Sunday, October 6, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၁၀)

သစ်ထူးလွင်



Posted: 06 Oct 2013 07:15 AM PDT

မြန်မာအစိုးရစစ်တပ်သည် တောင်ငူခရိုင်၊ သံတောင်မြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တပ်သား ၂ဦးကို အောက်တိုဘာ ၁ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားရာ ယခုအချိန်ထိ ပြန်မလွှတ်သေးကြောင်း KNU တောင်ငူခရိုင်မှ တာဝန်ရှိ သူများက ပြောသည်။ ၎င်းဒေသရှိ အစိုးရတပ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ-၄၄၀)၏ ဒုရင်းမှူးရဲထွန်း ဦးဆောင် သော စစ်ကြောင်းသည် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်
မတော်-KNLA တပ်ရင်း(၅)မှ တပ်သား စောအောင်ကိုလတ်နှင့် စောနေမူးတို့ကို သံတောင်မြို့နယ်၊ သံမိုးတောင်လမ်းခွတွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Oct 2013 07:11 AM PDT

ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့ အမှတ် (၃) ရပ်ကွက် သိမ်တော်ကြီးလမ်းတွင် အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော မူးယစ်ရမ်းကားမှုကို ပဋိပက္ခအသွင် မဖန်တီးနိုင်မီ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များနှင့် အစ္စလာမ် ဘာသာရေး အဖွဲ့များက ပူးပေါင်း ဖြေရှင်းနိုင်ခဲ့ကြောင်း ဒေသခံ မျက်မြင်သက်သေ တစ်ဦးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ ပြောကြားချက်အရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Oct 2013 07:06 AM PDT

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အခြေခံဥပဒေသစ်တစ်ရပ် ပြန်လည် ရေးဆွဲမည် ဆိုပါက မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အလွန်အန္တရာယ် များကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ပြန် ကြေညာသည်။ ယင်းပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆပ်ကော်မတီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အောက်တိုဘာလ ၅ ရက်နေ့၌ ထုတ်ပြန်သည့် အချက်ကိုးချက်ပါ ကြေညာချက်တွင် အထက်ပါအတိုင်း ထည့်သွင်းကြေညာခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Oct 2013 05:07 AM PDT

ဈေးကွက်အတွင်း ရောင်းချ အသုံးပြုနေသော ရက်ကြာ အချဉ်ရည် များသည် မူလအရောင်မှ အခြား အရောင်များသို့ အရောင်ပြောင်း သွားသည်ကို တွေ့ရှိရ၍ ထိုအချဉ်ရည်များကို စားသုံးသူ ကာကွယ်ရေး အသင်းမှ အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေး ဓာတ်ခွဲခန်းသို့ ပေးပို့ခဲ့ရာ စစ်ဆေးချက် အရ ဘက်တီးရီးယား ပိုးများ တွေ့ရှိကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Oct 2013 04:44 AM PDT

ဇုန်အမှတ်၁၀ နှာဘူးတောင်မှ မိုးထိမိုးမိ ရွှေလုပ်သားများကို အမျိုးသားကြီးပွား တိုးတက်ရေး ရွှေတူးဖော်ထုတ်လုပ်မှု ကုမ္ပဏီက ယမန်နေ့တွင် အင်အားသုံး ဖယ်ရှားရန် ကြိုးပမ်းမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။ နှစ်ဦးသဘောတူစာချုပ်အားရွေလုပ်
သားတို့မလိုက်နာသောကြောင့်ဟုကုမ္ပဏီက အကြောင်းပြခဲ့ပြီး ဖယ်ရှားရန်ကြိုးပမ်းသော်လည်းထိုနေ့က လုပ်သားတို့လက်မခံခဲ့ခြင်းကြောင့် မအောင်မြင်ခဲ့ဟု ဖယ်ရှားခံရမည့်ထဲတွင်ပါဝင်သူ ဦးအောင်ဆန်းလင်းကPopular News သို့ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မိုးထိမိုးမိရွေလုပ်သားများကို အမျိုးသားကြီးပွားတိုးတက်ရေးရွှေတူးဖော်ထုတ်လုပ်မှုကုမ္ပဏီက
အင်အားသုံး ဖယ်ရှားရန်ကြိုးပမ်း


