မြန်မာ့သမိုင်းဝါသနာရှင် မိတ်ဆွေများသို့ ...
Author: lubo601 |
6:56 PM |
No မှတ်ချက် |
ရှိပြီးသားသူတွေလည်း ရှိမှာပါ။ မရှိသေးသူများအတွက် ရည်ရွယ်ပြီး အသိပေး
လိုက်ပါတယ်။ ကျိုတို တက္ကသိုလ်က တင်ပေးထားတာပါ။
ကျုပ်တို့ R.O.B လို့ အတိုကောက် မှတ်ရတဲ့ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့
အမိန့်တော်ပေါင်းချုပ်ပါ။ ဒီကျမ်းကို ပြုစုဖို့အတွက် ၁၉၅၅ ကနေ ၁၉၈၈ အထိ
အနှစ်သုံးဆယ်တိုင် အရပ်တကာလှည့်ပြီးမှ အချိန်ယူခဲ့ရတယ်လို့ ဆရာကြီးက
ဆိုပါတယ်။
မြန်မာ့သမိုင်းသုတေသန ကျမ်းစာတစ်စောင်အတွက် ဆရာကြီး ဘယ်လောက်
အချိန်ယူ အားထုတ်ခဲ့ရတယ်ဆိုတဲ့ မှတ်တမ်းတစ်ခုပါပဲ။ ရှေးရှေးဆရာကြီးများ
အားထုတ်ခဲ့တဲ့ အသီးအပွင့်တွေကို ကျုပ်တို့က လွယ်လွယ်ကူကူ ရယူသုံးစွဲနေ
ကြရတာပေါ့နော်။
ဒီလိုပါပဲ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ရယူခံစားဖို့ဟာ နောင်မျိုးဆက်အဖို့
လို့ပဲ ယူဆပါတယ်ဗျ။ ကျုပ်တို့တာဝန်ကတော့ ရေလောင်း၊ ပေါင်းသင်၊ ပိုးမကျ
အောင်ကာကွယ်၊ ကျွဲ နွား တိရစ္ဆာန်တွေ မဖျက်ဆီးအောင် စောင့်ရှောက်ဖို့ပါပဲ။
အလျင်လိုပြီး မြေသြဇာတွေ နင်းကန်ထည့်ပြီးမှ ရေတွေ စွတ်လောင်းနေလည်း
အပင်သေနိုင်တယ်ဗျ။ ဒီမျိုးကိုမကြိုက်လို့ အမြစ်ကဆွဲနှုတ်ပြီး နိုင်ငံခြားမျိုးကိုမှ
ပြန်စိုက်ချင်တယ် ဆိုရင်ဖြင့်လည်း ကိုယ့်ရေမြေနဲ့ကိုက်မကိုက်ကိုတော့ စဉ်းစား
ပေါ့လေ။ (ဤကားစကားချပ်)
အောက်က လင့်(ခ) မှာတော့ အပိုင်း (၁၀) တွဲလုံးကို မြန်မာဘာသာနဲ့ အင်္ဂလိပ်
ဘာသာအနှစ်ချုပ်ကိုပါ ရယူလေ့လာနိုင်ပါတယ်။ ရက်စဉ်သမိုင်း၊ ဒေါက်တာရီရီ၊
အရှင်တိက္ခဓမ္မလင်္ကာရတို့နဲ့ ပူးတွဲ ပြုစုထားတဲ့ ဗဒုံမင်းရဲ့ ပုံတော်ပြက္ခဒိန်လည်း
ပါပါတယ်။
ဖိုင်ဆိုက်တွေကတော့ နည်းနည်းများပါတယ်။ မြန်မာဘာသာနဲ့ဆိုရင် တစ်ခုကို
၅၀၊ ၆၀ မက်ဂါဘိုက်လောက် ရှိပါတယ်။ အပိုင်း တစ်ခုစီမှာ ဖိုင်တွေ ခွဲပေးထား
ပါတယ်။ အားလုံးပေါင်းဆိုရင် မက်ဂါဘိုက် ၉၀၀ ကျော် ဝမ်းဂစ်နီးပါးရှိပါတယ်။
ဆရာကြီးက အနှစ်သုံးဆယ်လောက် အချိန် ယူထားခဲ့ရတဲ့ ကျမ်းတစ်စောင်ကို
တစ်နေ့တစ်တွဲ ဒေါင်းရင်တောင် ၁၀ ရက်လောက်တော့ ကြာမှာပေါ့ဗျာ။
ဝါသနာပါရင်တော့ ဒေါင်းကြပေတော့ဗျား ...
အဲ ... စာမြည်းပေးရဦးမှာပ၊ မြန်မာမင်း အမိန့်တော်တွေထဲကမှ တရုတ်ကြီးရဲ့
ရာဇသံ ရွှေပေလွှာလေးကိုပေးမယ်။ အဝမင်း မဟာဓမ္မရာဇာဓိပတိကို တရုတ်
ဥတည်မင်းပို့တဲ့ ရွှေပေလွှာပါ အချက်လေးပါ။
“အာဘဿရဘုံမှဆင်းသည့် ဗြဟ္မာကိုးရောက်တွင် ဗြဟ္မာကြီးတစ်ယောက်၏
သားအကြီးသည် နောင်တော် ဘေးလောင်းတော်၊ သားအငယ်သည် ညီတော်
ဘေးလောင်းတော်ပင်ဖြစ်သည်” တဲ့ ...
ကျုပ်တို့ခမျာ ကမ္ဘာပေါ်မှာ လူရယ်လို့မဖြစ်ခင်ထဲက ဗြဟ္မာ့ဘုံမှာ တရုတ်ကြီးနဲ့
အမျိုးတော်နေခဲ့ရတာ ပါလားနော် ...

ပြန်စိုက်ချင်တယ် ဆိုရင်ဖြင့်လည်း ကိုယ့်ရေမြေနဲ့ကိုက်မကိုက်ကိုတေ

- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment