Friday, October 4, 2013

အနောက်ဖက် တံခါးဝက ပြဿနာ (သို့မဟုတ်) တငွေ့ငွေ့လောင်ကျွမ်းနေတဲ့မီး

October 3, 2013 at 8:40pm
ရခိုင်ပြည်နယ်မှာ ဒီနေ့ဖြစ်နေတဲ့ မူဆလင်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာဝင်ရခိုင်တွေကြားကပဋိပက္ခဟာ ကြာလေဆိုးလေ ရှင်းမရတဲ့ အခြေအနေဖြစ်လာတယ်။ ပြဿနာကို ပိုပြီးကြီးထွားအောင်လုပ်နေတဲ့သူတွေရှိတယ်။ နိုင်ငံရေးသမားတချို့ (နိုင်ငံရေးသမားဆိုတဲ့နေရာမှာ အစိုးရကောအတိုက်အခံကောကိုဆိုလိုတယ်)၊ မီဒီယာအဖွဲ့အစည်းတချို့၊ အနောက်နိုင်ငံတွေနဲ့ အင်တာနက်သုံးသူတချို့ဖြစ်ပါတယ်။ သူတို့ဟာ မီးလောင်ရာလေပင့် မြှောက်ထိုးပင့်ကော် လုပ်နေကြတယ်လို့ ဆိုချင်တယ်။



ပဋိပက္ခ ဖြစ်စဉ်တစ်လျှောက်မှာ အသတ်ခံရတဲ့လူ၊ ပျောက်ဆုံးနေတဲ့လူ၊မီးရို့ခံရတဲ့အိမ်တွေ အဆောက်အဦးတွေ အပါအ၀င် ဆုံးရူံးမှုက နှစ်ဖက်စလုံးမှာ ရှိတယ်။အရေအတွက် အနည်းအများ တော့ကွာမယ်။ ရခိုင်တွေဘက်က ရခိုင်တွေအမှန်လို့ပြောတယ်။ မွတ်ဆလင်တွေဘက်ကမွတ်ဆလင်တွေ အမှန်လို့ပြောတယ်။ သေချာတာကတော့ တဖက်ဖက်က အလုံးစုံမှန်နေပြီး၊ တဖက်ဖက်ကအလုံးစုံမှားနေတာတော့ မဟုတ်ဘူးဆိုတာပါပဲ။ ဒါကိုအားလုံးနားလည် လက်ခံဖို့လိုပါတယ်။ ဝေဖန်ဆန်းစစ်မဲ့သူတွေလည်းဒါကိုနားလည် လက်ခံပြီးမှ ဝေဖန်ကြမှ အမှန်တရားနဲ့ နီးစပ်နိုင်မှာပါ။

ပဋိပက္ခက အမုန်းတရားတွေကနေ စဖြစ်လာတယ်။ အမုန်းက နှလုံးသားထဲမှာတငွေ့ငွေ့ မီးလိုလောင်ကျွမ်းနေတဲ့ အမုန်း။ ခုမှဖြစ်တဲ့ အမုန်းမီးမဟုတ်၊ ဒီအမုန်းက ကြာခဲ့ပြီ။ပြဿနာတွေစဖြစ်တာက ရခိုင်မိန်းမပျိုလေးတစ်ယောက်ကို အုပ်စုလိုက် မုဒိမ်းကျင့် သတ်ဖြတ်ရာကစဖြစ်တာ ဆိုပေမဲ့ ပဋိပက္ခဖြစ်ရခြင်းရဲ့ ဇစ်မြစ်ဟာ ဒီထက်မက လေးနက်တယ်၊ နက်ရိုင်းတယ်ဆိုတာဒေသခံတွေက အသိဆုံးဖြစ်ပါတယ်။ ရခိုင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုတွေ၊ ကျူးလွန်စော်ကားဖို့ ကြံစည်မှုတွေ၊ လူမျိုးခြင်းသွေးနှောဖို့ ရည်ရွယ်ချက်ရှိရှိကြံစည်မှုတွေဟာစောစောပိုင်းကတည်းက ရှိနေခဲ့တယ်ဆိုတာ လက်ရှိ ပဋိပက္ခတွေ မဖြစ်ခင်ကတည်းက ရခိုင် အမျိုးသားတွေပြောဆိုနေခဲ့ကြတယ်။ ရခိုင်တွေအတွက်တော့ ကိုယ့်အိမ်ပေါ်တက်ပြီး ကိုယ့်အမေ ကိုယ့်နှမကိုသားမယားပြုကျင့်ခံရတဲ့အဖြစ်လို့ ဥပမာပေးကြပါတယ်။ 

