Sunday, October 13, 2013

အချိန်တန်ရင် ခွဲရမှာပဲ

October 13, 2013 at 8:33am
ရသဆောင်းပါးမဟုတ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ် ခင်ဗျာ။


Google က ကိုယ့်အကြောင်းတွေ ကိုယ့်အုဌ်ဂူထဲမှာ ထည့်မြှုပ်လိုက်မလား (ပုံ အင်တာနက်က ရပါသည်။)ခုတလော အိုင်တီသမား ဦးဦး ဒေါ်ဒေါ် ကိုကို မမများ၊ ပရဟိတ ဦးဦးဘဘများထံက တရားသဘောတွေ အတော်ကြားရပါတယ်။ အချိန်တန်ရင် ခွဲရမှာပဲ။ အချိန်က ဘယ်တော့ တန်မလဲသာ မသိတာ။ ဗုဒ္ဓဘာသာ တရားသဘောနဲ့ဆို "ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ" ဆိုတော့ကာ ကြီးသည် ငယ်သည်မဟူ အချိန်မရွေး အချိန်တန်နေနိုင်ပါတယ်။
မရဏမင်းခေါ်ရင်တော့ "ထ္မင်းအိုးလေးတည်ပါရစေဦး" ပြောပြီး တားလို့တော့ မရနိုင်တော့ပါဘူး။ ဖုတ်ဖက်ခါ ထလိုက်ရမှာပါပဲ။ ကိုယ့်ဘို့ကိုယ့်တာ ကိုယ့်ဥစ္စာ၊ လုပ်စရာရှိတာတွေ ကြိုလုပ်ထားဘို့ ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ်။


Google က ကိုယ့်အကြောင်းတွေ ကိုယ့်အုဌ်ဂူထဲမှာ ထည့်မြှုပ်လိုက်မလား (ပုံ အင်တာနက်က ရပါသည်။)


လက်တွေ့လောကက လုပ်စရာတွေနဲ့ အလားတူ အွန်လိုင်းလောကက လုပ်လက်စ တန်းလန်းတွေအတွက်ကော စဉ်းစားထားပြီးပါသလား။ ကိုယ့်မှာ Gmail အကောင့် (တွေ အများကြီး) ရှိမယ်။ ဖဘအကောင့် (တွေ အများကြီး) ရှိမယ်။

အများကြီးလို့ ဘာလို့ ထည့်ပြောရသလဲ ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံသားများဟာ GDP per capita သာ သူများအောက်ကျချင်ကျမယ်။ ဖဘအကောင့် per captia (တစ်ဦးချင်း အကောင့်ပိုင်ဆိုင်နှုန်း)မှာတော့ ကမ္ဘာကျော်ပါတယ်။ ခ်ခ်

အကောင့်တစ်ခုချင်းစီမှာ လုပ်လက်စ တစ်ခုစီရှိမယ်။ ဆိုင်ရာဆိုင်ရာ ပါစင်နယ်မက်တာတွေ ဒုနဲ့ဒေး ရှိမယ်။ ကိုယ်သေသွားသော် ကိုယ့်ဖုန်းကနေဖြစ်ဖြစ် ကိုယ့်ပဝသိတဲ့ တနည်းနည်းနဲ့ ဖြစ်ဖြစ်၊ ကိုယ့် လက်ပ်တော့ကနေဖြစ်ဖြစ်၊ ကျန်ရစ်တဲ့ အိမ်သူသားသ္မီးမြေးမြစ်တွေ ဝင်ကြည့်ရင်၊ အခြားမသက်ဆိုင်သူဆီ ရောက်သွားရင် ဖြစ်ဖြစ်၊ ကိုယ်ကျိုးနည်းရချည့်ရဲ့။ သေသွားမှတော့ ဘာဖြစ်ဖြစ်ကွာ.. ပြောပေမည့် ကျန်ရစ်သူမိသားစု ထိခိုက်အောင် abuse အလုပ်ခံရရင် မခက်ပါလား...။

အောက်ကပုံမှာ Google က သိထားသမျှ ကိုယ့်သုံးနေတဲ့ ဆားဗစ်တွေ  နမူနာအဖြစ် ဖော်ပြထားပါတယ်။
Google က သိထားတဲ့ ကိုယ့်အကြောင်းတွေ ဒုနဲ့ဒေး
Google က သိထားတဲ့ ကိုယ့်အကြောင်းတွေ ဒုနဲ့ဒေး

