Tuesday, October 22, 2013

ဒါမျိုးတွေ မရေးဘူးလို့တော့ နေတာပါပဲ ..



ဒါမျိုးတွေ မရေးဘူးလို့တော့ နေတာပါပဲ ..
ဒီလိုတွေးမိလို့ လဲ ..Page ပေါ်ကို မနေ့ က တက်တောင်မတက်ခဲ့ပါဘူး ..
Post တင်တဲ့နေရာမှာ
" What you have been up to " ဆိုတာကိုတွေ့ရင် တခုခုရေးမိမှာသေချာလို့ ပါ ..


ဒါပေမဲ့ ခုတော့ မနေနိုင်တော့ဘူး ..
ရေးကို ရေးချလိုက်မှ စိတ်ထဲ ပေါ့ပါးတော့မယ် ..
ဒီလို မရေးချလိုက်ရရင် သစ်သစ်မြင့်ဆိုင် က
သူ့ ပင်ကိုယ် စရိုက် ကို သစ္စာဖောက်နေသလိုပဲ ခံစားရပါတယ် ..

ဘာကိစ္စ ကို ပြောချင်နေတာလဲ သိလား ..
ခုလတ်တလော Hit ဖြစ်နေတဲ့ မိုးစက်ဝိုင် ကိစ္စ ကို ပြောချင်နေတာပါ ..

သူ ကားပေါ်ကဆင်းလာတာဟာ ..
ဘယ်သူနဲ့ ဘယ်လို ပတ်သက်လို့ လေ ဆိုတဲ့ အကြောင်းအရာ က ..
သူ့ ကိုယ်ရေးကိုယ်တာ မို့ .. ကျမ စိတ်မဝင်စားပါဘူး

ခု လတ်တလော သူ့ ကို ပြောနေကြတဲ့ ..
တရုတ်မ ဖြစ်နေတယ် ..
တရုတ်ပြည် မှာ title တခု ရဖူးတယ် ..
သူ့ မိဘ ၂ ပါး စလုံး က တရုတ် .. တဲ့ ..

ကျမလဲ အဲဒီ သတင်း ကို အဲဒီ အချိန် က ဖတ်ခဲ့ရပါတယ် ..
ကျမ မှတ်မိသလောက် .. ပြောရရင်
တရုတ်နိုင်ငံ မှာကျင်းပတဲ့ ပြိုင်ပွဲတပွဲမှာ ..
မြန်မာနိုင်ငံနွယ်ဖွား တရုတ် မြန်မာ မိန်းကလေးတယောက် ..
Title တခု ရတယ် ဆိုတဲ့ သတင်းအနေနဲ့ on line မှာ တက်ခဲ့တယ် လို့ ထင်ပါတယ် ..

တကယ်ဆိုရင် ဖြစ်သင့်တာက ..
လတ်တလော အခြေအနေမှာ .. နိုင်ငံကို ကိုယ်စားပြုပြီး သွားယှဉ်ပြိုင်ပေးမဲ့ ကလေးတယောက် ကို လက်ခုပ်တီးပြီး အားပေးသင့်တယ် မဟုတ်ဘူးလား ..

ကိုယ်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ TV ဖန်သားပြင်ပေါ်မှာ ..
သူ့အရည်အချင်း ကို ကြည့် ခဲ့ ပြီးပြီ..
သူ့ အဆင်း .. သူ့ အချင်း .. က တန်းမဝင်ခဲ့ဘူး ဆိုရင် ..
မသင့်တော်ဘူးဆိုရင် .. သက်ဆိုင်ရာ တာဝန်ရှိသူ တွေ က ဆုံးဖြတ်ပါလိမ့်မယ်

