Tuesday, October 1, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁-၁၀)

သစ်ထူးလွင်



Posted: 01 Oct 2013 06:43 AM PDT

မန္တလေးရှိ အမျိုးသားလိင်တူချစ်သူ(မိန်းမလျ
ာ)အချို့စုပေါင်းကာ နတ်သမီးလေးများFCအမည်ဖြင့် ဘောလုံး အသင်း တစ်သင်းဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။ ထိုအသင်းသည် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း မန္တလေးတောင်ခြေ၊ စန္ဒာမုနိဘုရား နှင့် ကုသိုလ်တော်ဘုရားကြားရှိ ကစားကွင်းတွင် ဘောလုံးကစားလျှက်ရှိရာ ကြည့်ရှုအားပေးသူများဖြင့် စည်ကားနေကြောင်း သိရ၏။ စက်တင်ဘာလ(၂၂)ရက်နေ့တွင် အသင်းဖွဲ့စည်းခဲ့ပြီး ထိုနေ့မှာပင် ကစားခဲ့ရာ ကစားကွင်း အနီးရှိ ရဲကင်းမှ ရဲတပ်သားများ၊ ခမရ(၉၅)တပ်မှ သင်တန်းတက်ရောက်နေသော သင်တန်းသားတပ်မတော်သားများပါ စိတ်ဝင်စားကာ ၀င်ရောက်ယှဉ်ပြိုင်ကစား ခဲ့ကြောင်းသိရသည်။ စက်တင်ဘာ(၂၉)ရက်တွင်လည်း အုတ်စက်ရပ်ကွက် အတွင်းရှိ လူငယ်လေးများနှင့် အပြန်အလှန်ကစားခဲ့ ကြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Oct 2013 06:32 AM PDT

၂၉.၉.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် မြောက်ဥက္ကလာပ မြို့နယ်နေ ဒေါ်တင်အေးသည် နေအိမ်တွင် ရှိနေချိန် တူဖြစ်သူ ချီးဗူး(ခ)တင်ထွန်းအောင်မှာ သုမိတ္တာ တံတားထိပ်ရှိ သစ်သားတံတား ပေါ်သို့ တက်လာနေစဉ် အမည်မသိ အမျိုးသား တစ်ဦး လိုက်လာသည်ကို မြင့်တွေ့ရကြောင်း၊ တံတားအဆင်းအရောက် ၎င်းအမျိုးသားမှ တူဖြစ်သူ ချီးဗူး(ခ)တင်ထွန်းအောင်အား မင်းတော်တော် ရစ်ပါလား ဟု ပြောဆိုကာ မည်သည့်အရာမှန်း မသိသည့်လက်နက်ဖြင့် ၀ဲဘက်ရင်အုံအားထိုးခဲ့၍ ချီးဗူး(ခ)တင်ထွန်းအောင်မှာ လဲကျသွားသည်ကို မြင်တွေ့ရကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဖမ်းဆီးရမိသူ ဂျပု(ခ)မျိုးလွင်

Posted: 01 Oct 2013 06:33 AM PDT
၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန် ထန်းတပင်မြို့နယ်၊ ဆန္ဒယော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည် တစ်ရွာတည်းနေ ဒေါ်ထွေးကြည် (ခ)ဒေါ်မိုးမိုး မှာနေအိမ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရ၍သွားရောက်ကြည့်ရှုခဲ့ရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးတွင် ဦးခေါင်းနောက် စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊ ၀ဲကျောကုန်း ထိုးသွင်းဒဏ်ရာ၊ ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၃)ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်တို့ဖြင့် သေဆုံး နေသည်ကိုတွေ့ရှိရပြီး အနီးတွင် ရဲတင်း(၁)လက်၊ အရိုးအသွား (၆)လက်မခန့်ရှိဝါးရိုးတပ်မီးဖိုချောင် သုံးဓါးအကျိုး(၁)ချောင်းတို့အား တွေ့ရှိခဲ့ရပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မိခင်အရင်းကိုသတ်သည့်သား

Posted: 01 Oct 2013 06:18 AM PDT
ညမထွက်ရ အမိန့်ကို ည ၆ နာရီက မနက် ၆နာရီအထိ တိုးမြှင့်သတ်မှတ်ထား


ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ၁၇ မိုင် အကွာမှာရှိတဲ့ ရွှေလှေ ကျေးရွာ အုပ်စု ထဲက သပြုချိုင်၊ ပေါက်တောနဲ့ ရွှေလှေ ကျေးရွာ ၃ ခုမှာ မွတ်ဆလင် အိမ်တွေကို လူအုပ်နဲ့ ဝိုင်းပြီး မီးရှို့ တိုက်ခိုက်တဲ့ အတွက် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အိမ်ခြေ ၁၄ လုံးထက်မနည်း မီးလောင် သွားတယ်လို့ သံတွဲ ခရိုင် ဒုရဲမှူးကြီး ကျော်တင့်က ပြောပါတယ်။

အခုအခါ အဲဒီ ကျေးရွာတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေး ဆောင်ရွက် ပေးနေပြီး အခြေ အနေကို ထိန်းချုပ်ထားနိုင်ပြီလို့ သူက ဆိုပါတယ်။

ဒေသတွင်းမှာ ရောက်နေတဲ့ သတင်းထောက် တစ်ဦးရဲ့ အပြော အရတော့ ညနေ ၅ နာရီအထိ ကျေးရွာတွေမှာ မီးလောင်နေတာ တွေ့ရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သံတွဲ မြို့နယ် အတွင်းမှာ ညမထွက်ရ အမိန့်ကို အရင်က ည ၉နာရီကနေ မနက် ၆ နာရီအထိ သတ်မှတ် ထားရာ ကနေ အခုအခါ ည ၆ နာရီကနေ မနက် ၆ နာရီအထိ တိုးမြှင့် သတ်မှတ် ထားတယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Posted: 01 Oct 2013 06:13 AM PDT
တရားဥပဒေစိုးမိုရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ မီဒီယာများနှင့် တွေ့ ဆုံ 

အောက်တိုဘာ ၁ ရက်နေ့ ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှ
ိ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်ေးရးကော်မတီဆောင် I-12 ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းမီဒီများတွေ့ဆုံ ဥက္ကဌ မှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ မီဒီယာများ၏မေးမြန်းနမှုကိုဖြေကြားရာ ဖွဲ့ စည်းပုံအခြေခံဥပဒေနင့် ပတ်သတ်၍ ပြည်သူများက သေချာနားမလည်ဘူးဆိုတာ ဟုတ်သည်။အန်တီနားလည်သလောက် ဖွဲ့ စည်းပုံအခြေခံဥပဒေကို သူတို့ ထုတ်တုန်းက အုပ်ရေကထောင်ဂဏန်းပဲရှိတယ်လို့ နားလည်တယ်။သန်း(၆၀)လောက်ရှိတယ်လို့ မှန်းရတဲ့ ပြည်သူလူထုကြားထဲမှာ ထောင်ဂဏန်းပဲရှိတဲ့ အုပ်ရေကို ဘယ်နစ်ယောက်က ဖတ်ဘူးမှာလဲ။ပြည်သူအများစုက ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာ ဘာရှိမှန်းလဲ မသိဘူး။ထိရောက်မူကိုလည်း ဂဂဏဏ မသိဘူး။အခုအဖွဲ့ ချုပ်က စပြီး ရှင်းနေတာက ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ပြည်သူကဘယ်လိုစပ်ဆက်လဲဆိုတာ အဲဒီက စပြီးရှင်းမှာ။ပြည်သူတွေ သိသင့်သိထိုက်တာ သိဖို့ ပဲဖြစ်ကြောင်း၊၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့နှင့်ပတ်သက်ပြီး (၂၀၀၈)ဖွဲ့ စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီနဲ့ မကိုက်ညီဘူးဆိုတာ စပြီးဆွဲပုံဆွဲနည်းထဲက ဒီမိုကရေစီနဲ့ မကိုက်ညီတာ။နောက်ပြီး အဲဒီထဲက ဘယ်အချက်တွေက ဒီမိုကရေစီ စံနုန်း စံထားတွေနဲ့ မကိုက်ညီဘူးလဲဆိုတာ ရှင်းပြမယ်။ဒါကြောင့် ပြုပြင်ပြောင်းလဲချင်တယ်။
အားလုံးသိတဲ့ အတိုင်း ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သတ်လို့ အမြင်(၂)မျိုးရှိတယ်။တစ်ချို့ က တစ်ချို့ ပုဒ်မတွေကို ပြင်မယ်။တစ်ချို့ က အားလုံးပြန်ပြီး ပြင်မယ်။အဲဒီထဲမှာ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတဲ့ အထဲမှာ တစ်ဖွဲ့ က ပြင်မယ်ဆိုရင်တော့ လက်ခံတယ်။စ ၊ လယ် ၊ ဆုံး ပြင်ရမယ်။အစထဲကလည်း စ ၊ လယ် ၊ ဆုံး ပြင်ဖို့ ဆုံးဖြတ်တယ်။ပြင်သင့်တာတွေ အားလုံးကိုပြင်သွားမှာဖြစ်ကြော
င်းပြောကြားခဲ့သည်။
National League for Democracy
Posted: 01 Oct 2013 05:33 AM PDT

