Tuesday, October 8, 2013
ပြည်တွင်းငြိမ်းချမ်းရေးရရန် ချဉ်းကပ်သင့်သည့် အခြေခံများအပေါ်ဆန်းစစ်ချက် (၁)
October 8, 2013 at 1:46pm
               ဒီနှစ် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗယ် ဆုအပ်နှင်း ဘို့ ရာထားခံရတဲ့ အထဲမှာ သမတ ဦးသိန်းစိန် ပါဝင် ကြောင်း ပြီးခဲ့တဲ့ တပတ် လောက်အတွင်းမှာ အယ်လ်ဂျာဇီးရား နိုင်ငံတကာ အသံလွှင့်ဌာန ကနေ ကြေငြာ သွားပါတယ်။ ဘယ်လို ဖြစ်တာပါလိမ့်။ လက်တွေ့ ကိုယ့်နိုင်ငံရဲ့ ငြိမ်းချမ်းရေးအခြေအနေကို ပြန်ကြည့်လိုက် တော့ အရပ် စကားနဲ့ ပြောရရင် စုတ် ပြတ် သတ်နေပြီ။ ရှမ်း၊ ပလောင်၊ ကချင်ဒေသတွေမှာ စစ်ပွဲတွေက ဖြစ်ပွားနေဆဲ။ ထိုင်း နယ်စပ်မှာ သိန်းတချို့  ရှိတဲ့ ဒုက္ခ သည်တွေ အိမ်မပြန်နိုင်သေး။  ရခိုင်ပြည်နယ်မှာလည်း ပြသနာပေါင်း သောင်း ခြောက်ထောင် ။ သံတွဲမှာ ယခုအထိ သတ်ကြတုန်း။ ကချင်ပြည်နယ်က ပြည်တွင်း အတည်တကျ မနေနိုင်သူ တသိန်း ခန့် ကိုယ့်အိမ်ကိုယ့်ရွာ မပြန်နိုင် ကြ သေး။ ဒါပေမယ့် မြန်မာနိုင်ငံကို အကြောင်းပြုပြီး ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗယ်ဆု တွေကို တယောက်ပြီး တယောက် ယူကြတော့ မယ်။ တခုခုတော့မှားနေပြီ ဆိုတဲ့ စကားနဲ့ တင်လုံလောက်ပါ တော့မလား။
တစုံလုံးများမှား နေပြီလား ဆိုတာကို လူထုတရပ်လုံး ဆန်းစစ်သင့်ပါပြီ။
ငြိမ်းချမ်း ရေး လုပ်ငန်းတွေ အတွက် အိပ်စိုက်၊ အိမ်ရောင်း၊ ကားရောင်းပြီး လုပ်နေပါတယ် လို့ ဦးအောင်မင်းက ပြောလာတော့ “ဘယ်နေရာက အိမ်တွေနဲ့ ဘယ် ကားတွေ ရောင်းလိုက်တာလဲ အတိအကျပြောပါ။ အဲသည် အိမ်တွေ ကားတွေကို ရော ဦးအောင်မင်း ဘယ်ဝင်ငွေ တွေနဲ့ ဝယ်ထားခဲ့တာလဲ။ အခွန်ရောဆောင်ထားရဲ့ လား” လို့ ပြန် လည်မေးမြန်းတဲ့ ဆောင်းပါးတခု တက်လာခဲ့ပေမယ့် ဦးအောင်မင်းဆီက ဘာသံမှ ပြန်ထွက်လာတာ မကြားရပါ။
 ပြည်တွင်း ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းတွေ နိုဗယ် ဆုရမယ့်သူရ၊ နိုင်ငံတကာငွေကြေးအကူအညီတွေ ဘယ်လိုသုံး လိုက်မှန်း မသိသုံးစွဲနေကြတာတွေကို ထားပါဦး။ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ဟာ မှန်ကန်တဲ့ လမ်းကြောင်းဆီကို ဖြောင့်ဖြောင့်သွားနေတယ် ဆိုရင် စာရေးသူအပါအ၀င် သာ မန် လူထုတွေ ၀မ်းမြောက်ကြမှာပါ။ အခုတော့ သည်လိုဖြစ်မနေဘူး လို့ ပြောပါရစေ။
နိုင်ငံတကာကတော့ အကြမ်းဖျင်းအားဖြင့် မြန်မာနိုင်ငံကို တောင်အာဖရိက နဲ့ နိုင်းယှဉ်ပြီး ဒေါ် အောင်ဆန်းစုကြည်ကို မန်ဒဲလား၊ ဦးသိန်းစိန် ကို ဒီ ကလပ် အဖြစ် စဉ်းစားကြပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ မန်ဒဲလား ဟုတ်မဟုတ် ဆိုတာကို တော့ သူမကိုယ်တိုင် သက်သေပြဘို့ တာဝန်ရှိမှာပါ။ အခုအချိန်အထိတော့ သက်ဆိုင်ရာ တိုင်းရင်းသားနယ်မြေတွေကို သွားရောက်ပြီး (ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ခရာကျတဲ့) ဘယ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းနဲ့ မှ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာတွေကို ဆွေးနွေးလေ့လာတာ ၊ နိုင်ငံရေးအရ ညှိနိုင်းသဘောတူညီချက်တွေ ရယူနိုင်တာ မရှိသေးပါဘူး။ အစိုးရက ဖိတ်ပေမယ့် ကေအိုင်အိုက မဖိတ်လို့ ဆိုပြီး လက်ရှိ မြစ်ကြီးနား ဆွေးနွေးပွဲကို လာ ရောက် ဘို့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်းကြား လိုက် ရပါတယ်။ ခက်တော့တာပါဘဲ။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း နဲ့  ၂၀၁၃ ခုနှစ် နှစ်စပိုင်းတွေမှာ ပြည်တွင်းစစ် သမိုင်းမှာ (အချိန်တိုအတွင်း) အကြီးမားဆုံးထိုးစစ်ကြီးဆင်နွှဲနေတဲ့ အချိန်တုံးကလဲ မသွားခဲ့၊ အခုငြိမ်းချမ်းရေး ဆွေးနွေးမယ် ဆိုပြန်တော့လဲ ရောက်အောင်မသွား။ ဒီလိုဆိုရင် နိုဗယ် ဆုရှင်ဟာ ပြည်တွင်း ငြိမ်းချမ်းရေးရဘို့  ဘယ်လိုများ လက်တွေ့ ပံ့ပိုးမလဲ ဆိုတာ စိုးရိမ်စရာ ဖြစ်လာပါတယ်။
စာရေးသူ အနေနဲ့ ယခုအချိန်အထိတော့ ဦးသိန်းစိန်ကို ဒီကလပ် အဖြစ်မမြင်ပါ။ အကြောင်းလေး ချက် ရှိပါတယ်။
(၂) ဒီကလပ် က တောင်အာဖရိကနိုင်ငံမှာ လူဖြူလူမဲ ခွဲခြားကျင့်သုံးတဲ့ ၁၉၈၃ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး လူမျိုး ပေါင်းစုံအတူယှဉ်တွဲ နေထိုင်ခွင့်ရမယ့် ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်တခု ပေါ် လာရေးကို ကမကထ ပြု ပေးခဲ့သူ ဖြစ် တယ်။ ဦးသိန်းစိန်က စစ်အာဏာရှင်စနစ်ကို နည်းလမ်းတကျ အသက် သွင်းထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ တည်မြဲရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းနေသူ ဖြစ်တယ်။
(၃) ဒီကလပ်က အတိတ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့ အခွင့် အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့  အမှန် တရားဖေါ်ထုတ်ရေး နဲ့ ပြန်လည်သင့်မြတ်ရေးကော်မရှင်ဖွဲ့ စည်းရာမှာ ပူး ပေါင်း ဆောင်ရွက်ခဲ့တယ်။ အဲဒါအပြင် ပေါ်ထွက်လာတဲ့ အမှန်တရားတွေ အပေါ်အခြေခံပြီး တိုင်းပြည်လုံခြုံရေး ယန္တယားတွေကို အသားအရောင်ခွဲခြား ဖိနှိပ်ရေး ယန္တယားတွေ အဖြစ်ကနေ တောင်အာဖရိက နိုင်ငံသားတိုင်းကို ကာကွယ်မယ့် ယန္တယားတွေ ဖြစ်လာအောင် ပြင်ဆင်ဖွဲ့ စည်းရာမှာ ပံ့ပိုးပေးခဲ့သူပါ။ ဦးသိန်းစိန်ကတော့ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကထဲက လူထု ဖိနှိပ်ရေး ယန္တယားတွေ အဖြစ် သိသိသာသာ ရပ်တည်လာခဲ့တဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့ ၊ ထောက်လှမ်းရေးတပ်ဖွဲ့ များ၊ လုံထိန်း တပ်ဖွဲ့ များ စတဲ့ တိုင်းပြည်လုံခြုံရေးယန္တယားတွေ ကို မတို့ မထိ ရဲရုံသာမက ဖိနှိပ်ရေးယန္တယားတွေအဖြစ် ပိုပြီးကြံ့ ခိုင်ကြီးထွားလာအောင် ပံ့ပိုးနေသူဖြစ်တယ်။
