Friday, October 18, 2013

ရဲတပ်ဖွဲ့မှာ နှစ်ပေါင်းများစွာ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော ရဲစစ်စစ် ရဲ့ရင်ဖွင့်စာ


သို့၊
နိုင်ငံတော်သမ္မတကြီး
လွတ်တော် ဥက္ကဋ္ဌများ နှင့် လွတ်တော် ကိုယ်စားလှယ်များ
ပြည်ထဲရေးဝန်ကြီး
မြန်မာနိုင်ငံရဲချုပ်

ဟိုတချိန်လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကပေါ့ .. ရဲချုပ် ဦးရွှေသန်း
အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ ညီလာခံ သွားတက်ခဲ့တာ
တပ်မတော်အသွင်ပြောင်းရဲဖြစ်နေလို့ လက်မခံဘဲ ပြန်လွှတ်ခဲ့ရတယ် ။
 ဒါနဲ့ရဲစစ်စစ် ရဲချုပ် ဦးသိန်းအောင် ကို ရဲချုပ်ခန့်ပြီး ဦးရွှေသန်းကို
ကြယ်ငါးပွင့် သင်္ဘောကော်ပိုရေးရှင်း ညွှန်ချုပ်အဖြစ် ပြောင်းခန့်ခဲ့ရပါတယ်။



ရဲတပ်ဖွဲ့ဟာအစိုးရရဲ့ပြယုဂ်၊လက်ကိုင်တုတ်အနေနဲ့အသုံးချခံထားရတဲ့အဖွဲ့အစည်းဖြစ်နေခဲ့တယ်ဆိုရင်
မပြင်းနိုင်ပါဘူး .. ဒါပေမယ့် အစိုးရရဲ့ ပုံရိပ်ဟာ
ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်ချက်တွေနဲ့ ဆက်စပ်နေပါတယ်။
ထမင်းရည်ပူလျှာလွဲနေလို့မရပါဘူး ။
ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲနေတာအကြိမ်ပေါင်းမနည်းတော့ပါဘူး
။မအောင်မြင်ခဲ့ပါဘူး ။အခြေခံကျကျ ပြုပြင်ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။
ပြောင်းလဲချင်ရင် -
၁။ အူမတောင့်မှ သီလစောင့်မယ်
ထမင်းနပ်မှန်အောင်စားရပါစေ ၊ ဥပမာ- အခမ်းအနားတခု လမ်းကြောင်း (သို့)
နေရာလုံခြုံရေးကျတဲ့ တပ်ဖွဲ့ဝင်တွေ၂နာရီ မှ၎နာရီ အနည်းဆုံးစောပြီး
နေရာယူရပါတယ်။အိမ်က ဇနီးထမင်းကြမ်းမကျွေးလိုက်နိုင်ဘူး ။
အဲဒီတာဝန်ကျနေရာသွားဖို့ ဆိုင်ကယ် ဓါတ်ဆီ တစ်ဗူး
၁၀၀၀ကျပ်ပေးဝယ်ထည့်ခဲ့ရပြီး နီးစပ်ရာ မုန့်ဝယ်စား၊၅၀၀ကျပ်မှ
၁၀၀၀ကျပ်ကုန်သွားပြီ၊ အခမ်းအနားလာတဲ့လူကြီး အိမ်က နံနက်စာစားခဲ့ပြီးလဲ
ပြင်ထားတာ ရှယ်ပေါ့ ဒါပေမယ့် လုံခြုံရေးတာဝန်ကျတဲ့ တပ်ဖွဲ့ဝင်တွေ
ရေတစ်ခွက်တိုက်မဲ့သူမရှိပါဘူး ။

၂။အမှုစစ်တစ်ယောက်ရဲ့ ကုန်ကျစားရိတ်
ထိုနည်း၎င်းဘဲ အသေးစိတ်မပြောတော့ပါ

၃။နေစရာအိမ်
တပ်ဖွဲ့ဝင်တွေ အားလုံး ကို မပေးနိုင်ပါဘူး ။မညာစတမ်း ဝန်ခံစမ်းပါ
။အိမ်ငှားစားရိတ် ဘယ်ကရမှာလဲ။

၎။ ယူနီဖောင်း
ထုတ်ပေးတယ်မပြောပါနဲ့၊အထည်ချုပ်ဆိုင်နဲ့ပေါင်းပြီးဝတ်မရတဲ့
အရည်အသွေးမမှီတဲ့ဝတ်စုံ ရဲတသက် ၂ခါဘဲရဘူးပါတယ်။အဲဒီယူနီဖောင်း တစ်ယောက်မှ
ဝတ်မရတာ အောက်ခြေဆင်းကြည့်ပေးပါ ။

၅။ရာထူး
ရဲစစ်စစ်တွေရာထူးမပေးပါ။အနေကြာလို့ပင်စင်သွားခါနီး
သုံးပွင့်လောက်တော့ရမှာပေါ့။ရာထူးမျှော်လင့်ချက်မရှိ၊နေရစားရချို့တဲ့တော့
ဘယ်တပ်ဖွဲ့ဝင် ခံယူချက်ရှိမှာလဲ၊တပ်ကအသွင်ပြောင်း သားရဲ့
သူငယ်ချင်းအဘခေါ်နေရတဲ့ခေတ်။
တပ်ကလူတွေရဲထဲရာထူးကြီးကြီးတွေပေးပြီး နေရာတွေဝင်ယူထားတော့ ရောဘာထူးလဲ
လာဘ်စားမှုပိုတောင်များသေးတယ်၊ရဲစစ်စစ်တွေက စားသင့်တဲ့အစာ ၊
မစားသင့်တဲ့အစာ ၊ စားသင့်တဲ့အချိန်၊ မစားသင့်တဲ့အချိန်
တိုင်းတာချင့်ချိန်သေးတယ် ။တပ်ကပြောင်းတဲ့သူတွေက ရဲမှန်ရင်
ပိုက်ဆံရမယ်ဆိုပြီး လောဘတကြီး တောင်းတော့တာဘဲ ၊ မပေးရင်
အကြောင်းအမျိုးမျိုးပြရစ်တော့ ညစ်တော့တာဘဲ။
အခုအစိုးရပိုင်းအကြီးအကဲ၊ရဲတပ်ဖွဲ့ရဲမှူးအထက်အားလုံး ၉၀%တပ်မတော်က
အသွင်းပြောင်းတွေပါ။ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံချဲ့အင်အားတိုးချဲ့တာမဟုတ်ပဲ
တပ်မတော် အင်အားတိုးချဲ့ပြီး တပ်မတော်
အာဏာချဲ့ထွင်နေတာဖြစ်ပါတယ်။ တပ်မတော်က အရပ်ဘက်ပြောင်းရင် တပ်ပင်စင် လစာရော
အရပ်ဘက် လစာပါ ၂မျိုးခံစားအခွင့်ထူးခံနေတာ
မသင့်တော်ပါဘူး။လွတ်တော်ကိုယ်စားလှယ်ကြီးများ
မသိခြင်ယောင်ဆောင်နေတော့မှာလား ။ တပ်မတော်ကြီးရယ် ကိုယ့်သမိုင်းကို
ကိုယ်ရေးတဲ့အခါ သမိုင်းဆိုး သမိုင်းညစ်ကိုထားခဲ့မှာလား ။ရဲထဲကို
ပြောင်းချင်ကြတဲ့ တပ်မတော်အရာရှိ ရိုက်သတ်လို့မကုန်နိုင်အောင်ပါဘဲလား ။
အဲဒီတော့ ရဲစစ်စစ်တွေ ခံယူချက်ပျောက်သွားပြီ။သူတို့ကျွမ်းကျင်တဲ့
အမှုစစ်ပညာ ၊ မူခင်းကျဆင်းရေးတွေ မလုပ်တော့ဘူး။ပညာကို
ဝှက်ထားလိုက်ကြပြီ။ရာထူးမျှော်လင့်ချက်ရှိရင်လဲ
ကြိုးစားကြမှာပေါ့။တပ်နဲ့ရဲသဘောသဘာဝခြင်းမတူပါဘူး၊ရဲဆိုတာတစ်ဦးချင်းကိုယ်ရည်ကိုယ်သွေးနဲ့
ဖေါ်ထုတ်တာဝန်ထမ်းဆောင်ကြရတာ၊တပ်လို
တပ်စိတ်လိုက် တိုက်ပွဲဝင်ရတာမဟုတ်ဘူး။အခုတော့
အရာရာတပ်ပုံစံသွင်းနေတယ်၊ရဲဆိုတာ တစ်နေရာကို ကြာကြာနေမှ
ဒေသစရိုက်၊လူကောင်း/လူဆိုးတွေ အကြောင်းသိပြီးနယ်မြေကို
ကောင်းကောင်းထိန်းနိုင်မှာ အခုတော့ တပ်လိုဘဲ အလှည့်ကျစနစ်တဲ့။ပြီးတော့
အင်အားမှာလဲဖွဲ့စည်းပုံ တစ်ဝက်တောင်မရှိဘူး။ဖွဲ့စည်းပုံအမှားကြီးကိုလဲ
ရေးဆွဲထားသေးတယ်၊အခြားအဆင့်တပ်ဖွဲ့ဝင်တွေကတော့ ကင်းပြီးရင်းကင်းပါဘဲ။
ငွေပေးမှ နီးစပ်မှရာထူးတိုးပေးတဲ့စနစ်ကိုဖျောက်ရမယ်။အခြားအဆင့်များများရအောင်
စည်းရုံးရမယ်၊တပ်သားသစ်တစ်ယောက်စုရတာ
၂သိန်းကုန်တယ်။ဘယ်ကပိုက်ဆံနဲ့စုရမှာလဲ၊နယ်ထိန်းကိုတာဝန်ယူခိုင်း၊နယ်ထိန်းကလဲ
ဘယ်ကငွေနဲ့ အကုန်ခံရမှာလဲ ဒုစရိုက်သမားဆီကဘဲပေါ့။