ဒီလိုသာ ပြောကြကြေးဆိုရင် ..
ကျမ တို့ နန်းခင်ဇေယျာ ကို Vote ခဲ့ရတုန်း က ..
သူ ပြိုင်ပွဲသွားတာကို မသိလိုက်သလို ..
သူ ဘာလဲ ဘယ်ကလဲ .. ဘယ်လို အရည်အချင်းတွေရှိလဲ ဆိုတာတွေကို စုံစမ်းချိန်တောင် မရှိခဲ့ပါဘူး ..
မြန်မာ ဆိုတဲ့ စလွယ် ကို ပုခုံးပေါ်မှာတင်ပြီး တိုင်းတပါးမှာ ..
သူ တယောက်တည်း .. နိုင်ငံဂုဏ်ဆောင်နေရပါလားဆိုတဲ့ အသိတခုတည်းနဲ့
နေ့မအား ညမနား စားသောက်ချိန်မသိ .. အိပ်ချိန်မရှိဘဲ .
ကျမ Vote ခဲ့တာပါ ..
အဲဒီအချိန်တုန်းက သူ့ background ဘာလဲ ဆိုတာ
ကျမ သေသေချာချာမသိခဲ့ပါဘူး ..
နံမည်ကြီး ဘလော့ဂါ တယောက် ရဲ့ Page မှာ နေ့စဉ်နဲ့ အမျှ
သူ့ အကြောင်းတွေရေးနေတာကြောင့်
မတော်တဆဝင်ဖတ်မိတဲ့သတင်းတပုဒ်မှာ ..
အဲဒီလူရေးထားတဲ့ အကြောင်းအရာ နဲ့
သုံးထားတဲ့ သူ့ ဓါတ်ပုံလေးတပုံ က .. ကျမ စိတ်ကိုထိခတ်သွားစေခဲ့တာကြောင့် ..
ကျမ က အဲဒီ ကလေးမလေးကို အင်တိုက်အားတိုက် ..
ပါဝင်ပြီး Vote ခဲ့ပါတယ် ..

နောက်တယောက် ကျမ အားပေးခဲ့ဖူးတာ ..
အမေရိကားမှာ ဒီလိုပဲမြန်မာစလွယ်လွယ်ပြီး ဝင်ပြိုင်ခဲ့တဲ့
ညီမလေး တယောက် ပါ..
သူ့ ကိုယ်ရေးရာဇဝင် သမိုင်းကြောင်းတွေကို စိတ်ထဲမထားဘဲ ..
မြန်မာ ဆိုတဲ့ သူ့ ပုခုံးပေါ် က စလွယ် ကို ကျမ အားပေးခဲ့ပါတယ် ..

ခုချိန်မှာ ကျမ တို့ တခုစဉ်းစားရမှာက
ကျမ တို့ ထင်ရှားပေါ်လွင်စေချင်တာ ..
မိုးစက်ဝိုင် ဆိုတဲ့ ကလေးမလေး ရဲ့ မကောင်းမှု တွေကိုလား ..
မြန်မာ ဆိုတဲ့ ဂုဏ်ပုဒ် ကို လား ..

သူ့ ရာဇဝင် သမိုင်း မကောင်းခဲ့ဘူး ပဲ ထား ..
ခုချိန်မှာ သူ့ ပုခုံးပေါ်မှာ .. မြန်မာ ဆိုတဲ့ စလွယ်တခု ကို လွယ်ထားပြီးပါပြီ ..
ဒီတော့ .. သူ့ ပုခုံးပေါ်မှာ မြန်မာဆိုတဲ့ စလွယ် လွယ်ထားရတာနဲ့ ထိုက်တန်အောင် ..
မြန်မာတမျိုးသားလုံး က သူ့ ကို တာဝန်ပေးအပ်လိုက်ပြီ လို့
ကျမ ကတော့ သတ်မှတ်ပါတယ် ..

အမှန်အတိုင်း ပြောရရင် ..
အရင် စစ်အစိုးရ လက်ထက်တုန်းက ..
စစ်အရာရှိတွေ မကောင်းခဲ့တာတွေကြောင့်
ကချင် ကယား ကရင် ချင်း မွန် မြန်မာ ရခိုင် ရှမ်း .. စတဲ့ ..
တိုင်းရင်းသားမျိုးနွယ်စု တွေ နဲ့ ဖွဲ့စည်းထားတဲ့ ..
ကျမ တို့ မြန်မာပြည် ဟာ .. မဖွံ့ ဖြိုး မတိုးတက်နိုင်ခဲ့တာအတွက် ..
နိုင်ငံတကာ မှာ မျက်နှာငယ်ခဲ့ရတာ .. လူတိုင်းအသိပါ ..

စီးပွားရေးလဲ စီးပွားရေးအလျောက် ..
နိုင်ငံရေး လဲ နိုင်ငံရေးအလျောက် ..
ကျရှုံးနောက်ကျ ခဲ့ ရတဲ့ မြန်မာပြည် ဆိုတာ
သူတို့အတွက် ဂုဏ်ငယ်စရာတခုလို့ ထင်လို့ ..
ရေကြည်ရာမြက်နုရာမှာ ကျင်လည်ကျက်စားနေရတဲ့ တချို့ မြန်မာတွေ ဆို ..
" ငါ မြန်မာ " ဆိုပြီးတော့လက်မထောင်ဖို့ နေနေသာသာ ..
ရေငုံနှုတ်ပိတ်လို့ နေခဲ့ကြတယ် ဆိုတဲ့ သက်သေသာဓက တွေ
ကျမ ပတ်ဝန်းကျင်မှာ အများကြီးပါ ..

တိုးတက်ဖွံ့ဖြိုးမှု နှေးကွေးလွန်းလို့ ..
တရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စိတ်တခု နဲ့ ..
ဒီလိုဖုန်တက် ပူလောင် ဆင်းရဲ တဲ့ တိုင်းပြည်ငယ်လေး တခု ကို ကျောခိုင်းစွန့်ခွာသွားကြတဲ့ သူ တွေ လဲ ဒု နဲ့ ဒေး မဟုတ်ဘူးလား ..

ခုချိန်မှာ အန်တီစု နဲ့သမ္မတကြီးကောင်းမှု ကြောင့် ..
မြန်မာ ဆိုတဲ့ ဝေါဟာရလေး ကမ္ဘာပေါ်မှာ
နည်းနည်း အရောင်ပြောင်လာရတဲ့ အချိန်မှာ ..
ကိုယ် မွေးဖွားရာတိုင်းပြည် ဂုဏ်ဆောင်ဖို့ ..
ကိုယ်တတ်နိုင်တဲ့ဘက် က တတပ်တအား အားဖြည့်ပေးနေတဲ့ ..
ဒီကလေးမလေး ကို ဘယ်လို အသည်းနှလုံး နဲ့ လူတွေက တိုက်ခိုက်နေကြပါလိမ့် ..

မိသားစု တစု အတွင်းမှာ .. မောင်နှမ အချင်းချင်း သတ်ကြစမ်းပါ ..
အိမ်အပြင်ထွက်ပြီး ကိုယ့် မိသားစု ဂုဏ်ကို ဆောင်ပေးမဲ့
ကိုယ့် ညီအကို မောင်နှမ တယောက် ကို
သူများတွေမပြောဖို့ မဆိုဖို့ ကာကွယ်ပေးရမဲ့ အစား ..
မိသားစုဝင် တွေ ကိုယ်တိုင် က တစိမ်းပြောရေးဆိုခွင့်ရှိအောင် ..
"ရော့ အင့် .. ငါတို့ ညီမ ငါတို့ အမ ရဲ့ ဘယ်သူမှ မသိနိုင်တဲ့ ပြစ်ချက်တွေ ..
ဒါတွေ နဲ့ ပြောကြ ဆိုကြ" ဆိုပြီး လုပ်နေသလို ကျမတော့ ခံစားရပါတယ် ..

ကိုယ့် ညီမ အနေမမှန်ဘူး .. အချိုးမကျဘူးဆိုရင် ..
အိမ်ပြန်ရောက်လာတော့မှ .. နဘန်ကျင်းပလိုက်လို့ ရတယ် ..
အပြင်လောက တစိမ်းတွေကြားထဲမှာတော့ ကိုယ် က တတ်နိုင်သလောက် ကာကွယ်ပေးရမယ် မဟုတ်ဘူးလားဟင် ..

