Tuesday, October 8, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၈-၁၀)

သစ်ထူးလွင်



Posted: 08 Oct 2013 06:47 AM PDT

၂၀၁၃ ခုနှစ် အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ဟစ်ဘိုဇွန် ဆိုတဲ့ သီအိုရီနဲ့ ဘယ်လ်ဂျီယံ သိပ္ပံ ပညာရှင် ဖရန်ဆွာ အန်ဂလာ့တ်နဲ့ ဗြိတိန် သိပ္ပံ ပညာရှင် ပီတာ ဟစ်ခ်စ် တို့ကို ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။ သူတို့နှစ်ဦးဟာ အက်တမ်အောက်အမှုန် ဖြစ်တဲ့ အဓိကကျတဲ့ အခြေခံ ဒြပ်မှုန် တစ်မျိုး တည်ရှိနေမှုကို ခန့်မှန်းဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဟစ်ဘိုဇွန် သက်သေပြချက်ကို ဖော်ထုတ်ဖို့အတွက် ရာစုနှစ် တစ်ဝက်လောက်ပဲ ကြာခဲ့ပြီး Large Hardron Collider ဆိုတဲ့ အက်တမ်တွေကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်စေခဲ့တဲ့ စမ်းသပ်မှုကနေ သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဗြိတိန် သိပ္ပံပညာရှင် ပီတာဟစ်ခ် (ယာ) နဲ့ ဘယ်လ်ဂျီယံ သိပ္ပံပညာရှင် ဖရန်ဆွာ အန်ဂလာ့တ်

Posted: 08 Oct 2013 06:42 AM PDT

ရခိုင် ပြည်နယ် သံတွဲမြို့နယ်တွင် ဘာ သာရေးဆိုင်ရာ ပဋိပက္ခများဖြစ် ပွားမှုကြောင့် ရန်ကုန်-သံတွဲပြေး ဆွဲနေသော ယာဉ်လိုင်းတချို့မှာ ဘာသာခြားတင်ဆောင်ခြင်းကို ခေတ္တရပ်ဆိုင်းထားပြီး ကြိုတင် ဘွတ်ကင်ဖြင့် လက်မှတ်ဝယ်ယူခြင်း ကိုလည်း လက်မခံတော့ကြောင်း ရန်ကုန်-သံတွဲပြေးဆွဲလျက်ရှိ သည့် ယာဉ်လိုင်းဂိတ်များထံမှ သိရသည်။ ''ကြိုတင်ဘွတ်ကင်ဆိုရင် ဘယ်လိုလူက ဝယ်မှန်းမသိလို့ မရောင်းဘူး။ လာဝယ်ရင်လဲ ဝယ် တဲ့သူကိုကြည့်ပြီး ရောင်းသင့်တယ် ထင်တဲ့သူကိုပဲ ရောင်းတယ်''ဟု ရန်ကုန်-သံတွဲ ယာဉ်လိုင်းပြေးဆွဲ သူတစ်ဦးကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Oct 2013 05:57 AM PDT

မန္တ လေးတိုင်းဒေသကြီး မိတ္ထီလာမြို့ တွင် ကာရာအိုကေဆိုင်ကို ပိတ် သိမ်းခဲ့သည့် ရဲစခန်းတာဝန်ရှိ သူများကို လေတပ်စခန်းမှ တပ် မတော်သားများက နှောင့်ယှက် ခဲ့သည့်အတွက် တပ်ထိန်းတပ်ဖွဲ့ မှ သွားရောက်ထိန်းသိမ်းဖြေ ရှင်း ပေးရသည့် ဖြစ်စဉ်တစ်ခုအောက် တိုဘာ၂ရက်က ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ရဲစခန်း၏ ပြောကြား ချက်အရ သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၂ရက် ည၁ဝနာရီ မိနစ် ၅ဝတွင် မိတ္ထီလာ အမှတ် (၃)ရဲစခန်းကို တပ်မတော် (လေ) ရှမ်းတဲမှတပ် ဖွဲ့ဝင် ၁၁ဦးရောက်ရှိလာပြီး ရန် ကုန်- မန္တလေးကားလမ်းဘေးရှိ အေ ဝမ်းစားသောက်ဆိုင်မှ ကာရာ အိုကေခန်းကို ရဲစခန်းမှပိတ်သိမ်း ထားသည်ဆိုသည်မှာ ဟုတ် မ ဟုတ်မေးမြန်းရာတွင် စခန်းမှူး က စည်းမျဉ်းစည်းကမ်းများအရ ပိတ်ထားရခြင်းဖြစ်ကြောင်း ပြန် လည်ဖြေကြားရာတွင် ပြဿနာ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Oct 2013 05:53 AM PDT

