Friday, October 18, 2013

မိန်းကလေးများ သိထားရမယ့် မီးယပ်သွေးဆုံး လက္ခဏာများ



အမျိုးသမီးတွေ အရွယ်ရောက်ချိန်ကစလို့ မီးယပ်သွေးဆုံးချိန် အထိ (၁၃ နှစ်မှ ၄၅ နှစ်အထိ) ဓမ္မတာသွေး ပုံမှန်ပေါ်တတ်တယ်။ ဓမ္မတာသွေးပေါ်တာ မှန်ကန်ဖို့လိုတယ်။ မျိုးပွားခြင်း စတာကနေမျိုးပွားခြင်း လုပ်ငန်း ရပ်ဆိုင်းချိန်အထိ ဓမ္မတာကာလလို့ သတ်မှတ်ထားတယ်။


အမျိုးသမီးတွေ ရာသီသွေးပေါ်တာက ၂၈ ရက် သို့မဟုတ် တစ်လတစ်ကြိမ် ဖြစ်လေ့ရှိတယ်။ လစဉ်ဓမ္မတာ သွေးပေါ်ခြင်းကို ထိန်းချုပ်ထားတာ ဦးနှောက်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ဟိုက်ပိုသား မတ်ဖြစ်တယ်။ ဓမ္မတာသွေးပေါ်ခြင်းကို စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုက လွှမ်းမိုးထားတယ်။ စိတ်လှုပ်ရှားမှုတစ်ခုကြောင့် ဓမ္မတာ ရပ်တန့်သွားတတ်တယ်။ ဓမ္မတာ သွေးပေါ်ခြင်းနဲ့ သက်ဆိုင်တဲ့ ဟော်မုန်းတွေဟာ အီစတြိုဂျင်နဲ့ ပရိုဂျက်စတုံးတို့ဖြစ်တယ်။ ဓမ္မတာသွေးပေါ်တဲ့ ကာလဟာ သုံးရက်မှ ငါးရက်ထိဖြစ်တယ်။ တစ်ကြိမ်သွေးပေါ်ရင် သွေးဆုံးရှုံးမှု ၃ဝ မီလီမီတာ ဖြစ် တယ်။ အကယ်၍ ၈ဝ မီလီမီတာထက် ကျော်ခဲ့ရင် သာမန်မဟုတ်လို့ ဂရုစိုက်သင့်ပါတယ်။ ဓမ္မတာသွေးပေါ်ခြင်း ရပ်တန့်သွားခဲ့ရင် သာမန်ဇီဝကမ္မ ဖြစ်စဉ် များ ဖြစ်နိုင် သလို ရောဂါကြောင့် သို့မဟုတ် ကိုယ်ဝန်ကြောင့်လည်း ဖြစ်နိုင်တယ်။
မီးယပ်သွေးဆုံးချိန်မှာ ဖြစ်ပွားတတ်တဲ့ ဝေဒနာအမျိုးမျိုးကို သွေးဆုံး ဝေဒနာများလို့ ခေါ်တယ်။ ခန္ဓာကိုယ်အတွင်း မတည်ငြိမ်မှုဖြစ်ပေါ်တဲ့ လက္ခဏာများလို့ ခေါ်တယ်။ ခန္ဓာကိုယ်နေရာ တချို့ (ဥပမာ- မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်ပိုင်း) ပူရှိန်းရှိန်း ခံစားရခြင်း၊ စိတ်ပင်ပန်းခြင်းနဲ့ အလုပ်ပင်ပန်းဒဏ်ကို မခံနိုင်ခြင်းစသည်တို့ ခံစားရတတ်တယ်။ ကောင်းစွာ အိပ်မပျော်ခြင်းလည်း ဖြစ်ပေါ်တတ် တယ်။ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများအနေနဲ့ စိတ်ကယောက်ကယက် ဖြစ်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဆိုးလွယ်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းများ ဖြစ်လေ့ရှိတယ်။

ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများမှာ ကြွက်သားတွေ အားနည်းယုတ်လျော့သွားလို့ ဆီးသွားရာက ဆီးကျန်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းနဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းတို့ ဖြစ်နိုင်တယ်။

အရိုးနဲ့ဆိုင်တဲ့ ရောဂါများအနေနဲ့ အရိုးပွခြင်းဟာ သွေးဆုံးပြီးတဲ့ အမျိုးသမီးများအတွက် အဓိက ပြဿနာတစ်ရပ် ဖြစ်တယ်။ အရိုးပွခြင်းနဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အရိုးကျိုးခြင်းဟာ မကြာခဏကြုံတွေ့ ကြရတတ်တယ်။

တစ်ခါတလေ ကိုယ်ဝန်ရှိသလို ခံစားရတတ်တယ်။ မနက်မိုးလင်းအိပ်ရာ ထထခြင်းရတဲ့ ဆီးကို ကိုယ်ဝန်ရှိ၊ မရှိစမ်းသပ်ခြင်းနဲ့ တီဗွီဓာတ်မှန်ကြည့်ခြင်းဖြင့် အလွယ်တကူသိနိုင်တယ်။ အခြားသိနိုင် တဲ့ အချက်တွေက အိမ်ထောင်ရှိသူ အမျိုးသမီးတစ်ဦး လစဉ် ဓမ္မတာ သွေးမဆင်းရင် ကိုယ်ဝန်ဆောင်တာ ဖြစ်နိုင်တယ်။ မနက်အိပ်ရာထ ဝေဒနာများဟာ ကိုယ်ဝန်ရှိစ တစ်လကနေ သုံးလအတွင်း နံနက်အိပ်ရာထစမှာ ပျို့ခြင်း၊ အန်ခြင်း၊ မအီမသာ ဖြစ်ခြင်းနဲ့ ဗိုက်အောင့်ခြင်းစသဖြင့် ခံစားရတတ်တယ်။ မီးယပ်သွေးဆုံးမှာလည်း အဲဒီလို လက္ခဏာများ ခံစားရတတ်တယ်။ မကြာခဏ ဆီးသွားချင် လို့ ရေအိမ် တက် နေရ တတ်တယ်။ သွေးဆုံးခါနီးရင် ဆီးလမ်းကြောင်း ပိုးဝင်တာ ဖြစ်တတ်တယ်။ မီးယပ်သွေးဆုံးမှာ အဲဒါ မျိုး တွေ့ ရနိုင် တယ်။ စိတ်ပိုင်းဆိုင်ရာ ကယောင်ချောက် ချား ဖြစ်တာ၊ အိပ်မရတာ မျိုး သွေးဆုံးခါနီး မှာ တွေ့နိုင်တယ်။

မြ၀တီ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...