ဦးသိန်းစိန်၊ ဦးအောင်မင်း၊ ကာချုပ်မင်းအောင်လှိုင်တို့ အစိုးရကတော့ သူတို့ ကိုယ်ကို သူတို့  နိုင်ငံ တော်ရယ်လို့ ခံယူကြတယ်။ နိုင်ငံတော် ဆိုတဲ့ စကားလုံးကို ထပ်ခါ ထပ်ခါ သုံးကြတယ်။ သူတို့ က တရားဝင် အစိုးရ၊ တဘက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေကတော့ သူပုန်တွေရယ်လို့ နုတ်က ထုတ်မပြောရုံတမယ် အထက်စီးကနေ ဆက်ဆန်တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ရိုးသားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကလဲ နိုင်ငံတော် ဘက်ကတော့ ဟိုဟာကလေး လုပ်ပေးပါ၊ သည်ဟာကလေးတော့ ခွင့်ပြုပါလို့ မေတ္တာရပ်ခံကြရတာကို မိန့်  မိန့် ကြီးနဲ့ ခံယူနေကြတယ်။ ကိုယ့်ဘက်ကိုတော့ အတင်းအကြပ် တရားဝင်အောင်လုပ်ထားတယ်။ တဘက်က တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေကို တော့ တရားမ၀င်နေရာမှာ ဆက်ထားတယ်။ သည်လို ချဉ်းကပ်မှု မျိုး နဲ့  ဘယ်တော့မှ ငြိမ်းချမ်းရေးမရနိုင်ပါဘူး။
တကယ်တော့ လက်ရှိအရပ်သား အသွင်ယူထားတဲ့ ဦးသိန်းစိန် အစိုးရဟာ သူတို့ ကိုယ်ကို သူတို့  ကောင်းကောင်း သိပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေအပါအ၀င် အခြားမသမာတဲ့ နည်းလမ်းပေါင်း စုံသုံးပြီး ဘယ်လို အနိုင်ယူခဲ့တယ်ဆိုတာ ကိုပါ။ ကိုယ့်သိက္ခာကိုယ် ရှက်တတ်ရင် ကိုယ့်ကိုယ်ကို အစိုးရဆိုတာလောက် သုံးရင် တော်သင့်ပါပြီ။ “နိုင်ငံတော်၊ နိုင်ငံတော်” ဆိုတာကြီးကို ထပ်ခါ ထပ်ခါသုံးပြီး တကယ့်တရားဝင်တဲ့ ပုံမျိုး ဖမ်း၊ တဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေကို တော့ တရားမ၀င်တဲ့သူပုန် တွေဘဲ ဆိုတဲ့ အချိုးမျိုးနဲ့  ဆက်ဆန်ပြုမူနေသမျှကာလ ပတ်လုံး ဘယ်တော့မှ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ပါဘူး။ ဘာကြောင့်ပါလဲ။
                     တန်းတူရေး ဆိုတာကို ပါးစပ် ကဘဲ ပြောပြီး ဆွေးနွေးပွဲမှာ နှစ်ဘက် မျက်နှာခြင်းဆိုင်ထိုင်ကြရုံနဲ့  တန်းတူရေးရဲ့  အနှစ်သာရကို မရနိုင်လို့ ပါဘဲ။ တကယ်တော့ ဥပဒေကြောင်းသက်သက်အရပြောရင် တကယ့် တရား ၀င်အစစ် နှစ်ဘက်လုံးမှာ မရှိပါ။ ဒါပေမယ့် ဦးသိန်းစိန် က လက်ဦးမှုယူပြီး တိုင်းရင်းသား အဖွဲ့ တွေကို ချိုးချိုးနှိမ်နှိမ် ပြောလေ့ရှိပါတယ်။ သာဓကအားဖြင့် ကေအိုင်အိုကတော့ အဖွဲ့ အစည်း တခုပါဘဲ လို့  ပြောခဲ့ဘူးပါတယ်။ ဆိုလိုတာ က ကေအိုင်အိုဟာ ကချင်လူထုကို ကိုယ်စားမပြု ဘူးလို့ ပြောလိုက် တာပါ။ ဒါပေမယ့် ကချင်စစ်ပွဲပြန်ဖြစ်လာတော့  အခြေအနေနှစ်ရပ်က ဦးသိန်းစိန်ကို နုတ်ပိတ်သွားစေ ပါတယ်။ ပထမ တခုကတော့ စစ်ပြေးဒုက္ခသည် တသိန်းခန့်  လောက်အနက် ခုနှစ်သောင်းလောက်က ကေအိုင်အိုထိမ်းချုပ်ထားတဲ့ နယ်မြေကို ပြေးသွားခိုလှုံခဲ့ကြပါတယ်။ ကျန်တဲ့ သုံး သောင်းခန့်  ဟာလဲ ကေအိုင်အို ထိမ်းချုပ်ရာဒေသနဲ့ ဝေးနေလို့ သာ အစိုးရ ထိမ်းချုပ်ရာနေရာမှာ ရောက်သွားကြ တာလို့ ပြောနိုင် ပါတယ်။
ဒုတိယ တခုကတော့ မြစ်ကြီးနားမှာ ဆွေးနွေးပွဲကျင်း ပတဲ့ အခါတိုင်းမှာ မြို့ ပေါ်လူထုက ကေအိုင်အို ကို သောင်းသောင်းဖျဖျ ကြိုဆိုကြတာပါ။ (အလားတူပါဘဲ။ အဖွဲ့ ငယ်လို့ မှတ်ယူရတဲ့ တအောင်းပလောင် လွတ် မြောက်ရေး အဖွဲ့ ကိုပင် နမ်းဆန်မြို့ မှာ သူ့ လူထုက တခဲနက်ကြိုဆိုကြတာကို ပြီးခဲ့တဲ့ ရက်ပိုင်းကလေးကတင် တွေ့  မြင်လိုက်ရပါတယ်။)
ကေအိုင်အိုဟာ သောင်းကျန်းသူ၊ အဖျက်သမား၊ ရထားမိုင်းခွဲသူ၊ လူထုသုံး တဲ့ တံတားတွေ ဖျက်ဆီး တဲ့ လူဆိုးအဖွဲ့ ဆိုရင် ကချင်လူထု က သည်လိုဆက်ဆန်ပါ့မလား။ စစ်ပွဲအတွင်း မြစ်ကြီးနား ကို ဆန်တက်လာတဲ့ စစ်သားတင်တဲ့တွဲတွေပါတဲ့ မီးရထားတွေကိုပျက်စီးအောင်လုပ်တာ ကို ကချင်လူထု သိကြတယ်။ မီးရထားမိုင်း မခွဲ စေခြင်ရင် စစ်သားတွေကို ရထားပေါ်တင်ပြီး မြန်မာစစ်တပ်ကကချင်ပြည်နယ်ကို  စစ်သွားမတိုက်နဲ့ ပေါ့။ သည်လို စဉ်း စားကြရမှာပါ။ ကေအိုင်အိုက တံတားတွေ မိုင်းခွဲဖျက်ဆီးပစ်တာ ဟုတ်သလားလို့ စာရေးသူကိုယ်တိုင် ကချင် စစ်ပြေး ဒုက္ခ သည်တွေကို မေးကြည့်ဘူးပါတယ်။ “ဟုတ်ပါတယ်။ ရန်သူစစ်ကြောင်းတွေ လာလို့ မရအောင် ကေအိုင်အိုက သူတို့ ဆောက်ထားတဲ့ တံတားတွေကို သူတို့ ပြန်ချိုးလိုက်တာပါဘဲ” လို့ ဖြေကြတယ်။ အဲသည်တော့မှ အော် ---- ဒီ တံတားတွေဟာ ကေအိုင်အိုဆောက်ထားတာတွေ ပါလား ဆိုတာ သိခဲ့ရတယ်။
“နိုင်ငံတော်၏ အချုပ်အခြာအာဏာ မဆုံးရှုံးစေရေးအတွက် အရေးကြီးလိုအပ်သော အသုံးစရိတ်များ သုံးစွဲနိုင် ရန်အလို့ငှာ” ရယ်လို့ အကြောင်းပြပြီး န၀တ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ သူ အာဏာကနေ ထွက်ခွာ ခါနီး ၂၀၁၁ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့ မှာ အထူးရန်ပုံငွေ ဥပဒေကို ပြဌာန်းပြီး တပ်မတော်ကို သုံးစွဲခွင့်ပေးခဲ့တယ်။ အဲဒီ ဥပဒေပြဌာန်းပေးနိုင်ခဲ့ တဲ့ ရေခံမြေခံကတော့ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေဘဲ ဖြစ်ပါ တယ်။ အောက်ပါ အတိုင်း ကိုးကားသွားခဲ့တယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂ဝ၊ ပုဒ်မခွဲ (စ) တွင် တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိ သည်ဟု လည်းကောင်း၊ ပုဒ်မ ၁၃၇ တွင် တပ်မတော်သည်  နိုင်ငံတော်       ကာကွယ် ရေးအတွက် အဓိ ကျသောလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည် ဟုလည်းကောင်း၊ ပုဒ်မ ၃၉၉တွင် နိုင်ငံတော်အား ပြည်တွင်း ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည် ဟုလည်းကောင်း ပြဌာန်း ထားသည်။
