Saturday, October 19, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၁၀)

သစ်ထူးလွင်


Posted: 19 Oct 2013 07:03 AM PDT
စစ်တပ်က ကျောထောက်နောက်ခံ ပြုပေးထားတာကြောင့် တရုတ်ကုမ္ပဏီတွေ  မြန်မာနိုင်ငံက သယံဇာတ တွေကို ခေါင်းပုံဖြတ်နေ တာဟာ သာမန်လုပ်ရိုးလုပ်စဉ်  ကိစ္စတစ်ခုလိုဖြစ်နေ . . .

ဖားကန့်မှာ နိုင်ငံခြား ကုမ္ပဏီတွေကို ကျောက်စိမ်း တူးခွင့် မပေးပေမယ့် တရုတ် ကုမ္ပဏီ ၂၀လောက် ကတော့ ငွေအရင်းအနှီး ကြီးမားစွာနဲ့ ထုတ်လုပ်မှုတွေ ရှိတယ်လို့ ကျောက်စိမ်း ကုန်သည် တချို့နဲ့ စက်ရုံအတွင်း လူတွေက ပြောဆိုပါတယ်။ မြန်မာ့ ကျောက်စိမ်းမြေ Jadeland Myanmar  ရဲ့ ဥက္ကဋ္ဌ ရပ်ဇော်ခေါင်က ““တချို့ပဲ အစိုးရ ရတာပါ။ အများစု ကတော့ တရုတ်တွေရဲ့ အိတ်ကပ်ထဲနဲ့ အရင် အာဏာရှင် အစိုးရ မိသားစု ၀င်တွေပဲ ရနေကြတာ””လို့ ပြောကြား ခဲ့တယ်။ ကျောက်စိမ်း ကိစ္စမှာ စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီနဲ့ ခရိုနီကြီး တွေလည်း ပါဝင် ပတ်သက်နေကြ ပါတယ်။


ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Oct 2013 06:47 AM PDT

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အဝေးပြေးကားအသင်းစုဝေးရာ ကားလေးဝင်းတွင် ရန်ကုန်မှ တင်ပို့ပေးလိုက်သော ပါဆယ်အိတ်တစ်လုံးအား သက်ဆိုင်ရာမှ မသင်္ကာ၍ စစ်ဆေးရာမှစကာ အောက်တိုဘာလ ၁၈ရက် နံနက် ၉နာရီက ဗုံးလန့်မှုဖြစ်ပွားခဲ့သည်ဟု ဗုံးရှင်းလင်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါ ပါဆယ်အိတ်သည် Myanmar Mobile အမှတ်တံဆိပ် အပြာရောင်စာတမ်းပါ လက်ဆွဲစက္ကူအိတ်ဖြစ်ပြီး အိတ်ပေါ်တွင် "ဗိုလ်ချုပ်စိုးလွင် (တိုင်းမှူး) မုံရွာမြို့"ဟု ရေးထားပြီး ရန်ကုန်မှ မုံရွာသို့ စိန်ဌေးလှိုင် ခရီးသည်တင်ယာဉ်ဖြင့် တင်ပို့လိုက်ခြင်းဖြစ်သည်။ ထိုအိတ်ပေါ်တွင် ပေးပို့မည့်နာမည်ပါသော်လည်း လိပ်စာရေးသားထားခြင်းမရှိသောကြောင့် သက်ဆိုင်ရာမှ မသင်္ကာသဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Oct 2013 06:44 AM PDT

အပတ်စဉ်ထုတ် သူရိယအလင်း ဂျာနယ်တိုက်ကို လူ ၁၅ဦးက အောက်တိုဘာ ၁၈ရက်နေ့ည သန်းခေါင်အချိန်တွင် ရောက်ရှိလာပြီး ဂျာနယ်တိုက်ရှိ ကွန်ပျူတာ Hard-Disk ၁၄လုံးနှင့် နောက်ဆုံးထုတ် ဂျာနယ်များကို ယူဆောင်သွားခဲ့သည်ဟု ဂျာနယ်တိုက်ပိုင်ရှင် ဦးမိုးဟိန်းက ပြောဆိုခဲ့သည်။ ထုတ်ဝေသူ ဦးယုနိုင်နှင့် အငြင်းပွားမှု ဖြစ်နေဆဲဟု ဦးမိုးဟိန်းက ပြောဆိုခဲ့ပြီး ယမန်နေ့ည၌ ဖြစ်ပျက်ခဲ့မှုသည် ဂျာနယ်တိုက်သို့ ဝင်ရောက်စီးနင်းခြင်းဟု ယူဆကြောင်း၊ အဆိုပါ ၁၅ဦးမှာ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်၏ သား မောင်သူရိန်ဝင်းမြင့်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏ မြေး မောင်နေရွှေသွေးအောင် (ခ) ဖိုးလပြည့်တို့ ပါဝင်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Oct 2013 06:02 AM PDT

