ပျောက်ကွယ်လုနီးပါး မြန်မာ့ထုံးစံ အသုဘ
Author: lubo601 |
10:02 AM |
No မှတ်ချက် |
ထူးဆန်း အံဩ တုံလုပ် ခြောက်ခြား ပျော်ရွှင် ရီးမော စရာများ's photo.
ပျောက်ကွယ်လုနီးပါးဖြစ်နေတာ မြန်မာ့ထုံးစံ အသုဘ ယိမ်းထိုးခြင်း
ဒေသအခေါ်အဝေါ်ခြင်းတော့ မတူကြဘူးပေါ့..
တစ်ချို့ဒေသမှာတော့ မျဉ်းဘောင် ထိုးခြင်းလို့လည်းခေါ်ကြပါသည်..။
ဆိုလိုရင်းကတော့ အသုဘစင်ကို နေအိမ်ကနေ သချိုင်းထိ ပို့ဆောင်ရာမှာ
ပုံပါအတိုင်း တစ်ဘက်နဲ့တစ်ဘက် အားပြိုင်အားစမ်းရင်း ယိမ်းထိုး ဆော့ကစားတာကို ဆိုလိုတာပါ...။
အခုခေတ်မှာတော့ ညီတွေညီမတွေ တွေ့ကြရဖို့မလွယ်တော့ပါဘူး..
ဒီခေတ်ရောက်လာတော့ နာရေးတစ်ခုရှိတာနဲ့..အလူမီနီယံအ ခေါင်း သို့မဟုတ်..သစ်အခေါင်းထဲထည့်ပြီး ကားနဲ့ပို့ကြတာများတာကိုး...
စစ်ကိုင်းတိုင်းအထက်ပိုင်းဘက်က တောရွာတွေမှာတော့ အသုဘ ယိမ်းထိုးတာ အခုထိရှိနေပါသေးတယ်...ပျောက်ကွယ်လုနီးနီးလည်းဖြစ်နေပါပြီ..။
လူတစ်ယောက်ဆုံးသွားပြီးဆိုတာနဲ့ ..တစ်ရွာလုံးကလူတွေနီးပါး နာရေးရှိတဲ့အိမ်ကိုရောက်နေကြပါပြီ..။ပျဉ်တွေသစ်တွေ ဖြတ်တဲ့သူဖြတ်
အလောင်းကိုကြိုးနဲ့တိုင်းတဲ့သူ က တိုင်းအခေါင်းစပ်တာပေါ့...။
ပြီးရင် အခေါင်းထဲကိုထည့်..နီးရာဝါးတွေခုတ် ဖယောင်းအလှစက္ကူတွေနဲ့
စင်လုပ်ပြီး အသုဘကိုပြင်စင်ကြပါတယ်..။တစ်ချို့ကြတော့လည်း အိမ်မှာ
တစ်ရက် ဒါမှမဟုတ် သုံးရက်ထားတဲ့လူတွေလည်းရှိတယ်.. ။
အသုဘချမယ့်နေ့ရောက်ပြီးဆိုရင် ငွေကြေးတတ်နိုင်ရင်တတ်နိင်သလို
အသံချဲ့စက်တွေတစ်ခုနှစ်ခုလောက်ငှား..ဆိုင်းဝိုင်းတွေငှား အက်ယင်ကျူးတဲ့သူ (အသုဘတွင် အငှားငိုပေးသူ..တစ်ချို့ဘုန်းကြီးပျံပွဲတွေမှာလည်း အခုထိရှိတတ်ပါသေးတယ်)ငှားပြီး စည်စည်ကားကားဖြစ်အောင် စီစဉ်တတ်ကြပါတယ်..။အလောင်းစင်ကို ခြောက်ယောက်ထမ်းကြတာက များပါတယ်. .။အလောင်းထမ်းတဲ့သူတွေက ရပ်ဓလေ့ ရွာဓလေ့အရ နည်းနည်းပါးပါးတော့ သောက်စားထားကြတာများတယ်..။
နာရေးအိမ်ကနေ သချိုင်းရောက်တဲ့ထိ ရှေ့ကအသံချဲ့စက်က နှဲသံတွေဖွင့်..
စိတ်မခိုင်တဲ့သူကတော့ ဆွေမျိုးပေါင်းဖော်တွေနဲ့အတူ ရောပြီးငိုပေါ့...
နောက်က ဆိုင်းဝိုင်း ပတ်မကြီးကိုနင်းကန်တီး ဆိုင်းဝိုင်းကအတီးကြမ်းလေလေ အလောင်းစင်ထမ်းတဲ့သူတွေက
ပိုပြီးတော့ယိမ်းထိုးလေလေပဲ...ဘ ယ် အချိန်မှာအကြမ်းဆုံးလည်းဆိုတော့
သချိုင်းရောက်ခါနီးမှာ ပိုကြမ်းတယ်လို့ပြောရမယ်...တစ်ချို့ဆို ပုဆိုးတွေကျွတ်
ဖိနပ်တွေကျွတ်ပေါ့..။တစ်ခါတစ်လေ များဆို အလောင်းတောင်ပြုတ်ကျတတ်တယ်လိြု့ ကားဖူးတယ်..။
မသိသေးတဲ့ညီတွေညီမတွေကို ဗဟုသုတ အဖြစ်ပေါ်ပြပေးတာပါ...။
မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာလေးေ တွပေါ့... မကောင်းရင်ပယ်ပြီး
ကောင်းရင်ဆယ်ရမယ့် တာဝန်ကတော့
ကျွန်တော်တို့ ခင်ဗျားတို့ရဲ့တာဝန်ပေါ့ဗျာ... ...။
(ပုံကိုUpper Chindwin-Uru Network မှကူးယူသည်)
(နက္ခတ်လင်း)
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment