Monday, October 7, 2013

ရယ်ရင်းကမောရပါတယ်.....


မိတ်ဆွေအားလုံးမင်္ဂလာပါ။
ကာယသုခ၊ စိတ္တသုခနှစ်ဖြာသောသုခနဲ့ ပြည့်စုံကြပါစေ...။
အလုံးစုံဆန္ဒတွေ မပြည့်သေးရုံမျှနဲ့ စိတ်ပျက်ကြရလေတဲ့
အားအင်ကုန်ခမ်းကြရလေတဲ့ နှစ်ဖြာသောဒုက္ခမှ ကင်းဝေးနိုင်ကြပါစေ။

ညတုန်းကတော့ MRTV-4 မှာသမီးလေးကြိုက်တဲ့နွေးထွေးမေတ္တာကို အတူထိုင်ကြည့်ပေးခဲ့တဲ့ အခါမှာ ဇာတ်ဝင်ခန်းပါ အင်တာနက်ပေါ်မှာ ကွန်မန့် ပေးတာ၊ ဆန္ဒပြုပြောဆိုဝေဖန်မူ၊ ချီးကျူးမူဆောင်ရွက်ကြပုံတွေဟာ ကျွန်တော်တို့ သဘောမကျဘဲ မနေနိုင်အောင်ကို နေ့ စဉ်မြင်နေရတဲ့ အွန်လိုင်းသဘာဝ ကို ပြောင်ပြောင်မြောက်မြောက်သရော်ထားနိုင်လို့ မပြုံးဘဲ ၀ါးလုံးကွဲရယ်မောခဲ့ကြရပါတယ်။
 
ဇာတ်ဝင်ခန်းအရ သမီးဖြစ်သူ မူလဆိုင်ပိုင်ရှင်ရဲ့ ဓါတ်ပုံနေရာမှာ ငွေကြေးရင်းနှီးစိုက်ထည့်မြုပ်နှံပေးသူ မိခင်ဖြစ်သူရဲ့  ဓါတ်ပုံပြောင်းလဲချိတ်ဆွဲထားရမူအပေါ် သဘောမကျလို့ မူလဆိုင်ပိုင်ရှင်ဖြစ်တဲ့ သမီးဖြစ် သူက အွန်လိုင်းကနေ ပရိသတ်အသံအဖြစ် ဟန်ဆောင်ရေးပြီး ပုံဖြုတ်ချစေသလို မိခင်ကလည်း လူငှားနဲ့ ပြန်ရေးပြီး ပုံပြန်ချိတ်စေပါတယ်။
ဒီလိုနဲ့ ဆိုင်နံရံမှာ သမီးပုံတလှည့် မိခင်ပုံတလှည့်ဖြစ်ရပ်က ချီးကျူးသံ ရှုတ်ချသံ အွန်လိုင်းကွန်မန့်  စာကြောင်း အရေအတွက်ပေါ်မူတည်ပြီး ရှိနေတာမို့ ကြည့်ရူရတဲ့ ရုပ်သံကြည့်ပရိသတ်မှာ တ၀ါးဝါး တဟားဟားပွဲကျရပါတယ်။

ပြင်ပလူ့ သဘာဝစရိုက်သဏ္ဍန်နဲ့ ပီပြင်တယ်လို့ ခံစားရမိသလို အွန်လိုင်းမှာ နိစ္စဓူဝတွေ့ နေကြရတဲ့ ကွန်မန့် တွေကလည်း ဒီလိုများဆောင်ရွက်နေကြတဲ့ မသမာမူတွေလားလို့ ပင် အတွေးဝင်မိပါတယ်။ (တစ်ခါတုန်း ကတော့ အာဖရိကတိုက် နိုင်ငံတစ်ခုပြည်တွင်းစစ်ကြောင့် အသံလွင့်ရုံမှာ အာဏာအပြန် အလှန် သိမ်းကြတဲ့ နိုင်ငံ့ခေါင်းဆောင်ပုံ တလှည့်စီ အခါခါပြောင်းလဲချိတ်ဆွဲတာလေး အမှတ်ရပြီး
ဒါကိုများ ကိုရီးယားရုပ်ရှင်အနုပညာရှင်တွေက ကူးယူပြီး ပြန်လည် ဟာသလုပ်သရော်လေသလားလို့  လည်းတွေးမိပြန်သေးတယ်) မိခင်ပုံကို အွန်လိုင်းကနေ သူကိုယ်တိုင်ဝေဖန်တဲ့ စာထက် မိခင်ပုံကို ချီးကျူးတဲ့ဘက်က များလာလေတော့သမီးဖြစ်တဲ့ မူလဆိုင်ပိုင်ရှင်က သူတို့ ဆိုင်ဝက်ဆိုဒ်အွန်လိုင်းကြီးကြပ်
ရေးမူး Admin ရဲ့ Password လှိုဝှက်နံပါတ်တောင်းပြီး မိခင်ဘက်က အကောင်းရေးလာသမျှ ကွန်မန့် တွေ ကို ဖျက်ပစ်ပါတယ်။ ဒါနဲ့ ခေသူမဟုတ်တဲ့မိခင်ကလည်း Admin ကဖျက်အားထက်ရေးအား ပိုကောင်းအောင် သူ့ ဘက်က လူအင်အား မြှင့်တင်ပြီး ချီးကျူးစကားသံတွေကို အဖွဲ့ လိုက်နဲ့ အချိန်ပြည့် လုပ်ဆောင်စေပါတယ်။

အဲ့ဒီထဲမှာ မီဒီယာသမားလို့ တောင်ဆိုနိုင်တဲ့ သိုင်းဝတ္တုစာရေးဆရာလည်း သူ့ အဖွဲ့ သားအနေနဲ့ ပါဝင် လုပ်ဆောင်ပါတယ်။ ဇာတ်ညွှန်းဆရာ အကွက်စေ့ပုံက သိုင်းဝတ္တုစာရေးဆရာဖြစ်တဲ့ သူဟာသူ့ မရီးနဲ့  သူ့ ကြားက အာဃာတတွေ ထည့်ရေးလို့ အဲ့ဒီလိုရေးရင်သိသွားတော့မှာ မို့ ဟန့် တားရတဲ့ အကွက်တောင် ပါသေးသမို့ ပတ်တောပိတ်မရအောင်ရယ်ကြမောကြရပါတယ်။ (စေခိုင်းသူအမျိုးသမီးကြီးရဲ့ သမီးဖြစ်သူနဲ့  မတ်တော်စပ်တဲ့ သိုင်းဝတ္တုစာရေးဆရာဟာ အစ်ကိုဖြစ်သူက သူ့ ထက်သူ့ မရီးဖြစ်သူအပေါ် အခွင့်အရေး
ပိုပေးတယ်ထင်ပြီး စောင်းချိတ်ကြတာလေးတွေလည်း ရှေ့ ကပြထားတာကိုး) စောစောက ကွန်မန့် 
ရေးဖို့ လူငှားတဲ့အဖွဲ့ လိုက်ကို ကြီးကြပ်ပြီး ရေးခိုင်းစေခိုင်းသူဖြစ်တဲ့ အမျိုးသမီးကြီးနဲ့ ကွန်မန့် တွေ ဒိုင်ခံဖျက်နေရတဲ့ သူ့ မိခင်ပုံချိတ်ထားတာ မသင့်လျှော်ကြောင်း၊ သူ့ ပုံသာပြန်ချိတ်သင့်ကြောင်း၊ ကွန်မန့် ရေးလိုက် လုပ်နေရတဲ့ သူ့ သမီးမူလဆိုင်ပိုင်ရှင်တို့ အကြားက စာကြောင်းရေပိုများရေး လုပ်ရပ်များဒီကနေ့ ဘယ်သူတွေလုပ်နေကြရပါသလဲ။
ကွန်မန့် စာကြောင်းရေ အတိုအရှည်၊ ထောက်ခံခြင်း၊ ကန့် ကွက်ခြင်း ရာခိုင်နှန်းအနည်းအများ၊ ချီး ကျူးခြင်း၊ ရှုတ်ချခြင်း ဂရပ်အနိမ့်အမြင့်နဲ့ သားအမိချင်း သွေးသားအရင်းတောင် မလွှဲ မရှောင်နိုင်တဲ့ (ကွန်မန့် တွေ) အကောင်းရေးစေလိုသူ၊ ကိုယ့်ဓါတ်ပုံသာ ဘယ်လိုမင်္ဂလာရှိကြောင်း ချီးကျူးထောပနာပြု ဘုန်းတော်ဘွဲ့ ကျူးစေလိုသူ ကိုရီးယားဇာတ်လမ်းတွဲထဲက သားအမိအပေါ်ပရိသတ်က ရယ်စရာမောစရာ သဘောထားလိုက်နိုင်ကြပေမယ့် တကယ်လက်တွေ့ နေ့ စဉ်နဲ့ အမျှမြင်တွေ့ ကြုံကြိုက်နေရတဲ့ အွန်လိုင်း မီဒီယာထက်က မသမာမူ (ကွန်မန့် ) တွေအပေါ် ရယ်စရာပမာသဘောထားနိုင်ကြပါ့မလား။
 
မေတ္တာတရားနဲ့ နွေးထွေးနိုင်ကြဖို့ ကတော့ လူ့ သဘော၊ လူ့ မနောမှာ အတော်ကြီးခက်နေမယ့် ကိစ္စများဖြစ်နေလေမလား....
ကျွန်တော်ရယ်ရင်းကေ မာရပါတယ်

မိတ်ဆွေများ
ကာယသုခ၊ စိတ္တသုခနှစ်ဖြာသောသုခနဲ့ ပြည့်စုံကြပါစေ...။
စိတ်ပျက်ရ၊ အားအင်ကုန်ခမ်းရ မူနှစ်ဖြာသောဒုက္ခမှ ကင်းဝေးနိုင်ကြပါစေ။

ကိုမျိုး (မြန်မာစာ)
၈.၁၀.၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...