Sunday, October 20, 2013

ဖေါက်ပြန်သော ပညာရှင်များဆိုတာ

October 20, 2013 at 3:29pm
 ပညာရှင် ဆိုသူတို.၏ ဖေါက်ပြန်မှု ကို တမဟုတ်ခြင်းသိတဲ. အသိဟာ တော်လှန်ရေးအသိဖြစ်တယ်။

စစ်အုပ်စု၏ မရိုးနိုင်သော အကျင်.
 စစ်အုပ်စုဟာ လူတန်းစား အဖွဲ.အသီးသီး ကိုယ်စားပြုတဲ. တိုက်ပွဲဝင်အင်အားစုများကို သေးသိမ် အားနည်းအောင် လုပ်ဆောင်တဲ. အခါမှာ၊
--သူတို.မီးသေတဲ. လူတဦး သို.မဟုတ် လူတဖွဲ.ကို သူတို.ပစ်မှတ်ထားတဲ. အဖွဲ.အစည်း တွေ၏အတွင်းစည်းထဲ မှာ သွားမြှပ်နှံထားကြတယ်။
--အတွင်းစည်းထဲ သူတို.မီးသေတဲ.လူရောက်တဲ. အခါ၊ ဒီမိုအယောင်ဆောင် စစ်အုပ်စု၏ကိုယ်စားလှယ်များကသာ၊  ခေါင်းဆောင်နေရာကို မရအရ ယူပြီး ပထမ စည်းရုံးရေး၊ ဒုတိယ နေရာယူ၊ တတိယ  သူတို.တက်တစ်စ် တွေ ကိုသာ ရည်ရွယ်ချက်များ စနစ်တကျချထား  အမိန်.ပေးခိုင်း၊ ပုံဖေါ်ယူတတ်ကြတယ်။

သည်တော.၊ ပညာရှင်ဆိုသူတွေ လာတရားဟောပြီ၊ ပညာလာပေးပြီ၊ အဖွဲ.အစည်းထဲ ဟန်ကောင်းကောင်း နဲ. ၀င်လာပြီ ဆိုလျှင် လူငယ်လေးတွေ သံသယ ထားတတ်ရမယ်။ပထမဆုံး ပညာရှင်တို. အပြော အဟောတွေဟာ ဘယ်လူတန်းစား အတွက်လဲ ဆိုတာ လူငယ်လေးတွေ စောကြော နိုင်ရမယ်။

ရှေ.နောက်မညီသော ပညာရှင်တို.၏် အပီနယံများ
အန်အယ်ဒီထဲ စိမ်.၀င် ခြေကုပ်ယူနေတဲ. ပညာရှင် ဆိုသူတွေ၏ အန္တရာယ်ကို အနည်းငယ် တပ်လှန်.ပြီးပါပြီ။ နောက်ထပ် အနီးဆုံးဥပမာ တခုထပ်ပေးရလျှင် …မင်းဇင်နဲ. ပတ်သက်ပြီးလည်း ထောက်ပြချင်စရာ အချို.ရှိပါတယ်။ မင်းဇင်ဟာ ၂၀၁၂ -၂၀၁၃ အတွင်း သိန်းစိန် အစိုးရ အလိုကျ ဇောင်းပေးပြောဆို မှု၊ရေးသားမှု တွေ ရှိခဲ.တယ်။ဒီ. အပြင်၊ သူ.အပြုအမူတွေ မှာ ရှေ.နောက် မညီညွတ်မှုအချို.ကို လည်း တွေ.နေရတယ်။  သူတင်ထားတဲ. အဆိုပြုလွှာ များ က တဆင်.၊ စစ်အုပ်စု ကို ထောက်ခံ ပြနေလို.၊ မနှစ်က စာရေးသူက ဒါတွေကို တင်ထားတဲ. ဘလော.ဂ်ဂါ များကို တောင် လှမ်းသတိပေးခဲ.ပါတယ်။