                 အထူးရံပုံငွေ ဥပဒေဆိုတာဘာလဲ၊ ဘာကြောင့် သူ့ ကို အထူးရံပုံငွေလို့ ခေါ်တာလဲ ဆိုတာ လေ့လာဘို့  လိုအပ်လာပါတယ်။ဘာကြောင့်လဲဆိုတော့  သမတသဘောတူညီရုံ နဲ့ ကာကွယ်ရေး ဦးစီးချုပ် ကြိုက် သလို သုံးစွဲ ခွင့်ရှိတဲ့ ဥပဒေ ဖြစ်နေလို့ ပါဘဲ။
အောက်ပါ မူရင်းပြဌာန်းချက်ကို လေ့လာကြည့်ပါ။
အထူးရန်ပုံငွေထူထောင်ခြင်း
၃။       တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အရ အထူးရန်ပုံငွေသို့ နှစ်စဉ်လိုအပ်သော ငွေ ကြေးပမာဏ ကို နိုင်ငံတော် သမ္မတ၏ သဘောတူညီချက်ဖြင့် ဖြည့်ဆည်းပေးရမည်။
အခန်း ()
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်
၎။       တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲ ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတာဝန်များကို ထမ်းဆောင်ရာတွင် ကုန် ကျသော အသုံးစရိတ်များကို အထူးရန်ပုံ ငွေမှ ပြည်တွင်းသုံးငွေ (သို့မဟုတ်) နိုင်ငံခြားသုံးငွေဖြင့် သုံး စွဲခွင့်ရှိသည်။
၅။       အထက်ပါ အထူးရန်ပုံငွေသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်း ကမျှ မေးမြန်း ခြင်း၊ တင်ပြစေခြင်း၊ စာရင်းစစ်ဆေးခြင်း ခံယူရန်မလို။
၆။       နှစ်စဉ်အထူးရန်ပုံငွေအသုံးစရိတ်များကို ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့်အခါတွင် နိုင်ငံတော်သမ္မတထံ ရှင်းလင်း တင်ပြ ဆောင်ရွက်ရမည်။
၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းပြီးကထဲက ကာကွယ်ရေးဦးစီးချုပ်ကို ကိုသည်လောက်အထိ မြှောက်စား ခဲ့တဲ့ ဥပဒေမျိုး မတွေ့ ခဲ့ရပါ။ သမ္မတ ဆီက သဘောတူညီချက်ရရုံနဲ့ တိုင်းပြည်ဘဏ္ဍာငွေကို ကာချုပ်က ထင်သလို သုံးစွဲ ခွင့်ရအောင် ဥပဒေစနစ်ဖန်တည်းပြီး လုပ်ပိုင်ခွင့်ပေးထားတာပါ။ မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်း ကမျှ မေးမြန်းခြင်း၊ တင်ပြစေခြင်း၊ စာရင်းစစ်ဆေးခြင်း ခံယူရန်မလို။ ဆိုတဲ့ ပြဌာန်းချက်ကတော့ အဆိုးဆုံးပါဘဲ။
ဒါကြောင့် ၂၀၀၈ ဖွဲ့ စည်းပုံကို အခြေခံတဲ့ ဥပဒေစနစ်အောက်မှာ ပြည်တွင်းငြိမ်းချမ်းရေးရဘို့  ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာ ဒီတချက်တည်း ကို ကြည့်ရုံနဲ့ သဘောပေါက်နိုင်ပါတယ်။ ကာချုပ်လက်ထဲမှာ ငွေတွင်းကြီး ရှိနေပြီဖြစ်တော့ သူ စိတ်မထင်တဲ့ အခါတိုင်းမှာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖေါက်ပြီး အချိန်မရွေးစတင် ထိုးစစ်ဆင်နိုင်လို့ ပါဘဲ။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၉ ရက်နေ့ မှာ ကေအိုင်အိုကို ဆင်နွှဲနေတဲ့ စစ်ဆင်ရေး ရပ်ဆိုင်းလိုက်ပါပြီ လို့ သမတ ဦးသိန်းစိန်ကိုယ်တိုင်က ကြေငြာခဲ့ပေမယ့် ရက်တချို့ ကြာခဲ့တဲ့ အထိ မရပ်ဆိုင်းရုံမက ထိုးစစ်ကို အရှိန် မြှင့်ဆင်နွှဲခဲ့တာကို သာဓက အဖြစ် ကြည့်နိုင်ပါတယ်။
နိုင်ငံတော်ဆိုတဲ့ အမည်ကို ခံယူ၊ ကိုယ့်ဖာသာဥပဒေပြဌာန်းကိုင်စွဲပြီး တိုင်းပြည်ဘဏ္ဍာငွေတွေကို စစ်ရေး အတွက် လိုသလိုသုံးနေတာကိုတော့ တရားဝင်တယ်။ တိုင်းရင်းသားပြည်နယ်တွေမှာသူ့ လူမျိုးအလိုက်ဖွဲ့ စည်း ထား တဲ့ အဖွဲ့ အစည်းတွေက သက် ဆိုင်ရာ ဒေသမှာ သူ့ လူထုအပေါ် အခွန်ကောက်တဲ့အခါမှာတော့ ဆက်ကြေး အဖြစ် သတ် မှတ် တယ်။ မကောက်ရဘူး လို့ ပိတ်တယ်။ ဒါဟာတရားဝင်ထုတ်ပြန်တဲ့ အမိန့် လို့ ကြွေးကြော်တယ်။ ဥပဒေကြောင်းကို သည်လိုချဉ်းကပ်နေ သမျှ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေးရနိုင်ပါ့မလဲ။
နိုင်ငံတော်ဆိုတဲ့ ဝေါဟာရကိုသုံး တိုင်းရင်းသားပြည်နယ်တွေက သဘာဝ သယံဇာတတွေကို ထင်သလို ထုတ်ယူရောင်းချ၊ မြေယာတွေကို ကြိုက်သလို စီမံခန့် ခွဲ၊ လုပ်နေတာတွေကိုတော့ တရားဝင် ကြောင်း ကြွေးကြော်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေက သူတို့ အဖွဲ့  အစည်း ရပ်တည်ရေး အတွက် သစ်တွေထုတ်ရောင်းတော့ နိုင်ငံတော်ပိုင်သစ်တောကို ထိပါးတယ် တရားမ၀င်မှောင်ခိုလုပ်တယ် ဆိုပြီး ပြသနာရှာပြန် ရော။ မြန်မာစစ်တပ်က တိုင်းရင်းသား လူထုတွေကို ညှင်းဆဲခြင်တိုင်း ညှင်းဆဲလုပ်နေတာတွေကိုလက်ညှိုးထိုးပြပြီး ကျွန်တော်တို့ တိုင်းရင်းသားတပ်တွေက မြေပြန့် ဒေသကိုဆင်း မြန်မာကျေးရွာတွေ လူထုတွေ အပေါ် ဘာမှ နှိပ်စက် ညှင်းပမ်းတာ မလုပ်ရပါကလား၊ မြန်မာစစ်တပ်က မတရားလုပ်နေတာတွေကို ဥပဒေကြောင်းအရ ဘာမှ အရေးမယူနိုင်တော့ဘူးလား လို့ မေးခွန်းထုတ်တဲ့ တိုင်းရင်းသားတပ်က ရဲဘော်လေးတွေကို ကြည့်ပြီး စာရေးသူ ဘာပြန်ပြောရမှန်းမသိအောင် ငိုင်သွားခဲ့ဘူးပါတယ်။
အစိုးရဘက်က လုပ်တာတွေ အားလုံးမှားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေဘက် က လုပ်သမျှ အားလုံးမှန်တယ် ဆိုတဲ့ အခြေခံကနေ ချဉ်းကပ်ရေးသားနေတာ မဟုတ်ပါ။ အချို့ တိုင်းရင်းသား လက် နက် ကိုင်အဖွဲ့ အစည်းတွေ မှာလည်း သူတို့ လူထုစုပေါင်းပိုင်ဆိုင်တဲ့ မြေယာနဲ့ သစ်တောတွေကို တလွဲအသုံးချတာ၊ မတရား သိမ်းယူ တာ၊ အဖွဲ့ အစည်း အမည်ခံယူပြီး ကိုယ်ကျိုးရှာကြတာတွေ ရှိကြောင်းကြားရပါတယ်။ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို လိုခြင်တယ် ဆိုရင်တော့ ဒါတွေအားလုံးကို ဖေါ်ထုတ်ဆွေးနွေးအဖြေရှာဘို့ လိုလာပါပြီ။ လူထု နစ်နာမှုတွေကို အမြန်ဆုံး ဖေါ်ထုတ် ကုစားပေးဘို့ လိုပါပြီ။
