Sunday, October 13, 2013

"မေ့တတ်သူ"

"မေ့တတ်သူ" 

ကျနော်က မေ့တတ်တယ် 

တရက်ကပေါ့ ကျနော်တာဝန်ကျရာ ဆေးရုံကြီး အရေးပေါ်လူနာဌာနထဲကို လူတစ်ယောက် ပြေးဝင်လာပြီး အော်ပြောတယ်... .. 
"ကယ်ကြပါအုံး၊ ကျနော့်မိန်းမ တက်စီကားထဲတင် မီးဖွားတော့မယ်"

 ဟာ... ဒုက္ခပါဘဲလား ဒါနဲ့... ... ကျနော်လည်း ဆေးအိတ်ကို ကမန်းကတန်းဆွဲယူပြီး တက်စီကားဆီ ပြေးရတာပေါ့။ 
 ကားနားရောက်လို့ တံခါးဆွဲဖွင့်တာ အရေးထဲ တံခါးက ကြပ်နေသေးတယ် ခြေစုန်ကန်ပြီး ဆွဲလိုက်မှ ပွင့်တော့တယ် ကပြာကယာပါဘဲ... 
 
 ကားထဲကအမျိုးသမီး ထမီကို ဆွဲလှန်လိုက်တယ် 
 
 အမယ်... အရေးထဲ မီးနေသယ်က ရှက်နေသေးဗျာ၊ ထမီကို ပြန်ဆွဲချနေသေးတယ် 
 
 သူ့လည်း ချော့မော့မနေအားပါဘူး အရေးကြီးနေတာကိုး အတင်းဘဲ ဆွဲရွဲလှန်ရတာပ့ါ 
 
 အဲ... အဲဗျ... သူ့အတွင်းခံဘောင်းဘီကို ချွတ်မလို့ လုပ်တော့မှ သတိထားမိတယ်... .... 
 
 မီးဖွားမယ့် မိန်းမဗိုက်ကလည်း ပိန်လှချည်လားပေါ့ ဟင်... 
 
 ဟုတ်တေးပါဘူး ဘေးဘီဝဲယာ လှည့်ကြည့်တော့.... အာ... တခြားတက်စီကားတွေ အများကြီးပါလား ဟ ဘုရား ဘုရား 
 
 ငါ ကားမှား ဖွင့်မိပြီ လူကို ထူပူသွားတယ်၊ မဖြစ်ခြေဘူးဆိုပြီး အသက်လေးမှန်မှန်ရှုလို့ သေချာပြန်စဉ်းစားလိုက်တော့မှ... 
 
 နောက် တစ်ခု ထပ်သတိရလိုက်တယ်... ... "အဲ... ငါက ဆရာဝန်မှ မဟုတ်ဘဲ၊ ဒီဆေးရုံက တံခါးစောင့်ဘဲ" 
 ကဲ... ... မေ့တတ်ပါတယ် ဆို  
 
 သန်၎ကို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...