Monday, October 14, 2013

ဗုံးပေါက်ကွဲမှုများကြားက ပြည်သူ့အသံများ ...

Hla Tun Khine's photo.
 
လေးစား ချစ်ခင်ရပါသော နိုင်ငံတော် သမ္မတကြီး ခင်ဗျား ......
လက်ရှိအခြေနေတွင် ပြည်သူများရဲ့ရင်ထဲက စိုးရိမ်ပူပန်နေမှုများကို လျှော့ချဖြေဖျောက်ပြေးနိုင်သူမှာ သမ္မတကြီးတဦးသာ ရှိပါတော့သည်။ အလုပ်သွား/ပြန်ချိန် ဘတ်စ်ကားစီးဖို့၊ မြို့ပတ်ရထား စီးဖို့၊ လူးစည်ကားရာ နေရာများကို သွားလာဖို့ အလွန်မတန်မှ ထိတ်လန့်နေကြရသည့် အခြေအနေ ဖြစ်နေ ရပါသည်။ အုပ်ချုပ်သူ အစိုးရ တရပ် ရှိနေပါလျှက် ပြည်သူများ ယခုကဲ့သို့ ကျီးလန့်စာစားဖြစ်နေကြရခြင်းမှာ အစိုးရ ရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံတော် ရဲ့ ဂုဏ်သိက္ခာ ထိခိုက်လှပါသည်။ ပြည်သူများရဲ့စိုးရိမ် ပူပန်နေရမှုများ နဲ့ အကြောက်တရားများကို ပြေလျော့ စေနိုင်သည့် မိန့်ခွန်းတရပ် အမြန် ပြောကြားပေး ပါရန် ဆန္ဒပြုအပ်ပါသည်။ သမ္မတကြီးရဲ့ နိုင်ငံတည်ဆောက်ရေး ဆောင်ရွက်နေခြင်းအပေါ် ဖျက်လိုဖျက်စီး လုပ်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသူများကိုလည်း အချိန်မှီ ဖော်ထုတ် ဖမ်းဆီ၍ ဥပဒေနှင့် အညီ ထိရောက်စွာ ပြတ်ပြတ်သားသား အရေးယူနိုင်ပါရန် တိုက်တွန်းအပ်ပါ သည်။ ပြည်သူ အားကိုးထိုက်သော အစိုးရဖြစ်ကြောင်း လက်တွေ့ဆောင်ရွက်ပြခြင်းဖြင့် သမိုင်း မှတ်တိုင်စိုက်ထူနိုင်ပါစေရန် ဆန္ဒပြုလိုက်ပါသည်။ 
 
အစဉ်လေးစား ရိုသေစွာဖြင့်
 လှထွန်းခိုင် ၁၅.၁၀.၂၀၁၃ မနက်၂း၂၅ နာရီ —.
 
 
Ashin Issariya
 
ပြောရမှာတော့ ကြောက်ပါတယ် ငါ့တူရယ်
(ဗုံးတွေ ထောင်တာ ကို တွေးမိတဲ့ ဟာသလေးပါ တိုက်ဆိုင်မှု ရှိရင် ခွင့်လွှတ်ပါ ဟိဟိ )
 
 ရွာတစ်ရွာကို ည သန်းခေါင်ကြီး မျက်နှာဖုံးစွပ်ထားတဲ့ ဓါးပြတွေ
ဝင်တိုက်ပါလေရော..ရွာထဲက ရှိသမျှအိမ်အကုန်တိုက်တာ အဘွားအိုနေတဲ့
အိမ်ရောက်တော့ အဖွားအိုကို သေနတ်ကြီးနဲ့ ချိန်လို့  "ဒီမယ် အဘွားကြီး
ရှိသမျှအကုန်ထုတ်" ဆိုပြီ နားက နားကပ်ကို ဓါးပြက ချွတ်ယူနေတုန်း အဘွားအိုက
သူ့ ဘေးမှာရှိတဲ့ ကွမ်းအစ်ထဲက ထုံးနဲ့ ဓါးပြမသိအောင် သေနတ်ပြောင်းကို
သုတ်လိုက်တယ်..ဒီလိုနဲ့  မနက်စောစောဓါးပြတိုက်ခံရတဲ့ရွာကို ကူညီဖို့ 
စစ်တပ်ကြီးရောက်လာပါလေရော..ဒန့် ..ဒန့်  ရွာသားတွေကိုစုပြီး မေးတာပေါ့
ဗိုလ်ကြီးက ညက တိုက်သွားတဲ့သူတွေကို မှတ်မိလား..ကျနော်တို့ 
လိုက်ရှင်းရမယ် ပြည်သူကို စောင့်ရှောက်ရမယ့်တာဝန် ကျနော်တို့ မှာရှိတယ်. ညက
အချိန်မှီရောက်မလာ နိုင်တဲ့ အတွက် စိတ်မကောင်းကြောင်း ဓါးပြ ပုံစံတွေကို
မှတ်မိတဲ့သူတွေ ပြောပြပါ ကျနော်တို့  အချိန်မီဖမ်းစီးဖို့ ပါ.ကဲ
မှတ်မိသလောက်ပြောပြကြပါ ဖြစ်ချင်တော့ စစ်ဗိုလ်ကြီးက အဘွားအို ရှေ့သွားပြီ
"အဘွားရော မှတ်မိလား မှတ်မိရင် ပြောပြပါအဘွားဆိုတော့"..အဘွားအိုက "အင်း
မှတ်တော့ မှတ်မိပါတယ် ငါ့တူရယ်

ဒါပေမယ့်ပြောရမှာ ကြောက်ပါတယ်"..စစ်ဗိုလ်ကြီးက "အာ..အဘွား
ဘာမှမကြောက်နဲ့  ကျနော်တို့  ရှိတယ်.ပြောမှာသာပြော
ဆိုတော့..အဘွားအိုကသူ့ ရှေ့မှာ မြင်နေရတဲ့ ဗိုလ်ကြီးလက်ထဲက သေနတ်ကြီးကို
လက်ညှိုးထိုးပြီး" အဘွား မှတ်မိတာကတော့ ဟော့ဒီထုံးရာ
ပါတဲ့ သေနတ်ကြီးပါပဲကွယ်...ဟီးဟီး"

Credit >>>D Moe Swe >>> Myo Thein >>> Tun Tun Win
 
ဗုံးခွဲတဲ့ကိစ္စကို လူနှစ်မျိုးကပဲခေါင်းဆောင် ရဲတယ်။
တမျိုးက လူသိသွားလည်း ဖမ်းမမိနိုင် တဲ့နေရာကသူ။ဥပမာ တောတွင်းလက် နက်ကိုင်။
နောက်တမျိုးက သိသွားလည်း ဖမ်းလို့မရနိုင် တဲ့သူ။ ဥပမာ အစိုးရကိုယ်တိုင် (သို့မဟုတ်) နီးစပ် ရာ အုပ်စု။

ဗုံးခွဲတာ လွယ်တဲ့အလုပ်မဟုတ်တဲ့အတွက် လူတိုင်းမလုပ် ရဲသလို မလုပ်တတ်ပါဘူး။
သေချာသင် တန်း တတ်ဖူးဖို့ လိုပါတယ်။
တခါ ဗုံးဖြစ်ဖို့ အတွက် အဓိက လိုတဲ့ ဒီဒိုနေတာ ဆိုတာလည်း လမ်းဘေးမှာဝယ်လို့မရပါဘူး။
ဆိုတော့ အဲ့ဒါတွေ ရှိနိုင် တာ သင် တန်း တွေပေးနိုင် တာလည်း အထက်က အုပ်စုတွေပါပဲ။

လက် ရှိအချိန်မှာ တောတွင်းလက်နက်ကိုင် က ဒီလိုလုပ်လို့ ဘာမှအကျိုးရစရာ မရှိပါဘူး။
အစိုးရ သို့မဟုတ် နီးစပ် ရာ အုပ်စုတွေထဲမှာရော ဗုံးကြောင့် ဘယ်သူတွေ အကျိုးအမြတ် ရ နေမလဲ။
အဲဒါ အ ဖြေဖြစ်ပါလိမ့်မယ်။

စာဖတ်နေတဲ့သူလား
ပန်းချီကားရောင်းတဲ့သူလား
တောင်ဖြိုတဲ့ကောင်တွေလား
လား လား လား
လားစီးတဲ့ကောင်တွေလား
တ လောက တ ကောင်ဆေးတွေအများကြီးနဲ့ မိသွားတယ်ကြားမိတယ်။
သေချာတာတော့ သေချာကိုသင် တန်းပေးထားပြီး နောက် က နေ စနစ်တကျ ထိန်းချုပ်မှုရှိနေတဲ့အုပ်စုတခုဆိုတာပါပဲ။

မိုးသွေး-Moe Thway
 
Soe Moe's status.
ဗုံးတွေကွဲလို့
လူတွေလည်းသေပြန်ပြီတဲ့ မေမေ ..