အဓိကဖြစ်တဲ့ ပဋိပက္ခက ဒေသခံဌာနေ ရခိုင်တိုင်းရင်းသားတွေနဲ့နိုင်ငံခြားက၀င်ရောက်လာသူတွေ ကြားမှာ ဖြစ်တာ။ မြန်မာနိုင်ငံမှာ အစိုးရက ပြောနေတဲ့ လူမျိုး၁၃၅ မျိုးရှိတယ်။ ဒီပဋိပက္ခမှာ ရှင်းရှင်းလင်းလင်း နားလည်ထားရမဲ့ အချက်က ဘင်္ဂါလီလို့ကိုယ့်ဖာသာ အမည်ပေးထားတဲ့ ဘင်္ဂါလားဒေ့က ၀င်လာတဲ့ မွတ်ဆလင်ဘာသာဝင်တွေဟာ မြန်မာနိုင်ငံရခိုင်ပြည်နယ်က ဌာနေတိုင်းရင်းသားတွေ မဟုတ်ကြဘူး။ သမိုင်းအစဉ်အဆက် ဘယ်တုံးကမှ ဌာနေတိုင်းရင်းသားထဲမှာ ဘင်္ဂါလီဆိုတာ မရှိဘူး။ သူတို့ဟာ ရခိုင်နယ်မြေထဲတိတ်တဆိတ် ၀င်ရောက်လာကြတဲ့ နိုင်ငံခြားသားတွေသာဖြစ်တယ်။သူတို့ဝင်လာနိုင်အောင် အစိုးရအဆက်ဆက် (အထူးသဖြင့် န၀တ၊ နအဖ) လက်ထက်မှာ အကျင့်ပျက်ခြစားဝန်ထမ်းတွေက(လ၀က၊ စစ်တပ်၊ ရဲ) လာဒ်ငွေယူပြီး အ၀င်ခံခဲ့လို့ ၀င်လာနိုင်တာ ဖြစ်တယ်။ ခိုးဝင်လာတဲ့လူဦးရေ အများအပြား တိုးပွားလာခဲ့တယ်။

ဝင်ရောက်လာတဲ့လူဦးရေများပြားလာတဲ့အခါ ဒီလူတွေဟာ သူတို့ကိုဌာနေတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးဖို့အထိ တဆင့်တက်ပြီး တောင်းဆိုလာကြတယ်။ အမေရိကန်ခေါင်းဆောင်တချို့ကပါ ဒီလူတွေကို ဌာနေတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးဖို့ ပြောဆိုလာကြတယ်။ လူ့အခွင့်အရေးအခြေခံအပေါ်ကနေ ရပ်တည်ပြောဆိုနေကြတာပါ။ ဒါဆိုရင် လူ့အခွင့်အရေးသမား အမေရိကန်ပြည်ကိုခဏကြည့်ရအောင်။ သူတို့နိုင်ငံထဲ ခိုးဝင်လာတဲ့ အိမ်နီးချင်း မက်ဆီကန် စပင်းနစ်တွေကိုနိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးရဲ့လား။ ဧည့်နိုင်ငံသား အဖြစ်ကော အသိအမှတ်ပြုပေးလို့လား။တရားဝင် အလုပ်လုပ်ခွင့် ပေးလား။ အိမ်ငှားခွင့် ကားမောင်းခွင့် လူမှု ဖူလှုံရေး ခံစားခွင့်ဘာဆိုဘာမှ ပေးမထားဘူး။ (အမေရိကန်မှာ တရားမ၀င် နေထိုင်သူ ခိုးဝင်လာသူ ၁၀ သန်းခန့်ရှိတယ်၊အများစုက အိမ်နီးချင်း မက်ဆီကန် စပင်းနစ်တွေ ဖြစ်တယ်)။ ခိုးဝင် လာတဲ့ မက်ဆီကန် တစ်ယောက်ဟာအနှစ် ၂၀ ကြာ အမေရိကန်မှာ တောက်လျှောက် နေထိုင်ရင်လည်း Illegal status က ပျောက်မသွား။ခံစားခွင့် တိုးတက်မလာ။ လူ့အခွင့်အရေးကို အလေးထားတဲ့ အခြားသော အနောက်နိုင်ငံတွေမှာလည်းခိုးဝင်လာသူတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုတာ၊ ဌာနေတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုတာမရှိပါ။