အောက်တိုဘာလ(၅)ရက်နေ့ ထုတ် Tech Space နည်းပညာဂျာနယ် Vol 2 No 27

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Oct 2013 05:30 AM PDT

စက်တင်ဘာလ(၃၀)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ-၁၃၊ အမှတ်-၃၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Oct 2013 04:51 AM PDT

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားခဲ့ တဲ့ မြို့နယ်တွေကို သမ္မတ ဦးသိန်းစိ န်သွားရောက် နေပါတယ်။ ဒေါ်ခင်မင်းဇော်သတင်းပေးပို့ထား
ပါတယ်။ ရိုက်ကူး ကိုကိုကြည်
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Oct 2013 04:34 AM PDT
ရခိုင်ပြည်နယ် ရွေလှေသပြုချိုင်အရပ်မှာ ဒီကနေ့ မနက်ပိုင်းက အကြမ်းဖက်အုပ်စုတစုက မီးတင်ရှို့လို့ အိမ်ခြေ ၁၄ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ဒီဗွီဘီကို ပြောပါတယ်။ ဒီမီးရှို့မှုကို ရဲတပ်ဖွဲ့က မနက် ၁၁ နာရီခန့်မှာ သေနတ်ပစ်ခတ်ဖြိုခွဲလို့ လူစုကွဲသွားတယ်လို့ ပြောပါတယ်။
ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။ ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ ပတ်သက်လို့တော့ ဆောင်ရွက်ဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဓာတ်ပုံ - အဖြူရောင် မီဒီယာ ဖေ့ဘုတ်

Posted: 01 Oct 2013 04:37 AM PDT
အင်္ဂါနေ့ (၂၀၁၃ အောက်တိုဘာ ၁ ရက်နေ့) မနက် ၁၀ နာရီလောက် ကစပြီး သံတွဲမြို့နယ်ထဲက သပြုချိုင်၊ ပြင်ရောင်း၊ လင်းသည်၊ ပေါက်တော နဲ့ မြင်စိုင်းမော်ကျေးရွာ တွေမှာ မူဆလင်အိမ်တွေ မီးရှို့ခံနေရတယ်လို့ သံတွဲဒေသခံတွေက ပြောပါတယ်။
သပြုချိုင်ရွာမှာ အိမ် ၁၄ လုံးမီးလောင်သွားတယ်လို့ သံတွဲခရိုင်ရဲတပ်ဖွဲ့က ဒုရဲမှူးကြီးကျော်တင့် က ဘီဘီစီကိုမွန်းလွဲ ၁ နာရီအချိန်က ပြောပါတယ်။ အသေးစိတ်ကိုတော့စုံစမ်းနေဆဲဘဲလိ
ု့သူက ဆိုပါတယ်။
ရခိုင်ပြည်နယ်သံတွဲမြို့နယ်နဲ့ ၁၇ မိုင်အကွာမှာရှိတဲ့ရွှေလှေကျေးရွ
ာအုပ်စုထဲကသဗျုချိုင်၊ ပေါက်တောနဲ့ ရွှေလှေကျေးရွာသုံးခုမှာမူဆလင်အိမ်တွေကိုဗုဒ္ဓဘာသာဝင်တွေကလူအုပ်နဲ့ဝိုင်းပြီးမီးရှို့တိုက်ခိုက်တဲ့ အတွက်အနည်း ဆုံးလူတဦးသေဆုံးပြီးအိမ်ခြေ ၁၂ လုံးထက်မနည်းမီးလောင်သွားတယ်လို့သံတွဲခရိုင် ရဲမှူးကြီးဒုရဲမှူးကြီးကျော်တင့်ကပြောပါတယ်။
အခုအခါသံတွဲမြို့နယ်အတွင်းမှာ
ညမထွက်ရအမိန့်ကိုအရင် ည ၉ နာရီကမနက် ၆ နာရီအထိသတ်မှတ်ထားရာကနေ ည ၆ နာရီကမနက် ၆ နာရီအထိတိုးမြှင့်သတ်မှတ်ထား ပါတယ်။
BBC Burmese (facebook)

ပေါက်တောရွာ က မွတ်စလင်မ် အိမ်ခြေ ၂၀ကျော် မီးလောင်နေပါတယ်။ ဓါတ်ပုံ - အဖြူရောင် မီဒီယာ (ဖေ့ဘုတ်)




Posted: 01 Oct 2013 04:17 AM PDT

မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်က အရှေ့တောင်အာရှနိုင်ငံ အတော်များများထက် ရှေ့ရောက်နိုင်အောင် အစိုးရပိုင်းက ဖော်ဆောင်ပေးခဲ့ပါတယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ပြောကြားချက်ကို ပြည်တွင်း သတင်းစာဆရာအများစုက ပယ်ချခဲ့ကြပြီး ပုဂ္ဂလိက သတင်းစာတွေ မီဒီယာလွတ်လပ်ခွင့် မရသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။ တကယ့်လက်တွေ
့မှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စွက်ဖက်မှုတွေ ရှိနေသေးတယ်လို့ ပုဂ္ဂလိကသတင်းစာတချို့ရဲ့ သတင်းစာဆရာတွေက သုံးသပ်ကြပါတယ်။
သမ္မတက မြန်မာမီဒီယာတွေ လွတ်လပ်မှု ပိုတိုးတက်လာတယ်ဆိုတဲ့ ပြောကြားချက်ကို မထောက်ခံကြပေမယ့် မီဒီယာတွေဘက်က ကျင့်ဝတ်နဲ့မညီတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက် တာတွေကို မပြုလုပ်ဖို့ဆိုတဲ့ ပြောကြားချက်ကိုတော့ သတင်းစာဆရာတွေက သဘောတူ ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)

Posted: 01 Oct 2013 04:09 AM PDT

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာနှင့် မလွတ်ကင်သည်ဟု ဆိုကာ သိမ်းယူထားသော မြေယာများကို 30-9-2013 နေ့တွင် နောက်ဆုံး ထုတ်ယူရန် ကြေငြာချက် တစ်ရပ်ထုတ်ပြန်ပြီး 30-9-2013 နေ့ မြေယာ လျှော်ကြေး ထုတ်ယူသူများအား ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေး ဦးကျော်သောင်း မှ CDMA-800 တယ်လီဖုန်းများအား မဲအနှိုက်လွတ် ချပေးခဲ့ကြောင်း ဆည်တဲရွာဟောင်းနေ ယာမြေပိုင်ရှင်များထံမှသိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Oct 2013 03:15 AM PDT