Posted: 06 Oct 2013 03:49 AM PDT

ယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားသော တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စု လမ်းမပေါ်ရှိ ယန်းခတံတားတွင် မွေးဖွားလူနာ တင်ဆောင်လာသော တပ်မတော်ပိုင် ယာဉ်တစ်စီးသည် ယန်းခချောင်းအတွင်း အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းက ထိုးကျတိမ်းမှောက်ခဲ့ကြောင်း ကျိုင်းတုံမြို့နယ် အမှတ် (၆၄) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်လွင်က ပြောကြားသည်။ ယင်းယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည်များအနက် တစ်ဦးသေဆုံးကာ ကိုယ်ဝန်ဆောင် လူနာအပါအဝင် ငါးဦးဒဏ်ရာ ရရှိကြောင်း ၎င်းကရှင်းပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Oct 2013 03:51 AM PDT

တစ်နှစ်နီးပါး ငြိမ်သက်နေသော ရခိုင်ပြည်နယ်၏ လူမျိုးရေးအသွင်ဆောင် ပဋိပက္ခသည် အောက်တိုဘာလ အစတွင် သံတွဲမြို့၌ အရှိန်မြင့်တက်လာသည်။ ထိုပဋိပက္ခသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေချိန် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ ပဋိပက္ခအရှိန် မြင့်တက်နေသည့် အောက်တိုဘာလ ၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတ သံတွဲမြို့သို့ လာရောက်ခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ လူ့အသိုင်းအဝိုင်း နှစ်ခုကြား ယုံကြည်မှု တည်ဆောက်မှု အခြေအနေများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို လာရောက် လေ့လာခြင်း ဖြစ်သည်။ ယင်းကဲ့သို့ပဋိပက္ခများ တစ်ကျော့ပြန် လာခြင်းသည် အစိုးရ၏ အောက်ခြေအာဏာ ပိုင်များသည် ကျေးရွာများတွင် အကြမ်းဖက် မှု ဖြစ်စေနိုင်သော လှုံ့ဆော်မှုများကို လျစ်လျူရှုထားခြင်း ကြောင့်လောဟု မေးခွန်း ထုတ်စရာ ဖြစ်လာသည်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Oct 2013 03:37 AM PDT

ရန်ကုန်၊ အောက်တိုဘာ ၆

ဒလမြို့နယ်၊ စက်မြေရပ်ကွက်နေ မရွှေသိန်းသူ(ခ) မပုသိမ်၏ အတူနေမိခင်ဖြစ်သူ ဒေါ်လုံးတုံး၊ (ဘ)ဦးကြင်သည် ၎င်း၏နောက်အိမ်ထောင်ဖြစ်သူ ၀င်းထွဋ်(ခ)ရဲအောင် (မရွှေသိန်းသူ၏ပထွေး)၊ (ဘ)ဦးမြသိန်းနှင့်အတူ လက်ခတ်လှေ (၁)စီးဖြင့် ရန်ကုန်မြစ်အတွင်း ငါးဖမ်းသွားရာမှ (၁)လခန့်ကြာ သည်အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသြ
ဖင့် စုံစမ်းခဲ့ရာ လွန်ခဲ့သော (၁၅)ရက်ခန့်၊ ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တထောင်အမှတ် (၆) ဗောတံတားကမ်းစပ် လှေပေါ်တွင် ၀င်းထွဋ်(ခ) ရဲအောင်မှာ အရက်သောက်စားရာမှ ဒေါ်လုံးတုံးနှင့် စကားများရန်ဖြစ်စဉ် ၀င်းထွဋ်(ခ)ရဲအောင်မှ ဒေါ်လုံးတုံးအား လှေဘောင်နှင့်ဆောင့်သဖြင့် သေဆုံးသွားခဲ့ပြီး အလောင်းအား သန်လျင်ရေနံချက်စက်ရုံအနီး၊ ရန်ကုန်မြစ်အတွင်း ရေထဲသို့မျောချလိုက်ကြောင်း ၂.၁၀.၂၀၁၃ရက်နေ့ ၁၇၀၀အချိန်ခန့်တွင် စုံစမ်းသိရှိရသဖြင့် လူသတ်ပြီး အလောင်းဖျောက်ဖျက်သူ ၀င်းထွဋ်(ခ) ရဲအောင်အား အရေးယူပေးရန် မရွှေသိန်းသူမှ တိုင်တန်းခဲ့ရာ ဒလမြို့မရဲစခန်း(ပ)၄၄၅/၂၀၁၃၊ ပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police


Posted: 05 Oct 2013 06:25 PM PDT

မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်မှာတည်ဆောက်ေ
နတဲ့ မြို့သာ စက်မှု ဥယျာဉ်မြို့တော် စီမံကိန်းအတွက် သိမ်းဆည်းယာမြေ ဧက ၁သောင်းကျော်မှာ လျော်ကြေး ပေးတာမျှတမှု မရှိတာအပြင် လျော်ကြေးမပေးဘဲ သိမ်းယူတာတွေကြောင့် ဒေသခံတွေ မကျေမနပ်ဖြစ်နေကြ ပါတယ်။ တံတားဦး မြင်းခြံကားလမ်းအတိုင်း မြင်းခြံဘက်ကိုသွားရင် မြို့သာမြို့အလွန် ၃မိုင်လောက် ဝေးတဲ့နေရာက မြို့သာ စက်မှုဥယျာဉ် မြို့တော်စီမံကိန်းလုပ်ဖို့ သိမ်းထားတဲ့ လယ်တွေအတွက် ဒေသခံတွေ မကျေမနပ် ဖြစ်နေကြကြောင်း သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လယ်ယာမြေသိမ်းခံရပြီး လျော်ကြေးမညီမျှ ဖြစ်နေ

Posted: 05 Oct 2013 06:26 PM PDT
အမေရိကန် အထူး တပ်ဖွဲ့တွေဟာ အာဖရိက က အစ္စလာမ် ဝါဒီ စစ်သွေးကြွ ခေါင်းဆောင်တွေကို တိုက်ခိုက် စီးနင်းမှု နှစ်ခုကို သီးခြားစီ ပြုလုပ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ပိုပြီး သိသိသာသာ ထင်ရှားလာပါပြီ။ အဲဒီ တိုက်ခိုက်မှု နှစ်ခုကတော့ လစ်ဗျား နိုင်ငံ ထရစ်ပိုလီမြို့နဲ့ ဆိုမာလီ နိုင်ငံက ဆိပ်ကမ်း မြို့ဖြစ်တဲ့ ဘရာဝီ မှာ ဖြစ်ပါတယ်။ လစ်ဗျားက အယ်ကိုင်းဒါး ခေါင်းဆောင် Anas al Libiကို ထရစ်ပိုလီ မြို့မှာ ဖမ်းဆီး ရမိတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အမေရိကန် ကမ်းတက် အထူး တပ်ဖွဲ့ဝင်တွေ

