သစ်ထူးလွင် သတင်းစုစည်းမှု (၃-၁၀)
သစ်ထူးလွင် |
|
- ဆရာသင်ကြားမှု မကောင်းပါက လဲလှယ်ပေးရန် မိဘများ တောင်းဆိုခွင့် ရှိဟုဆို
- သမ္မတ ခရီးစဉ်အတွင်း သံတွဲအကြမ်းဖက်မှု သေဆုံးသူငါးဦး ထိ မြင့်တက်၊ နှစ်ဦးပျောက်ဆုံး
- အရေးပေါ်လူနာတင်ယာဉ်ခေါ်ဆိုမှု နံပါတ်ပြောင်း
-
သံတွဲပဋိပက္ခဂယက်ကြောင့်မလေးရှား
ရောက် မြန်မာများစိုးရိမ်ပူပန် - ၁၂ နှစ်အရွယ် အိမ်အကူကို ၄၅ နှစ်အရွယ် အိမ်ရှင်က အဓမ္မကျင့်ဟု အမှုဖွင့်
- မြေယာလျော်ကြေး ညှိနှိုင်းမှုမရှိဘဲ လုပ်ပါက ကြေးနီစီမံကိန်း သပိတ်စခန်းဖွင့်ပြီး တောင်းဆိုမည်ဟုဆို (ရုပ်/သံ)
- အောက်တိုဘာလ(၃)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၅
- အောက်တိုဘာလ(၃)ရက်နေ့ ထုတ် အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၃၉)
- မပြီးပြတ်သေးသော မန္တလေးကျုံးဘေးက ဓားခုတ်မှုများ (ရုပ်/သံ)
- မပြီးပြတ်သေးသော မန္တလေးကျုံးဘေးက ဓားခုတ်မှုများ (သို့မဟုတ်) ၂၄၂ အနှုတ် ၆၊ ညီမျှခြင်း ၂၃၆
- ကြေးနီစီမံကိန်း လုံခြုံရေးတဲဆောက်မှုကြောင့် ဒေသခံများနှင့်အခြေအတင်ဖြစ်
- အတင့်ရဲပြည့်တန်ဆာလုပ်ငန်း ကြီးလေးသောပြစ်ဒဏ်ချ၍ နှိပ်ကွပ်ရန် ညွှန်ကြားထားဟု ဆို
-
ရခိုင်ပဋိပက္ခနှင့် ဆက်စပ်လျက် ရခိုင်တိုင်းရင်းသားတိုးတက်ရေး
ပါတီ RNDP ၏ သံတွဲမြို့နယ်ဥက္ကဋ္ဌကို ထိမ်းသိမ်းစစ်ဆေးနေ - ကလေးမြို့ရေဘေး တစ်ဦးသေ၊ သုံးဦးပျောက်
- ဗိုလ်ချုပ်ပုံသုံးပြီး ဆန္ဒပြရင် အရေးယူမည့်ပုဒ်မပါသည့် ဥပဒေကြမ်း အတည်ပြု
- ဖွဲ့စည်းပုံပြင်ရေး လူထုဆန္ဒခံယူပွဲ အန်အယ်လ်ဒီ စတင်တော့မည်
- မြို့တော်ခန်းမ ရှေ့ မိကျောင်းကန်အရေး ဆန္ဒပြသူများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု စင်တာဖွင့်လှစ်
- သမ္မတနှင့် ပြည်ထောင်စု ၀န်ကြီးများ ပါတီမူလရာထူး လွှတ်တော်တွင် အကြိတ်အနယ် ဆွေးနွေး
- ဓာတ်ဆီဖြင့် မီးမွှေးရာမှ လင်မယားနှစ်ဦးမီးလောင် တစ်ဦးသေဆုံး
- ပခုံးနှင့်မမျှအောင် လေးသော်လည်း ဘဝသည်ပျစ်ချ၍မရ
- ဘိန်းစိုက်သူတချို့သည် လက်နက်ကိုင်ဆောင်ထားကြသဖြင့် အမြစ်ပြတ်ချေမှုန်းရန် ခက်ခဲ
- သိမ်းဆည်းမြေဧက တစ်ထောင်ကျော် ကျပ်သန်း ၃၀၀ ပေးလျော်မည်ဟုဆို
- မြန်မာအပေါ် OIC အထင်အမြင် လွဲမှားမှု ဖြေရှင်းပြီးဟုဆို
- သံတွဲတွင် ဖမ်းဆီးခံရသူ များပြား
- မိုက်ကယ် ဂျက်ဆင် မိသားစု အမှုရှုံး
Posted: 03 Oct 2013 07:34 AM PDT
အခြေခံပညာသင် ကျောင်းများတွင် ဆရာများ ကျောင်းသားများအပေါ် သင်ကြားမှု မကောင်းပါက ဆရာလဲလှယ်ပေးရန် ကျောင်းသား မိဘများက တောင်းဆိုခွင့် ရှိကြာင်း ကျိုင်းတုံမြို့ ဝမ်လင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင့်က The Voice သို့ ပြောကြားသည်။ “ဘယ် ဆရာကို မကြိုက်ဘူး။ အသင်အပြ မကောင်းလို့ လဲပေးပါလို့ ကျောင်းသားမိဘတွေ ပြန်ပြောပိုင်ခွင့် ရှိပြီ” ဟု ၎င်းကဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Oct 2013 07:30 AM PDT
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရောက်ရှိနေသည့် ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ဖြစ်ပွားနေသည့် ဆူပူ အကြမ်းဖက်မှုများကြောင့် လူငါးဦး သေဆုံးပြီး နှစ်ဦးပျောက်ဆုံးကာ လေးဦးဒဏ်ရာ ရရှိထားကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။ သံတွဲမြို့နယ် ကျေးရွာအချို့တွင် အောက်တိုဘာလ ၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများတွင် အစ္စလာမ် ဘာသာဝင် ငါးဦးသေဆုံးခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၃ နာရီတွင် တောင်ကုတ်မှ သံတွဲသို့ ပြန်လာသည့် တိုင်းရင်းသားခြောက်ဦး တိုက်ခိုက်ခံရသဖြင့် နှစ်ဦးမှာ ပျောက်ဆုံးနေပြီး လေးဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းကဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Oct 2013 07:26 AM PDT
ရန်ကုန်-အရေးပေါ်လူနာတင်ယာဉ် ဆက်သွယ်ခေါ်ယူနိုင်ရန်ဂဏန်းလေးလံ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Oct 2013 07:18 AM PDT
ရန်ကုန်-
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ဖြစ်ပွားသော ပဋိပက္ခဂယက် ကြောင့်
အကြမ်းဖက်မှုများ ပြန်လည်ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့်
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိုးရိမ်ပူပန်မှုများ
ဖြစ်ပေါ်နေကြကြောင်း သတင်းရရှိသည်။ “ဇွန်လက ဆာလာရမ်းမှာ
ဖြစ်သလိုမျိုးပြန်လုပ်မယ်လို့ သတင်းတွေ ထွက်နေတယ်။ မက်ဆေ့ခ်ျတွေလည်း
ပို့လာတာရှိ တယ်”ဟု မလေးရှားနိုင်ငံတွင် အလုပ်သမားအရေး ကူညီနေသော
အဖွဲ့အစည်း တစ်ခု၏ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Oct 2013 06:42 AM PDT
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၁၂နှစ်အရွယ် အိမ်အကူအား အသက် ၄၅ နှစ်အရွယ် အိမ်ရှင်ဖြစ်သူက အဓမ္မပြုကျင့်မှု တစ်ခု အောက်တိုဘာ ၁ ရက်နေ့တွင် ဖြစ်ခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Oct 2013 06:28 AM PDT
ဒေသခံပြည်သူတွေနဲ့ မြေယာ လျော်ကြေး ကိစ္စတွေ ဖြေရှင်း ညှိနှိုင်းမှုမရှိဘဲ စီမံကိန်း အကောင်အထည် ဖော်ပါက သပိတ်စခန်းဖွင့်ပြီး စီမံကိန်းကို ရပ်ဆိုင်း သွားအောင် တောင်းဆို သွားမယ်လို့ လှုပ်ရှား တက်ကြွသူ မသွဲ့သွဲ့ဝင်းက စက်တင်ဘာ ၃ဝရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Oct 2013 06:21 AM PDT
|
||
Posted: 03 Oct 2013 06:19 AM PDT
အောက်တိုဘာလ(၃)ရက်နေ့ ထုတ် အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၃၉) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Oct 2013 05:59 AM PDT
