Wednesday, October 16, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၁၀)

သစ်ထူးလွင်


Posted: 16 Oct 2013 05:29 AM PDT

ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ အမည်မသိ လက်နက်ကိုင် အဖွဲ့ဆီကနေ လက်နက်တွေ ဖမ်းဆီးရမိတယ်လို့ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။ မောင်တောမြို့နယ် ငခူရနယ်မြေဘက်မှာ စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံ အတွင်းပိုင်းကနေ ရာဇ၀တ်မှုတွေကြောင့် နယ်စပ်ကို ထွက်ပြေးတဲ့သူတွေ အုပ်စုဖွဲ့ပြီး ဓားပြတိုက်ဖို့ ရေလမ်းကနေတဆင့် ၀င်ရောက်လာတာလို့ မောင်တောမှာ တာဝန်ကျတဲ့ တပ်မတော်အရာရှိတဦးက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Oct 2013 05:26 AM PDT

ကြည့်ုမြင်တိုင်၌ အိမ်ပျော်နေသည့် လူတစ်ဦးအား နေအိမ်ပေါ်အထိတက်၍ သတ်ဖြတ်ခဲ့မှုတွင် လူသတ်သမားအဖြစ် သံသယရှိထားသူကို ဖမ်းဆီးမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ် ပြန်လိုက်သည်။ အဆိုပါ လူသတ်မှုမှာ ကြည့်မြင်တိုင် အောက်ရုံရပ်ကွက်တွင် အောက်တိုဘာ ၁၃ ရက် ည ၉ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Oct 2013 05:19 AM PDT

မြန်မာနိုင်ငံမှာ ခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သံသယနဲ့ ထိန်းသိမ်းခံထားရသူဟာ သူတို့အဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်မှု မရှိဘူးလို့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) က ငြင်းဆိုလိုက်ပါတယ်။ ဗုံးဖောက်ခွဲတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းထားသူဟာ ကေအန်ယူအဖွဲ့က ဖြစ်ပြီး အစိုးရနဲ့ အပစ်ရပ်စဲရေးအပေါ် မကျေနပ်တာကို ပြသဖို့ ကြိုးစားတာ ဖြစ်ကြောင်း ကေအန်ယူအဖွဲ့ အမည်မဖော်လိုသူတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Oct 2013 05:17 AM PDT

နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မြန်မာစစ်တပ်က အမျိုးသမီးစစ်ဗိုလ်တွေ ပထမဆုံးအကြိမ် မွေးထုတ်ဖို့ သင်တန်းခေါ်ယူလိုက်ပါတယ်။ မြန်မာ့တပ်မတော်မှာ အရာရှိအဆင့်က စတင်တာဝန်ထမ်းဆောင်ဖို့အတွက် အသက် ၃၀ အောက် ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းတွေ အလိုရှိတယ်လို့ စစ်ရာထူးခန့်ချုပ်ရုံးက သတင်းစာထဲကြော်ငြာထည့်ပြီး ခေါ်ယူလိုက်တာပါ။ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ လုပ်တာလို့ ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Oct 2013 05:13 AM PDT

ရွှေတိဂုံစေတီ မြောက်ဘက်မုခ် ဓာတ်လှေကားစစ်ဆေးရေးဂိတ်တွင် လူတစ်ဦးက ဓားကိုင်ရမ်းကားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ယင်းကို ရွှေတိဂုံစေတီတော် ရဲကင်းစခန်းမှ ဒု-ရဲအုပ် သန်းကျော်နှင့် အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပြီး မည်သည့်အတွက်ကြောင့် ဓားကိုင်၍ ရမ်းကားခဲ့သည်ကိုမူ မသိရှိသေးပေ။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Oct 2013 05:11 AM PDT

