖော်ပြပါသည်။ 'ဝ' ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး နိုင်ငံတော်မှကူညီပေးရန်မျှော်
လင့်စောင့် စားနေကြောင်း ဦးပေါက်ယူချန် ဆွေးနွေးပြောကြား.....
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် 'ဝ'အထူးဒေသ(၂)ဥက္ကဋ္ဌ ဦးပေါက်ယူချန်နှင့် တွေ့ဆုံဆွေးနွေး

Posted: 07 Oct 2013 01:28 AM PDT

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်ထဲက ပုဂ္ဂလိက လေဆိပ်တခုမှာ ကုန်ပစ္စည်းတင် စက်လှေ ၁ စင်း ပေါက်ကွဲမှု ဖြစ်ပွားတဲ့အတွက် မြန်မာလုပ်သား ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရသွားပါတယ်။ ပေါက်ကွဲမှုဟာ အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာလို့ ရနောင်း မိတ်သဟာ နာရေးကူညီမှုအသင်း တာဝန်ရှိသူ ဦးသားကျော်က ပြောပါတယ်။ ဦးသားကျော်က “လှေအနောက်ဘက်မှာ ဂက်စအိုးပေါက်တယ်။ ၇ ယောက်မှာ ၆ ယောက်က ဒဏ်ရာရတယ်။ တယောက်က သေဆုံးတယ်” လို့ ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Oct 2013 12:39 AM PDT

လွန်ခဲ့သော ရက်ပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် သံတွဲမြို့တွင် ပဋိပက္ခနှင့် မသက်ဆိုင်သူများ ဖမ်းဆီးခံထားရမှုကို စုံစမ်းရန် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP မှ လွှတ်တော်ကိုယ်စားလှယ်များ သွားရောက် လေ့လာမည် ဖြစ်ကြောင်း အဆိုပါ ပါတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။ သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပက်သက်ပြီး မည်သည့် အကြောင်းကြောင့် ဖြစ်ပွားရခြင်းကို လေ့လာရန်နှင့် ပဋိပက္ခနှင့် မသက်ဆိုင်သူများ ဖမ်းဆီး ခံထားရမှုများကို သွားရောက် စုံစမ်းရန် အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ကာ သွားရောက် လေ့လာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Oct 2013 12:09 AM PDT
မန္တလေးမြို့ရှိ လူကုံထံ အသိုင်းအ၀ိုင်းမှလူငယ်များအကြား နာမည်ကြီးသည့် နိုက်ကလပ်တစ်ခုကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ မဟာအောင်မြေမြို့နယ်၊ ရဲ မွန်တောင်ရပ်ကွက်၊ ၃၅ လမ်းနှင့် ပြင်ဦးလွင်ကားလမ်းမထောင့်ရှိ Bar code အမည်ရစားသောက် ဆိုင်တွင် နိုက်ကလပ်ဖွင့်လှစ်ထားကြောင်း သတင်းရရှိသောကြောင့် အောက်တိုဘာ ၅ ရက် ည ၁၁ နာရီအချိန်တွင် ၀င်ရောက်ရှာဖွေ ရာဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 07 Oct 2013 12:02 AM PDT

ကျောင်းကုန်းမြို့တွင် အောက်တိုဘာ ၆ ရက် ညနေက အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်များဖျက်ဆီးရန် လှုံ့ဆော် သူလေးဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး အောက်တိုဘာ ၅ ရက် ဖြစ်စဉ်တွင် လှုံ့ဆော်သူနှင့် ပါဝင်သူများကို စတင်ဖမ်းဆီးနေပြီ ဖြစ်ကြောင်း ကျောင်းကုန်းမြို့နယ်ရဲတပ်ဖွဲ
့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “လှုံ့ဆော်ရာမှပါဝင်တဲ့သူတွေကို လိုက်လံဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။ အေးအေးဆေးဆေးဖြစ်နေပါပြီ”ဟု အထက်ပါ တာဝန်ရှိသူက အောက်တိုဘာ ၆ ရက်ညတွင် ပြောသည်။ ယခုလောလောဆယ် အောက်တိုဘာ ၆ ရက်ညနေ ၅ နာရီ ၀န်းကျင်တွင် လိုက်လံလှုံ့ဆော်သူ ဒေသခံလေးဦးကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Oct 2013 11:51 PM PDT

လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူ၏ ဆံပင်ကိုဆွဲကာ လှေဘောင်ဖြင့် ဦးခေါင်းကို ဆောင့်ခဲ့မှုကြောင့် သေဆုံးခဲ့သည့် ဇနီး၏ အလောင်းကို ရန်ကုန်မြစ်အတွင်း မျှောချ ဖျောက်ဖျက်ခဲ့သူဟု တိုင်ကြားခံရသူကို အောက်တိုဘာလ ၅ ရက်နေ့က ဒလမြို့နယ် မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ စက်တင်ဘာလ တတိယပတ်က ဒလမြို့နယ် စက်မြေ ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၃ နှစ်အရွယ်ရှိ ဒေါ်လုံးတုံးသည် ၎င်း၏ခင်ပွန်း အသက် ၃၅ နှစ်အရွယ်ရှိ ကိုဝင်းထွဋ် (ခ) ရဲအောင်နှင့်အတူ ရန်ကုန်မြစ်အတွင်း လက်ခတ်လှေဖြင့် ငါးဖမ်းသွားရာမှ ဗိုလ်တထောင် အမှတ် ၆ ဗောတံတား ကမ်းစပ်တွင် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ယင်းနောက် ခင်ပွန်းက ဇနီးသည်၏ ဆံပင်ကို ဆွဲကိုင်ပြီး လှေဘောင်ဖြင့် ဦးခေါင်းကို လေးချက်ဆက် တိုက်ဆောင့်ခဲ့သည့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Oct 2013 11:44 PM PDT

အောက်တိုဘာလ (၉)ရက်နေ့ထုတ် Mobile Guide Journal Issue 123

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Oct 2013 11:41 PM PDT
အောက်တိုဘာလ (၆)ရက်နေ့ထုတ် Digital Life ဂျာနယ် အတွဲ ၂ အမှတ် ၂၂
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Oct 2013 11:33 PM PDT

ကရင်ပြည်နယ် ဘားအံမြို့ရှိ ဒုတိယ ကမ္ဘာစစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြောကြားခဲ့သော အားကစားကွင်း နေရာတွင် ဟိုတယ် ဆောက်လုပ်နေသည်ကို လက်မခံနိုင်သောကြောင့် အောက်တို ဘာလ ၆ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များ၏ အတွေ့အကြုံ ရှင်းလင်းပွဲတွင် ဘားအံဒေသခံများက ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း အဆိုပါ အားကစားကွင်း ဒေသခံများ လက်ဝယ် ပြန်လည်ရရှိရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ရွှေက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Oct 2013 11:26 PM PDT

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်က ရပ်ကွက်သူနဲ့ ရပ်ကွက်သားတွေအပြင် မူလတန်းကျောင်းသူနဲ့ ကျောင်းသားလေးတွေဟာ မိမိတို့ လက်ရှိ နေထိုင်ရာကနေ ပြောင်းရွှေ့မှုအမိန့် ကြေညာစာတွေကြောင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနလက်အောက်ရှိ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကိ
ု အောက်တိုဘာလ ၆ ရက်နေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ မြေယာသိမ်းခံရမှု ဆန္ဒပြသူတဦးဖြစ်တဲ့ ဒေါ်မြင့်မြင်ဝေက “ဒေါက်တာ ဦးမျိုးအောင် အမတ်ကိုယ်စားလှယ်လောင်းကို သဘာပတိထားပြီးတော့ ကနောင်ခန်းမမှာ လူကြီးတော်တော်များများနဲ့ ပြည်သူတွေကို မြေပေးစရာတော့ မရှိဘူး။ ရတနာအိမ်ယာ၊ ဧရာဝဏ်အိမ်ယာစီမံကိန်းတွေလာရင် ခင်ဗျားတို့ကို ကျနော်တို့ ခေတ္တခဏ လိုင်းခန်းတွေ ဆွဲပေးမယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Oct 2013 11:15 PM PDT