အ သည်းကြီးရောဂါသည် ဘီပိုး၊ စီပိုး နာတာရှည်ရောဂါကြောင့်သာ မက ငှက်ဖျားကြောင့်ပါ ဖြစ်ပွား နိုင်သည်ဟု ရန်ကုန်အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံမှ တွဲဖက် ပါမောက္ခ ဒေါက်တာဇော်သန်း ထွန်း က ပြောသည်။ ငှက်ဖျားရောဂါကြောင့် ဘေ လုံးကြီးလာပြီး အသည်းပါကြီး လာနိုင်ကြောင်း သိရသည်။''အသည်းရောဂါဖြစ်ရတဲ့ အကြောင်းရင်းက အများကြီးပဲ။ အရက်ကြောင့်၊ အသည်းရောင် အသားဝါဘီပိုးနဲ့ စီပိုးကြောင့်ပေါ့။ လူတော်တော်များများ မသိကြ တာက ငှက်ဖျားဖြစ်တာကြာလာ လို့ ဘေလုံးကြီးလာပြီး အသည်း ကြီးလာတာကိုပဲ။ ဒါတွေက ဆရာ တို့ တိုင်းပြည်မှာ တော်တော်များများတွေ့ရတယ်''ဟု ဒေါက်တာ ဇော်သန်းထွန်းက ထပ်မံပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Oct 2013 05:43 AM PDT

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာနဲ့ သာယာကုန်းကျေးရွာနားတစ်ဝိုက်က အမျိုးသားကြီးပွားတိုးတက်ရေး၊ ခိုင်လုံ၊ ကြိုင်အင်တာနေ ရှင်နယ်စတဲ့ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တွေထဲမှာ တစ်နိုင်တပိုင် ကျောက်စိမ်းတူးဖော်နေသူတွေထဲက ၅ဝ လောက်ကို တပ်မ ၁ဝ၁ လက်အောက်ခံ လှုပ်ရှားတပ်နဲ့ လုံခြုံရေးအဖွဲ့က ဖားကန့်မြို့နယ်ရဲစခန်းကို ဒီနေ့မနက်ပိုင်း က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Oct 2013 05:34 AM PDT

မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံး မြို့တစ်မြို့ဖြစ်သည့် ရန်ကုန်မြို့တော်တွင် ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်မှုများကို စောင့်ကြည့်အရေးယူရန် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများကို ညွှန်ကြားထားပြီး ဖြစ်ရာ အရေးယူခြင်းမရှိသော မြို့နယ် တာဝန်ခံများကို ထုတ်ပယ်သည်အထိ အရေးယူလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Oct 2013 05:33 AM PDT

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ဧပြီလမှစတင်၍ အလုံးရေ အကန့်အသတ်ဖြင့် လစဉ်ဖြန့်ချိနေသည့် ကျပ် ၁၅၀၀ တန် CDMA 800MHz မိုဘိုင်းလ်ဆင်းမ်ကတ် များကို အောက်တိုဘာလမှ စတင်၍ ရောင်းချမှု ရပ်ဆိုင်းလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT) က ထုတ်ပြန်သည်။ဧပြီလမှ ဇွန်လအထိ လစဉ် CDMA ကတ် သုံးသိန်းငါးသောင်းကို ဖြန့်ချိခဲ့ပြီး ဇူလိုင်လမှ စက်တင်ဘာလ အထိ လစဉ် ကတ် တစ်သိန်းငါးသောင်းသို့ လျှော့ချခဲ့ရာမှ ယခုလတွင် ရောင်းချမှု လုံးဝ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Oct 2013 05:42 PM PDT
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ် ညောင်ပင်ဈေးရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းတွင် အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ကျောင်းသား၊ ကျောင်းသူ ၃၂ ဦး ကျောင်း မုန့်ဈေးတန်းမှ မုန့်စားမိရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားကြောင်း ကျောင်းသားမိဘများက ပြောကြားသည်။ နေ့လယ် မုန့်စားကျောင်း ဆင်းချိန်တွင် မုန့်ဈေးတန်းမှ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ပဲရေခဲချောင်းတို့ကို ဝယ်စားရာမှ မူးဝေအော့အန်ကာ အစာအဆိပ်သင့်ခြင်း ဖြစ်ကြောင်း မိဘများက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Oct 2013 05:20 PM PDT

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ၊ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌလည်းဖြစ် ကော့မှူးမြို့နယ် လွှတ်တော် အမတ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယ အကြိမ်မြောက် ဗြိတိန် ခရီးစဉ်မှာ မြောက်ပိုင်း အိုင်ယာလန် ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို သွားရောက် လေ့လာမယ်လို့ သိရပါတယ်။ ခုလို မြန်မာ ပြည်က အဖွဲ့အစည်းနဲ့ လူပုဂ်ဂိုလ်တွေ ဒီလို လာပြီး လေ့လာနေကြတဲ့ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး လုပ်ငန်းဟာ တကူးတက သွားလေ့လာရအောင် ထိုက်တန် ပါရဲ့လား ၊ မြန်မာပြည် ငြိမ်းချမ်းရေး နီးလာပြီလားလို့ ဗဟု(ဖွံ့ဖြိုးမှု ) အဖွဲ့က သုတေသီ တယောက်ကို ဘီဘီစီက မေးမြန်းကြည့်ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တတိယမြောက် ဥရောပ ခရီးစဉ် အတွက် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်က ထွက်လာစဉ်