တဖန်- ၂၀၁၃ မှာလည်း သိန်းစိန်၊ ရွှေမန်း တို. အမေရိက နဲ.ဥရောပ တခွင် လော်ဘီ လုပ်၊ အနောက်နိုင်ငံများကို အယုံသွင်းနေချိန်မှာ၊ မင်းဇင် ၏ စစ်အုပ်စု ရီဖေါင်းဆိုင်ရာ အတွေးအမြင် ရေးသားချက်၊ အပီနယံတွေဟာ၊ အသုံးအနှုံးသာ ကွဲချင်ကွဲမယ်။ အနှစ်သာရအားဖြင်.၊ သိန်းစိန်လက်အောက်က စစ်တပ်မီဒီယာ၊ ခရိုနီမီဒီယာနဲ. သိပ်မကွာလှပါဘူး။ ခြုံပြောရလျှင်  “သိန်းစိန် အစိုးရ သိပ်မဆိုးပါဘူး။ တကယ်ပြောင်းလဲနေပါတယ်။ သည်ရီဖေါင်းတွေကို သာ တခဲ နက် ထောက်ခံကြပါ” လို.၊ ပါးပါးလေး ပြော တပတ်ရိုက် ထားတာ နဲ. အတူတူပါပဲ။

 အံ.သြစရာကောင်းတာက မဲဆောက် နယ်က တချိန်က ဒေါင်ဒေါင်မြည် ဝေဖန်ရေးဆရာများဟာ ခု ၂၀၁၃ အရောက်၊ မင်းဇင်ကို သူတို.ပါ မသိမသာ အလိုတူ အလိုပါ ၀ိုင်း တင်ပေးနေကြတယ်။ စစ်အုပ်စု ၏ ရွှေရည်စိမ် ရီဖေါင်းများကို တဖက်က ကန်.ကွက်သူများဟာ၊ ကျန်တဲ.နောက်တဖက်မှာ သည် ရီဖေါင်းမ် တွေကို အလိုတူအလိုပါ တောက်လျှောက် ကြော်ငြာ ထိုးပေးသူ များကို မသိချင်ယောင်ဆောင်နေကြပြန်တယ်။အချင်းချင်း  ပြန်တင်ပေးနေကြပြန်တယ်။ ဒါဟာ၊ အလွန်.အလွန် သိသာတယ်။ partisan ဂိုဏ်းစွဲ၊ အဖွဲ.စွဲကြောင်.၊ကိုယ်.လူ အမှား ကိုယ်  မမြင်ချင်ယောင်ဆောင်၊ တမင် လွှတ်ထားတဲ.၊ ရှေ.နောက် မညီညွတ်မှုအကြီးစားကြီးဖြစ်တယ်။

ဗကသ ကို အားကိုးကြ။
 ရပ်တည်ချက်ရှာ၊ ဝေးဝေး မကြည်.ပါနဲ.။ ဗကသ ကို ကြည်.ပါ။ ဗကသ ကပြောတဲ. ကျောင်းသားလူငယ်တွေ မဖြစ်မနေ လုပ်ရမဲ. အမျိုးသားရေး၊  တော်လှန်သော လက္ခဏာပါတဲ. နိုင်ငံရေးကို ပဲ ကြည်.ပါ။၈၈၈၈ ရန်ကုန်ငွေရတု အထိန်းအမှတ်ပွဲမှာ စစ်အုပ်စုကိုကြည်ညိုစပြုနေတဲ.ဒီမို တွေ နှင်. ၈၈၈၈ စီနီယာတို.ဟာ ၊ရန်သူ. ပီအာရှိုးများ ကိုပါ ကာလံဒေသံ တိုက်ဆိုင်စွာဖြင်. ရန်သူ. လက်ရွေးစဉ်များ မျက်နှာပြောင်တိုက် လုပ်လို.ရအောင် အခွင်.အလမ်းတွေ ဖွင်.ပေးခဲ.တယ်။ ထို.အပြင် ပြီးခဲ.တဲ. ရန်ကုန်ငွေရတုပွဲ မှာ မူလ ၈၈၈၈ တိုက်ပွဲဝင်စိတ်ဓါတ် နဲ. စစ်အာဏာရှင်စနစ်ဆန်.ကျင်တွန်းလှန်ရေး ကို အနှစ်သာရ အားဖြင်.လည်း မည်သည်.အဖွဲ.အစည်းကမှ မဖေါ်ဆောင်ခဲ.ကြပါဘူး။ အခန်းအနားမှုးတွေ ကလည်း မည်သည်.ဆောင်ပုဒ်ကိုမှလည်း ပြတ်ပြတ်သားသား ချမပြခဲ.ကြပါဘူး။ သည်တော.-ထိုပွဲ ဟာ ပွဲတပွဲ မျှသာပဲ။ လူများပြီး အချင်းချင်း သွေးကွဲစေတဲ.၊ အခန်းအနားတခုအဖြစ်သာကျန်ခဲ.တယ်။

သို.သော်--စစ်တပ်မီဒီယာနဲ.သူတို. တက်တစ်စ် တွေကို ကြောင်းကျိုးခွဲ မမြင်နိုင်စွမ်းသူတွေက၊ (ပေါခြောင်၊ သို.သော်--လုံးလုံး မကောင်းသည်.) အိုင်ဒီယာတွေကို ဤသို. လှိုင်လှိုင်ကြီး အတင်းရောင်းကြတယ်။ သူတို. ဈေးရောင်းပုံကတော.၊ သည်လိုပါ။ ၁၉၈၈ မှာ ... ခြေမှုန်းခံခဲ.ရတဲ.သူတွေနဲ. အကြမ်းဖက် ခြေမှုန်းသူ၊ ခံရသူ နှင်. ပြုသူ၊ ကျူးလွန်ခံရသူ နှင်.ကျူးလွန်သူ --သည် လူတန်းစား ၂မျိုး တို. အတူတကွ ယှဉ်တွဲ ထိုင်နေနိုင်တဲ. ရုပ်အပြု အမူ နဲ. ပွဲ လုပ်ခွင်.ရတဲ. အပေါစား ပါမစ် ကို၊ တကဲ. ဒီမို ကရေစီ၏ ရောင်နီဦး ကြီးအလား၊ တကဲ.တိုးတက်မှုကြီးအလား ရုပ်ပျက်ဆင်းပျက် ကြော်ငြာပေးကြတယ်။ သည်အချိန်မှာ ဗကသ၏ ရပ်တည်ချက်ဟာ သမိုင်းတွင်ခဲ.တယ်။ ကျူးလွန်သူစစ်အုပ်စု၏ ၀င်ကြော်ငြာထိုးမှု ကို ဗကသ ဟာ ဗြောင် ဆန်.ကျင်ပြခဲ.လို.ဖြစ်တယ်။ သည်လို ကျောင်းသား သမဂ္ဂမျိုး ၏ တက်ကြွလွပ်လပ်သော ဖီဆန်မှု မျိုးကို အခသ လူငယ် သမဂ္ဂလေးများက လိုက်အတုယူရမယ်။

ကျောင်းသားများ လုပ်ရမဲ. အမျိုးသား နိုင်ငံရေးဆိုတာ
 စစ်အုပ်စု၏ အကျင်.အကြံကို သိတဲ. ဗကသဟာ အစဉ်အလာကြီးတဲ. ဗကသ ၏ သမိုင်းအတိုင်း၊ ကျောင်းသားစစ်စစ် တွေ လှုံ.ဆော် ဦးဆောင်လျှက် စစ်မှန်တဲ. အမျိုးသားရေး၊ ဆိုတာ ဘာလဲ ဆိုတာ ကို သက်သေပြနိုင်ခွင်. ရလာမယ်လို.ယုံကြည်ထားတယ်။ ကျောင်းသားလူငယ်ဆိုတာ သူတို. နှလုံးသားထဲမှာ ရဲရင်.မှု ရှိပြီးသား။ သည်တော. မတရားမှုကို ဖီဆန် ဖယ်ရှားချင်တဲ. အရိုးခံ စိတ်ဓါတ်ရှိကြတယ်။ သည်စိတ်ဓါတ်နဲ. လူငယ်တွေ အကြောက်အလန်.မရှိ၊ ဦးဆောင် နိုင်စွမ်းရှိလာပြီဆိုလျှင်၊ သူတို.ဟာ  စစ်အုပ်စု အလီလီ အသုံးချနေတဲ. "စုတ်ပြတ်ညစ်မဲ အလွန်ကောင်ကျစ်တဲ. အမျိုးသားရေး အတု" နဲ. ဘာမှ မဆိုင်တဲ.၊ တိုင်းပြုပြည်ပြု အမျိုးသားနိုင်ငံရေးကို ကျောင်းသားတွေ တကယ် တတ်နိုင်တယ်၊ ဖန်တီးဖေါက်ခွဲနိုင် ကြတယ်ဆိုတာ ရန်သူက သိတယ်။ ကိုလို နီစနစ်က စလို. တမျိုးသားလုံးအပေါ်ကျရောက်တဲ. မတရားမှုမှန်သမျှကို အပြတ် တွန်းလှန်ခဲ.တဲ.၊  ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ရဲ. မွန်မြတ်တဲ. သမိုင်း ရှည်ကြီးထဲ မှာ  ကျောင်းသားတို.ရဲ. အမျိုးသားနိုင်ငံရေးဟာ ဖိနှိပ်မှု ကို ဆန်.ကျင်ပြခဲ.တယ်။ မတရားမှု ကို ဆန်.ကျင်ပြခဲ.တယ်။  စီးပွားရေးခေါင်းပုံဖြတ်မှု တွေကို အမြစ်ပြတ်တွန်းလှန်ပြခဲ. တယ်။

ဒီတော. ကျောင်းသားလုပ်တဲ. နိုင်ငံရေးဟာ ခိုင်မာဖြောင်.တန်းတဲ.၊ နိုင်ငံရေးအခြေခံတွေ ပါတဲ. အမျိုးသားနိုင်ငံရေး အစစ်ဖြစ်တယ်။   လက်ရှိ ဗကသ ဟာ ဗိုလ်ချုပ်တို.ခေတ်က သမဂ္ဂ အတိုင်း၊ နေ၀င်း၊ စောမောင်၊ သန်းရွှေ စစ်အစိုးရ အားလုံးကို တောက်လျှောက် ကလန်ကဆန် ပြုခဲ.တယ်။ အမှန်လည်း အလီလီ သွေးမြေကျ၊ အနာခံ တော်လှန်ခဲ.တဲ. ကျောင်းသား သမဂ္ဂ အစစ်ကြီး  ဖြစ်တယ်။ သည်တော.   ပြည်သူလူထု နဲ.ကျောင်းသားအစစ်တွေ သိတဲ. စစ်မှန်တဲ. သမဂ္ဂ စိတ်ဓါတ် ဟာ၊ ကျောင်းသားလူ ငယ်နိုင်ငံရေး လုပ်ပိုင်ခွင်.ကို   ကွက်ကြားမိုးလို၊ လူရွေးပေး အခွင်.အရေးပေါ်မှာ အခြေခံပြီး ကိုယ်.လူ ကိုယ် ပြန်သတ်မဲ.၊ အဖွဲ.အစည်း မျိုး တွေကို  တချက်တည်းငြင်းပယ် လေ.ရှိကြတယ်။

