" မောင်ဖိုးချို နှင့် ပလုတ်တုတ် " . . . . .
Author: lubo601 |
10:15 AM |
No မှတ်ချက် |
Yekkha Ye Jee's photo.
မောင်ဖိုးချိုသည် ငယ်စဉ်က ပလုတ်တုတ်ကို အလွန်ကြိုက်သည်။ မည်မျှလောက်အထိ ကြိုက်ရပါသနည်းဟူမူ မည်သူမျှမကြားနိုင်လောက်အောင်ဝေးသေးသော
ပလုတ်တုတ်သည်ဧ။် ပလုတ်တုတ်ခေါက်သံကို သူတစ်ဦးတည်း ကြားနိုင်သည်အထိ
ဖြစ်လေသည်။ တစ်အိမ်သားလုံး သြချကြရသည်။ နောင်အခါများတွင်
"ပလုတ်တုတ်သည်လာပြီ" ဟု မောင်ဖိုးချိုကပြောလျှင် အားလုံးက
ယုံယုံကြည်ကြည်နှင့် ပိုက်ဆံကိုင်ကာ ပလုတ်တုတ်သည်ကို စောင့်ကြလေတော့သည်။
မောင်ဖိုးချိုအား ပလုတ်တုတ် မ၀ယ်ပေးပဲနေ၍ မဖြစ်နိုင်ကြောင်း
သူတို့သိပြီးဖြစ်လေတော့သည်။
. . . . . မောင်ဖိုးချိုသည် သူဧ။်ပလုတ်တုတ်ကလေးများကို
တယုတယသိမ်းလေ့ရှိသည်။ အလွန်မြင်ပြင်းကတ်ဖွယ်ကောင်းသော
ကြွက်များသည် မောင်ဖိုးချိုအား ချစ်၍ပင်ကျီစယ်ကြသလော မဆိုနိုင်။
အမြဲလိုပင် ပလုတ်တုတ်လက်တံကလေးများကို မောင်ဖိုးချိုအိပ်ပျော်စဉ်တွင်
ကိုက်ဖြတ်ကြလေသည်။ မနက်နိုးလျှင် မောင်ဖိုးချိုဧ။်အာပြဲနှင့် ငိုသံကို
တစ်အိမ်သားလုံး နေ့ဝက်ခန့် နားသောတ ဆင်ကြရတော့သည်။ ဗုံလက်တံမရှိတော့သော
ပလုတ်တုတ်က အသံမထွက်နိုင်သမျှ မောင်ဖိုးချိုကအတိုးချကာ ငိုမြဲတည်း။
. . . . . ပလုတ်တုတ်သည် မပေါ်လာကြာသောအခါများတွင် မောင်ဖိုးချိုသည် သူ့ဘာသာ
ပလုတ်တုတ်များကို ကိုယ်တိုင်ထုတ်လုပ်လေဧ။်။ သို့ငြား သူဧ။်စက်ရုံထွက်
ပလုတ်တုတ်များမှာ အသံထွက်လေ့မရှိသဖြင့် သူကိုယ်တိုင်မနှစ်ခြိုက်လှပေ။
ထွက်သောအခါများတွင် " ဘတ် ဘတ် " ဟုသာ မြည်လေ့ရှိဧ။်။ . . . . . တစ်ခါသော်
ပလုတ်တုတ်အသစ်ကလေးတစ်ခုအား ကြွက်ရန်မှကာကွယ်ရန် အလို့ငှာ
သူဧ။်အိပ်ရာအတွင်းသွင်းပြီး ကိုယ်နှင့်မကွာ အိပ်စက်လေဧ။်။ မနက်နိုးလေသော်
ပလုတ်တုတ်မှာ ပြားနေလေပြီ။ ယူကြုံးမရ ဒေါသထွက်လွန်းလှသော မောင်ဖိုးချိုသည်
တစ်အိမ်သားလုံးအား လက်သီးနှင့်လိုက်ထိုးပေတော့သည်။
ပတ်ပြေးနေရသော သူ့အစ်ကိုမှ ပလုတ်တုတ်အပျက်ကို ကိုင်ပြပြီး "အခုမှ
မောင်ဖိုးချိုလုပ်တဲ့ ပလုတ်တုတ်နဲ့ တူသွားတော့တယ် ၊ တဘတ်ဘတ်နဲ့" ဟု ဆွလေရာ
ထိုအစ်ကိုအား လက်သီးအလှူကျွေးပြီးသကာလ တစ်လခန့်ကြာအောင်စကားမပြောပဲ
စိတ်ကောက်လေတော့သည်။
. . . . . တစ်နေ့သော် လူကြီးဖြစ်နေပြီဖြစ်သော မောင်ဖိုးချိုသည်
သူဧ။်အစ်မအိမ်သို့ အလည်ရောက်လေဧ။်။ သူဧ။်တူတော်မောင် "စမုံ"ကား
အိမ်ရှေ့ခန်းတွင် ငြိမ်နေပေသည်။ ကျောင်းမသွားဘူးလား မေးသောအခါ
ကျောင်းပိတ်ရက်ပင် မသိသောမောင်ဖိုးချိုအား သနားစဖွယ်
သတ္တ၀ါပေလောဟုထင်မြင်ဟန်နှင့် ဦးခေါင်းကိုလေးပင်စွာ ခါရမ်းပြလေဧ။်။
သူဧ။်လက်ထဲမှ ပြည်ပနိုင်ငံလုပ် အကောင်းစားပလုတ်တုတ်ရုပ်ကို လှုပ်ပြကာ
ပြောင်လေဧ။်။
" ပလုံ တလုံ ပလုံ တလုံ "
. . . . . မောင်ဖိုးချိုသည် အံ့သြခြင်းကြီးစွာဖြစ်ပြီးလျှင်
သူဧ။်တူကလေးထံမှ နိုင်ငံခြားဖြစ်ပလုတ်တုတ်ကို လုမယူရုံတမည်
တောင်းယူကြည့်ရှုလေတော့သည်။ အလွန်လှသော ပလုတ်တုတ်ပါပေ။ အလွန်အသံသာသော
ပလုတ်တုတ်ပါပေ။ အလွန်နှစ်လိုဖွယ်ကောင်းသော ပလုတ်တုတ်ပါပေ။
မောင်ဖိုးချိုဧ။်စိတ်၌ သူကြိုက်သော တီဗွီကြော်ငြာမော်ဒယ်ကလေးအား
မျက်ဝါးထင်ထင် ကိုယ်တွယ်ပွတ်သပ်ရဘိသည့်အလား ခံစားရရှာဧ။်။
ရယူပိုင်ဆိုင်လိုစိတ်သည် ပြင်းစွာပေါ်ပေါက်လေဧ။်။ သူ့ဦးလေးဧ။်
မဟန်သောအမူအရာကို ရိပ်မိပုံရသော စမုံ က ပြန်တောင်းသောအခါမှ
မောင်ဖိုးချိုသည် ကလေးမဟုတ်တော့သော သူဧ။်စိတ်ကို အခါခါချိုးနှိမ်လျက်
ပလုတ်တုတ်ကလေးကိုရမ်းရင်းက ပြန်ပေးရတော့သည်။
" ဒီ ပလုတ်တုတ်ကလေး ဘယ်ကရတာတုန်း စမုံ "
" ဘာကြီး . . . "
" ဒီ ပလုတ်တုတ်ကလေးဟာလေ ... ဘယ်က ၀ယ်တာတုန်း "
" ပ လု တ် တု တ် . . ? "
" အေးလေ ဒီ ပလုတ်တုတ် . . . "
" ပလုတ်တုတ် မဟုတ်ပါဘူး ... ဒါ တလုံတလုံ လို့ခေါ်တယ် "
" ဘာရယ် . . . "
" တလုံ တလုံ "
" မင့် ဘယ်သူပြောတုန်း . . . ပလုတ်တုတ် ဥစ္စာကို "
" အမေ ပြောတာ . . တလုံတလုံ . . ဘယ်က ပလုတ်တုတ် ရမှာလဲ . . နာမည်ကိုက
ဘာကြီးမှန်းမသိ "
. . . . . မောင်ဖိုးချို အောင့်ခနဲနေအောင် ခံစားရဧ။်။ စပ်ဖျဉ်းဖျဉ်းလည်း
ဖြစ်ဧ။်။ မိမိတစ်သက်လုံး နှစ်သက်မြတ်နိုးခဲ့ရသော ထိုအရုပ်သည် ဧကန်
ပလုတ်တုတ် ပင်ဖြစ်ရပေမည်။ အင်္ဂလိပ်ဘင်နှင့်တူသော ဗုံကလေးပါဧ။်။
ကြွက်များသိပ်ကြိုက်တတ်သော အသီးကလေးနှင့် ကြိုးလက်တံကလေးနှစ်ခု
တစ်ဘက်စီပါဧ။်။ ကိုင်ရသော တုတ်တံပါဧ။်။ ငယ်စဉ်ကဆော့ဘူးသော ပလုတ်တုတ်များထက်
အနည်းငယ်ပိုကြီးပြီး ပိုကောင်း ပိုကြာကြာခံသော ပလတ်စတစ်များ
အစားထိုးအသုံးပြုထားသော်လည်း မျက်စိရှေ့မှဤအရုပ်သည် ပလုတ်တုတ်ပင်ဖြစ်ပေသည်။
အခြားတိုင်းပြည်များတွင်လည်း ပလုတ်တုတ်ရှိကြောင်း မကြားဘူးချေ။ ယခု
မိမိဧ။်တူဖြစ်သူကပင် ဦးလေးအသည်းစွဲ အရုပ်အား "တလုံ တလုံ" ဆိုချေသည် တကား။
တလုံ တလုံ အသံသည် မိမိ အားလှောင်နေသကဲ့သို့ ထင်မိလေဧ။်။
မိမိထက်များစွာနောက်ကျပြီးမှ ထမင်းစားလာရသော တူတော်မောင်နှင့်
ဆက်မငြင်းလိုသဖြင့် သူဧ။်အမေအား ခေါ်ရလေသည်။
" အစ်မ .. အစ်မရေ .. အစ်မ "
" ဘာလဲ ဖိုးချို .. မအားသေးလို့ ခဏနေဦး "
. . . . . မီးဖိုချောင်ထဲမှ သူ့အမေအသံကိုကြားသောအခါ စမုံက
သူ့အားလက်ချာဆက်ရိုက်ရန်ပြင်တော့ သည်။
" ဦးချိုက မယုံလို့လား .. သူ့အထုပ်မှာကို ရေးထားတာ"
" ဘာ အထုပ်လဲ . . ဘာရေးတာလဲ "
" ပါကင်ထုပ်မှာလေ . . အင်္ဂလိပ်လိုရေးထားတာ . . အမေဖတ်ပြတယ် . . တလုံ တလုံ
တဲ့ "
" တော်ပါကွာ . . မင်း တလုံ တလုံ "
" တော်ဘူး . . တလုံ တလုံ တလုံ တလုံ "
"နားညည်းလိုက်တာဟယ်"
" ဂလောက် "
. . . . . တလုံနေသော စမုံဧ။်ခေါင်းပေါ်သို့ မီးဖိုချောင်မှထွက်လာသော
သူ့အမေဧ။်လက်က ဒေါက်ကနဲကျဧ။်။ စမုံလည်းရှုံ့မဲ့ပြီး တလုံသံလည်း တိတ်လေဧ။်။
ငယ်စဉ်က တစ်အိမ်လုံး စိတ်ကြိုက်အော်ဟစ်သောင်းကျန်းခွ င့်ရသော
မိမိကိုယ်နှင့် ယှဉ်တွေးမိသောအခါ မောင်ဖိုးချိုသည် တူတော်မောင်ကို
သနားသွားဧ။်။ ချက်ချင်းပင် ခမျာကလေးများဧ။် ' ခေတ် ' ကို
စာနာစိတ်ဝင်မိလေသည်။
" ဘာလဲ ဖိုးချို "
" အစ်မ သားက ပလုတ်တုတ်ကို တလုံ တလုံ ဆိုပါလား . . အစ်မ သင်ပေးထားတာလား "
" ဟုတ်ပါဘူးဟယ် . . စာရွက်ပေါ်ရေးထားတာ ပြောပြတာပေါ့ . . ပလုတ်တုတ်လဲ သူတို့
မကြားဘူးကြတော့ပါဘူး "
" အဲဒါပြောတာပေါ့ . . ကျွန်တော်တို့က သင်ပေးရမှာပေါ့ အစ်မရဲ့ . . မဟုတ်ရင်
တိမ်ကောပြီပေါ့ . . အခုတောင် ပလုတ်တုတ်ဆိုတာ ဘာမှန်းမသိတော့ဘူး . .
ကျွန်တော်တို့ ရိုးရာအရုပ် မဟုတ်လား . . သူတို့ ကလေးတွေ ဒါကို တန်ဘိုးထား .
. . "
" ဟဲ့ . . အခုကော နင့် ပလုတ်တုတ်က ဘယ်မှာရှိတော့လို့လဲ . .
