Friday, October 4, 2013

“သူတို့ဖို့လဲ….အမျှဝေပါ“


သမိုင်းဆိုတာဖျောက်လို့မရဘူးတဲ့…။ သိပ်ရတာပေါ့ … လောကကြီးမှာ…လူသိတဲ့သမိုင်းထက်…လူမသိတဲ့သမိုင်းက အဆပေါင်းများစွာပိုတယ်ဆိုတာကို…နားမလည်နိုင်တဲ့သူတွေပြောကြတာပါ ။ လူသိတဲ့သမိုင်းတောင် ဘယ်သူတွေရေးလို့ ဘယ်လောက်မှန်တယ်ဆိုတာ ရှိသေးတယ် ။ တကမ္ဘာလုံးက စစ်ရေးသမားတွေ…သိကြလေးစားကြတဲ့… နာမည်ကြီး တရုတ်စစ်သေနာပတိ „“ဆွန်ဇူး“ ဘယ်ပျောက် ဘယ်ရောက်သွားတယ်ဆိုတာ အခုထိဘယ်သူသိသလဲ။ လက်တင်အမေရိက ကျူးဘားမှာ အောင်မြင်တဲ့တော်လှန်ရေး လုပ်ပြီး…ဘူလီးဗီးယားမှာကျဆုံးခဲ့တဲ့.. ချီဂွေးဘားရား ဟာ..အာဖရိကတိုက် ကွန်ဂိုနိုင်ငံလေးကိုကယ်တင်ဘို့လဲ အဲဒီမှာ တော်လှန်ရေးလုပ်ခဲ့တာ.. သူကျဆုံးပြီး နှစ်ပေါင်း ၃၀ ကြာမှသိကြတယ် ။ ထားပါတော့......
ဒီနေ့…အမေခေါ်လိုက်..အန်တီ ခေါ်လိုက်..သမိုင်းဝင်ပုံတွေတွဲရိုက်လိုက်၊လုံခြုံရေးတွေစိုးရိမ်လိုက်… လုပ်နေကြတဲ့သူတွေ အများစုဟာ..တချိန်က“စု ” ဆိုတဲ့စကား လုံးတောင် လေသံကျယ်ကျယ်မထွက်ရဲခဲ့ကြပါဘူး။ ဒီနေ့ ခွပ်ဒေါင်းကို ဦးထုပ်တမျိုး…တီရှပ်တစ်ဖုံ…ရင်ထိုးတသွယ်…ဖွယ်ဖွယ်ရာရာ ဆင်ယင်နေကြတဲ့…ပျိုပျို အိုအိုကိုကို မမတို့ ( အဘပြောင်စိန် တောင်ပါသေး ) တတွေဟာ…တချိန်က..ခွပ်ဒေါင်းဆိုရင်…ရုပ်ပုံတောင်လူရှေ့ မှာ ကြာကြာရပ်ကြည့် ရဲသူတွေမဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်တွေက…ခွပ်ဒေါင်းမမှေးမှိန်အောင်…နေရာအမျိုးမျိုးမှာ… ပုံပုံစံအမျိုးမျိုးနဲ့ကြိုးစားခဲ့ပြီး… သမိုင်းမရှိခဲ့သူတွေအများကြီးပါ။ ဒီထဲမှာ(ABSDF)ကနေပေါက်ဖွားခဲ့တဲ့ လူငယ်တစ်စုဟာ..၁၉၉၉အောက်တိုဘာလထဲမှာ ထိုင်းနိုင်ငံဘန်ကောက်မြို့က… န၀တသံရုံးကိုဝံ့ဝံ့စားစား ၀င်စီးပြီး…န၀တအလံကိုဖြုတ်ချ..ခွပ်ဒေါင်း အလံကို.. ကမ္ဘာက သတိထားမိအောင် တင်ပြီး…အခု ပြည်တွင်းမှာ… လူတွေကျယ်ကျယ်ကျယ်ကျယ် ပြောနေပြီဖြစ်တဲ့....ဒီမိုကရေစီဆိုတာ ကိုတောင်းဆိုခဲ့ဘူးတယ်လေ။ ဒါပေမဲ့..သူများနိုင်ငံကတောင်..လေးစားလို့…သွားလိုရာလွှတ်ပေးတဲ့သူတို့ကို… နယ်စပ်တစ်လျှောက် (A-to-Z) ခေါင်းစဉ်တွေနဲ့ ဒီမိုတိုက်ပွဲဝင်နေပါတယ်ဆိုတဲ့…ဘယ်အဖွဲ့ကမှလက်မခံခဲ့ဖူး။ ထိုင်းမြေပေါ်မှာအနေရကျပ်မှာစိုးလို့ တဲ့…. ဒါကြောင့် ကရင်ကလေးငယ်တစုဦးစီးတဲ့…ဘိတ် ၊ထားဝယ်ခရိုင်ဘက်က (God Army) တည်ရှိရာနေရာလေးတစ်ခုမှာ ခိုလှုံခဲ့ရတယ်။ (God Army)နာမည်တက်ခါစ..ကျော်ဦး (ကျော်နီ) တို့ရောက်သွားတော့..ကမ္ဘာကအာရုံစိုက်လာတယ်။ သံရုံးကိစ္စမှာ..မရှိတဲ့မဟာအရှက်တော်..ဟက်တက်ကွဲခဲ့ရတဲ့ န၀တ က…ဒီနေရာလေးကို…ခြေမှုန်းရှင်းလင်းဖို့ ကြိုးစားတော့တာပေါ့။ ရယ်စရာနဲ့ ရင်နာစရာကောင်းတာက ဒီမိုသူရဲကောင်းဆိုတာ…သူတို့သာပါလို့ ကမ္ဘာကအာရုံစိုက်စေချင်တဲ့…ပြီးတော့..အကူအညီတွေရချင်တဲ့…၊ပြီးတော့…ထိုင်းကညိုငြင်မှာကိုကြောက်တဲ့ A to Z အဖွဲ့အသီးသီးက လှစ်လျှူရှုခဲ့ကြတယ်ဗျာ။ 

သူတို့ဇာတ်သိမ်းက….အတော်ဝမ်းနည်းနာကြည်းစရာကောင်းပါတယ် အခုထိတော့…ဘယ်ဒီမိုချစ်သူတွေကမှ…. ဒီသမိုင်းလေးသတိတယ…ဖေါ်မယ်လို့ကြိုးစားတာမကြားမိသေးပါဘူးဗျာ။

„“စိတ်မကောင်းလို့….နားပါဦးမယ် ….ရှိသမျှ ဆက်တင်ဖို့…..ကြိုးစားပါ့မယ်“
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...