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရရာမှ အောက်တိုဘာ ၅ ရက်နေ့ ည ၈ နာရီခန့်က ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွပ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောကြားသည်။ ကျောင်းကုန်းမြို့နယ် (၂) ရပ်ကွက် ဗောဓိကုန်း၊ ကျန်စစ်သား (၁) လမ်းတွင် နေထိုင်သူ အသက် ၄၆ နှစ်အရွယ် အစ္စလာမ် ဘာသာဝင် ဦးလှဝင်းဆိုသူက ၎င်း၏ အိမ်နီးချင်း အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခြင်းနှင့် ပတ်သက်၍ ဒေသခံများက မကျေမနပ် ဖြစ်ရာမှ ပဋိပက္ခ ဖြစ်ပွားပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Oct 2013 07:41 PM PDT
အီဂျစ်နိုင်ငံမှာ ရာထူးကဖယ်ရှားခံရတဲ့ သမ္မတမိုဟာမက်မော်စီကို ထောက်ခံ သူတွေနဲ့ ရဲတွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်တာကြောင့် လူ ၅၀ ထက်မနည်း သေဆုံးပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အီဂျစ်တာဝန်ရှိ သူတွေက ပြောပါတယ်။ အကြမ်းဖက်မှု အများစုဟာ ကိုင်ရိုမြို့မှာ မှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာပါ။ အာရပ် အစ္စရေးစစ်ပွဲ နှစ် ၄၀ ပြည့် အထိမ်းအမှတ် အများပြည်သူ အားလပ်ရက်ပွဲ ဆင်နွဲနေကြတဲ့အချိန်မှာပဲ စစ်တပ်လိုလားတဲ့ ချီတက်လမ်းလျှောက်လာသူတွေနဲ့ အစ္စလာမစ်တွေအကြား လမ်းပေါ်မှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါ တယ်။ တဘက်နဲ့တဘက် ခဲတွေ၊ လေးခွတွေ၊ ဂက်စ် ဓာတ်ငွေ့ဗုံးတွေနဲ့ အပြန်အလှန် ပစ်ပေါက်ခဲ့ကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သမ္မတဟောင်းမော်စီကိုထောက်ခံသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲစဉ်။ (အောက်တိုဘာ ၆၊ ၂၀၁၃)

Posted: 06 Oct 2013 07:31 PM PDT
အမေရိကန်တပ်ဖွဲ့တွေက အာဖရိက ၂ နိုင်ငံမှရှိတဲ့ အယ်လ်ခိုင်းဒါး ပစ်မှတ်တွေကို စီးနင်းတိုက်ခိုက်ခဲ့တာဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူတွေကို ဥပေဒအရ အရေးယူရေး ဘယ်တော့မှ ရပ်သွားမှာမဟုတ်ဘူးဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး John Kerry ကပြောပါတယ်။ အယ်လ်ခိုင်းဒါးစစ်သွေးကြွတွေဟာ ပြေးနိုင်ပေမဲ့ လုံခြုံအာင်တော့ ပုန်းနေလို့ မရဘူးလို့လည်း ၀န်ကြီး ကယ်ရီက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ APEC ခေါ် အာရှနဲ့ ပစိဖိတ်ဒေသနိုင်ငံများ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုညီလာခံကို ၀န်ကြီး ကယ်ရီတက်ရောက်နေစဉ်မှာ အခုလိုပြောဆိုလိုက်တာပါ။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ

Posted: 06 Oct 2013 07:24 PM PDT
KNU ကရင်အမျိုးသား အစည်းအရုံးက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ KNU ရဲ့ သဘောထား ရပ်တည်ချက် ၆ချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်တဲ့ KNU ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီ အထဲက ပထမဆုံး အချက်ကတော့ အစိုးရနဲ့ Code of Conduct သဘောတူထားပြီး ဖြစ်တယ် ၊ ဒုတိယ အချက်က တနိုင်ငံလုံး အပစ်ရပ်ရင် ကတိကဝတ်နဲ့ လက်မှတ် ထိုးတဲ့ အခါ အစိုးရဖက်ကကော စစ်တပ် ဖက်ကပါ ပါဖို့ လိုတယ်လို့ ကေအန်ယူ တွဲဘက် အတွင်းရေးမှူး ဖဒို မန်းမန်းက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မနှစ်က စက်တင်ဘာတုန်းက ကေအန်ယူနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့စဉ်က မြင်ကွင်း


Posted: 06 Oct 2013 07:12 PM PDT

ဧရာဝတီတိုင်း ​ကျောင်းကုန်းမြို့မှာ ​အသက် ​၁၄ ​နှစ်အရွယ် ​ဗုဒ္ဓဘာသာဝင် ​မိန်းကလေးတစ်ဦးကို ​မွတ်စလင်အမျိုးသားက  ​အဓမ္မပြုကျင့်ခံရတယ်ဆိုပြီး ​မနေ့တုန်းက ​မွတ်စလင်လူမျိုးပိုင် ​အိမ်ငါးလုံးကို ​ဗုဒ္ဓဘာသာဝင်တွေ ​ဖျက်ဆီးလိုက်တယ်လို့ ​သိရပါတယ်။ အဓမ္မပြုကျင့်ခဲ့သူကိ
ု ​ကျောင်းကုန်း ​ရဲစခန်းမှာ ​ထိန်းသိမ်းထားတာကို ​လူအယောက် ​၁၀၀ ​လောက် ​ရှိတဲ့ ​လူအုပ်ကြီးက ​တရားခံကို ​အပြင်ထုတ်ပေးဖို့ ​တောင်းဆိုခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သံတွဲမြို့နယ် ပဋိပက္ခကြောင့် မီးလောင်ပျက်ဆီးသွားခဲ့တဲ့ နေအိမ်တွေ (Credit: Reuters) 