နအဖစစ်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးအဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူက မီဒီယာကို မီဒီယာနဲ့ တိုက်မယ်လို့ ကြွေးကြော်ပြီး သတင်းစာနောက်ဖုံးမှာ ဆောင်ပုဒ်တွေ ထည့်ပါတယ်။ အားလုံးသိကြပါတယ်။ လေလှိုင်းပေါ်က လူသတ်သမားတို့၊ ပုဆိန်ရိုးတို့၊ မီဒီယာကို မီဒီယာနဲ့ တိုက်ထည့်လိုက်တာ၊ ပရိသတ်က နိုင်ငံပိုင်သတင်းစာ ဖတ်ဖို့ နေနေသာသာ ကိုင်ကြည့်ဖို့တောင် စိတ်ကုန်သွားကြတာပဲ အဖတ်တင်ကျန်ပါတယ်။ သိပ်မကြာခင်မှာပဲ ပုဆိန်ရိုး လူသတ်သမားတွေလည်း အထဲရောက်သွားပြီး တူတာတွေ ပေါင်းလုပ်၊ ပေါ်လစီနဲ့ သွားနေပြန်ပါတယ်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Oct 2013 03:09 AM PDT

လက်ရှိ မြန်မာ့နိုင်ငံရေး အကူးအပြောင်းမှာ တစ်နေ့တစ်မျိုး မရိုးလောက်အောင် ဖြစ်ထွန်းမှုတွေ တွေ့နေရတာ ဖြစ်ပါတယ်။ အစိုးရပိုင်းက ပြောဆိုမှုများ၊ လွှတ်တော်ဘက်မှ ပြောဆိုမှုများ၊ တိုင်းရင်းသားများရဲ့ စုဖွဲ့မှုများ၊ NLD အပါအဝင် အတိုက်အခံများရဲ့ ပြင်ဆင်နေမှုများ စသဖြင့် အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့ အခြေအနေကို တွေ့မြင်နေရတာ ဖြစ်ပါတယ်။ အခု အတိုက်အခံ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ လက်နက်ကိုင် အုပ်စုများရဲ့ ဦးတည်ချက်ဟာ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်နေပါတယ်။ အဖွဲ့ ၁၈ ဖွဲ့ပါ WGEC နဲ့ အဖွဲ့ ၁၁ ဖွဲ့ပါ UNFC တို့ရဲ့ လှုပ်ရှားမှုများ၊ SNLD ဦးဆောင်တဲ့ ရှမ်း၊ ကယား၊ မွန်တို့ ပါဝင်တဲ့ တိုင်းရင်းသားအရေး ဆွေးနွေးညှိနှိုင်းမှု သုံးကြိမ်၊ SNDP (ကျားဖြူပါတီ) ရဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ၊ ရခိုင်နှစ်ပါတီရဲ့ စုဖွဲ့မှုသတင်းများနဲ့ အခြားသော တိုင်းရင်းသားနိုင်ငံရေး လှုပ်ရှားမှုများစွာကို တွေ့မြင်နေကြရပါတယ်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Oct 2013 03:03 AM PDT

မြန်မာ ရွှေ့ပြောင်းအလုပ်သမား များ လုပ် ခလစာရရှိမှု ကွာခြားမှုများရှိနေ ခြင်းနှင့် အခွင့်အရေးဆုံးရှုံးနေမှု များကို ပြည်တွင်း၊ ပြည်ပအလုပ် သမားဆိုင်ရာကော်မတီမှ လွှတ် တော် တွင် မေးခွန်းများမေးမြန်း၍ လေ့လာတွေ့ရှိချက်များကို တင် သွင်းသွား မည်ဖြစ်ကြောင်း ကော် မတီဥက္ကဋ္ဌ ဒေါက်တာဦးမြင့်ကြည် က ပြောသည်။ အောက်တိုဘာ ၁၁ရက်တွင် ပြုလုပ်မည့် (၁၃)ကြိမ်မြောက် ထိုင်း၊ မြန်မာဝန်ကြီးအဆင့် ဆွေး နွေးပွဲတွင် မြန်မာရွှေ့ပြောင်းအလုပ် သမားများနှင့်ပတ်သက်၍ ကော် မတီ၏ လေ့လာထားသည့်အချက် အားလုံးကိုပါ ထည့်သွင်းဆွေးနွေး မှုများပြုလုပ်နိုင်ရန် လွှတ်တော် တွင် မေးခွန်းများမေးခြင်းနှင့် လေ့ လာတွေ့ရှိချက်များအား တင် သွင်းခြင်းများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြန်မာ ရွှေ့ပြောင်းအလုပ်သမား