ရဲတပ်ဖွဲ့ရဲ့အားနည်းချက် (သို့) လက်ရှိအစိုးရရဲ့ယခင်အကျင့်များ -
လူကြီးလာရင် နယ်မြေအစပ် (သို့) တနေရာက
ခေါင်းဆောင်ပိုင်းအားလုံးသွားကြိုရတယ်၊
အနည်းဆုံးနေ့တစ်ဝက်ကုန်တယ်၊အခြားတာဝန်တွေ လစ်ဟင်းကုန်ပြီ။
ဂါရဝလက်ဆောင်တွေပေးကြရတယ်၊လက်ဆောင်တွေသယ်ဖို့
ကားတစ်စီးခေါ်လာကြတယ်၊လာစစ်တာနဲ့မတူတော့ပါ
အောက်ခြေကိုလာနှိပ်စက်နေတာပါ။သူတို့က
အခုမစားတော့ပါဘူးလို့ပြောလာမယ်။ပြောနိုင်မှာပေါ့၊သူတို့ကအခု
မစားတော့ပါဘူးလို့ပြောလာမယ်၊ပြောနိုင်မှာပေါ့၊သူတို့ရယူထားတဲ့မြေကွက်ပေါင်းများစွာရောင်းစားပြီး
သန်းကြွယ်သူဋ္ဌေးတွေဖြစ်ကုန်ကြပြီ၊သားသမီး
မိန်းမ နာမည်ခံပြီး မြို့တိုင်းနီးပါးမြေကွက်တွေ၊အိုးအိမ်က ပါမစ်တွေနဲ့
လျော့ဈေးရောင်းတဲ့ တိုက်တွေ ပြည်သူတွေဆီက အဆီကိုစား
အသားကိုမြိုခဲ့ကြပြီလေ။ တပ်မတော် အရာရှိတယောက်မြန်မာပြည်မှာ မြေတစ်ကွက်သာ
ခံစားရမယ်ဆိုပြီး စစ်တမ်းကောက် ဥပဒေပြဋ္ဌာန်းကြည့်လိုက်စမ်းပါ၊
အပိုယူထားတဲ့မြေကွက်တွေကို ပြန်အပ်ခိုင်းလိုက်စမ်းပါ သူတို့တပ်မတော်ထဲမှာ
တပ်တွင်းပုန်ကန်မှုတွေ တောင်ဖြစ်ကုန်အုံးမယ်။
နောက်ဆုံးအဓိကပြောချင်တာကတော့ ဝန်ထမ်းဆိုတာ
အစိုးရဘဲ၊ဝန်ထမ်းကောင်းမှအစိုးရကောင်းမယ်၊ဝန်ထမ်းတွေအခြေခံစိတ်ဓါတ်ပျက်စီးအောင်၊တပ်မတော်
အသွင်ပြောင်းများရဲ့အုပ်ချုပ်မှုလွတ်ကင်းအောင် တပ်မတော်သားများကို
တပ်ထဲကိုပြန်ပြောင်းပေးဘို့ လွှတ်တော်မှ တဆင့်တောင်းဆိုပေးပါရန်
တင်ပြအပ်ပါတယ်။

တပ်မတော်နှစ်ပေါင်းများစွာ အုပ်ချုပ်ပြီးလုပ်စား၊လာဘ်စားခဲ့လို့
မြန်မာပြည်မွဲခဲ့ရတာပါ။သယံဇာတမရှိတဲ့ စင်္ကာပူနိုင်ငံ ကိုယ့်နိုင်ငံထက်
ကြီးပွားနေပါပြီ။မြန်မာပြည်တိုးတက်အောင်လုပ်မယ်လဲပြောသေးတယ် တပ်က
အရာရှိတွေ ဋ္ဌာနပေါင်းစုံမှာ ဝင်လာမစဲ တသဲသဲ ပေါ့။
ဒီမိုး ဒီရေ
ဒီလူတွေနဲ့ဆိုရင်တော့..........................။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...