ဒါပေမဲ. …မျက်မှောက် အခြေအနေတွေ အရ၊ အန်အယ်ဒီနှင်. ပွင်.လင်း ၈၈၈၈ စီနီယာ ရုံးတို. ကြားခံနေတာမို.၊ တခြားတခြားသော တိုးတက်သော လူငယ်အဖွဲ.အစည်းများက၊ စံချိန်မှီ  တကဲ. နိုင်ငံရေး အလုပ်တွေကို လွတ်လပ်စွာ လုပ်ပြနိုင်ဖို. အခွင်.အရေးများ နည်းပါး လာတာကို တွေ.ရတယ်။ အလုပ်မလုပ်သူတွေ အတွက် ရုပ်ပစ္စည်း အခြေအနေတွေ ပေါများလွယ်ကူလှပေမဲ.၊  အလုပ်လုပ်သူတွေ ဖက်မှာ တော. ရုပ်အရင်းအမြစ် ရှားပါးချို.တဲ.လွန်းလှတယ်။ ဘာဖြစ်လို. ဒီလိုဖြစ်နေလဲ ဆိုတော.၊  စစ်အုပ်စု ဟာ ပူးသတ်၊ ပူးကပ်၊ စွက်ဖက် သွေးခွဲ၊ နည်းပေါင်းစုံသုံးပြီး တော်လှန်သော ကျောင်းသားလူငယ် တွေကို ဖိနှိပ် ဒုက္ခပေးနေဆဲ ပဲမို. ဖြစ်တယ်။ စစ်အုပ်စုဟာ ငါးကြင်းဆီနဲ. ငါးကြင်းကြော် နေတယ်။ တော်လှန်သောအဖွဲ.အစည်းအစစ်များရ ရမဲ.၊ ရုပ်အရင်းအမြစ် နဲ. အကူအညီတွေကို စစ်အုပ်စုက လိုက် ကန်.သတ် နေရုံသာမက၊ တချိန် ဒီမို စစ်စစ်ကျောင်းသားဟောင်းကြီးများက စစ်အုပ်စု ဆက်ရမ်းကားဖို. ရံပုံငွေကြီးများ ရအောင် ကမ္ဘာ လှည်. လိုက်တောင်းပေးနေရတဲ. ပုံထွက်နေတယ်။

 အကောင်းဖက်က ကြည်.လျှင်လည်း၊ သည်လို ခဲယဉ်းစွာ ရပ်တည် တောင်.ခံပေးနေရတဲ. ဒီမိုကရက်တစ် အင်အားစု ထဲက၊  စစ်စစ်မှန်မှန် လူငယ် လေးတွေ ရဲ. အရည်အသွေးကလည်း   ခုမှ မှတ်ကျောက်တင်ခံနိုင်တဲ. ကာလမျိုး ဖြစ်လာပြန်တယ်။ ဒါကြောင်.  နုနယ်ပေမဲ. ၊ အမြင်စူးရှ  တိုးတက်သောလူငယ်ကလေးများဟာ ပြတ်သားခိုင်မာတဲ.၊ လူထု အကျိုးပြု လမ်းကို   တချက်တည်း ရွေးဖို. လိုပါတယ်။ ပညာရှင် ဆိုသူ တွေ ရဲ.  မြန်မာစစ်အာဏာရှင်များ အလိုကျ ဇောင်းပေးပြောဆိုချက်တွေကို ပယ်ရမဲ. အရာလို.ချက်ခြင်း သိအပ်တယ်။

အကြံပြုချက်
စာရေးသူဟာ အရှင်မွေး နေ.ခြင်းကြီး၊ စစ်အုပ်စု လက်အောက်ခံ  ပညာရှင်ဆိုသူများအပေါ် အထူး သံသယ ရှိတယ်။  ဘာကလေ ကျောင်းသား ပညာတတ် ကိုမင်းဇင် ၏ ရပ်တည်ချက် ကို သူ.လမ်းကြောင်း၊ ပြောဆိုမှုနဲ. ချဉ်းကပ်ပုံတွေ အရ အနည်းငယ် သံသယ ရှိပါတယ်။ အခသ ကို မည်သည်.လမ်းကြောင်းအတွက် စည်းရုံးရေး ဆင် မယ် ဆိုဆို၊ သေခြာလျှင် လမ်းပေါ်သာ ထွက်ခိုင်းလိုက်ပါလေ။ ဗကသ၊ အခသ စိတ်ဓါတ် ဟု တသီးတခြား တည်ရှိနေစရာ မလို အပ်သလို၊ စစ်အုပ်စု အကျိုးစီးပွားကို သာ ဥပယ်တမည်နှင်. ကာကွယ်၊ ထောက်ခံ၊ ဇောင်းပေးပြောဆိုနေသရွေ.၊ ပညာရှင်တွေ ဖက်က တက်လာသော သီးခြားခေါင်းစဉ် မှန်သမျှ ကို မေးခွန်းထုတ်ကြပါ။ (လူထု တိုက်ပွဲ များကို တမင် ပတ်ရှောင်၊ လက်တလုံးခြားလုပ်နေကြသရွေ.) ခု ဖြစ်နေတဲ.နိုင်ငံရေးဟာ ဘယ်သူ. အကျိုးစီးပွားအတွက်လဲ ဟု လူတိုင်း၊ က အဖွဲ. အစည်း တိုင်းကို မေးရပါလိမ်.မယ်။

 နေ၀င်းဟာ ဒေါက်တာမောင်မောင်၊ပညာရေးကိုင်တဲ.ဒေါက်တာညီညီတို.လောက်နဲ. ပင် နိုင်ငံကို အတော်ဒုက္ခပေးနိုင်ခဲ.တယ်။ သိန်းစိန် စစ်အုပ်စုကတော.၊  ဒေါက်တာများစွာ ကို လခစားအဖြစ် ငှားပြီးသား ဖြစ်ပါတယ်။  ဒီတော. ပညာရှင်တို.၏ လူထုဆက်ဆံရေး မိုဒယ်များကို အထူး သံသယ ထားဖို.လို အပ်တယ် လို. အကြံပြုချင်ပါတယ်။ ပွင်.လင်း ၈၈၈၈ ရုံးကို ဝေဖန်တဲ.သူတွေဟာ၊ နိုင်ငံခြားပြန် ပညာ ရှင်များ ကို ချမ်းသာပေးမယ်ဆိုလျှင် အတော်.ကိုသဘာဝမကျ၊ ဒါကြောင်. စစ်အုပ်စုငှားယမ်း အသုံးပြုနေတဲ. ပညာရှင်ဆိုသူတွေကို တိတိကျကျ ဝေဖန်ဖို.တိုက်တွန်းလိုပါတယ်။ 

သည်တော. အဖွဲ.အစည်းများအတွင်းက ၀တ်ရုံအမျိုးမျိုးနှင်.ပညာရှင်များ ကို သူတို.မူအရ ဆန်းစစ်ကြပါ။
စစ်အုပ်ချုပ်ရေး အမြစ်ပြတ်တွန်းလှန်သူများကို  အားမပေးသူမှန်သမျှု လမ်းပိတ်၊နှောက်ယှက်သူမှန်သမျှ ဟာ ပြည်သူလူထု ရန်သူဖြစ်တယ်။
စစ်အုပ်စု၏ အခစားစလေ ဦးပုည မှန်သမျှကို တချက်ပေါ်တချက်သိ၊ စနစ်တကျ ဆန်းစစ် ကြပါ။  စစ်အုပ်စု ကိုဖီဆန်နေဆဲ လယ်သမား၊ အလုပ်သမား၊ လူထုတိုက်ပွဲရှိရာနေရာတွေမှာ ပဲ အားလုံး မတွေမဝေ ရပ်တည်နိုင်ကြပါစေ။

ဒီမိုကရက်တစ်မဖြစ်တဲ. စစ်အုပ်စုနဲ.လက်ချင်းချိတ် လက်ဝါးရိုက်ထားသော လူပုဂ္ဂိုလ်များ၊ အုပ်စုများ၏ ဖေါက်ပြန်မှု ကို တမဟုတ်ခြင်းသိတဲ. အသိဟာ တော်လှန်ရေးအသိဖြစ်ပါတယ်။

Aye Aye Soe Win
(aasw)
10-20-2013

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...