Sunday, October 20, 2013
“ ညှို့ ငင် …လွမ်း ”
October 20, 2013 at 6:25am
လပြည့်ည ဆိုတော့ လမင်းကြီးကရွှန်းရွှန်းမြမြ သာနေပါရဲ့ ….
ပြူတင်းမှန်ချပ်တွေကိုထိုးဖောက်ပြီး နွယ့် ကုတင်ပေါ် ဖြာကျလင်းပလာတဲ့ လရောင်ကို ဘယ်လိုတားရပါ့ …
မလိုချင်ပါ ..မမြင်ချင်ပါ…
လူတစ်ကာ မျှော်လင့် တောင့် တတတ်တဲ့ လရောင်ကို နွယ်မုန်းပါတယ်…။
ညမိုက်ညတွေချည်းသာ ရှိနေပါတော့…လို့ နွယ်ဆုတောင်းရင် လမင်းမျှော်သူအပေါင်းကနွယ့် ကို ငြူစူကြမှာပါ…
ည ဆိုတာ လ မရှိရင် မပြည့်စုံတော့ဘူးတဲ့ လား..
မဟုတ်ပါဘူး…ကြယ်လေးတွေရှိသားပဲလေ….
ညရေ…ကြယ်လေးတွေနဲ့ နေပေးပြီးလမင်းကြီးကိုမခေါ်ပါနဲ့ လား ဟင် …
လရောင်ကို…နွယ်ကြည့်မြင်နိုင်စွမ်းမရှိလို့ ပါ…
လရောင်ဟာ  ဒီရေကိုတင်မကဘဲ နွယ့် နှလုံးသားတွေကိုလည်း လွမ်းဆွတ်အောင်ညှို့ ငင်နေလို့ ပါ…
တစ်ခြားအချိန်တွေမှာ မေ့ ထားလို့ ရပေမယ့်  လရောင်ကို မြင်ရရင် နွယ့် နှလုံးသားထဲကအလွမ်းတွေ ဟာ နွယ်ဘယ်လိုမှထိန်းချုပ်လို့ မရတဲ ယိုစိမ့် စီးဆင်းလာတော့တာပါပဲ…
ငိုကြွေးခြင်း နဲ့ အရှုံးမပေးချင်တဲ့ နွယ်ဟာ..သူ့ ရှေ့ မှာ ဘယ်တော့ မှ မငိုမိအောင်မာန်တင်းနိုင်ခဲ့ လို့ လို့ နွယ့် မျက်ရည်တွေကို သူမမြင်ဖူးပါဘူး…သူ သိတဲ့ နွယ်ဟာ…. စကားတခွန်းကအစ အတင်စီးမခံ ၊အကြောမခံ တဲ့  မိန်းမတစ်ယောက်ပေါ့ ….
တကယ်တော့ နွယ်ဟာ ရင်ထဲက ချစ်ခြင်းမေတ္တာ ကို တိတ်တိတ်လေးသိမ်းခဲ့ ရသူဆိုတာတော့
သူ မသိခဲ့ပါဘူး..။
သိအောင်မကြိုးစားခဲ့ တာလည်းပါမှာပါ..လို့ နွယ် စွပ်စွဲရင် ခနဲ့ တဲ့ တဲ့  နဲ့  သူ ပြုံးဦးမှာပါ…
ကိုယ်မနှစ်သက်တဲ့  အကျင့် စရိုက်တွေရှိတဲ့  သူတစ်ယောက်ကို မကြိုက်တဲ့ ကြားကနေ သံယောဇဉ်မကုန်နိုင်သေးတာ
တကယ်တော့…သူ လည်းသိခဲ့ တာပဲလေ