ပျောက်တာကြာလှပေါ့ . . အခု နင် ပြောစရာ ကြည့်စရာရှိတာတောင် သူများနိုင်ငံက
လုပ်လို့ . . တုလုပ်လုပ် ခိုးလုပ်လုပ် သူတို့လုပ်လို့ နင်အခု တွေ့ရတာ . .
နင့်တူဆော့ရတာ . . နို့မို့ နင်လဲ ပလုတ်တုတ်ဆိုတာ သတိတောင်ရရမှာ မဟုတ်ဘူး .
. မောလိုက်တာ "
" . . . "
" နောက်ပြီး ငါက ပလုတ်တုတ်ပြောတော့ နင့်တူလူတတ်ကြီးက မေးတယ် . . ဘယ်မှာ
ရေးထားတာလဲတဲ့ . . ကဲ သူတို့ရေးထားပေးတာ သူတို့နာမည်ပေါ့ဟယ် . . ကိုယ်မှ
မလုပ်နိုင်တော့ပဲ . . လုပ်တဲ့လူပေးတဲ့ နာမည်ကိုလဲ ပြောကောင်းပါတယ် . .
အရေးကြီးတာက ဆော့ရဖို့ ၊ ဆော့ကောင်းဖို့ မဟုတ်ဘူးလား . . ပလုတ်တုတ်ဖြစ်ဖြစ်
. . ပလုံ ပလုံ ဖြစ်ဖြစ် "
" ပလုံ ပလုံ မဟုတ်ဘူး အမေ . . တလုံ တလုံ "
" အေး . . တလုံ တလုံ ဖြစ်ဖြစ် . . ပလုတ်တုတ်ဖြစ်ဖြစ် . . လက်ရှိ ဆော့ဖို့ပဲ
. . ပလုတ်တုတ် ဆိုပြီး ရှိလဲမရှိတော့ ၊ ဆော့လို့လဲ မရတာထက်စာရင် . .
အခုရှိတာက ဆော့လို့ရတယ် ၊ အသံထွက်ဖို့ ဆော့လို့ရဖို့က လိုရင်းပဲလေ . .
တော်ပြီ တော်ပြီ . . အလကား "
. . . . . မောင်ဖိုးချို စိတ်ထဲတွင် ခုထစ်မြဲ ခုထစ်နေလေသည်။ အစ်မကြီး
အမိရာမို့ ပြန်ပြော ငြင်းခုံနေရန်လည်း မ၀ံ့။ သူကလည်း မိမိကိုယ် ငြင်းခုံဖက်
သဘောထားမည် မဟုတ်ချေ။ ငြင်းခုံခွင့်ပေးလျှင်ပင် သူ့အဆိုမှားကြောင်း
ပြောရန် မောင်ဖိုးချို မှာ မသေချာလှပေ။ မကြိုက်သည်မှလွဲ၍ မှားသည် မှန်သည်
မောင်ဖိုးချို မပြောတတ်ချေ။
" မကြီးမငယ်နဲ့ . . လူကြီးလိုနေစမ်း . . ဖိုးချို "
. . . . . မောင်ဖိုးချိုသည် ခေါင်းကို နှစ်ချက် သုံးချက် ကုတ်ပြီးနောက်
ဘေးနားမှ သတင်းစာကို ကောက်ကိုင်လေဧ။်။ စိတ်ရှုပ်၍လည်းဖြစ်သည်။
လူကြီးလိုနေရန်လည်း ဖြစ်သည်။
. . . . . သတင်းစာတွင် "ဗမာ" နှင့် "မြန်မာ" အချေအတင်ပွဲကြီးကို
တွေ့ရလေဧ။်။ မောင်ဖိုးချိုသည် မနေနိုင် မထိုင်နိုင်ပြုံးမိလေသည်။ ပါးစပ်မှ
အသံများပင် ထွက်ဧ။်။
" ဟီး ဟီး ပလုတ်တုတ်တွေ "
. . . . . ဆော့နေသော စမုံက သူ့အား မျက်လုံးထောင့်ကပ်ပြီး
လှမ်းကြည့်နေကြောင်း သတိပြုမိသည်နှင့် မျက်နှာပိုးသတ်ကာ
ပြန်ပြင်ရေရွတ်ရရှာသတည်း။
" တလုံ တလုံ တွေ "
(ယက္ခ) ရဲကြီး ။
၅.၁၀.၁၃ ။
http:// yekkhayejee.blogspot.com/
https://www.facebook.com/ yekkha.yegyii.fanpage
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment