Saturday, October 12, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၁၀)

သစ်ထူးလွင်



Posted: 12 Oct 2013 07:01 AM PDT

တပ်မတော် အတွက် ခံတပ် အထပ်ထပ် ခံကာ၁၄ နှစ်ကြာ စနစ်တကျ ရေးဆွဲထားသော ၂၀၀၈ အခြေခံ ဥပဒေကြီးအား အထိပါးခံမည် လား ဆိုသည်မှာ တပ်မတော်၏ လက်ရှိ အခင်းအကျင်း ပေါ်၌ ပြုပြင် ပြောင်းလဲ ပြင်နိုင်စွမ်းပေါ်တွင် မူတည်နေရာ ဖွဲ့စည်းပုံ အသစ် ရေး ဆွဲရေး လွှတ်တော်တွင်အဆိုတင်လျှင် ၂၀ ရာခိုင်နှုန်း ထောက်ခံမှုရရန်ပင် ခဲယဉ်းမည်ဖြစ် . . .  ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟူသည် နိုင်ငံတစ် နိုင်ငံ၏ ရေရှည် အနာဂတ်ကို အဆုံး အဖြတ် ပေးသည့် နိုင်ငံ၏ အသက် သွေးကြောပင် ဖြစ်သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Oct 2013 06:50 AM PDT
အနိမ့်ဆုံးလုပ်ခလစာ နည်းဥပဒေထွက်ရှိပြီး သုံးလအကြာတွင် လုပ်ခနှုန်းထားသတ်မှတ်နိုင်ရန်အတွက် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကပြောသည်။ ယခုနှစ်ဇူလိုင် ၁၂ ရက်တွင် အနိမ့်ဆုံးလုပ်ခလစာနည်းဥပဒေ ထွက်ရှိပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာနက ယင်းဥပဒေနှင့် ပတ်သက်၍ လုပ်ခလစာနှုန်းထား မှန်ကန်စွာ အမြန်ဆုံးသတ်မှတ်နိုင်ရန် လုပ်ငန်းစဉ်အဆင့် ငါးဆင့် ခွဲခြားသတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ အဆိုပါလုပ်ငန်းစဉ်များအနက် ပထမအဆင့်အနေဖြင့် ဥပဒေပါအတိုင်း အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များပါဝင်သည့် အမျိုးသားကော်မတီဖွဲ့စည်းပြီး   ယခုအခါ  ကော်မတီမှ လုပ်ငန်းအမျိုးအစားအလိုက် လက်ရှိ လုပ်ခလစာများကို မေးခွန်းလွှာများဖြင့် စုံစမ်းမေးမြန်းမှုများ ဆောင်ရွက်မည်ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရပ်ကွက်တစ်ခုမှ အလုပ်သွားရန်ပြင်ဆင်နေသော လုပ်သားအချို့ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) - 7Day Daily

Posted: 12 Oct 2013 06:45 AM PDT

မုံရွာမြို့နယ် ကျွဲရဲရွာအနီး စီးဆင်းသော စတည်းချောင်းရေလျှံမှုကြောင့် နေအိမ်နှစ်ရာကျော်အတွင်း ချောင်းရေများ ၀င်ရောက်ခဲ့ပြီး မုံရွာ-အလုံကားလမ်းအနီးရှိ ငါးမွေးကန်များလည်း ရေလျှံခဲ့ကြောင်း စတည်းချောင်းအနီး နေထိုင်သော ဒေသခံများက ပြောသည်။ ““စတည်းချောင်းရေက အောက်တိုဘာ ၇ ရက် ညကစပြီး တက်လာတာ ၉ ရက်မှာ  ငါးကန်တွေရေလျှံတယ်။ အောက်တိုဘာ ၁၀ ရက် ညပိုင်းက မုံရွာ-အလုံကားလမ်းပေါ်ထိ ရေလျှံသွားပြီး ငါးကန်တွေလည်း ရေလျှံကုန်တယ်”” ဟု မုံရွာမြို့၊ အိုးဘိုထောင်ရပ်ကွက်မှ ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦ
းက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မုံရွာမြို့နယ် ကျွဲရဲကျေးရွာအနီးချောင်းရေလျှံနေစဉ် ဓာတ်ပုံ - မျိုးမင်းဦး - 7Day Daily