မိမိကော လက်ရှိ ဘာတွေ ယူသုံးနေသလဲ ဆိုတာကို https://www.google.com/settings/products မှာ ဝင်ကြည့်နိုင်ပါတယ်။
ဒေတာတွေ မနည်းမနော ရှိနေမှာပါ။ ကိုယ်သေပြီးနောက် ကိုယ့်အကောင့်မှာ အများအတွက် အကျိုးရှိမည့် ဒေတာတွေ ရှိနေနိုင်သလို၊ အများအတွက် အကျိုးမရှိပဲ ကိုယ့်ပါစင်နယ်သက်သက် ဒေတာတွေလည်း ရှိနေမှာ မြေကြီးလက်ခတ်မလွဲပါပဲ။

ဒါဆိုရင် ကိုယ်သေသွားသော် တစ်ခုခုလုပ်ပေးဘို့ အမှာခြွေ သေတမ်းစာ ရေးထားဘို့ လိုပါပြီ။ ဘယ်သူ့ကို ဦးတည် ရေးမလဲ။ ထုံးစံအတိုင်း ငပွကြီး Google နဲ့ facebook ကိုပဲ သေတမ်းစာထားခဲ့ရမှာပေါ့။

ဒီနေရာမှာ Google နဲ့ facebook ရဲ့ သေတမ်းစာ လက်ခံပုံ ကွဲပြားချက် ရှိပါတယ်။

* Google က သေတမ်းစာ ကြိုရေးထားတာ လက်ခံပါတယ်။ "ငါ့ကိုမတွေ့ရင် သေပြီလို့ မှတ်လိုက်" လို့ မှာထားခဲ့လို့ ရပါတယ်။
* ဖေ့ဘုတ်မှာကျတော့ အမျိုးရင်း (or) မိတ်ဆွေရင်း တစ်ဦးဦးက မွေးစာရင်း၊ သေစာရင်းပြပြီး အကောင့်ကို အခြားဆက်မသုံးနိုင်အောင် တားပေးရမှာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

Inactive Account Manager= Google ရဲ့ သေတမ်းစာ စာရေး
Inactive Account Manager= Google ရဲ့ သေတမ်းစာ စာရေး

အပေါ်ပုံမှာ Google ရဲ့ သေတမ်းစာ စာရေး (Inactive Account Manager) ကို ဖော်ပြထားပါတယ်။ သူ့ဆီ သွားရမည့် လင့်က https://www.google.com/settings/account/inactive ဖြစ်ပါတယ်။ ကျနော် အထက်မှာ ဖော်ပြခဲ့သလိုပဲ "ငါ့ကိုမတွေ့ရင် သေပြီလို့ မှတ်လိုက်" လို့ မှာခဲ့နိုင်ပါတယ်။ ဖြည့်ပေးရမည့် အချက်က ဘယ်ကာလ အတွင်း မတွေ့ရင် သေပြီမှတ်ရမလဲ။ ဒါကို ၃ လမှ တစ်နှစ်ခွဲတာ ကာလအတွင်း setting ချိန်ထားနိုင်ပါတယ်။ စိတ်ဝင်စားရင် Setup ခလုတ်နှိပ်လို့ အခုပဲ သေတမ်းစာ ရေးခဲ့နိုင်ပါပြီ ခင်ဗျာ :)

~~~~~~~~~~~~~~~~~~~~~~~~~~~~

facebook specimen: Special Request for Deceased Person's Account
facebook specimen: Special Request for Deceased Person's Account

ဖေ့ဘုတ်မှာကျတော့ အမျိုးရင်း (or) မိတ်ဆွေရင်း တစ်ဦးဦးက မွေးစာရင်း၊ သေစာရင်းပြပြီး အကောင့်ကို အခြားဆက်မသုံးနိုင်အောင် တားပေးရမှာ ဖြစ်ပါတယ်။ အထက်ပါ လျှောက်ထားရမည့် ဖောင်ပုံစံကို အောက်ပါလင့်မှာ ဝင်ကြည့်နိုင်ပါတယ်။ https://www.facebook.com/help/contact/228813257197480

ဒါဆိုရင် အွန်လိုင်းကိစ္စ မကြောင့်ကြ စိတ်ဖြောင့်ဖြောင့် ထွက်ခွာသွားလို့ ရပြီပေါ့ ခင်ဗျာ။
အဲ... ပြင်ပလောကက တို့လို့တန်းလန်းတွေ ရှင်းဘို့ကတော့ ကျနော် မောင်လူဇိမ်းလည်း အကြံမပေးတတ်ပါဘူး။ အမွေပေးခဲ့ချင်တယ်ဆိုရင်ဖြင့် လက်သာတို့လိုက်ပါလို့ :D

တင်ပြသူ Lu Zein  ( မြန်မာ့ အရုဏ်သစ် )
13-Oct-2013

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...