အခြေအနေအမျိုးမျိုးကြောင့် ကိုယ့်နိုင်ငံ ကိုယ့်ဒေသကိုစွန့်ခွာပြီး သူများနိုင်ငံမှာ သွားနေရတာတွေ ရှိနိုင်ပါတယ်။ အဲဒီအခါမှာ အိမ်ရှင်တွေကိုငြူစူအောင် မလုပ်ပဲ၊ အိမ်ရှင်နဲ့ အဆင်ပြေအောင် နေဖို့ လိုအပ်ပါတယ်။ ဘာသာမတူ၊ လူမျိုးမတူသူတွေအကြားငြိမ်းချမ်းစွာအတူယှဉ်တွဲနေနိုင်ရင်တော့ အကောင်းဆုံးပါ။ သူများအိမ်ပေါ်သွားပြီး အိမ်ရှင်ကိုစော်ကားတာကိုတော့ ဘယ်အိမ်ရှင်ကမှ သည်းခံနိုင်မှာမဟုတ်။

ပဋိပက္ခ တလျှောက်လုံးမှာ တဖက်သတ်ရေးသားနေတဲ့ သတင်းဌာနတွေ၊လော်ဘီလုပ်ပေးနေတဲ့ လူပုဂ္ဂိုလ်တွေ တွေ့ရပါတယ်။ တချို့ဆို လော်ဘီလုပ်တာ တဖက်စောင်းနင်းလုပ်နေတာပါ။ လူ့အခွင့်အရေုးကို နှလုံးသားထဲကနေ ပိုးစိုးပက်စက် ယုံကြည်လို့ လုပ်နေရတာပါဆိုရင်လည်းဖြစ်နေတဲ့ အခြေအနေတွေကို မျှမျှတတ သမာသမတ်ရှိရှိ ကြည့်ပြီး ပြောသင့်ဆိုသင့်တာပေါ့။ဒီလိုမဟုတ်ပဲ တဖက်စောင်းနင်း လော်ဘီလုပ်ပေးနေတာက ကလေးဆန်လွန်းတယ်။ ဒါမှမဟုတ် ပိုက်ဆံပေးပြီးခိုင်းထားလို့ သတင်းဌာနတွေကလည်း သတင်းတွေ တဖက်စောင်းနင်း ရေးနေရတာပါ၊ လော်ဘီဆရာတွေကလည်းလော်ဘီလုပ်နေရတာပါဆိုရင်လည်း ဆက်လုပ်ကြပါ။ မြင်ရတဲ့လူတွေက ဒီလူတွေ ဘာကြောင့်ဒီလို လုပ်နေကြတယ်ဆိုတာသိကြပါတယ်။

ဘာသာရေးအစွန်းရောက်တွေကလည်း ပဋိပက္ခကိုမဖြစ်ဖြစ်အောင်၊ မကြီးကြီးအောင်တောက်လျှောက်တွန်းပို့နေတယ်။ ဘာသာရေးနဲ့ ပတ်သက်လာရင် သူတို့ကြည့်တဲ့အမြင်က တဖက်သတ်ဆန်ပါတယ်။အခြေအနေတွေ၊ ဖြစ်စဉ်တွေကို မကြည့်၊ နောက်ကြောင်းရာဇ၀င်ကို မကြည့်၊ ပြဿနာရဲ့ ဇစ်မြစ်ကိုမကြည့်ပါ။ ဘယ်လိုကြည့်ကြလဲဆိုရင် ထင်ရှားအောင် ဥပမာ ပေးရရင်၊ ငါ့ဆွေမျိုးတွေနဲ့ ဖြစ်နေတာ၊ငါ့ဆွေမျိုးတွေ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ငါ့ဆွေမျိုးတွေဖက်ကပဲ ၀င်ဆော်ရမှာပဲဆိုတဲ့အကြည့်နဲ့ကြည့်ပါတယ်။ ဖေ့ဘွတ်မှာ လှုံ့ဆော်တယ်၊ သတင်းဌာနတွေ ကနေတဆင့် မြှောက်ထိုးပင့်ကော်လုပ်တယ်၊တဖက်ကို ဒေါသမထွက် ထွက်အောင် လုပ်ပါတယ်။ အစွန်းရောက်လွန်းတယ်၊ ပညာမဲ့လွန်းတယ်လို့ပဲဆိုချင်ပါတယ်။

ခုတော့ လူတွေသေကြ၊ အိုးအိမ်တွေ မီးရို့ခံရလို့ အိုးအိမ်မဲ့ဘ၀ရောက်ကြရ။ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ အပါအ၀င် အပြစ်မရှိတဲ့ လူထုတွေ ဒုက္ခမျိုးစုံနဲ့ရင်ဆိုင်နေကြရ။ အသက်အန္တရာယ်အတွက် နေ့စဉ်စိုးရိမ်ပူပန်နေကြရတယ်။ လူပီသပြီး နှလုံးသားရှိတဲ့လူတိုင်းဒီအဖြစ်အပျက်တွေအတွက် စိတ်မကောင်းဖြစ်ကြရပါတယ်။ ပဋိပက္ခဖန်တီးသူတွေက ရာဂသောင်းကြန်းတဲ့အမျိုးသားတစုဖြစ်ပါတယ်။ ဒီလူတွေက ဥပဒေကို စတင်ချိုးဖောက်သူတွေ၊ အမျိုးသမီးထုကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားသူတွေပါ။ သို့ပေမဲ့ ပဋိပက္ခတွေဖြစ်လာတော့  ဓါးစာခံဖြစ်ကြရသူတွေက ဒေသတခုလုံးက ပြည်သူအားလုံးဖြစ်ပါတယ်။

ရခိုင်မှာ ဖြစ်နေတဲ ပြဿနာ မသေးပါ။ ရခိုင်နဲ့ ဘင်္ဂါလီ ကြားကပြဿနာ အဖြစ်ရှူမြင်လို့ မရ၊ ပြည်ထောင်စုပြဿနာအဖြစ် ရှူမြင်ရပါမယ်။ ဇာတ်ကိုရူပ်သွားသူက အစိုးရအဆက်ဆက်နဲ့ လာဘ်စားတဲ့ ၀န်ထမ်းတွေဖြစ်ပြီး၊ ဖြေရှင်းရမှာက နိုင်ငံရေးသမားတွေ ဖြစ်လာတယ်။ လူ့အခွင့်အရေးရှုထောင့်၊ ဘာသာရေးရှုထောင့်၊လူမျိုးရေးရှုထောင့် တခုတည်းနဲ့ ကြည့်ပြီး ဖြေရှင်းလို့ မရပါ။ ဘက်ပေါင်းစုံကြည့်မှဖြစ်မယ်။လူ့အခွင့်အရေးရှူထောင့်ကနေပဲ ကြည့်တတ်တဲ့ နိုင်ငံရေးသမားက ဘာနဲ့တူလဲဆိုရင် နန်းတော်အောက်မှာခွေးသားအမိပေါက်တာသွားကြည့်ခိုင်းတဲ့ အဖြစ်နဲ့ တူပါတယ်။ ခွေးကလေး ဘယ်နှစ်ကောင်ပေါက်လဲသွားကြည့်ချေဆိုတော့ တခါသွားကြည့်ပြီး ခြောက်ကောင်ပေါက်တယ်လို့ ပြောတယ်၊ အထီး ဘယ်နှစ်ကောင် အမဘယ်နှစ်ကောင်လဲဆိုတော့ တခါထပ်သွားကြည့်ပြီး အထီးသုံးကောင် အမသုံးကောင်လို့ပြန်လာပြောပြန်တယ်၊ ဘာအရောင် လေးတွေလဲဆိုတော့ နောက်တစ်ခေါက် ထပ်သွားကြည့်ရပြန်ပြီးမှအဖြေပေးနိုင်တဲ့ အဖြစ်ပါ။

ကျွန်တော်ဗမာလူမျိုး၊ ဗုဒ္ဓဘာသာပါ။ ဒီဆောင်းပါးကိုချစ်ခြင်းမုန်းခြင်းနဲ့ရေးတာမဟုတ်၊ဘက်လိုက်မှု အဂတိတရားနဲ့ ရေးတာမဟုတ်။ မေတ္တာတရားနဲ့ ရေးပါတယ်။ အမြင်မတူတာတွေ ရှိမယ်ဆိုတာလည်းနားလည်ပါတယ်။ ထိလွယ်ရှလွယ်ဖြစ်တဲ့ ဒီကိစ္စကို အမုန်းခံပြီး ရေးချင်သူမရှိပဲ၊ ပွဲကြည့်ပရိသတ်လုပ်နေကြတဲ့ အချိန်မှာ၊ ကျနော်ကတော့ ရေးသင့်တယ်ထင်လို့ ရေးလိုက်ပါတယ်။

ကိုထွဋ်
၃-၁၀-၂၀၁၃

  1 comment:

  1. အစ မသိ.... အစမရှိ ...... ယောင်ဝါ၀ါ နဲ ဆောင်းပါရေးတယ်....

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...