Posted: 05 Oct 2013 06:20 PM PDT

စက်တင်ဘာ နောက်ဆုံးပတ် နှင့် အောက်တိုဘာလဆန်းပိုင်းအတွင်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြစ်အတွင်း လူသေအလောင်း ၁၁ လောင်းတွေ့ရှိရကြောင်း လှေသမားများက ပြောပါသည်။ “ပြီးခဲ့တဲ့ အပတ်တုန်းက ၁၀ လောင်းမနေ့က တလောင်း ပေါ်တယ်။ ရေဂိတ်ကျောက်ဆောင်မှာ၊ ကမ်း ဘေးမှာ တင်နေတာ” - ဟု အမည်မဖေါ်လိုသည့် လှေသမား တဦး ကပြောသည်။ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယင်ကျေးရွာအုပ်စု နမ္မတူမြစ်အတိုင်း အောက်ဘက် ၁၀ မိုင် ခန့် ကစ်ဟုခေါ်သော မြစ်ကျဉ်းတွင် စက်တင်ဘာ ၂၈ ရက်နေ့က အလောင်း ၉ လောင်း၊ ၂၉ ရက်နေ့က တလောင်း၊ အောက်တိုဘာ ၃ ရက်နေ့က တလောင်း သောင်တင်နေခဲ့သည်ကိုတွေ့ရကြောင်
း ဒေသခံ များနှင့် လှေသမား များကပြောပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Oct 2013 06:16 PM PDT
မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အရင်က ဖိနှိပ်ခံခဲ့ရတဲ့အဖြစ်တွေအပေါ် အာဃာတတရားနဲ့ လက်စားမချေလိုပေမဲ့ သမိုင်းမမေ့ဖို့တော့ လိုတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကတည်းက သူ့အတွက် ချီးမြှင့်ပေးအပ်ထားတဲ့ Homo Homini ဆုကို ချက်သမ္မတနိုင်ငံ Prague မြို့မှာ ကိုယ်တိုင်လက်ခံယူခဲ့စဉ် ပြောဆိုခဲ့တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကိုမင်းကိုနိုင် ချက်သမ္မတနိုင်ငံမှာ Homo Homini ဆုကို အောက်တိုဘာလ ၃ ရက် ၂၀၁၃ က ကိုယ်တိုင် လက်ခံရယူနေစဉ်။ (ဓာတ်ပုံ - igor.blazevic@oneworld.cz)



Posted: 05 Oct 2013 02:05 PM PDT

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် တော်ကနိ - ညောင်လိန်ကုန်းကျေးရွာက ဒေသခံတွေဟာ
သူတို့ဒေသက စားကျက်မြေကို ဒေသအာဏာပိုင်တွေက စားကျက်မြေအဖြစ် သတ်မှတ်မပေးဘဲ လယ်စိုက်ခွင့်ပြုထားတဲ့အပေါ် မကျေနပ်တဲ့အတွက် မနေ့က ဆန္ဒပြဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ကျုံဒါတ်အုပ်စု ညောင်လိန်ကုန်းကျေးရွာက ရွာသား ၁၅၀ ကျော်ဟာ ဆန္ဒပြဖို့ ဒေးဒရဲမြို့လယ်က ဓမ္မရုံကြီးမှာ လူတွေစုဝေးပြီး လမ်းလျှောက်ဖို့ ပြင်ဆင်နေချိန်မှာ ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင့်လူက ရွာသားတွေကို ကြိမ်းမောင်းပြီး ခြိမ်းခြောက်ပြောဆိုတာတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေက Myanmar News Now ကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 05 Oct 2013 01:45 PM PDT

ထိုင်း-မြန်မာနယ်စပ်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က God Army တပ်ဖွဲ့ဝင် ကရင်လက်နက်ကိုင် ၅၅ ယောက် ပျောက်ဆုံးသွားတဲ့ ကိစ္စမှာ ထိုင်းလုံခြုံရေးတွေမှာ တာဝန်ရှိတယ်ဆိုပြီး ဒါကို စုံစမ်းစစ်ဆေးပေးဖို့ ဒီတပ်ဖွဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးကနေ တောင်းဆိုလိုက်ပါတယ်။ ဒီကိစ္စကို ထိုင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးပေးဖို့ နဲ့ တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့အတွက် ထိုင်းလူ့အခွင့်အရေးအရေး ကော်မရှင်နဲ့ ထိုင်းရှေ့များ အသင်းတွေကို God Army အဖွဲ့ဘက်က တောင်းဆိုတာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