စစ်ပွဲတပွဲ မှာ ရှေ့ ကထွက်တိုက်ရမဲ့ စစ်သည် ကို ..
နောက်တန်းကနေ လိုအပ်တဲ့ ဓါး လှံ ရိက္ခာ လက်နက် တွေ ပံ့ပိုးရမဲ့ အစား ..
အဲလို မပံ့ပိုးတဲ့ အပြင် ..
သူ စစ်ထွက်ရင် သူ့ ကိုယ်သူ ကာကွယ်ဖို့ ရန် ဝတ်ဆင်ထားတဲ့ ..
စစ် အင်္ဂါ တန်ဆာပလာတွေကိုပါ ဆွဲခွာ ဖျက်ဆီးနေကြတယ် လို့
ကျမတော့ ခံစားရပါတယ် ..

ကိုယ် ရေးသားလိုက်တဲ့ စာလေးတကြောင်း ..
ကိုယ် ပြောထွက်လိုက်တဲ့ စကားလေးတခွန်းဟာ ..
သူ့ အတွက် အား ဖြစ်စေတဲ့ စကားလေးတွေ စာကြောင်းလေးတွေ ဆိုရင် ..
မြန်မာ ဆိုတဲ့ စလွယ် ကို .. ပုခုံးပေါ်မှာ ရဲရဲဝံ့ဝံ့လွယ်ပြီး ..
နိုင်ငံတကာစင်မြင့်ထက် မှာ ..
သူကလေး ခေါင်းမော့ ရင်ကော့ ပြီး လျှောက်လှမ်းနိုင်မှာ အသေအချာပါ ..

ပတ်စာခွာ ဖျာလိပ် ပြီး .. အိမ်အပြန်မလှခဲ့ရင်တောင် ..
နှစ်ပေါင်း ၅ဆယ်ကျော် .. အမေ့ခံထားရပြီးမှ ..
လူရာပြန်သွင်းခံရတဲ့ .. ဒီ မြန်မာစလွယ်အတွက် ..
ကျမ က တော့ ဂုဏ်ယူတယ် ..

ကချင် .. ကယား .. ကရင် .. ချင်း .. မြန်မာ .. မွန် .. ရခိုင် .. ရှမ်း .. တဲ့
ဒီလို တိုင်းရင်းသားတွေ ချစ်ချစ်ကြည်ကြည် နဲ့ နေထိုင်နေတဲ့ ..
မဖွံ့ ဖြိုး မတိုးတက်နိုင်သေးဘဲ ... ယက်ကန် ယက်ကန် နဲ့
ပူလောင်ဖုန်တက်နေသေးတဲ့ .. ဒီ မြန်မာပြည် ကြီး အတွက် ..
မရှက်မကြောက် .. အားငယ်စိတ်မဝင်ဘဲ ..

" ကျမ မြန်မာပြည် ကို ကိုယ်စားပြုပြီးလာပါတယ်" .. လို့ ..

နိုင်ငံတကာစင်မြင့်ထက် မှာ .. ပြောချရဲမဲ့
ဒီကလေးလေး ရဲ့ .. အသိစိတ်လေး တခု ကို ပဲ ..
ကျမ တို့ ကွက်ပြီး မြင်ပေးလိုက်ကြမယ် ဆိုရင် .. ဖြင့်

သူ ဟာ တရုတ်သွေးနှောတယ် ဆိုတာတွေ …
လန်ဘိုဂီနီး ကို တပ်မက်တယ် ဆိုတာတွေ ..
ခရိုနီတွေ .. ခရိုပြာတွေ ..
ဒါတွေ အားလုံး ကို
ကျမ တို့ လျှစ်လျှူရှုလို့ ရပြီမဟုတ်လားရှင် ..

လောကကြီးထဲမှာ မြန်မာဖြစ်ရဲ့သားနဲ့ ..
မြန်မာ ပါ လို့ .. ဝန်မခံရဲတဲ့ သူတွေ ထက် စာ ရင် ..

သူကလေး ကို ကျမ တို့ လက်ခုပ်တီးပြီး အားမပေးသင့်ဘူးလားဟင် ..

သမီး မိုးစက်ဝိုင် ..

ကိုယ့် အဆင်း .. ကိုယ့် အချင်း နဲ့ ..
မြန်မာ ဂုဏ် ကို ဆောင်ခဲ့ ပေး ပါ ..

ဟုတ်ကဲ့ ..
ကျမ မြန်မာပြည် ကို ချစ်တဲ့ .. ကဉ္ဇနာ ပါ ရှင် ..

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...