Posted: 01 Oct 2013 02:42 AM PDT

တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု လက်ပံခုံ ကျေးရွာနေ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ကာ ဓားဖြင့်ခုတ်သတ်ခဲ့သူ တပ်မတော်သား တစ်ဦးကို တောင်ငူခရိုင် တရားရုံးမှ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီမိနစ် ၃၀ က ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၄၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၁) (ဂ)အရ သေဒဏ် ချမှတ်ခဲ့ကြောင်း အဆိုပါ ခရိုင်တရားရုံးထံမှ သိရှိရသည်။ ...
“သေဒဏ်ချမှတ်ခံရသူက ခုနစ်ရက်အတွင်း အယူခံ ဝင်နိုင်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တောင်ငူ အကျဉ်းဦးစီးဌာနကို ပေးပို့ထားပါမယ်” ဟု တောင်ငူခရိုင် တရားရုံးမှ အမည်မဖော်လိုသူ ခရိုင်တရားသူကြီးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Oct 2013 02:39 AM PDT

ရန်ကုန်မြို့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ အတူလက်တွဲနေထိုင်ရေးဆိုင်ရာ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၁ ရက်ကစပြီး ၂ ရက်ကြာ ကျင်းပ ပြုလုပ်နေပါတယ်။ ဒီပွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က Institute of GlobalEngagement (အိုင်ဂျီအီး) နဲ့ သီတဂူကမ္ဘာ့တက္ကသိုလ် (ရန်ကုန်) တို့က ပူးပေါင်းကျင်းပကြတာဖြစ်ပြီး ဘာသာကြီး ၅ ခုက ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Oct 2013 02:28 AM PDT

ကျေးလက်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုဟာ ကွင်းဆင်းကုသမှုများလာတာနဲ့ လိုအပ်ချက်တွေ အများကြီးကို တွေ့လာရလေပဲလို့ NLD ကျန်းမာရေးကွန်ရက်က ဒေါက်တာ တင်မျိုးဝင်းက စက်တင်ဘာ ၂၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Oct 2013 01:48 AM PDT

မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာလုပ်သားများကို တရားဝင် လုပ်ပေးမည့် 6P အစီအစဉ်ကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြန်စမည်ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေးက ကြေညာထားကြောင်း မလေးရှားနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်းမှ မူဝါဒရေးရာ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်ကြီးက ပြောကြားသည်။  6P (တရားမဝင် လုပ်သားများကို တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့်၊ လွတ်ငြိမ်းချမ်းသာခွင့်) အစီအစဉ်ကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို စတင်လုပ်ဆောင်ပေးမည် ဖြစ်ပြီး အောက်တိုဘာလ ၁၈ ရက်နေ့တွင် မြန်မာများကို လုပ်ဆောင် ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မလေးရှားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားများ။