Posted: 18 Oct 2013 05:11 PM PDT

လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံ အတွင်းက နေရာတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ အစိုးရနဲ့ KNU အဖွဲ့အကြား ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။ ဗုံးခွဲမှုတွေမှာ အဓိက တာဝန်ရှိတယ်လို့ ယူဆထားတဲ့ စောမြင့်လွင်ကို  KNU ဗဟို အလုပ်အမှုဆောင်တဦး လာရောက် စစ်ဆေးနေတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ရှင်းလင်းပြောဆိုနေစဉ်။ 

Posted: 18 Oct 2013 05:07 PM PDT

ဘယ်လ်ဂျီနိုင်ငံ ဒလူဗမ်းကက်သလစ် တက္ကသိုလ်မှာ ကျင်းပမယ့် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဟောပြောပွဲ ကို ဧည့်ပရိသတ် တစ်ထောင်ကျော် တက်ရောက်ဖို့စာရင်းပေးသွင်း ထားတယ်လို့ တက္ကသိုလ်အုပ်ချုပ်ရေးမှုးက ဗီအိုအေကို ပြောပါတယ်။ စနေနေ့ဒေသစံတော်ချိန်မနက်ပိုင်းမှာ သဒ္ဓါတရားနဲ့ ဂရုဏာတရားထားရှိရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲကိုကျင်းပမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ဥရောပ ငါးနိုင်ငံခရီးစဉ်ကို ဘယ်လ်ဂျီယံနိုင်ငံနဲ့စတင်လိုက်တဲ့အကြောင်း မအင်ကြင်းနိုင်က တင်ပြမှာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥရောပ ငါးနိုင်ငံခရီးစဉ် 

Posted: 18 Oct 2013 05:02 PM PDT
အောက်တိုဘာလ(၁၈)ရက် ည ၇း၂၅မိနစ်တွင်ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပြီး ဥရောပခရီးစဉ် စတင်ထွက်ခွာခဲ့ သည်။အဖွဲ့ချုပ်နာယကဦးတင်ဦး၊ဦးစိုးဝင်းနှင်အဖွဲ့ ချုပ်အဖွဲ့ဝင်များ လိုက်ပါပို့ဆောင်ခဲ့ကြသည်။ - ဓါတ်ပုံ - National League for Democracy


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂ EU ၅ နိုင်ငံကို သွားရောက်ဖို့အတွက် ဒီနေ့ ည ၇ နာရီဝန်းကျင်လောက်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားပြီလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သွားရောက်တဲ့ ဥရောပခရီးစဉ်အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ပုသိမ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က RFAကို အခုလိုပြောပါတယ်။

ခရီးစဉ်ဟာ ၂ ပတ်ဝန်းကျင်ခန့် ကြာမြင့်မှာဖြစ်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ရှိသလို လွန်ခဲ့တဲ့ ၂၃ နှစ်ကရရှိခဲ့တဲ့ လူ့အခွင့်အရေးဆု Sakharov ဆုကိုလည်း လက်ခံယူဖို့ရှိတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာလာမယ့် နိုဝင်ဘာ၂ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

RFA Burmese


Posted: 18 Oct 2013 04:56 PM PDT

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း အာဏာပိုင်တွေက ခြံစည်းရိုးတွေဆက်ကာနေတာကြောင့် ဒေသ ခံတွေ က အဲဒီခြံစည်းရိုးတွေကို မနေ့က ညနေပိုင်းမှာ ၀င်ရောက်ဖျက်စီးခဲ့ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်း ၀မ်ပေါင်ကုမ္ပဏီက လုံထိန်းတပ်ဖွဲ့တွေကိုအကာအကွယ်ယူပြီး ဒေသခံတွေတားနေတဲ့ကြားက ဘူတိုဇာတွေနဲ့ ယာခင်းတွေကိုဖျက်ပြီး စီမံကိန်းနယ်မြေကို ခြံစည်းရိုးကာနေတာ ဖြစ်ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Oct 2013 04:42 PM PDT

လှိုင်သာယာ စက်မှုဇုန်က Solamoda အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ လုပ်ခလစာနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၇ရက်နေ့ ညနေကစတင်ပြီး ဆန္ဒပြခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Oct 2013 04:30 PM PDT

အောက်တိုဘာလ(၁၉)ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Oct 2013 04:26 PM PDT

အောက်တိုဘာလ(၁၉)ရက်နေ့ ထုတ် ကြေးမုံ သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Oct 2013 04:21 PM PDT

အောက်တိုဘာလ(၁၉)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ၊ အတွဲ(၂)၊ အမှတ်(၃၂)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Oct 2013 04:19 PM PDT

အောက်တိုဘာလ(၁၈)ရက်နေ့ ထုတ် Focus Online Journal အတွဲ(၁၅)၊ အမှတ်(၆၃)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...