သူ နဲ့ နွယ် လုပ်ငန်းခွင်တခု မှာ စတွေ့ တုန်းကတည်းက အလုပ်ကြိုးစားပြီးတိုးတက်အောင်မြင်ချင်တဲ့ သူ့ ကို နွယ်သဘောကျမိပါတယ်..။
လုပ်ဖော်ကိုင်ဖက်အနေနဲ့ ခင်မင်လာကြတော့လည်း သူ့ ရဲ့ အိပ်မက်တွေကို နားထောင်ပေးရင်း သူ့ လိုအင်ဆန္ဒတွေပြည့်လာဖို့ ဘယ်လို လုပ်ပေးရမလဲလို့ တွေးပေးခဲ့ တယ်…
မိဘမရှိ တော့ ဘဲ လောကကြီးထဲမှာ တစ်ယောက်တည်း ရုန်းကန်ကြိုးစားနေရတဲ့ သူ့ အပေါ် သနားမိတယ်…။ လိုတာဖြည့်ပေးချင်မိတယ်…။အချိန်ကြာလေ ..သူ့ အပေါ် သံယောဇဉ်တွေတိုးလာလေ  မို့ နွယ် ဟာ နွယ့် ဘ၀အတွက်ထက်  သူ့ ဘ၀အတွက်ပဲ အမြဲစဉ်းစားပေးခဲ့ပါတယ်…။
ပြောရရင်…သံယောဇဉ် နှောင်ကြိုးကို  ငင်ခဲ့သူက  နွယ်ပါ …
သူဟာ  သူ့ အတွက်အမြဲဦးစားပေးပြီး သူ့ အပေါ်ကောင်းလွန်းလို့ သာ နွယ့် ကို ခင်တွယ်လာပေမယ့် 
တကယ်တော့  အတ္တကြီးတတ်သူပါ…။ သူဖြစ်ချင်တာ၊  သူ လိုချင်တာတွေနဲ့ လုံးထွေးရစ်ပတ်ပြီး
နွယ့် စိတ်ကို နားလည်မပေးတတ်သူပါ….။
ဒါပေမယ့်လည်းလေ.. ကမ္ဘာဦးအစကနေ ခုထိလည်း အမြဲ ဖြစ်တည်နေတဲ့ အမှန်တရားဟာ
 အချစ်ကြီးသူဟာ ရှုံးစမြဲပါ…
နွယ် ဟာ သူ့ ဘ၀အတွက်ပဲခေါင်းထဲထည့် ပြီး သူသွားချင်တဲ့ နိုင်ငံ သွားရဖို့  ၊ သူသင်ချင်တဲ့ ပညာသင်ရင်း သူလုပ်ချင်တဲ့ 
အလုပ်ရအောင် အသိမိတ်ဆွေတွေ အကူအညီနဲ့  လိုက်စုံစမ်းပေးခဲ့တယ်…။သူအွန်လိုင်းကနေစာမေးပွဲဖြေဖို့ အတွက် ဘာတွေလေ့လာရမလဲသိအောင်မေးပေးခဲ့တယ်…
သူ ၀င်ခွင့်အောင်ပြီးသွားဖို့ ဗီဇာကျလာတော့  သူ့ ထက်ပိုပျော်ခဲ့ ပါတယ်….။
သူသွားခါနီး လိုတာတွေလိုက်ဝယ်ပေးပြီး ရေခြားမြေခြားမှာ ဘယ်လိုနေ ၊ ဘယ်လိုထိုင်ပါဆိုပြီး တတွတ်တွတ်ပြောနေတဲ့ နွယ့် ရင်ထဲကသံယောဇဉ်ကို သူ သိမှာပါ…။
ဒါပေမယ့် …သူ  မသိချင်ယောင်ဆောင်ခဲ့ တယ်….
နွယ့် စေတနာကို အသိအမှတ်ပြုတဲ့ စကားတစ်ခွန်း မှ သူမဆိုဖူးဘူး
နွယ့် ကို ညင်သာနူးညံ့ တဲ့ လေသံနဲ့ သူ တခါမှမပြောဖူးဘူး
သူ့ ကိုလိုက်ပို့ တဲ့ နေ့  …. လေဆိပ်ထဲမှာ သူ့ ကို အကြာကြီးခွဲရတော့မှာမို့ နွယ်   ၀မ်းနည်းနေပေမယ့် သူ ကတော့ နောက်ပြောင်ရယ်မောနေနိုင်ခဲ့ တယ်..။
သူ ရေခြားမြေခြားမှာ အဆင်ပြေနေရာကျတဲ့အထိ နွယ် လှမ်းပူပင်ပေးခဲ့တယ်…။ကျောင်းလည်းတက်ရပြီ ၊ အလုပ်လည်းရပြီ ဆိုတော့မှ နွယ့် မှာ ဟင်းချနိုင်ပါတော့တယ်..။သူ့ အပေါ်လေးနက်တဲ့ မေတ္တာ ၊ စေတနာ တွေ ထားနေတဲ့ နွယ်ဟာ သူ့ ဆီက စကားတစ်ခွန်းကိုတော့  လိုချင်မျှော်လင့် မိတာအမှန်ပါ …။
နွယ် စောင့်ခဲ့ပါတယ်…
နွယ့် .. ကိုချစ်တယ်..ဆိုတဲ့ စကား သူပြောလာမယ့်အချိန် နွယ် စောင့်ခဲ့ပါတယ်…
ဒါပေမယ့် …. သူ ကျောင်းတက်ရင်း အလုပ်လုပ်ရင်း သုံးနှစ်ကျော် ကြာလာပေမယ့်  နွယ်ထင်သလို ဖြစ်မလာခဲ့ ဘူး…
နွယ့် ဆီကဂရုစိုက်တာပဲ ခံချင်ပြီး နွယ့် ကို ဂရုစိုက်ကြင်နာတဲ့ စကား သူမပြောခဲ့ဘူး..။
 အွန်လိုင်းမှာဆုံကြရင်း… တဖြည်းဖြည်းနဲ့  နွယ့် ကိုသူ  ပိုင်စိုးပိုင်နင်းစကားတွေပြောဆိုလာတော့ ရင်နာလိုက်တာ…
 နွယ်လိုချင်တာ ဒီလိုစကားတွေမှမဟုတ်တာ…
ချစ်ခြင်းမေတ္တာ ကို နူးညံ့  သိမ်မွေ့ စွာ ခံစားရင်ခုန်ချင်တဲ့ နွယ် ဟာ သူ့ ရဲ့ သားပြောမယားပြောပုံစံနဲ့ ပြောတတ် တဲ့ ကြမ်တမ်းတဲ့  စကားလုံးတွေကို  လုံးဝ မနှစ်မြို့ ဘဲ စိတ်တိုဒေါသဖြစ်ရမြဲပါ…။
နွယ့် ရင်ထဲမှာ အမြတ်တနိုးနဲ့ သိမ်းဆည်းထားတဲ့ အချစ်ဆိုတဲ့ အမြုတေရတနာလေးသိပ်အဖိုးတန်ပါတယ်…
ခေတ်တွေဘယ်လိုပြောင်းပြောင်း….မိန်းကလေးတစ်ယောက်ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်ခွင့် ပန်တတ်မှ ၊တန်ဖိုးထားပြီး ဘ၀ခရီးဖော်ဖြစ်ခွင့် တောင်းတတ်မှ အမျိုးကောင်းသားယောင်္ကျားတစ်ယောက်လို့ နွယ်သတ်မှတ်ပါတယ်…။
ဒီလို သတ်မှတ်တဲ့ နွယ့် ဆန္ဒတွေကို ပြောပြနေရဲ့ သားနဲ့ မသိချင်ယောင်ဆောင်နေတာ ဟာ  နွယ့် ကိုမြတ်နိုးမှုမရှိတာ လို့ ပဲ နွယ်ထင်ပါတယ်….။
နွယ် ..ဟာ သူ ဘယ်အချိန် ခူးခူးခြွေခြွေ  အလွယ်တကူ ကြွေကျလာမယ့် ပန်းတစ်ပွင့် ...လို့ သူမှတ်ယူထားပုံပါ..။
 နွယ့် ကို ချစ်ခွင့် မပန်ဘဲနဲ့ …ချစ်သူရည်းစားလို ပိုင်စိုးပိုင်နင်းပြောတတ်တာဟာ စည်းကျော်တာမို့ နွယ် အပြောမခံတော့ပါဘူး။