Posted: 01 Oct 2013 01:43 AM PDT

စီမံကိန်းကြီးများနှင့် စက်ရုံများမှ ထွက်ရှိလာသော စွန့်ပစ်ရေဆိုးများကြောင့် သဘာဝပတ်ဝန်းကျင် လေထု၊ မြေထုနှင့် ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်နေခြင်းကို သုတေသနပြု ဓာတ်ခွဲစမ်းသပ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ရေးရာ ဓာတ်ခွဲခန်းကို စက်တင်ဘာလအတွင်း ဖွင့်လှစ် လိုက်ကြောင်း အဆိုပါ ဓာတ်ခွဲခန်း တာဝန်ခံ ဒေါက်တာကျော်ငြိမ်းအေးက ပြောကြားသည်။ အဆိုပါ ဓာတ်ခွဲခန်းသည် ပြည်သူများ၏ ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင်တို့နှင် ပတ်သက်၍ ထိခိုက်ပျက်စီးမှုများ ရှိလာနိုင်သည့် အရက်ချက်စက်ရုံများ၊ သကြားနှင့် ငါးပုစွန်စက်ရုံ အများအပြား အခြေစိုက်ရာ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ရေနမူနာ များတွင် မြေထုနှင့် ရေထုညစ်ညမ်းမှု ရှိ မရှိစသည်တို့ကို ၂၀၁၄ ခုနှစ်အထိ အခမဲ့ ဓာတ်ခွဲစမ်းသပ်ပေးမည် ဖြစ်ကြောင်း အဆိုပါ ဓာတ်ခွဲခန်း တည်ထောင်ဖွင့်လှစ်မည့် Ecodev အဖွဲ့၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက ရှင်းပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 01 Oct 2013 01:10 AM PDT

ဥပဒေချိုးဖောက်မှုကို လက်ပိုက်ကြည့်နေသော တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူရမည်ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ အားနည်းချက်များစွာရှိနေကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံဆွေးနွေးပွဲအခမ်း
အနား၌ ပြောကြားလိုက်သည်။ " ဥပဒေတွေကို စီမံခန့်ခွဲတဲ့ ပုဂ္ဂိုလ်တွေကလည်း ဥပဒေကို လိုက်နာရမယ်။ နိုင်ငံအတွင်းမှာနေတဲ့ မည်သည့်ပုဂ္ဂိုလ်မဆို လိုက်နာစောင့်ထိန်းရမယ်။ မလိုက်နာတဲ့သူက ချိုးဖောက်တဲ့သူ ဖြစ်တဲ့အတွက် ဥပဒေရဲ့ အရေးယူခြင်း ကိုခံရမယ်။ ဥပဒေချိုးဖောက်နေတာကို လက်ပိုက်ပြီး ကြည့်နေတဲ့ တာဝန်ရှိ သူတွေကိုလည်း ဥပဒေမလိုက်နာတဲ့အတွက် ဥပဒေနဲ့အညီ အရေးယူရ မှာဖြစ်ပါတယ် " ဟု သူရဦးရွှေမန်းက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Oct 2013 01:02 AM PDT

မြန်မာ့ကျောက်စိမ်းအရောင်းအ၀ယ်
လုပ်ငန်းအားလုံး၏ ထက်ဝက်နီး ပါးခန့်မှာ အခွန်အခနည်းနည်း၊ သို့မဟုတ် အခွန်စည်းကြပ်မှုလုံးဝမရှိဘဲ နယ်စပ် ဖြတ်၍ တရုတ်နိုင်ငံတွင်းသို့ တရားမ၀င်တင်ပို့ ရောင်းချနေခြင်းဖြစ်ရာ နိုင်ငံပြန် လည်တည်ဆောက်ရေးအတွက် အသုံးပြုနိုင်မည့် အခွန်ဘဏ္ဍာငွေအမေရိကန် ဒေါ်လာဘီလီယံပေါင်းများစွာ နစ်နာခဲ့ရကြောင်း စက်တင်ဘာ ၂၉ ရက် သတင်း များတွင် ဖော်ပြသည်။ ကချင်ပြည်နယ် ဖားကန့်ဒေသမှ တူးဖော်ရရှိသော ကျောက်စိမ်းများကို တရားမ၀င်နည်းလမ်းများဖြင့် ကုန်သွယ် ရောင်းချခြင်းကြောင့် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း များစွာ ဆုံးရှုံးနစ်နာခဲ့ရ သည့်အဖြစ်ကို တရားဝင်စာရင်းဇယား များအရ အတည်ပြုနိုင်ကြောင်း ရိုက်တာသတင်းဌာန၏ အဆို အရသိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Oct 2013 12:58 AM PDT