Posted: 12 Oct 2013 06:32 AM PDT

ပြန်လွတ်လာတဲ့ လစ်ဗျား ၀န်ကြီးချုပ် Ali Zeidan က သူ့ကို ဖမ်းသွားတဲ့သူတွေဟာ အစိုးရကို ဖြုတ်ချဖို့ အာဏာသိမ်းမလို့ကြံတာဖြစ်တယ်လို့ အောက်တိုဘာလ ၁၁ရက်နေ့ သောကြာ နေ့က မြို့တော် Tripoli မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ ကျနော်မယုံနိုင်ဘူး ညသန်းခေါင်လောက်မှာ ကားအစီး ၁၀၀ လောက်နဲ့ လက်နက်ကိုင်တွေက Corinthia Hotel ပတ်ဝန်းကျင်ကို ၀ိုင်းလိုက်ကြတယ်။ ပြီးတော့ဘယ်သူ့ကိုမှ ၀င်ခွင့် မပေးတော့ဘူး။ ဒီကိစ္စတွေအားလုံးကို ကျနော်တို့ အစိုးရထဲက ခေါင်းဆောင်တချို့က အမိန့်ပေးနေတာ။ ဒါဟာ အစိုးရကို ဖြုတ်ချဖို့ အာဏာသိမ်းဖို့ ကြံတာလို့ ၀န်ကြီးချုပ်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Oct 2013 06:24 AM PDT

ဓာတ်ပုံ – အံ့ခေါင်မင်း
ဘားအံ၊ အောက်တိုဘာ ၆

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အောက်တိုဘာ ၆ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အတွေ့အကြုံ ရှင်းလင်းပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ အနေဖြင့် အခမ်းအနား ကျင်းပ နေစဉ် နေရောင်ခြည် ပူပြင်းမှုကို လွှတ်တော် ဂျာနယ်များ အသီးသီး ကိုင်ဆောင်လျက် အကာအကွယ် ယူပြီး  အခမ်းအနား ပြီးဆုံးချိန် တိုင်အောင် တက်ရောက် ခဲ့ကြ ရှာသည်ကို ပုံပါအတိုင်း တွေ့ရသည်။  ယင်းအခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကရင်ပြည်နယ်မှ ပါတီဝင်တစ်ဦး မျှသာ တက်ရောက်ကြောင်း လေ့လာတွေ့ရှိရသည်။