လည်ပင်းတွင် ပုဆိုးချည်ထားသည့် ပုပ်ပွ လူသေအလောင်းတစ်ခုကို မင်္ဂလာဒုံမြို့နယ်တွင် အောက်တိုဘာ ၁၄ရက် မွန်းလွဲက တွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ် ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။ ယင်းနေ့ မွန်းလွဲ တစ်နာရီခွဲက ချစ်တီးကုန်းရပ်ကွက်ရှိ စရက(၂) စစ်တပ်နယ်နိမိတ်နှင့် ဒနင်းရိုးချာင်းစပ် မြက်တောအတွင်း အမျိုးသား လူသေအလောင်း တစ်လောင်း တွေ့ရှိကြောင်းကို ဗိုလ်ကြီး လင်းအောင်က သတင်းပေးပို့ခဲ့သည်ဟု ဆိုထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Oct 2013 05:01 AM PDT

ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့၊ Trader ဟိုတယ်တွင် (၁၄.၁၀.၂၀၁၃)နေ့ ည သန်းခေါင်ယံ အချိန်ခန့်က ဗုံးဖောက်ခွဲမှုတွင် အဓိက တရားခံ စောမြင့်လွင်၏ ထွက်ဆိုချက်အရ ဘီးလင်းမှ ရန်ကုန်မြို့သို့ ALAPHARD ငွေမှင်ရောင်5F/….ကားဖြင့် ပို့ဆောင်ပေးခဲ့သူ (၂)ဦးဖြစ်သူ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်နှင့် ဖိုးလကြီးရပ်ကွက်နေသူ များ ဖြစ်ကြသော ၀င်းကိုကို(၄၂)နှစ်၊
(ဘ)ဦးစိန်အေးနှင့် မင်းဦး(၄၅)နှစ်၊(ဘ)ခင်မောင်အေးတို့အား ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ (၁၆.၁၀.၂၀၁၃)နေ့ နေ့လည်ပိုင်းက ဘီးလင်းမြို့မှ ရန်ကုန်မြို့သို့ ဖမ်းဆီး ခေါ်ယူ စစ်ဆေး လျှက်ရှိကြောင်း သတင်းရရှိသည်။

ကိုသန့် ဇင်

by Thit Htoo lwin


Posted: 16 Oct 2013 04:53 AM PDT

ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ခင်တန်းကြီးအုပ်စု၊ ကျွဲမကူးကျေးရွာတွင် (၁၂.၁၀.၂၀၁၃)နေ့ ညနေ(၆း၀၀)အချိန်ခန့်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ် လူသတ်မှု တရားခံအား ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ (၁၅.၁၀.၂၀၁၃)နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Myanmar News Now က သတင်းရရှိပါတယ်။  ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြ၀င်း၏ လမ်းညွှန်မှု၊ ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်း၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ဝင်းနှင့် အထူးအမှုစစ်အဖွဲ့၏ စုံစမ်းစစ်ဆေး
ဖော်ထုတ်ချက်အရ (၁၅.၁၀.၂၀၁၃)နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Oct 2013 02:40 AM PDT

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေး နွေးပွဲ များနှင့် နိုင်ငံရေးအပြောင်း အလဲများ ကိုမလိုလားသည့် တတိ ယအင်အားစုတစ်ခုမှ နိုင်ငံရေး တည်ငြိမ်မှုမရအောင် လှုံ့ဆော်မှု များနှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ် ငန်းများ ကို လုပ်ကိုင်နေသည်ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေးလေ့ လာသူများ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများက ပြော ကြားလိုက်သည်။ KNU/KNLAမှ ဗိုလ်ကြီး စောမိုးဇက်က''ကျွန်တော်တို့အ ဖွဲ့အနေနဲ့ကတော့ ဒီလိုဖောက် ခွဲမှုတွေနဲ့ လုံးဝပတ်သက်မှုမရှိ ဘူးဆိုတာပြောရဲပါတယ်။ ဒီလုပ် ရပ်တွေနဲ့ပတ်သက်ပြီး ကျွန်တော် တို့တိုင်းရင်းသားတွေက လုံးဝရှုတ် ချပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Oct 2013 01:55 AM PDT

မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင်တို့၏ ဘုရားဖြစ်သော ‘အလ္လာ’ ဟူသော စကားလုံးကို မွတ်ဆလင်ဘာသာ မဟုတ်သူများ သုံးစွဲခွင့် မရှိကြောင်း မလေးရှား တရားရုံးက အမိန့်ချမှတ် လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင် မဟုတ်သူများက ၎င်းတို့၏ ဘုရားကို မွတ်ဆလင် ဘာသာတို့၏ ဘုရားဆိုသော အသုံးအနှုန်း ဖြစ်သည့် ‘အလ္လာ’ ဟူသော စကားလုံးကို ယူငင်သုံးစွဲပါက ဘာသာဝင်များအကြား ရှုပ်ထွေးမှု ဖြစ်စေနိုင်သောကြောင့် တရားရုံးက ယခုကဲ့သို့အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Oct 2013 01:51 AM PDT

နိုင်ငံတကာ သတ်မှတ်ချက် ကြယ်လေးပွင့် အဆင့်ရှိသော ရန်ကုန်မြို့၏ နာမည်ကျော် ကုန်သည်ကြီးများဟိုတယ် ကိုးလွှာတွင် အောက်တိုဘာ ၁၄ ရက်နေ့ ညသန်းခေါင်ယံ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပြည်တွင်းဟိုတယ်များ၏ လုံခြုံရေး ဆောင်ရွက်ထားမှု အခြေအနေကို စစ်ဆေး သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Oct 2013 01:38 AM PDT

မေး ။ ။ နောက်ထပ်ဖြည့်စွက်ပြောချင်တာလေးများရှိလားမသိဘူး။
ဖြေ ။ ။ ဆရာတော်ရဲ့ အကြမ်းမဖက် မေတ္တာတရားတွေကို နာခဲ့ပြီးတော့ ကျွန်တော်အနေနဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို နားလည်ခဲ့ပါတယ်။ အခုဆိုရင် ဆရာတော်ဆီကနေ ဗုဒ္ဓဘာသာကို သင်ယူနေပါတယ်။ နောက်များ အဆင်ပြေခဲ့မယ်ဆိုရင် ဗုဒ္ဓဘာသာကို ကျင့်သုံးသွားဖို့ လည်း ကျွန်တော် ဆန္ဒထားထားပါတယ်။

အင်တာဗျူး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Oct 2013 01:29 AM PDT

တရုတ်ပြည်ရေလွှမ်းမိုးရာ နေရာဖြစ်သော Zhejiang ပြည် နယ်သို့ သွားရောက်လေ့လာသော တရုတ်နိုင်ငံသားအရာရှိတစ်ဦး သည် ရွာသားများ၏ ပခုံးပေါ် ခွစီးပြီး လှည့်လည်ကြည့်ရှုနေသည့် ဓာတ်ပုံများ အွန်လိုင်းတွင်ပေါ် ထွက်လာသဖြင့် ပြည်သူများဒေါ သထွက်ခဲ့ကြရကြောင်း အောက် တိုဘာ၁၄ရက် မီဒီယာသတင်း များတွင် ဖော်ပြခဲ့သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 16 Oct 2013 12:41 AM PDT

ရန်ကုန်မြို့၌ ဗုံးခွဲသူဟု သံသယ ရှိသူများ ဖမ်းမိပြီ Wednesday, 16 October 2013 နိုင်ငံတော်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ပျက်ပြား စေရန် ရည်ရွယ်ပြီး ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီး အချို့တွင် မသမာသူများက ဖောက်ခွဲမှုများအား လုပ်ဆောင်ခဲ့ကြသည်။ အထူးသဖြင့် ပြည်သူများ ထိတ်လန့်မှု၊ စိုးရိမ်ကြောင့် ကြမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံတည်ငြိမ် အေးချမ်းမှုကို ထိခိုက် ပျက်ပြားစေရန် ဦးတည် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိ ရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Oct 2013 12:35 AM PDT

မွန်ပြည်နယ်ဘီးလင်းတွင် အောက်တိုဘာ ၁၅ရက်ကဖမ်းဆီးရမိသည့် ဗုံးဖောက်ခွဲမှုတရားခံဟု ယူဆရသူ သုံးဦးက ၎င်းတို့ဖောက်ခွဲမှုများကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ ဝန်ကြီး ချုပ် ဦးမြင့်ဆွေက အ ရှေ့တောင်အာရှ အားကစားပြိုင် ပွဲ လုပ်ငန်းအကြိုညှိနှိုင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဦးမြင့်ဆွေက''ထရိတ်ဒါး အပါအဝင် ဗုံးဖောက်ခွဲမှုတွေမှာ ကျူးလွန်တဲ့သူတွေကို ၂၄နာရီ အတွင်း ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ပါပြီ။ သူတို့တွေကို စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာ ဖောက်ခွဲမှု တိုင်းမှာ သူတို့သုံးဦးပါဝင်ပတ် သက်ခဲ့တယ်လို့ ဝန်ခံလိုက်ပါပြီ။ ဆီးဂိမ်းပြိုင်ပွဲကို ဆုံးရှုံးအောင် နှောင့်နှေးအောင်ဆောင်ရွက်နေ တဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်''ဟု ပြောသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အောက်တိုဘာ ၁၄ရက်ည ဗုံးပေါက်ကွဲမှုအပြီး ထရိတ်ဒါး ဟိုတယ်အပြင်ဘက်တွင် လုံခြုံရေး ယူထားသော တပ်မတော်သား တစ်ဦးကိုတွေ့ရစဉ်။ Photo - EPA

Posted: 15 Oct 2013 07:38 PM PDT

ပျူမြို့ဟောင်းများဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း ရှေးဟောင်းမြို့သုံးမြို့ ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် တင်ပြထားရာ ယူနက်စကိုလက်အောက်ရှိ ICOMOS မှ တာဝန်ရှိသူများ လာရောက်စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ICOMOS မှ လာရောက်စစ်ဆေးသူများသည် ပျူမြို့ဟောင်း သုံးမြို့ကို လှည့်လည်စစ်ဆေးနေကြောင်း အောက်တိုဘာ ၁၂ ရက် က ပြည်မြို့၌ကျင်းပသော ပျူမြို့ ဟောင်းများ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရေး လှုံ့ဆော်ခြင်းအခမ်းအနားသို့ တက်ရောက်သည့် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သရေခေတ္တရာပြတိုက်အတွင်း ခင်းကျင်းပြသထားသောပျူခေတ်ယဉ်ကျေးမှုအမွေအနှစ်များ ဓာတ်ပုံ - ဇော်မင်းထိုက်

Posted: 15 Oct 2013 07:39 PM PDT
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် တောင်ငူတို့တွင် အောက်တို ဘာလအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲ မှုများတွင် မသင်္ကာသူ ခြောက်ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း သက်ဆိုင်ရာ ရဲတပ်မှူးရုံးများက စုံစမ်းသိ ရှိရသည်။ ရန်ကုန်မြို့တွင် အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်များက စော်ဘွားကြီးကုန်း၊ သာကေတ၊အလုံမြို့နယ်ရှိ Western Park 2 နှင့် ကုန်သည်ကြီးများဟိုတယ်တို့တွင် ပေါက်ကွဲမှုများနှင့်စပ်လျဉ်း၍ သံသယရှိ သူတစ်ဦးအား မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်တလင်း ကားလမ်းပေါ်တွင် အောက်တိုဘာ လ ၁၅ ရက် နံနက် ၆ နာရီက ဖမ်းဆီးခဲ့သည်။----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 15 Oct 2013 06:51 PM PDT

မြန်မာနိုင်ငံမှာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့အပါအဝင် နေရာတော်တော်များများမှာ ဗုံးတွေ ဆက်တိုက် တွေ့ရှိ ပေါက်ကွဲနေတာကြောင့် အမေရိကန် နိုင်ငံသားတွေကို မြန်မာနိုင်ငံတွင်း သတိနဲ့ ခရီးသွားလာကြဖို့ အမေရိကန်သံရုံးက သတိပေး နှိုးဆော်ထားပါတယ်။ အခုလိုမျိုး ခရီးသွားသတိရှိကြဖို့ နှိုးဆော်လိုက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jennifer Psaki က အခုလို ပြောကြားခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jennifer Psaki

Posted: 15 Oct 2013 06:47 PM PDT

မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးလေးခုတွင် ဗုံးတွေ့ ရှိမှုများနှင့် ဗုံးပေါက်ကွဲမှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်နေသောကြောင့် မြန်မာနိုင်ငံအတွင်း ၀င်ရောက်နိုင်သည့် နယ်စပ်ဝင်ပေါက်များအား လုံခြုံရေး တိုးမြှင့်ကာ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက People Power သတင်းစာသို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Oct 2013 06:39 PM PDT

မနေ့က ညပိုင်းနဲ့ ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်နဲ့ စစ်ကိုင်းမြို့ ရွှေပြည့်စုံ ဟိုတယ်တွေမှာ ဗုံးပေါက်ကွဲခဲ့တာနဲ့ပတ်သက်ပြီး ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက လုံခြုံရေးကို ပိုမိုသတိထားဖို့ ရန်ကုန်မြို့က ဟိုတယ်လုပ်ငန်းရှင်တွေကို ဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရန်ကုန်) နဲ့ ပန်ဒါဟိုတယ်မှာတွေ့ဆုံစဉ် ဟိုတယ်နဲ့ ခရီးသွားလာရေး ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Oct 2013 06:36 PM PDT

ရန်ကုန်မြို့နဲ့ တခြားမြို့ကြီးတွေမှာ အခုရက်ပိုင်းတွေအတွင်း ဗုံးတွေ့ရှိမှုတွေ၊ ဗုံးပေါက်ကွဲမှုတွေ ဖြစ်နေတဲ့အတွက် ရန်ကုန်မြို့ခံတွေကြား စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေသလို၊ ဗုံးသတင်းအပေါ်မှာလည်း အမြဲတမ်း နားစွင့်နေကြတာပါ။ အများပြည်သူ လှုပ်ရှားသွားလာတဲ့ လူထူထပ်တဲ့ နေရာတွေမှာတော့ လုံခြုံရေးအတွက် ပိုပြီး သတိထားနေကြပါတယ်။ ရန်ကုန်မြို့က လက်ရှိ လုံခြုံရေး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ခံတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရန်ကုန်မှာ ဗုံးဆက်တိုက် ပေါက်ကွဲပြီးနောက် လုံခြုံရေးတင်းကျပ်စွာချထား (၁၅ အောက်တိုဘာ ၂၀၁၃)

Posted: 15 Oct 2013 06:32 PM PDT

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် ဗုံးဖောက်ခွဲမှုမှာ ပါဝင်သက်တယ်လို့ သံသယရှိသူ ၃ ဦးကို ရဲတပ်ဖွဲ့က ဒီကနေ့ ဖမ်းဆီးထားပြီး၊ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကနေ့ နေ့လည်ပိုင်းမှာလည်း ရန်ကုန်မြို့လယ် ၃၈ လမ်းဒေါင့်မှာ ဗုံးတလုံး ထပ်တွေ့တဲ့အတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာပြီး ချက်ချင်းပဲ ဖယ်ရှားပစ်ခဲ့ပါတယ်။ အခုလို ရန်ကုန်မြို့က ဗုံးပေါက်ကွဲမှုနဲ့ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေရဲ့ နောက်ဆုံးအခြေအနေတွေ၊ နောက် ဆက်တိုက်ဆိုသလို ဗုံးတွေ တွေ့ရှိနေတဲ့  နောက်ဆုံး အခြေအနေတွေကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မသင်္ကာဖွယ်အထုပ်တခုကို ဗုံးရှင်းလင်းရေးတပ်ဖွဲ့က တွေ့ရှိပြီးနောက် ရဲတွေက အနီးကပ် စစ်ဆေးကြည့်ရှုနေစဉ် (၁၅ အောက်တိုဘာ ၂၀၁၃)

Posted: 15 Oct 2013 06:23 PM PDT

ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ဖြူး၊ စစ်ကိုင်းမြို့များတွင်ဗုံးပေါက် ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများဆက် တိုက်ဖြစ်ပွားခဲ့သည့်အတွက် ဗုံး ကောလာဟလများ ပျံ့နှံ့ပြည်သူ လူထုမှစိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။ အောက်တိုဘာ ၁၅ ရက်၊ ညနေ (၄) နာရီတွင် ဘုန်းကြီး လမ်း၊ စံပြမှတ်တိုင်အနီးတွင် Taxi တစ်စီးပေါ်၌ ဗုံးတွေ့ရှိကြောင်း ကောလာဟလထွက်ပေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး ဦးဝင်းကြည်က ““ဒီလုပ်ရပ်တွေ ဟာ ပြည်သူကို စိတ်ဓာတ်ရေးရာ ပျက်ပြားအောင် လုပ်တယ်လို့ပဲ သုံးသပ်တယ်။ ဒီလိုမလုပ်သင့် ဘူး။ ကျွန်တော်တို့လုံခြုံရေးကို နေ့၊ည ပုံမှန်ထက်တိုးမြှင့်ဆောင် ရွက်နေပါတယ်။ ပြည်သူတွေကို အသိပညာပေးချင်တာကတော့ နာရီကြိုးစ၊ ဓာတ်ခဲကိုတွေ့ရင် မကိုင်ပါနဲ့ သက်ဆိုင်ရာတာဝန်ရှိ သူတွေကို အကြောင်းကြားပါ။ သက်ဆိုင်ရာတာဝန်ရှိသူတွေက လာရောက်ပြီး ရှင်းလင်းပါလိမ့် မယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီး တော့ နေ့စဉ်သတင်းစာတွေမှာ ထုတ်လွှင့်ပေးနေပါတယ်”” ဟု ပြောသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Oct 2013 06:12 PM PDT
ဒဏ်ရာရသူ အမေရိကန် အမျိုးသမီးကို ဆေးရုံကြီးသို့ ပို့ဆောင်စဉ်။

ထရိတ်ဒါးစ် ဟိုတယ် ဗုံးကွဲမှုနဲ့ ဆက်နွယ်ပြီး မသင်္ကာသူ ၃ ယောက်ကို ရဲက ဖမ်းဆီး လိုက်ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားတဲ့ အခန်းက အမေရိကန် အမျိုးသမီး ဧည့်သည် တစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ ဗုံးပေါက်ကွဲမှုတွေဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေရဲ့ ဂုဏ်ပုဒ်ကို ထိခိုက် ပျက်ပြားအောင် လူတစ်စုက လုပ်နေတာ ဖြစ်ကြောင်း မြန်မာ အစိုးရက ထုတ်ပြန်ပါတယ်။

ဒီလုပ်ရပ်တွေကြောင့် လူထုကြား ထိတ်လန့် ချောက်ချားအောင် လုပ်နေတာ လို့လည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Posted: 15 Oct 2013 06:09 PM PDT

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်က ဂျပန်နိုင်ငံသားပိုင် ဖာမိုဆို အထည်ချုပ်စက်ရုံမှာ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၃ ဦးကို ပြန်ခန့်ပေးဖို့ ရာနဲ့ချီတဲ့ အလုပ်သမားတွေက ဒုတိယမြောက်နေ့အဖြစ် ဒီနေ့ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။ စက်ရုံက အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေဖြစ်တဲ့ မဟေမာန်ချစ်၊ မအေးသီတာနဲ့ ကိုရဲလင်းစိုးတို့ သုံးဦးကို အလုပ်ကထုတ်လိုက်တာကြောင့် အလုပ်သမား ၆၀၀ ကျော်ဟာ စက်ရုံဝင်းထဲမှာ ဆန္ဒပြနေကြတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...