Posted: 06 Oct 2013 03:45 PM PDT

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင်းမှာ လူမျိုးရေးအသွင်ဆောင်တဲ့ အကြမ်း ဖက်မှုတွေ စနေနေ့ညက ဖြစ်ပွားခဲ့ပြီး အိမ်တချို့ ဖျက်ဆီးခံခဲ့ရတာကြောင့် အခြေ အနေကို ထိန်းသိမ်းတဲ့အနေနဲ့ အာဏာပိုင်တွေက အခုအခါ လုံခြုံရေး တိုးမြှင့်ချ ထားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ကျောင်းကုန်း ဒေသခံ မူဆလင်အမျိုးသားတစ်ဦးကနေ မြန်မာမိန်းကလေးတစ်ဦးကို မတရားပြုကျင့်ခဲ့ တယ်ဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက် အခုလို အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူးလို့ ကျောင်းကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကလည်း ဗွီအိုအေကို ပြောပြပါတယ်။ လောလောဆယ်မှာတော့ ရဲရော စစ်တပ်ကပါ လုံခြုံရေး တင်းတင်းကျပ်ကျပ် ယူထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်းက ဆက်သွယ်စုံစမ်းတင်ပြပေးထားပါတယ်
။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Oct 2013 03:43 PM PDT

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့မှာ မွတ်ဆလင်တွေရဲ့ အိမ်နှစ်လုံးနဲ့ တဲတစ်လုံးကို ဗုဒ္ဒဘာသာဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မွတ်ဆလင် တယောက်က အသက် မပြည့်သေးတဲ့ မိန်းကလေးတယောက်ကို မတော်တရား ပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလို အိမ်တွေကို မီးရှို့ခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေကတော့ ဖျက်ဆီးခံရတဲ့ အိမ်ခြေ အရေအတွက်ဟာ ၆ လုံးလောက် ရှိတယ်လို့ ဆိုကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မကြာခင်က ရခိုင်ပြည်နယ်တွင်လည်း မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့

Posted: 06 Oct 2013 03:39 PM PDT

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ ဗောဓိကုန်းရပ်ကွက်မှာ မနေ့ညက အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ် ၅ လုံးကို ဒေသခံတွေက ဖျက်ဆီးလိုက်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ကျောင်းကုန်းဒေသခံ ကိုပြည့်ဖြိုးဝေက အခုလိုပြောပါတယ်။ " ည ၇ နာရီ ကျော်လောက်ကြတော့ အဲ့ဒီအိမ် ဝိုင်းဖြိုကြမယ်၊ ဗလီဖြိုကြမယ်ဆိုပြီး ထွက်သွားတယ်၊ အဲ့ကုလားရှိတဲ့ အိမ်မှာပဲ ဖြိုတယ်၊ ပြီးတော့ သူ့ညီမ အိမ်ကိုဖြိုတယ်၊ အိမ် ၅ လုံးပြိုသွားတယ်၊ ကုလား သင်္ဂျိုင်းမှာရှိတဲ့ အစောင့် တဲအိမ်က မီးရှို့ခံရတယ်၊ ပြီးတော့ မြို့နယ် ရဲတပ်ဖွဲ့မှူးရော၊ အာဏာပိုင်အဖွဲ့အစည်းရော ရောက်လာတယ်၊ သူတို့က မလုပ်ကြပါနဲ့လို့ တားတယ်" ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Oct 2013 03:29 PM PDT

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ KIO ကချင် လွတ်မြောက်ရေး အဖွဲ့ အကြား ဆွေးနွေးပွဲကို လေ့လာသူအဖြစ် တက်ရောက်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီ ဂျေ နမ်ဘီးယားနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် အထူးအကြံပေး အရာရှိ မစ္စ မာရီယန် ဟေဂန် တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို တနင်္ဂနွေနေ့က ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အခု တခေါက် ဆွေးနွေးပွဲမှာ တပ်နေရာ ချထားရေး ကိစ္စကို အဓိက ဆွေးနွေးမယ်လို့ ယူဆရ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...