မြန်မာသံတော်ဆင့်
Posted: 12 Oct 2013 06:21 AM PDT

ဒေါ်နန်းစေဟွာ- ကျွန်မအနေနဲ့ မြန်မာသံတော်ဆင့်က မေးလိုက်တဲ့ မေးခွန်းက အင်မတန် ကောင်းတဲ့ မေးခွန်းလို့ ပြောချင်ပါတယ်။ ကျွန်မတို့ ကရင်ပြည်နယ် သားတွေအတွက် စောစောက ရပ်မိရပ်ဖ ဆရာ ဦးတင်မောင်မြင့် ပြောသလိုပေါ့။ တစ်ရာခိုင်နှုန်းနဲ့လည်း ကန့်ကွက်လို့ မရနိုင်ပါဘူး။ တစ်ခုပဲ ရှိပါတယ်။ ကျွန်မတို့ရဲ့ ကရင်ပြည်နယ် ၀န်ကြီးချုပ်သည် နိုင်ငံတော်သမ္မတ ကနေပြီးတော့ ခန့်အပ်ထားတဲ့ ၀န်ကြီးချုပ် ဖြစ်တဲ့အတွက် ဒီကိစ္စတွေ၊ ပြဿနာတွေ အပေါ်မှာ နိုင်ငံတော် သမ္မတက လေ့လာ သုံးသပ်ပြီးတော့ သူခန့်အပ် ထားတဲ့ ၀န်ကြီးချုပ် ဖြစ်တဲ့အတွက် နိုင်ငံတော် သမ္မတက တာဝန်ပြန်ယူဖို့ လိုပါတယ်လို့ မြင်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Oct 2013 05:20 AM PDT
နှစ်အတန်ကြာ ကျင်းပဖို့ ပျက်ကွက်ရာကနေ ဒီနှစ်မှာမှ ပြန်လည်ကျင်းပတဲ့ တက္ကသိုလ်များ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲမှာ ဆေးတက္ကသိုလ် အမှတ် (၁) ကအသင်းနှစ်သင်းက နုတ်ထွက်ခဲ့ပါတယ်။ ဆေးတက္ကသိုလ် (၁) ရဲ့ ဘောလုံးအသင်း (၂) သင်းဟာ တက္ကသိုလ်များချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ပွဲစဉ်တွေကနေ နုတ်ထွက်တဲ့အကြောင်း တက္ကသိုလ်များချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီထံ အောက်တိုဘာ ၁၀ ရက်နေ့ရက်စွဲနဲ့ အကြောင်းကြားစာပေးပို့ လိုက်ပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပြိုင်ကားပေါ်က ဆင်းလာတဲ့ မိုးစက်ဝိုင်နဲ့ ဖိုးလပြည့်၊ ဓာတ်ပုံ- Universities Champions League,Ko SaiSai  


Posted: 12 Oct 2013 04:53 AM PDT

အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုကဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို မီးထိုးပေးရာမှာ အစ္စလာမ်ကိုယ်၌က ပါဝင်တဲ့အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ အဓိက ရည်မှန်းချက်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေအတွက် ဒီရည်မှန်းချက်တွေ အောင်မြင်နိုင်စရာ အလားအလာ ဘယ်လောက်ရှိသလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ အနာဂတ်ကို ထိခိုက်စေမယ့် အကြောင်းခြင်းရာတွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို တိုက်ခိုက်ရာမှာ ပျော့ပျောင်းတဲ့ မွတ်ဆလင်တွေ ပါဝင်ရမယ့် အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒက တစ်ကမ္ဘာလုံးရဲ့လုံခြုံရေးကို ဘယ်လောက်ကြာအောင် ခြိမ်းခြောက် အန္တရာယ်ပေးနေမှာလဲ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Oct 2013 04:47 AM PDT

ရန်ကုန်-အောက်တိုဘာ၁၂
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်ပ ဆက်ကြောင်းများ ချိတ်ဆက်သုံးစွဲထားသော SMW-3 ရေအောက် ကေဘယ်ကုန်းတွင်းပိုင်း ဆက်ကြောင်းသည် (10.10.2013) ရက်နေ့ ညနေ (5:15) နာရီ တွင် ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့် ပြည်ပနှင့် ချိတ်ဆက်ထားသော ဆက်ကြောင်း အချို့ ပြတ်တောက်မှု ဖြစ်ပေါ်လျှက် ရှိပါသည်။

အဆိုပါ ချို့ယွင်းမှုကြောင့် အင်တာနက်သုံးစွဲမှု မြန်နှုန်း အနည်းငယ် နှေးကွေးသွားနိုင်မည် ဖြစ်သော် လည်း ကုန်းတွင်းနယ်စပ် ဖြတ်ကျော် ဆက်ကြောင်းများမှ ပြောင်းလဲ ချိတ်ဆက်ပေးထားမည်ဖြစ်သဖြင့် ပြည်ပနှင့် ဆက်သွယ်မှုများ ပုံမှန်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။

ချို့ယွင်းမှုကိုပြုပြင်ရန် (၇) ရက် ခန့်ကြာမြင့်နိုင်မည် ဖြစ်ပြီး အမြန်ဆုံး ပြန်လည် ကောင်းမွန်ရေး အတွက် ပြုပြင်လျှက်ရှိ ပါကြောင်း အသိပေး အပ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
Posted: 11 Oct 2013 10:33 PM PDT

ကျွန်မ အခုတလောမှာ စိတ်မ ကောင်းစရာသတင်းတွေပဲ ဆက်တိုက် ကြားနေရတယ်။ ပထမက ကျွန်မကိုယ်တိုင် ကျန်းမာရေး ချို့ယွင်းသွားတဲ့ ကိစ္စ မေလမှာ ပုဂ္ဂလိက ဆေးရုံတစ်ခုနဲ့ ကျန်းမာရေးဆေးစစ်တဲ့ Package ဝယ်ပြီး သွားစစ်တယ်။ အား လုံးအကောင်းပါပဲ။ Cyst လေးတချို့ တွေ့တာလွဲလို့။ ပျော်ရွှင်စွာ ပြန်လာ တယ်။ နှစ်ပတ်လောက်ကြာတော့ အ လှပြင်ဆိုင်မှာ Armpit Hairs Removal ကို အပူပေးတဲ့စက်နဲ့လုပ်တယ်။ နှစ် ပတ်တစ်ခါ နှစ်ခါတိတိ လုပ်လိုက်တယ်။ ဇူလိုင်လ ကုန်လောက်မှာ ရေချိုးမလို့ လုပ်ရင်း အကျိတ် ဇီးဖြူသီးသေးသေး လောက်စမ်းလိုက်မိတယ်။ ဘယ်လိုပြော ရမလဲ။ ဝုန်းခနဲ ဖန်ဆင်းလိုက်သလိုထွက် လာတာ လူကို ပြာနောက်သွားတာပဲ။ ထုံးစံအတိုင်း ခွဲစိတ်အထူးကု ပြရတာ ပေါ့။ ထုံးစံအတိုင်းခွဲ လိုက်ရတာပေါ့။ ခွဲရတာတော့ မိုင်နာပါပဲ။ ဒါပေမဲ့ ကြောက်စိတ်တွေက ဖိစီးနေတာလေ။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Oct 2013 10:08 PM PDT

မန္တလေးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး အရောင်းအဝယ် ပြုလုပ်နေပြီး ရဲတပ်ဖွဲ့က အလိုရှိနေသည့် မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင်တစ်ဦးဟု ယူဆရသော ဦးဇော်ဝင်းနိုင်ကို အောက်တိုဘာလ ၁၀ နေ့က မဟာအောင်မြေမြို့နယ်ရှိ ရွှေဖြူဟိုတယ်တွင် တည်းခိုနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
“မန္တလေးမှာ မူးယစ်ဆေး အရောင်းအဝယ် အကြီးဆုံးလို ထင်ရတဲ့ ခေါင်းဆောင် တစ်ယောက်တော့ မိသွားပါပြီ။ သူ့ကို မန္တလေးမှာ အဓိက ဖြန့်ဖြူးရောင်းချနေသူ တစ်ယောက်လို့ သတ်မှတ်ထားတယ်။ သူက ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတာပါ” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ အမှုစစ် ရဲအရာရှိတစ်ဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Oct 2013 09:58 PM PDT

ရှမ်းပြည်တောင်ပိုင်းက ကမ္ဘာကျော် အင်းလေးကန်ဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းတရာကျော်ကတည်းက အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် ကျင်းပခဲ့ပါတယ်။ ဒီနှစ်ကျင်းပတဲ့ အင်းလေးဖောင်တော်ဦး ဘုရားပွဲအကြောင်းကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Oct 2013 09:56 PM PDT

မန္တလေးတိုင်း သပိတ်ကျင်းနဲ့ စဥ့်ကူးမြို့နယ်တွေမှာ ရွှေတွင်းလုပ်သား အများစုဟာ အဆုတ်ရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုများတဲ့အတွက် ဆယ်စုနှစ်တခုအတွင်း သေဆုံးသူ ရာနဲ့ချီ ရှိနေပြီ လို့ ဒေသခံတွေကပြောပါတယ်။ RFA သတင်းထောက် ကိုကျော်သူက ဆက်ပြီး တင်ပြပေးမှာပါ။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Oct 2013 09:55 PM PDT

ရန်ကုန်မြို့လယ်ရှိ ရဲတပ်ဖွဲ့စခန်း လေးခုကို ရှစ်ထပ်သံကူ ကွန်ကရစ် အဆောက်အအုံအဖြစ် ပြန်လည် ဆောက်လုပ် သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။ ရန်ကုန် မြို့လယ်ရှိ ကျောက်တံတားရဲစခန်း၊ ပန်းဘဲတန်းရဲစခန်း၊ လသာရဲစခန်းနှင့် ဗိုလ်တထောင် ရဲစခန်းတို့ကို (၁၀၀ ပေx ၆၀ ပေ ရှိ) ရှစ်ထပ်သံကူ ကွန်ကရစ်အဖြစ် ၂၀၁၄- ၁၅ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်သွားမည် ဖြစ်ပြီး ဆောက်လုပ်မည့် အဆိုပါ ဘက်ဂျက်ငွေကို လာမည့် ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း တောင်းခံရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ရှင်းပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Oct 2013 09:47 PM PDT

ကာကွယ်ရေးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းသည် အောက်တိုဘာလ ၉ ရက်နေ့က မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် တလျှောက်ရှိ တပ်စခန်းများနှင့် ခြံစည်းရိုးများကို ရဟတ်ယဉ် တစ်စီးဖြင့် လာရောက် စစ်ဆေးခဲ့သည်ဟု သတင်း ရရှိသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် အတူ အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်လည်း လိုက်ပါလာပြီး ပလက်ဝမြို့နယ် သရော်အိုင်နှင့် မောင်တောမြို့နယ် တောင်ပြိုဒေသသို့ လာရောက် စစ်ဆေးခဲ့သည်ဟု ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Oct 2013 09:20 PM PDT
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မောင်းမကန် လမ်းရှိ အိမ်အမှတ် (၁၅၇၈/ခ) နှစ်ခန်းတွဲ နေအိမ်တွင် နေထိုင်သူ ဒေါ်သန်းမြိုင် (၆၇) နှစ်သည် အောက်တိုဘာ ၁၁ရက်၌ ၎င်း၏ နေအိမ် နောက်ဖေးတွင် ပက်လက်အနေ အထားဖြင့် သေဆုံး နေသည်ကို တွေ့ရပြီး သေဆုံး သူတွင် ဝတ်ဆင် ထားသော စိန်နားကပ်၊ ရွှေ လက်စွပ်နှင့် ဖုန်း-ဝ၉၅၁၅၉ဝ၁၈ တို့မှာ ပျောက်ဆုံး နေသည်ကို ၎င်း၏ တူတော် စပ်သူက နံနက် ၁၁ နာရီ ခန့်တွင် ၎င်း၏ အဒေါ်အိမ်သို့ လာရောက်စဉ် တွေ့မြင်ခဲ့ရ သည်ဆို၏။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Oct 2013 09:20 PM PDT
လက်ပန်းတောင် ကြေးနီ စီမံကိန်း ဧရိယာမှာ ရှိတဲ့ လယ်မြေ တွေထဲက လျော်ကြေး မယူပဲ ငြင်းဆန် နေသူတွေရဲ့ မြေယာတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရဲတွေ စောင့်ကြပ်ပြီး ကုမ္ပဏီက ခြံဝင်ခတ်လို့ မနေ့ ကတော့ ရွာသား တွေနဲ့ ရင်ဆိုင် အချင်းများ ခဲ့ရပါတယ်။ မြေယာ လျော်ကြေး မယူတဲ့ သူတွေရဲ့ ယာခင်းတွေမှာ သွပ်ဆူးခတ် ၊ တိုင်စိုက် ၊ အခင်းကို မြေကော်စက်တွေနဲ့ ထိုးတာတွေ လာရောက် လုပ်ဆောင်ခဲ့ တယ်လို့ ယာခင်းရှင် တယောက် ဖြစ်တဲ့ ဦးအောင်သန်းက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လက်ပံတောင်းက တောင်သူတွေရဲ့ ကန့်ကွက်ပွဲ

Posted: 11 Oct 2013 09:03 PM PDT
စစ်ကိုင်းတိုင်း မုံရွာခရိုင်က ကြေးနီစီမံကိန်းတွေရှိရာ လက်ပံတောင်းတောင်၊ စံပယ်တောင်နဲ့ ကြေးစင်တောင် အနီးတဝိုက်က ဒေသခံတွေ အလုပ်လက်မဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။RFA သတင်းထောက် ကိုကျော်သူက သတင်းပေးပို့ထားပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 11 Oct 2013 09:17 PM PDT
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှ တတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင် ပြင်ဆင် ဆောင်ရွက် နေတာ တွေနဲ့ ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေး ပါတီတွေနဲ့ ဒီနေ့တွေဆုံပြီး ရှင်းလင်း ပြောကြား ခဲ့ပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြ ထားပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 11 Oct 2013 08:57 PM PDT

လှေစီးခိုးဝင်လာသူ ဒုက္ခသည်တွေ အပြည့် တင်ဆောင်လာတဲ့ နောက်ထပ် လှေတစင်း တိမ်းမှောက်ခဲ့တာကြောင့် အီတလီနဲ့ မော်လတာ နိုင်ငံက ကမ်းရိုးတမ်းစောင့် တပ်ဖွဲ့တွေ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင် နေပါတယ်။ မကြာခင် ရက်ပိုင်းတွေတုန်းကလည်း လှေစီးခိုးဝင်လာသူ ဒုက္ခသည်တွေ အပြည့် တင်ဆောင်လာတဲ့ လှေတစင်း အီတလီက လမ်ပဒူဆာကျွန်းမှာ တိမ်းမှောက်မှု ဖြစ်ခဲ့ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
လှေမှောက်သူတွေကို ကယ်နေတဲ့ ပုံ

Posted: 11 Oct 2013 08:40 PM PDT

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန်အားကောင်းတဲ့ ဖိုင်လင်းမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး ဒီကနေ့ည သန်းခေါင်အချိန်လောက်မှာ အိန္ဒိယနိုင်ငံ သြရိသပြည်နယ် အတွင်းကို ၀င်ရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ နေ့ခင်းပိုင်းတိုင်းထွာ ချက်အရ မြန်မာပြည်ကို ဦးတည်မနေပေမဲ့ အင်အားပြင်းထန်တာကြောင့် ကမ်းရိုးတန်း ဒေသတွေအနေနဲ့ သတိထားဖို့လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အားပြင်း ဖိုင်လင်းဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်မည့် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်ဒေသမှ Ganjam ခရိုင်အတွင်း တံငါလှေများကို ကမ်းတင် သိမ်းဆည်းနေကြစဉ်။ (အောက်တိုဘာ ၁၁၊ ၂၀၁၃)။


Posted: 11 Oct 2013 08:33 PM PDT

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် လိုအပ်တဲ့အခြေခံမူတွေကို ဒီနှစ် ဒီဇင်ဘာလမှာ အပြီးရေးဆွဲမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးပါတီ ၃၆ ပါတီနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးမှာ ဒီနေ့ တွေ့ဆုံစဉ် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Oct 2013 07:54 PM PDT

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် ဂယ်လောင်း စိုက်ပျိုး မွေးမြူရေး အကျဉ်းစခန်းမှ ဦးစီး အရာရှိသည် ကိုယ်ကျိုး စီးပွား ရှာဖွေမှု၌ ပြစ်ဒဏ်ကျ အကျဉ်းသားများ၏ လုပ်အားများကို  အဓမ္မစေခိုင်းအမြတ်ထုတ်မှု များရှိနေ ကြောင်း သိရှိရသည်။ ရှမ်းပြည်နယ် ဂယ်လောင်း အကျဉ်းစခန်း၌ အကျဉ်းသား ၁၈၃ ယောက်ရှိပြီး ကြံ ၊ ပြောင်း စိုက်ဧက ၁၅၀ခန့်အား လုပ်ကိုင်ရန် ပြစ်ဒဏ်ချထားခြင်း ဖြစ်သော်လည်း ဦးစီးအရာရှိ သည် နယ်မြေလုပ်ငန်းရှင်များ ၏ လုပ်ကွက်များ၌ အငှားချ စေခိုင်း၍ လုပ်အား အမြတ်ထုတ်မှုများ ရှိနေကြောင်း၊ မိမိ၏ ကိုယ်ပိုင် အကျိုးစီးပွား အတွက် သစ်များကို ဥပဒေမဲ့ခုတ်ဖြတ်၍ ထင်းအဖြစ် ရောင်းချခြင်း၊ မီးသွေးဖုတ်ခြင်းဖြင့် အကျိုးစီးပွား ဖြစ်ထွန်းနေ ကြောင်း၊ ပြစ်ဒဏ်ကျ အကျဉ်းသားများ အနေဖြင့် အဓမ္မစေခိုင်း၍ လုပ်အား အမြတ်ထုတ်ယူခြင်း ခံနေရသော်လည်း အကျိုးခံစားခွင့် လုံးဝမရှိသည့်အပြင် လုပ်ငန်း မအောင်မြင်ပါက ထပ်တိုး ပြစ်ဒဏ်များပါ ခံစားကြရကြောင်း ၊ ပြန်လည် အောင်မြင်မှူ ရရှိမှသာ ပြစ်ဒဏ် ပြန်ဖြုတ်ပေးကြောင်း သိရှိရပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
နောင်ချိုမြို့နယ် ဂယ်လောင်း စိုက်ပျိုး မွေးမြူရေး အကျဉ်းစခန်းမှ မြင်ကွင်း ဓါတ်ပုံများ












Posted: 11 Oct 2013 06:21 PM PDT

ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့၊ (၁၇)ရက်ကွက်၊ ကန်လမ်းရှိ၊ ချမ်းမြေ့တည်ခိုခန်း ခန်းနံပါတ်(၅)တွင်
(၁၁.၁၀.၂၀၁၃)နေ့ည (၉း၃၀)အချိန်ခန့်က ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။ ဖြစ်စဉ်မှာ ချမ်းမြေ့တည်းခိုခန်းတွင် လာရောက် တည်းခိုသူ ကျော်မျိုးနိုင်(၂၉)နှစ် (ဘ)ဦးကျော်လွင်၊ ခွဲ(၁၀)မီးရထားရဲနှင့် မငြိမ်းသီတာ(၂၇)နှစ်၊ (ဘ)ဦးခင်မောင်အုန်း၊ ညောင်လေးပင်မြို့၊ မြို့မရပ်ကွက်နေသူတို့သည် တည်ခိုခန်း အခန်းနံပါတ်(၅)တွင် တည်ခိုပြီး၊ ၄င်းတို့နှင့် အတူပါလာသော မယုယုခိုင်(၂၇)နှစ်၊ (ဘ)ဦးသိန်းဝင်း၊ ညောင်လေးပင်မြို့၊ မြို့မရပ်ကွက်မှာ အခမ်းနံပါတ်(၆)တွင်တည်းခိုခဲ့
သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

photo by Ko Kyaw Swar toungoo group

Posted: 11 Oct 2013 06:22 PM PDT
ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA နယ်မြေမှာ နေထိုင်ကြတဲ့ ဒေသခံ ပြည်သူတွေအားလုံး နိုင်ငံသား မှတ်ပုံတင်ရဖို့အတွက် အိမ်ထောင်စု သန်းခေါင်စာရင်း ကွင်းဆင်းကောက်ခံနိုင်ဖို့ အစိုးရနဲ့ သဘောတူ လိုက်တယ်လို့ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဦးစိုင်းဆမ်က RFA ကို ပြောပါတယ်။ လာမယ့် ၂ဝ၁၄ နှစ်ဆန်းပိုင်းကစပြီး သန်းခေါင်စာရင်း စတင်ကောက်ယူတော့ မှာဖြစ်ပြီး အဲဒီနယ်မြေ အတွင်းမှာ လူမျိုးပေါင်း ၁၆မျိုးထိရှိတယ်လို့ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် စိုင်းဆမ်က အခုလိုပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...