ကိုဖြိုးဝေအောင် လည်း ကွယ်လွန်သွားရှာပြီ
ကိုသန်းဇော်လည်း သူရဲ့ပျိုမြစ်ခြင်းတွေကို အုတ်ရိုးထဲမှာ ချန်ခဲ့လို့
ဦးညွှန့်ဝေလည်း အလုပ်သမားကိစ္စတွေနဲ့ အလုပ်တွေများနေသတဲ့
ကိုသံခဲခမျာ ဦးအောင်မင်းနဲ့ ဒူးချင်းတိုက်နေရရဲ့
ဖထီးစောမူတူးစေးဖိုးက ကာချုပ်နဲ့ လက်ဖက်ရည်တွေသောက်နေချိန်
ကျောက်ရွက်ဆစ်ကလည်း သမ္မတကြီးနဲ့ ပြုံးပြုံးရွှင်ရွှင်
ကချင်အရေး အက်စ်ဂွမ်မော်နဲ့ ဗိုလ်ချုပ်ကြီးစိုးမြင့်တို့ တရင်းတနှီး
ကိုမိုးသီးကတော့ မိချောင်းကန်ကို တမျှောတငေးကြီးကြည့်နေချိန်မှာ
မနက်ထွက်မဲ့ သတင်းစာထက်
ဘယ်သူ့ကို တရားခံတပ်လို့
ဘယ်သူ့ကို နာမည်ဖျက် ရက်စက်ခံရဦးမလဲ
သားသိချင်လိုက်တာ မေမေ ...

ကုလားမနိုင်လို့ ရခိုင်မဲမလား
ရခိုင်ကိုမရဲလို့ ကုလားကိုဆွဲမလား
၁၁ ဘီလယံတန် ပြိုင်ကားပေါ်က ၀ါရွှေရွှေ မယ်လေးကို
သားမေးကြည့်ချင်တယ် မေမေ။

Aung Zin Latt
 
စစ် ကိုနိုင်'s video.
ဒေါ်စုယောက်ျား နိုင်ငံခြားကနေ ဘရာစီယာ ဘယ်နှစ်ထည် နုတ်ခမ်းနီဘယ်နှစ်ဗူးပို့ လာတာကိုတောင် အသေးစိပ်သိနေတဲ့ ဖွတ်ထောက်လှမ်းရေးတွေက ဒီလိုမျိုး ဗုံးတွေ ဝင်လာတော့ မသိဘူးဆိုတာ ယုတ္တိရှိလား ပြီးတော့ လက်လုပ်ဗုံးတဲ့ အဟီးးလက်နဲ့ မလုပ်လို့  ခြေထောက်နဲ့  လုပ်လို့  ရမလား တပ်မတော်စပ်ရုံကလုပ်တဲ့ ဗုံးတွေက ခြေထောက်နဲ့  လုပ်ကြတာလား အလကားဖွတ်တွေ ကွကိုယ်လုပ် ကွကိုယ်ဖေါ်ပြီး ဟိုလူ့ ပြောလိုက် ဒီလူ့ ပြောလိုက်နဲ့  မင်းတို့ အကွက်တွေ ရိုးနေပါပြီကွာ ပြည်သူတွေကိုတော့ သနားပါတယ်။
 
Myanmar Journal's status.
ဗုံးတွေ ပေါက်ကွဲနေတာနဲ့ပတ်သက်ပြီး ဘာမှ ရေရေရာရာ သက်သေမရှိသလို ခန့်မှန်းဖို့လည်း ခက်ပါတယ် ။ လက်ရှိနိုင်ငံရေး အခြေအနေအရ ဖြစ်နိုင်ခြေ ၅ မျိုးထက်မနည်း ရှိပေမဲ့ မသေချာတာကြီးကို ခန့်မှန်းမယ်ဆိုရင် မိုက်မဲရာကျနိုင်ပါတယ် ။ ဒါပေမဲ့ အများမုန်းသူတွေကို စွပ်ဆွဲမယ် ဆိုရင်တော့ အပြစ်မြင်သူမရှိလောက်ဘူးထင်လို့ ၃ ယောက်လောက်တော့ စွပ်ဆွဲလိုက်ချင်ပါသေးတယ် ။

၁ ။ နံပါတ် ၁ တရားခံကတော့ နေရွှေသွေးအောင်လို့ ယူဆပါတယ် ။ ဟိုတလောက မြန်မာမယ်ဟာ လူကြိုက်များနေရာက သူနဲ့တွဲပြီး ဓာတ်ပုံ မြင်လိုက်ရတော့ ခွေးစားလေခြင်းဆိုပြီး ဗျောက်အိုးမီးလောင်ကြပါတယ် ။ မယ်လည်း ရစရာမရှိသလို မျောက်မူးလဲ လည်း ကောင်းကောင်း အဆဲခံရပါတယ် ။ ဒီတော့ ဒီကောင်လေးက စစ်တပ်ဆိုတာ အသက်ရှိသေးတယ်ဆိုပြီး သူ့အဖိုးလက်ထက်က လုပ်နေကြပုံစံတွေကို ပြန်အသက်သွင်းပြီး သူ့ဇ ကိုထုတ်ပြတာလည်း ဖြစ်နိုင်ပါတယ် ။

၂ ။ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းကြားက အားပြိုင်မှုဟာ တခါတလေမှာ ဟန်ဆောင်လုပ်ကြံမှုလို့ ထင်ရပြီး တခါတရံမှာတော့ ထင်ထင်ရှားရှား မြင်ရနိုင်ပါတယ် ။ ဦးရွှေမန်းရဲ့ နောက်ကြောင်းက သမိုင်းဆိုးရှိပါတယ် ။ သူ သမ္မတ ဖြစ်ချင်တာက လွတ်တော် ဥက္ကဌ မဖြစ်ခင်ကတည်းကဆိုတော့ ဦးသိန်းစိန်အပေါ်မှာ အနည်းနဲ့ အများတော့ တိုက်ခိုက်လိုစိတ် ရှိတာဟာ လွတ်တော်နဲ့ သမ္မတ အဖွဲ.ကြား ပြဿနာတွေကို အခြေခံတွေးရင် ထင်ထင်ရှားရှားပါပဲ ။ နောက် ဦးရွှေမန်း ရဲ့ ခရိုနီ အပေါင်းအပါတွေ အတွက် သမ္မတ ဖြစ်လိုစိတ်ဟာ ဖြစ်နိုင်ချေ အရှိဆုံးအရာပါ ။ ဒီတော့ ဦးသိန်းစိန်ကို ၂၀၁၅ မတိုင်ခင် ပုံရိပ်ကျအောင် ဦးရွှေမန်းအနေနဲ့ လုပ်ဆောင်နိုင်ချေရှိပါတယ် ။ ဆီးဂိမ်း မတိုင်ခင် ဗုံးတွေ ကွဲပြတာ လက်ရှိအစိုးရအဖွဲ.ကို နိုင်ငံတကာမှာ ပုံရိပ်ကျအောင် လုပ်တာဖြစ်နိုင်ပါတယ် ။

၃ ။ ငပွတွေ ။ မြန်မာပြည်ကို လည်လှီးဖို့ ကြံစည်နေတဲ့ ငပွတွေလည်း ဖြစ်နိုင်ချေ အတော်ရှိပါတယ် ။

နောက်ဆုံးအချက်တွေကတော့ ဖြစ်နိုင်ချေတွေ အတော်နည်းပါးပါတယ် ။ ပြည်ပြေး ငပွတွေပါ ။ မြန်မာနိုင်ငံအတွက် ငပွတွေကတော့ ပုံစံမျိုးစုံနဲ့ တည်ရှိနေပါတယ် ။ စစ်အစိုးရ စွပ်ဆွဲနေကျ ငပွတွေလည်း ပြည်တွင်း ပြန်ရောက်နေတာရယ် ။ ဘာသာရေးငပွတွေရယ် ။ နိုင်ငံရေးပါတီဆိုတာကလည်း နိုင်ငံသားတွေနဲ့ ဖွဲ.စည်းထားတာ ဖြစ်လို့ သူတို့ မဖြစ်နိုင်ဘူးလို့ ဘယ်လိုငြင်းမလဲ ။
ရှိသမျှလူတော့ကုန်ပြီ ။

ရဲသူရိန်မင်း
141013
 
Cartoon Waiyan Taunggyi's photo.
တောင်ကြီးမြို့ ညဈေးတန်းနာရီစင်အနီးတွင်ယနေ့ ည 8း00နာရီခန့်အချိန်တွင် ဗုံးတလုံးတွေ့ ရှိ။။
တောင်ကြီးမြို့ အမှတ်(၁)ရဲစခန်းမှသွားရောက်ရှင်းလင်းရန်သွားရာပလပ်စတစ်ဗုံးခွံကြီးတလုံးတွေ့ ရှိ။
အဆိုပါဗုံးခွံကြီးသည်ဝက်စာထည့် ရန်လက်ဖက်ရည်ဆိုင်မှယူလာသောဗုံးခွံဖြစ်ကြောင်းသိရ။
စခန်းမှူးမှစိတ်ညစ်ပြီးညဈေးတန်းအရက်ဆိုင်တွင်ဘီအီးတပိုင်းသောက်ကာပြန်သွားကြောင်း
ခိုင်လုံသောပုလင်းရပ်ကွက်မှသိရပါသည်။....ဟီးဟီး...နောက်ထှာ။။

ကာတွန်း။။ဝေယံတောင်ကြီး

 
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...