နိုင်ငံ တော် ဆိုတဲ့ ဝေါဟာရကို သုံးစွဲပြီး အစိုးရဘက် (State Actor) က လုပ်တာမှန်သမျှ အားလုံး တရားဝင် အဖြစ် ပြောဆို၊ ဆောင်ရွက် နေမှုတွေ ကို ဘယ်လို ထိမ်းချုပ် ပြုပြင်သွားမလဲ တဘက်က စဉ်းစားကြရမှာပါ။ အခြားတဘက်က လည်း နိုင်ငံတော် ဆိုတဲ့ ဝေါဟာကို မသုံးပေမယ့် နိုင်ငံတော်သဖွယ် ပြုမူ ဆောင်ရွက်နေကြတဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း (Non-state actors) တွေရဲ့ လုပ်ဆောင်မှုတွေ တရားဥပဒေနဲ့  အညီ ဖြစ်လာအောင်၊ တရားဝင်ရပ်တည်ဆောင်ရွက်ခွင့် ရအောင် ဖန်တည်းပေးဘို့ လိုပါလိမ့်မယ်။ သူတို့  သက်ဆိုင်ရာ ပြည်နယ်အလိုက် သူတို့ လူထုတွေက သူတို့ တပ်ဖွဲ့ တွေအပေါ် ကြီးကြပ်တဲ့ အခြေခံကနေ လူထုအုပ်ချုပ်ရေး ယန္တယားတွေ ဖေါ်ခွင့်ပေးခြင်းအားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာ တွေကို လက်တွေ့  အသိအမှတ်ပြုပေးဘို့ လိုပါလိမ့်မယ်။  ဒါတွေကို အခြေခံ လူထုတွေ အတွင်းမှာလည်း ၀ိုင်းဝန်းဆွေးနွေး အဖြေရှာ သွားကြ၊ သက်ဆိုင်ရာ မိခင်အဖွဲ့ အစည်းတွေကို အကြံပေးကြ၊ လက်တွဲပူးပေါင်းဆောင်ရွက်ကြမှသာ ငြိမ်းချမ်းရေးကို ချဉ်းကပ်ပုံနည်းလမ်း မှန်ကန်နိုင်မှာပါ။
စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ်တန်းလိုခြင်ရင်တော့ ဦးသိန်းစိန်၊ ဦးအောင်မင်း၊ ကာချုပ်မင်းအောင် လှိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး နဲ့ အာဏာပိုင်တွေဟာ တောင်အာဖရိက နိုင်ငံမှာ ဒီကလပ် ရပ်တည်လုပ်ဆောင် သွားတဲ့ အထက်ပါ အခြေခံလေးချက်ကို ကိုင်စွဲပြီးလိုက်နာကျင့်သုံးသင့်ကြောင်း တိုက်တွန်းလို ပါတယ်။
လက်တွေ့ ပြသနာမှာတော့ အဓိကအားဖြင့် နှစ်ပိုင်းရှိပါတယ်။  ပထမ အပိုင်းက အပစ် အခတ်ရပ်စဲ ရေးသဘော တူညီချက်တွေ လက်မှတ်ထိုးကြပြီး ချိုးဖေါက်ကြတဲ့ ကိစ္စပါ။ ၂၀၁၁ ခုနှစ် ဇွန်လမှာ ကေအိုင်အို နဲ့ တိုက်ပွဲ ပြန်ဖြစ်တုံးက အစိုးရ စစ်တပ်ဘက်က စတင်ချိုးဖေါက်ခဲ့လို့ ဆိုတာ အထင်အရှားပါဘဲ။ အလားတူပါ။ နှစ်နှစ်ကြာခန့့်  အပစ်အခတ်ရပ်စဲထားတာကို ပြန်သုံးသပ်တော့ တိုက်ပွဲ ၁၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အစိုးရဘက်က ချိုးဖေါက်မှုကြောင့် ၁၂၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရှမ်း ပြည် တပ်မတော် က သုံးသပ်ပြပါတယ်။ မွန်ပြည်သစ်ပါတီကိုလဲ ဟိုတလောကတင် ၀င်တိုက်ခဲ့ပြီး မွန်တပ်သား နှစ်ဦးကျဆုံးသွား ခဲ့ကြောင်း သိရတယ်။ ဒါကြောင့် တပြည်လုံးအပစ် အခတ်ရပ်စဲရေး ဆို တာကို ကြွေးကြော်ပြီး လက်မှတ်ထိုးကြရုံနဲ့ တော့ အစိုးရဘက်က စတင်ချိုးဖေါက်ပြီး ပြန်မတိုက် ပါဘူးလို့ ဘယ်သူမှ တာဝန်မခံနိုင်ပါ။ ဒါကြောင့် အကောင်းဆုံးကတော့ နှစ်ဘက်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ကွပ်ကဲရေး အဖွဲ့ တွေ ဖွဲ့  တဲ့အပြင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာရဲ့ ကြီးကြပ်မှုကို လက်ခံမယ် ဆိုတာကိုပါ သဘောတူ ညီချက်မှာ ထည့် သွင်းချုပ်ဆိုဘို့ လိုမှာပါ။ အင်ဒိုနီးရှားမှာ အာချေးပြည်နယ် ပြသနာတုံးက အီးယူ နဲ့ အာဆီယံတို့ က ၀င်ရောက်ကြီး ကြပ်ပေးခဲ့ကြပါတယ်။ အခုလဲဘဲ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ၊ အီးယူ နဲ့ အာဆီယံ တို့  က ၀င်ရောက် ကြီးကြပ်ပေးမယ် ဆိုရင် အကောင်းဆုံးဖြစ်လာနိုင်ပါတယ်။