၁၉၉၉ ခုနှစ်က မြင်ရတဲ့ ဂျော်နီထူး (သေနတ်ကိုင်ထားသူ) နှင့် လူသာထူး

Posted: 05 Oct 2013 01:38 PM PDT

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ်တွေမှာ သာသနာ့အလံတွေ ထောင်ထားတာဟာ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်မှုမရှိဘူးလို့ သံတွဲမြို့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က အောက်တိုဘာလ ၄ ရက် မနေ့ကရက်စွဲနဲ့ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Oct 2013 01:35 PM PDT

မြန်မာနိုင်ငံက အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSA ဝပြည် သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ အနေနဲ့ အစိုးရရဲ့ တပြည်လုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို တက်ရောက်နိုင်ပေမယ့် လက်မှတ်ထိုးဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။ ဝတပ်ဖွဲ့နဲ့ မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့တို့ဟာ သောကြာနေ့တုန်းက ရှမ်းပြည်နယ် ပန်ဆန်းမှာ တွေဆုံ ဆွေးနွေး ကြပြီးနောက် ဝတပ်ဖွဲ့က အဲဒီလို ပြောတာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
UWSA ၀တပ်ဖွဲ့ဝင် တစ်ဦး

Posted: 05 Oct 2013 01:31 PM PDT

မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အင်အားစုဖြစ်တဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲတာထက် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ဖို့သာ သဘောထားဆန္ဒရှိကြောင်း RFAကို ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Oct 2013 01:26 PM PDT

အောက်တိုဘာလ(၆)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Oct 2013 01:26 PM PDT
အောက်တိုဘာလ(၆)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Oct 2013 01:20 PM PDT

အောက်တိုဘာလ (၃)ရက်နေ့ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၈၉၀

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Oct 2013 01:18 PM PDT

အောက်တိုဘာလ (၂)ရက်နေ့ထုတ် Good Health ကျန်းမာရေးနှင့် အလှအပဂျာနယ် အမှတ် ၄၅၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Oct 2013 12:58 PM PDT

ကလေး၊ ကလေးဝဒေသတွင် စက်တင်ဘာ ၂၈ရက်မှစ၍ ရေကြီး မြေပြိုမှု၊ တံတားကျိုးမှုများ ဆက်တိုက်ဖြစ် ပေါ်ခဲ့မှုကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းမကြီး တွင် အသွားအလာများရပ်တန့် သွားကြောင်း သိရသည်။ မန္တလေး-မုံရွာ-ဂန့်ဂေါ- ကလေးလမ်းတံတားနှင့် မုံရွာ- ကလေးဝ-ကလေးမြို့လမ်းများ တံတားများ အောက်တိုဘာ၃ရက် အထိ ပျက်စီးမှုများ သည့်အတွက် ကလေး-ကလေးဝ-တမူး သွားလာ မှုရပ်တန့်သွားပြီး တမူးနယ်စပ် ကုန်စည်သွားလာမှုများပါ ရပ်တန့် သွားကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Oct 2013 12:53 PM PDT

ပဲခူး တိုင်းဒေသကြီးအတွင်းရှိ ကျောက် ကြီးမြို့နယ်မှာ မြေမြှုပ်မိုင်းဒဏ် အများဆုံးခံရသော ဒေသဖြစ်ပြီး မိုင်းဒဏ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သူ အနည်းဆုံး ၃၃ဝမှ ၅၀၀ အထိရှိနေကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး စစ် တောင်းမြစ်အရှေ့ဘက်ကမ်း၊ အရှေ့ ရိုးမတောင်ခြေနှင့် တောင် ပေါ်ဒေ သဖြစ်သော ကျောက်ကြီး၊ ရွှေကျင်နှင့် ထန်း တပင်မြို့နယ်တို့ ရှိဒေသခံပြည်သူများမှာ မြေမြှုပ် မိုင်းများ၏ဒဏ် ကို ပြင်းထန်စွာခံ စားရကြောင်း၊ အထူးသဖြင့် ကျောက် ကြီးမြို့နယ်မှာ မြေမြှုပ်မိုင်း ဒဏ် ခံရမှုအများဆုံးဖြစ်ကြောင်း ပဲခူး တိုင်းဒေသကြီး ကျောက်ကြီးမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဆွေဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...