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်ကလည်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဘေးဒဏ်ခံနေရတဲ့ ကလေးငယ်ပေါင်း ၁ သိန်းကျော်ရှိပြီး ကလေးငယ်တွေရဲ့ အကျိုးအတွက် အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က တောင်းဆို လိုက်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလကုန်နဲ့ ခုလဆန်းပိုင်းက ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ နေအိမ်တွေ မီးရှို့ခံရမှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ယူနီဆက်ဖ်ရုံးရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ခုလိုတောင်းဆိုထားတာ ဖြစ်ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Oct 2013 05:45 AM PDT

သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး ခေါ်ယူ ထိန်းသိမ်း ခံထားရတဲ့ RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင်တွေကို ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်နဲ့ အဖွဲ့ လာရောက် တွေ့ဆုံခဲ့ပါတယ်။ သံတွဲမြို့ကို ရောက်လာလာချင်းမှာပဲ ဖမ်းဆီးခံထားရသူ တဦး ဖြစ်တဲ့ သံတွဲမြို့နယ် RNDP ဥက္ကဌ ဦးစောလှိုင်ရဲ့ မိသားစုတွေ အပါအဝင် တစ်ခြား ဖမ်းဆီးခံထားရတဲ့ သူတွေရဲ့ မိသားစုဝင်တွေကို ဒေါက်တာ အေးမောင် သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သံတွဲမြို့မှာ ဘာသာရေးနွယ်တဲ့ ပဋိပက္ခတွေ အတွင်း နေအိမ် အဆောက်အဦတွေ မီးရှို့ ဖျက်ဆီးခံခဲ့ရ

Posted: 08 Oct 2013 05:39 AM PDT

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ  ဘရူနိုင်းနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့  ၂၃ ကြိမ်မြောက် ထိပ်သီးညီလာခံကို  တက်ရောက်ဖို့ ဒီနေ့  နေပြည်တော်ကနေ ထွက်ခွာသွားတယ်လို့ သမ္မတရုံးဝက်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ သမ္မတဦး
သိန်းစိန်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့  နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဒေါက်တာ ကံဇော်နဲ့ ဒုဝန်ကြီးတွေ လိုက်ပါသွားပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ - ဦးရဲထွဋ် ဖေ့စ်ဘွတ်ခ်

Posted: 08 Oct 2013 05:02 AM PDT
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ် မြောက်ရေးအဖွဲ့က ရုပ်ရှင်ဇာတ်ကားအမည်ကို 'အောင်ဆန်း'ဟု သတ်မှတ်အတည်ပြုလိုက် ကြောင်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးမင်း ထင်ကိုကိုကြီးက ပြည်ထောင်စုနေ့စဉ်သို့ပြော သည်။ ယမန်နေ့က နေပြည်တော်တွင် ပြုလုပ် သော ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကားနှင့်ပတ်သက်သော ဆွေးနွေးပွဲတွင် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးမင်းထင် ကိုကိုကြီး၊ ဦးဝိုင်း၊ ဦးဝေဠုကျော်၊ ဒေါ်အိအိ ခိုင်၊ဒေါ်ကြည်ဖြူသျှင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြ ပြီးနောက် ဇာတ်ကားအမည်ကို အတည်ပြုနိုင် ခဲ့ခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Oct 2013 04:51 AM PDT

တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲတွင် အိုက်စ် (ice or crystal methamphetamine) မူးယစ်ဆေးအမျိုးအစား ၇ တန် ထက်မနည်းဖမ်းရမိကြောင်း နီးစပ်သည့်သတင်းရပ်ကွက်ကပြောပါ
သည်။ အောက်တိုဘာ ၃ ရက် ညနေ ၄ နာရီခန့်တွင် ပါလျောင်း - ကျိုင်းလပ်မှ လာသည့် ကားတစီးအား မိုင်းလျဲန်းရဲတပ်ဖွဲ့ တားစီးစစ်ဆေးရာမှာ အိုက်စ် မူးယစ်ဆေးတုံးများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူ ကုန်သည်တဦးက ပြောပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Oct 2013 02:48 AM PDT

ဒီနှစ် မတ်လဆန်းက ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘဂါင်္လီတွေကို နေအိမ်ဆောက်ပေးမယ့် အစီအစဉ်အပေါ် ကန့်ကွက်ဆန္ဒပြပွဲ ဦးဆောင်သူ ၂ ဦးကို စစ်တွေမြို့နယ်တရားရုံးက ခွင့်ပြုချက်မရရှိဘဲ ဆန္ဒပြတဲ့အမှုနဲ့ ထောင်ဒဏ် ၃ လစီ ကျခံစေဖို့ စီရင်လိုက်ပါတယ်။ ရခိုင်တိုင်းရင်းသားများတိုးတက်
ရေးပါတီရဲ့ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ခုလို ပြောပါတယ်။ “ဒီနေ့ ၁၂ နာရီလောက်မှာ ဒေါ်ညိုအေးနဲ့ ဦးကျော်စိုးကို ထောင် ၃ လစီချလိုက်တယ်လို့ ကျနော်တို့ ကြားသိရပါတယ်။” ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Oct 2013 02:41 AM PDT


မြန်မာ့တပ်မတော် က ဒုဗိုလ်မှူးကြီး နဲ့ အထက်အရာရှိ ၃ဝ ကို ဗြိတိန်နိုင်ငံ Cranfield တက္ကသိုလ် က စစ်လေ့ကျင့်ရေး ကျောင်းမှာ လာမယ့် နှစ်ဆန်းပိုင်း ကျရင် ခေါ်ယူ သင်တန်းပေးတော့မှာပါ။ အခု လို မြန်မာ့ တပ်မတော် အရာရှိတွေ ကို သင်တန်း ပို့ချပေးခြင်း ဟာ မြန်မာ အစိုးရ ရဲ့ တောင်းဆို ချက် အရ ပြည်တွင်း ပြုပြင် ပြောင်းလဲရေး တွေ မှာ အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အတွက် ဗြိတိန် က လက်ခံ တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Cranfield တက္ကသိုလ်


Posted: 08 Oct 2013 02:27 AM PDT

ရန်ကုန်မြို့တွင်း၊ မြို့ပြင် တစ်ပေပတ်လည် အိမ်၊ ခြံ၊ မြေဈေး စံနှုန်း သတ်မှတ်ချက် ထုတ်ပြန်လိုက်ခြင်းကြောင့် အရောင်းအဝယ် အေးစက်နေသော ဈေးကွက်ပြန်လည် ကောင်းမွန် လာနိုင်ကြောင်း ရန်ကုန် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။ အိမ်၊ ခြံ၊ မြေ စံနှုန်းသတ်မှတ်မည်ဟု သတင်းထွက်ပေါ်စ စက်တင်ဘာလ ဒုတိယပတ်မှစ၍ အရောင်းအဝယ်များ အေးစက်ခဲ့ခြင်း ဖြစ်ပြီး ယခုစံနှုန်း ထွက်ပေါ်လာသဖြင့် ပြန်လည် ကောင်းမွန်လာနိုင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က သုံးသပ်သည်။ “စံနှုန်းသတ်မှတ်တဲ့ အခြေအနေကို စောင့်ကြည့်နေလို့ ဒီလိုအေးစက်နေတာပါ။ ဈေးကွက်က ပြန်ကောင်းလာမှာပါ။ ဈေးနှုန်းတော့ တက်လာမှာ မဟုတ်ပါဘူး” ဟု အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Oct 2013 01:56 AM PDT

၂၀၁၃-၁၄ ဘဏ္ဍာငွေ အရနဲ့ အသုံးစာရင်းမှာ အခွန်အကောက် ရငွေတွေ တိုးတက်လာပေမယ့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကနေ ရတဲ့ဝင်ငွေတွေကတော့ ကျဆင်းလာနေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ အခွန်စနစ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့အချိန်ဖြစ်ပြီး အခွန်က ရတဲ့ဝင်ငွေ တိုးတက်လာအောင် ကြိုးပမ်း ဆောင်ရွက်နေဆဲကာလပဲ ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကနေ အစိုးရကို ပေးဆောင်တဲ့အခွန်နဲ့ ၀င်ငွေတွေဟာ ဘတ်ဂျက်အတွက် အဓိကနေရာက ပါဝင်နေဆဲ ဖြစ်ကြောင်း၊ ဒါကြောင့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုနေပြီလို့ ပြောခဲ့ပါတယ်။

အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ငွေကြေးသုံးစွဲနိုင်အောင် ဘတ်ဂျက်ဝင်ငွေ တိုးတက်ရဖို့ လိုတယ်လို့ သမ္မတ က ပြောခဲ့ပါတယ်။

by ဒီဗွီဘီ
Posted: 08 Oct 2013 01:51 AM PDT

ကူးသန်းရောင်းဝယ်မှု စည်ကားသော နယ်စပ်မြို့ဖြစ်သည့် မူဆယ်တွင် လူသတ်မှုအပါအ၀င် အခြားအမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း ပြစ်မှုကျူးလွန်သူများမှာ တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အမှုဖြစ်စဉ် အချို့သာ ပြန်ဖမ်းနိုင်သည်ဟု ပြည်ထဲရေးဒု-၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အောက်တိုဘာ ၇ ရက်တွင် ပြောဆိုလိုက်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်မြို့နယ်တွင် လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုများ မကြာခဏဖြစ်နေပြီး တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသည့်အတွက် လုံခြုံရေး တိုးမြှင့်ချထားပေးရန် ရှမ်းပြည်နယ်မှ အမျိုး သားလွှတ်တော်အမတ် ဦးစိုင်းဝင်းမောင်၏ မေးခွန်းကို အောက်တိုဘာ ၇ရက်ကပြုလုပ်သည့် အမျိုးသား လွှတ်တော်တွင် ဒု-၀န်ကြီးက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Oct 2013 01:45 AM PDT
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရားမ၀င် ငွေကြေးလဲလှယ်သူ အမျိုးသမီး တစ်ဦးသည် ငွေကျပ် သိန်းခုနစ်ထောင်ခန့် လိမ်လည်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားကြောင်း မူဆယ်မြို့မ ရဲစခန်းမှ သတင်းရရှိသည်။ ““ငွေလိမ်ခံ လိုက်ရသူ တချို့ ရဲစခန်းကို လာအကြောင်းကြားလို့ ဆွေမျိုးနီးစပ် တော်သူအချို့ကို ခေါ်ယူ စစ်ဆေး ခဲ့ပါတယ်။ အဓိက သံသယရှိ သူကတော့ ထိုင်းဘက်တိမ်း ရှောင်သွားတယ်လို့ သိရပါတယ်”” ဟု မူဆယ်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Oct 2013 01:29 AM PDT

မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးအနီးတွင် ငါးထောင်တန် ငွေစက္ကူအတုများကို ပြုလုပ်သုံးစွဲနေသည့် လူငယ်နှစ်ဦးကို အောက်တိုဘာ ၆ရက်က ဖမ်းဆီးရမိလိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ယင်းနေ့ နံနက် ၅ နာရီအချိန်က သပြေကုန်းရပ်ကွက်၊ မင်္ဂလာဈေးဝင်း ဂိတ်(၁)အနီးတွင် လူငယ်နှစ်ဦးက ငါးထောင်ကျပ်တန် ငွေစက္ကူအတုများကို သုံးစွဲနေကြောင်း သတင်းရရှိခဲ့သဖြင့် မြို့နယ်ရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်ဟု ဆိုထားသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Oct 2013 01:08 AM PDT
ရခိုင်ပြည်နယ်နဲ့ ကပ်ရပ် တည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်းမြို့က အစ္စလာမ်မစ် ဘာသာရေး ကျောင်း တစ်ခုမှာ ဗုံးပေါက်ကွဲခဲ့တဲ့ အတွက် အနည်းဆုံး ကျောင်းသား (၇) ဦး ဒဏ်ရာ ရရှိသွားတယ်လို့ ဒီကနေ့ထုတ် The Daily Star သတင်းစာမှာ ဖေါ်ပြပါတယ်။ ဗုံးပေါက်ကွဲတဲ့ စာသင်ကျောင်းဟာ အစ္စလာမ်မစ် အဖွဲ့တစ်ခု ဖြစ်တဲ့ Hefajat ခေါင်းဆောင် တစ်ဦးရဲ့ ကျောင်းဖြစ်တယ်လို့ ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဗုံးကွဲပြီးနောက် တွေ့ရစဉ်။ (ဓါတ်ပုံ- Star)

Posted: 08 Oct 2013 12:25 AM PDT
ဘာသာရေး၊ လူမျိုးရေးဆန်ဆန် ပဋိပက္ခများ ဖြစ်ပွား ရခြင်းသည် ကောလာဟလ သွေးထိုး လှုံ့ဆော်မှုများ ကြောင့်သာ ဖြစ်ပြီး အချို့ထင်မြင်နေ သကဲ့သို့ ၉၆၉ အယူဝါဒ လှုံ့ဆော်မှုကြောင့် ဖြစ်ပွားရခြင်း မဟုတ်ကြောင်း သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့်က ပြောသည်။ ““နိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ လူမျိုးရေး၊ စီးပွားရေးပေါ်မှာ အခြေခံပြီး ဖြစ်ပွား ခဲ့တဲ့အပေါ် ဘာသာရေး အမြတ်ထုတ်ပြီး ဆောင်ရွက်ခဲ့ကြတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။ တချို့ထင်မြင်ယူ ဆနေသလို ၉၆၉ ဆိုတာနဲ့ လှုံ့ဆော် တာမဟုတ်ဘူးဆိုတာ ပြောလိုပါတယ်”” ဟု ဦးဆန်းဆင့်က အောက်တိုဘာ ၆ ရက်တွင် ပြောသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရန်ကုန်မြို့ရှိ နေအိမ်တစ်အိမ်ရှေ့တွင် ကပ်ထားသော ၉၆၉ အမှတ်တံဆိပ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) 7Day Daily

Posted: 08 Oct 2013 12:12 AM PDT

နိုင်ငံတ၀န်းရှိ အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဒီနေ့ ပြန်လွှတ်ပေးနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ) ပြောခွင့်ရ ဦးဘိုကြည်က ပြောပါတယ်။ သူတို့ရရှိထားတဲ့စာရင်းအရ ပြန်လွှတ်ပေးမယ့် နိုင်ငံရေးအကျဉ်းသား ၅၆ ဦးရှိပြီး အခု စလွှတ်ပေးနေတယ်လို့ ပြောပါတယ်။ “အပြင်ရောက်တာ မော်လမြိုင်ထောင်က ရောက်ပြီ။ သူ့ကို အက်စ်ဘီက ခေါ်သွားတယ်။ မော်လမြိုင်မှာရှိတဲ့ ဒေသခံတွေက အက်စ်ဘီရုံးကို လိုက်သွားတယ်။ တချို့ထောင်တွေကလည်း ဆက်လွှတ်ဖို့ ပြင်နေပြီ။ အင်းစိန်ထောင်က ၁ ယောက်ပဲ လွှတ်မှာ။ နောက် နာရီဝက်လောက်ဆို အပြင်ပြန်ရောက်မယ်။” ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Oct 2013 12:08 AM PDT

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ဘာသာလူမျိုးအခြေခံ အကြမ်းဖက် ပဋိပက္ခတွေကြောင့် တိုးတက် ဖွံ့ဖြိုးစပြုလာနေတဲ့ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်နိုင်ဖွယ်ရှိနေတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။ ရခိုင်ပြည်နယ်မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမှာ ထင်ရှားတဲ့ ငပလီ ကမ်းခြေ အနီးမှာ ဖြစ်ပွားခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 08 Oct 2013 12:01 AM PDT

ယာယီနိုင်ငံကူး လက်မှတ်ဖြင့်သာ လုပ်ကိုင်နေရသည့် ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို မြန်မာနိုင်ငံကူး လက်မှတ် (စာအုပ်အနီ) အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ကာ ထုတ်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန နေပြည်တော်ရုံးရှိ Complaint Mechanism မှ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထွက်ခွာခွင့်ပြုသည့် နယ်စပ်မြို့များ ဖြစ်သည့် မြဝတီ၊ ကော့သောင်း၊ တာချီလိတ်မြို့တို့မှတစ်ဆင့် သွားရောက် လုပ်ကိုင်မည့် သူများကိုလည်း နိုင်ငံကူးလက်မှတ် ထုတ်ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Oct 2013 11:52 PM PDT

ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့၊ အင်းတကော် ရဲစခန်း အပိုင်၊ အမှတ်(၄)ရပ်ကွက် တွင် (၇.၁၀.၂၀၁၃)နေ့ နံနက်(၁၁း၀၀)အချိန်ခန့်က လင်မယား နှစ်ယောက် စကားများ ရန်ဖြစ်ရာ ဇနီးမှ ယောက်ျားအား ကြက်သွန်လှီးဓါးဖြင့် ထိုးသတ်မှု တစ်ခုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဦးစိုးကြည်၊ အသက်(၄၀)နှစ်၊ (ဘ)ဦးလှမောင်၊ အမှတ်(၄)ရပ်ကွက်၊ အင်းတကော်ကျေးရွာ နေသူနှင့် ဇနီးဖြစ်သူ မကြည်ကြည်မြင့်၊---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Oct 2013 11:46 PM PDT
၇.၁၀.၂၀၁၃ရက်နေ့ ၀၉၀၀အချိန် ရန်ကုန်(မူယစ်တပ်ဖွဲ့စု-၄၅)မှ တပ်ဖွဲ့ဝင်များသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာဆောင် Main X ray စက်၌ စစ်ဆေးရှာဖွေရေး တာဝန်ဆောင်ရွက်နေစဉ် မဖြူဥ၊ (ဘ)ဦးဘိုနီ၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ၏ ခရီးဆောင်အိတ်အား X ray စက်ဖြင့် ဖြတ်သန်းစစ်ဆေးရာ အိတ်အတွင်း၌ မသင်္ကာပုံရိပ်များ တွေ့ရှိရသဖြင့် မဖြူဥ၏ ခရီဆောင်အိတ်အား စစ်ဆေးခဲ့ရာ မြင့်မြင့်ဝေနှင့် ကမ္ဘာစန်းတံဆိပ်ပါ ထိုးမုန့်ဗူးခွံ (၁၈)ဗူးအတွင်း၌ သိုဝှက်သယ်ဆောင်လာသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြာ(၅၄၇၂၀)ပြား၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 07 Oct 2013 05:35 PM PDT

အိန္ဒိယနိုင်ငံမှာ ​မိုးကြိုးပစ်ခတ်ခဲ့တဲ့အတွက် ​အနည်းဆုံး ​လူ ​၃၂ ​ဦး ​သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ​စနေနဲ့ ​တနင်္ဂနွေနေ့တုန်းက ​Bihar ​ပြည်နယ်နဲ့ ​Jharkhand ​ပြည်နယ်မှာ ​မိုးကြိုးတွေ ​ပစ်ခဲ့ရာက ​လူပေါင်း ​၃၂ ​ယောက် ​သေဆုံးခဲ့ရပြီး ​အဲဒီထဲမှာ ​ကလေးငယ် ​၉ ​ယောက် ​ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ​မိုးရာသီဖြစ်တဲ့ ​ဇွန်လကနေ ​အောက်တိုဘာလအတွင်း ​မိုးကြိုးပစ်ခတ်မှုတွေ ​ဖြစ်လေ့ဖြစ်ထရှိပေမယ့် ​ခုလို ​ရက်ပိုင်းအတွင်း ​လူ ​၃၀ ​ကျော် ​သေဆုံးတာမျိုး ​မရှိခဲ့ဘူးလို့ ​ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သြစတြေးလျနိုင်ငံ Brisbane မြို့မှာဖြစ်ခဲ့တဲ့ လျှပ်စီးလျှက်မှု (Credit: ABC Licensed) 


Posted: 07 Oct 2013 04:26 PM PDT

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနဲ့ ကော့မူး မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဟာ အောက်တိုဘာလ ၁၈ ရက် နေ့မှာ ယူကေ အပါဝင် ဥရော ပ ၄ နိုင်ငံ ကို ခရီးထွက် မယ် လို့ သိ ရ ပါတယ်။ ခရီး စဉ်အသေးစိတ် ကို တော့ ညိ နှိုင်း နေဆဲ ဖြစ်ပြီး ဒီခ ရီး ဟာ ၂ပတ် ခန့် ကြာ မှာ ဖြစ် တယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဒေါ်အောင်ဆန်းစုကြည် ဥရောပကို လာဖို့ ရှိနေပါတယ်။

Posted: 07 Oct 2013 04:12 PM PDT

၂ဝ၁၃ ခုနှစ်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) က ကူညီခဲ့တဲ့ နာရေးကိစ္စတွေဟာ ဒီနေ့ “တစ်သောင်း” ပြည့်မြောက်သွားပြီလို့ သိရပါတယ်။ ဒဂုန်မြို့သစ်မြောက်ပိုင်းမှာ ဒီနေ့ ကူညီခဲ့တဲ့ ဈာပနအစီအစဉ်မှာ အသင်းဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင် နိဗ္ဗာန်ယာဉ်မောင်းပြီး ပို့ဆောင်ပေးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် နာရေးကူညီမှုပေါင်း တစ်သောင်းပြည့်တဲ့ အထိမ်းအမှတ်ဖြစ်တာနဲ့ ပတ်သက်ပြီး သူက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Miss Myanmar 2012 နန်းခင်ဇေယျာနဲ့ Miss Supra Myanmar မခင်ဝင့်ဝါတို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ တစ်သောင်းပြည့်(၂၀၁၃) အစီအစဉ်မှာ ဝိုင်းဝန်းကူညီကြစဉ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...