အဲသလို နိုင်ငံတကာရဲ့ ကြီးကြပ်မှုကို သဘောတူညီချက်မှာ ထည့်သွင်းလက်မှတ်ရေးထိုးချုပ်ဆိုနိုင်မှ သာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ နက်နက်ရှိုင်းရှိုင်းတိုးလုပ်သွားစဉ်အတွင်း အပစ်အခတ်တွေ ထပ်မံမဖြစ်ပွားနိုင်မှာပါ။ ဒီလိုဖြစ်ပါမှလဲ သမတ ဦးသိန်းစိန်အာဆီယံ ဥက္ကဌ ထိုင်ခုံမှာ ဖင်ငြိမ်ငြိမ် ထိုင်နိုင်ပါလိမ့်မယ်။ သို့ မဟုတ်လျှင် အာဆီယံ အစည်းအဝေးတွေ မြန်မာနိုင်ငံမှာ ကျင်းပနေစဉ်အတွင်း မြန်မာစစ်တပ်ဘက်က ထပ်မံချိုးဖေါက်မှုကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်လာ၊ ပြည်တွင်းမှာရော ပြည်ပမှာပါ ဆန္ဒပြပွဲတွေထပ်ဖြစ်နေရင် ဦးသိန်းစိန်အတွက်မကောင်းသလို တိုင်းပြည် အတွက်လည်း အကျိုးမရှိနိုင်ပါ။ ငြိမ်းချမ်းရေးလည်း ဝေလာဝေး သွားပါလိမ့်မယ်။
ဒုတိယ ပိုင်းကတော့ တိုင်းရင်းသားတပ်ဖွဲ့ တွေကို တရားဝင်နေရာချထားရေးဖြစ်တယ်။ နယ်ခြား စောင့်တပ် ဖွဲ့ စည်းရေးကို အဓိကကျတဲ့ ဘယ်တိုင်းရင်းသား အဖွဲ့ အစည်းကြီးကမှ လက်မခံဘူး ဆိုတာ  အာဏာပိုင် တွေ ရှင်းရှင်းကြီး သဘော ပေါက်သင့်ပါပြီ။ ဦးအောင်မင်း ဦးဆောင်ပြီး တိုင်းရင်းသားပြည်နယ်တွေကို ချောင်းပေါက် မတတ် ဘယ်နှစ်ခေါက်ပင်သွားပါစေဦး၊ သူတို့ လက်နက်ကတွေကို အလွယ်တကူဖြုတ်ပြီး ၂၀၀၈ ဖွဲ့  စည်းပုံအောက်မှာ ရွေးကောက်ပွဲဝင်သွားကြလိမ့်မယ်လို့ စာရေးသူ တော့ မယူဆပါ။ ပြည်တွင်းစစ် နှစ်ခြောက်ဆယ်ကျော် သမိုင်းအတွေ့  အကြုံကြောင့် ရရှိလာတဲ့ သံသယတွေကို မဖျောက်နိုင်ကြ သေးလို့ ပါဘဲ။
ဒါကြောင့် တိုင်းရင်းသားတပ်မတော်တွေ၊ တပ်ဖွဲ့ တွေကို တရားဝင် နေရာချမထားနိုင်သမျှ ပြည်တွင်းစစ်ကို ငြိမ်းဘို့ မဖြစ်နိုင်ပါဘူး။ တရားဝင်နေရာချထားဘို့ လဲ ၂၀၀၈ ဖွဲ့ စည်းပုံ အောက် မှာ လုံးဝကို မဖြစ်နိုင်ပါ။ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်တရပ် အောက် မှာ ပြည်ထောင်စု တပ် မတော် တရပ်ကို စနစ်တကျ စုပေါင်းဖွဲ့ စည်းနိုင်မှသာ တရားဝင် နေရာချထားမှုအောင် မြင်နိုင် ပါတယ်။ ဒါက အခြားနိုင်ငံတွေနဲ့ မတူတဲ့ မြန်မာနိုင်ငံရဲ့ လက်တွေ့ ပါဘဲ။
ဒီလိုအခြေခံတွေက နေ ဦးသိန်းစိန်ဟာ မြန်မာနိုင်ငံရဲ့  ပြည်တွင်းငြိမ်းချမ်းရေးပြသနာကို ချဉ်းကပ်မယ် ဆိုရင် တော့ တကယ့်ကို နိုဗယ်ဆုပေးထိုက်သူ ဖြစ်နိုင်ကြောင်း တင်ပြလိုက်ပါတယ်။
ဥပဒေအထောက်အကူပြုကွန်ယက် တည်ထောင်သူ                         
 အောက်တိုဘာလ (၈) ရက် ၂၀၁၃ ခုနှစ်
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...