အရင် ငါးတွေပေါများတုန်းက မျိုးမချန်ဘဲ ပိုက်အကျဲ၊ ပိုက်အစိပ် အမျိုးမျိုးနဲ့ဖမ်းပြီး လုပ်ခဲ့တာတွေဟာ အခုလက်ငင်း ဒုက္ခတွေကို ခံစားနေရပြီ ဖြစ်ပါတယ်။ ငါးမျှားတဲ့ သူတွေကလည်း မိသမျှအကုန် ယူတယ်။ မျိုးဥနဲ့ ငါးပြေမတွေကို အလွတ်ပေးရ ကောင်းမှန်းလည်း မသိဘူး။ ဒီလိုနဲ့ ရွာနီးချုပ်စပ်က ချောင်းမြောင်းတွေမှာ ငါးမျိုးသုဉ်းခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဟင်းစားရှာတဲ့ ဆင်းရဲသား ကျောမွဲတွေဟာ အရဲစွန့်ပြီး ငါးကန်ထဲကငါးကို လာခိုးတော့ တာပါပဲ။ အင်းသားကြီးတွေ အလစ်မှာ အင်းထဲကို ဝင်တယ်။ ဒါ့ကြောင့် ညဘက်ကင်းလှည့်တဲ့ အင်းပိုင်ရှင်တွေနဲ့ တွေ့ရင် ပြဿနာ ဖြစ်တယ်။ အဖမ်းခံရတယ်။ ထောင်ကျတယ်။ ထောင်ကျသွားတော့ ကျန်ရစ်ခဲ့တဲ့ မိသားစုက ဒုက္ခရောက်ကြရတယ်။ ဒီလိုနဲ့ ငြိမ်းချမ်းနေတဲ့ရွာမှာ ပဋိပက္ခတွေ တိုးပွားလာတယ်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Oct 2013 12:56 AM PDT

ဂျပန်နှင့် မြန်မာ နှစ်နိုင်ငံ ရေတပ် ပူးပေါင်းကာ လုံခြုံရေးဆိုင်ရာကိစ္စများ လုပ်ဆောင်ရန် လတ်တလောတွင် အစီအစဉ် မရှိသေးသော်လည်း အနာဂတ်တွင် ပူးပေါင်း လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဂျပန် ရေတပ်လေ့ကျင့်ရေး ဗိုလ်ချုပ် Mr. Fumiyuki Kitagawa က ပြောကြားသည်။ မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ဂျပန်လေ့ကျင့်ရေး အငယ်တန်း အရာရှိများ လေ့လာရေး လာရောက်သည့် ဂျပန်လေ့ကျင့်ရေး စစ်သင်္ဘောသုံးစင်း သီလဝါ ဆိပ်ကမ်းသို့ စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လယ်က ဆိုက်ကပ်ချိန်တွင် ၎င်းက ထိုသို့ပြောဆိုခြင်း ဖြစ်သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Oct 2013 12:50 AM PDT

အမေရိကန်ပြည်ထောင်စုမှာ လွှတ်တော်က အစိုးရ အသုံးစရိတ်အတည်မပြုနိုင်လို့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားမယ်ဆိုရင် ဒါဟာ အဆုံးစွန် တာဝန်မဲ့ရာရောက်ပြီး စီးပွားရေးပြန်လည်ကောင်းမွန်လာ
ဖို့ ဆောင်ရွက်ချက်တွေကို ကမောက်ကမ ဖြစ်သွားစေလိမ့်မယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ပြောပါတယ်။ လွှတ်တော်အနေနဲ့ အစိုးရအသုံးစရိတ်မူကြမ်းကို အတည်ပြုပေးဖို့ သမ္မတက တနင်္လာနေ့ မွန်လွဲပိုင်းက ပန်ကြားခဲ့တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အစိုးရအသုံးစရိတ်မူကြမ်းအတည်ပြုပေးဖို့ လွှတ်တော်ကို တိုက်တွန်းနေတဲ့ သမ္မတအိုဘားမား။ (စက်တင်ဘာ ၃၀၊ ၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...