ဒီလိုကျပြန်တော့ သူပြောတာမခံတဲ့ နွယ့် ကို ကြီးကျယ်ပါသတဲ့ ။ နွယ်အပြောမခံပေမယ့် သူဒီလိုပြောတာကိုရယ်မောပြီးသဘောကျ တဲ့ကောင်မလေးတွေအွန်လိုင်းမှာ အများကြီး ရှိပါသတဲ့ … သူတို့ တွေနဲ့ ပြောရတာပျော်ရပါသတဲ့ ..နွယ့် လို သူ ပြောသမျှဆင်ဆာ လိုက်ဖြတ်နေတဲ့ မိန်းကလေး နဲ့  ပြောရတာ စိတ်ကျဉ်းကျပ်ပါသတဲ့ ….။
သူပြောတာတွေ နားထောင်ရင်း နွယ်နားလည်လိုက်တာက သူ..နွယ့် ကို တန်ဖိုးမထားဘူးဆိုတာပါပဲ…
နောက်ဆုံး အွန်လိုင်းမှာ တွေ့ ရပြောရတာ ဘယ်လိုမှအဆင်မပြေတဲ့ အခါ နွယ်ရင်နာနာ နဲ့ သူ့ ကိုဘလော့လုပ်လိုက်ပါတယ်..။
ဒီလို သူ့ ကိုဘလော့လုပ်လိုက်တဲ့ နွယ့် ကိုလည်း သူ ဆတ်ဆတ်ခါ နာသွားပါတော့တယ်…။
နောက်ဆုံး နွယ့် ဆီ သူပို့ တဲ့ မေးလ် မှာ ရေထားတာက…
နွယ် အဖြစ်သည်းနေပေမယ့်  အွန်လိုင်းမှာ သူပိုင်စိုးပိုင်နင်းပြောသမျှခံမယ့်မိန်းကလေးတွေ ၊ သူ နဲ့ ချက်တင်ပြောရရင် ပျော်နေတဲ့  မိန်းကလေးတွေ ရှိပါသတဲ့ …၊ သူတို့ နဲ့ ပဲ ပြောပါတော့မယ်တဲ့ ….။
ဒီလိုနဲ့ …နွယ်တို့ …တကယ်ဝေးသွားပြီးတော့ …နွယ့် ကို သူ ပြန်မဆက်သွယ်ခဲ့ပါဘူး…။
နေပါတော့လေ….ကိုယ့်ကိုတန်ဖိုးမထားတဲ့ ယောင်္ကျားတယောက်ကို နွယ့် ဘက်က ဘယ်တော့မှအရင် စပြီး မခေါ်တော့ပါဘူး။ ဇာတ်သိမ်းသွားပြီလို့ ပြောရမယ့်  နွယ်တို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းမှာ ဓါးစာခံဖြစ်သွားရတာကတော့သူ့ ကို ချစ်တဲ့ နွယ့် နှလုံးသားပါ…
နှလုံးသားလေးရေ..အားနာပါတယ်
မင်း..နာကျင်ပင်ပန်းမယ်ဆိုတာသိပေမယ့် နွယ် မလျှော့ နိုင်ခဲ့ဘူးကွယ်….
သိမ်မွေ့ တဲ့  ချစ်ခြင်းမေတ္တာကို တန်ဖိုးထားလွန်းလို့  သူ့ ကိုစွန့် ခွာ ခဲ့ တဲ့ နွယ့် ကို နားလည်ပေးပါနော်…
ခုလိုညဉ့် နက်ချိန်ဆို…အွန်လိုင်းမှာ သူပိုင်စိုးပိုင်နင်းပြောသမျှ သဘောကျနေတဲ့ ကောင်မလေးတွေနဲ့ အီစီကလီလုပ်ရင်း
သူပျော်နေမယ်နဲ့ တူပါရဲ့ ….။ဒီလိုလူမျိုးကို လွမ်းရတာ မတန်လို့ နွယ် မလွမ်းချင်ပါဘူး ….မေ့ ပစ်နေပါတယ်…။
ထာဝရ ဘယ်တော့မှ သတိမရဘဲမေ့ နိုင်အောင် ကြိုးစားနေတဲ့ မေ့ ကို.....
ကျေးဇူးပြု ပြီး မနှောင့် ယှက်ပါနဲ့ လားလမင်းကြီးရေ….
လွမ်းအောင်ညှို့ ငင်တတ်တဲ့လရောင်တွေ ပြန်သိမ်းဆည်းပေးပါ
လွမ်းစေတတ်တဲ့  လရောင်မရှိတဲ့ ကမ္ဘာလောက မှာ နွယ် နေပါရစေ
လရောင်ရေ…နွယ့် ဆီ ကို ဘယ်တော့မှ မလာပါနဲ့ တော့နော်
လွမ်းဆွတ်ခြင်းဆိုတာ… ကို  နွယ့် ဘ၀ထဲကနေအပြီးအပိုင်မောင်းထုတ်ချင်လို့ ပါ….။
ကြာဖြူနွယ်
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...