မန္တလေးမြို့ မှာ ဓားခုတ်မှုများ ကျူးလွန်ခဲ့တဲ့ ဖမ်းမိထားသော ဖက်တီးနှင့်အဖွဲ့အား (၂-၁၀-၂၀၁၃)တွင် အောင်မြေသာစံ တရားရုံး၌ အပြီးသတ် စီရင်ချက်ချမည်။ သို့ရာတွင်… မည်သည့်အတွက်ကြောင့် မသိ။ သက်သေ စည်သူအောင်ကို စစ်ဆေးပြီး အမှုအား (၉-၁၀-၂၀၁၃)သို့ ထပ်မံ ချိန်းဆိုခဲ့သည်။ တရားရုံးမှ တရားခံများအား ပေးမည့်ပြစ်ဒဏ်များအတွက် ပြည်သူလူထုက စိတ်ဝင်စားစွာ စောင့်ကြည့်လျှက်ရှိပါသည်။ ပေးသည့်ပြစ်ဒဏ်သည် ကျူးလွန်ထားသည့် ရမ်းကားမှုများနှင့် တန်မျှမှု ရှိ/မရှိ စောင့်ကြည့်အကဲခတ်နေကြပါသည်။ အောင်မြေသာစံ တရားရုံးတွင် သက်သေဖြစ်သူ မောင်စည်သူအောင်နှင့် မီဒီယာများ တွေ့ဆုံပြောကြားခဲ့သည့် ဗီဒီယိုဖိုင်အား တင်ပြလိုက်ပါသည်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ သတင်းပေးပို့သူ- ကိုကြီးသူရ by Myanmar News Now |
||
Posted: 03 Oct 2013 05:53 AM PDT
မန္တလေးကျုံးဘေးတွင် ၂၀၁၃ခုနှစ် ဇူလိုင်လအတွင်းက ဆိုင်ကယ်ပေါ်မှ ဓားဖြင့်ခုတ်ပြီး ထွက်ပြေးသည့် ရမ်းကားမှုများ ဖြစ်ပွားခဲ့ရာ ဓားဖြင့်အခုတ်ခံရသူများ၏နစ်နာချ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Oct 2013 04:36 AM PDT
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းဒေသ ကြေနီးစီမံကိန်းဧရိယာအတွင်း ၀က်မှေးရွာ အနောက်ဘက် တောင်ခြေနားမှာ ရဲလုံခြုံရေးတဲတွေ လာဆောက်တဲ့အတွက် ရွာသားတွေနဲ့ အခြေအတင် ဖြစ်ခဲ့ကြပါတယ်။ ဒီမြေနေရာတွေဟာ ရွာသားတွေပိုင်ဆိုင်ပြီး မြေယာလျော်ကြေးလည်း မယူထားတဲ့အတွက် ရွာသားတွေက လက်မခံဘဲ အခြေအတင် ဖြစ်ခဲ့တာလို့ ၀က်မှေးရွာသားတဦးက ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Oct 2013 04:31 AM PDT
အတင့်ရဲလာသည့် ပြည့်တန်ဆာ လုပ်ငန်းနှင့်မိန်းကလေးများအား အ ရောင်းအဝယ်ပြုလုပ်ခြင်းကို နှိပ်ကွပ် ရန်အတွက် ကြီးလေးသည့်ပြစ်ဒဏ် များကိုသာ ချမှတ်ရန် တရားရုံးအားလုံး သို့ ညွှန်ကြားချက်ပေးပို့ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင် ဝင်းကပြောသည်။ အဆိုပါလုပ်ငန်းများကို ၁၉၄၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေဖြင့်သာ အရေးယူ လျက်ရှိပြီး တရားရုံးချုပ်နှင့် တရား လွှတ်တော်တို့၏ ညွှန် ကြားမှုများထပ်မံ ထုတ်ပြန်ကာ ထပ်ဆင့်အားဖြည့်၍ ထိ ရောက်စွာအရေးယူနိုင်ရေးကို ဆောင် ရွက်နေသည်ဟု ဝန်ကြီးက ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Oct 2013 04:20 AM PDT
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိနေသည့် ပဋိပက္ခများနှင့် ဆက်စပ်ကာ သံတွဲမြို့နယ်၏ ရခိုင်တိုင်းရင်းသားတိုးတက်ရေး သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Oct 2013 03:54 AM PDT
မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် စက်တင်ဘာ လကုန်ပိုင်းခန့်က တောင်ကျချောင်းရေများမှ တစ်ဆင့် မြစ်သာမြစ်၊ နေရဉ္စရာ မြစ်အတွင်း စီးဝင်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ လူသုံးဦး ပျောက်ဆုံးပြီး တစ်ဦးသေဆုံး စာရင်းဖွင့်ထားကြောင်း ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က The Voice သို့ အတည်ပြု ပြောကြားသည်။ “စန်းမြို့ရပ်ကွက်က လင်မယား နှစ်ယောက်က ကျီကုန်းဘက်မှာ ဆိုင်ကယ်နဲ့လာရင်း မျောသွားတာ။ အခုထိ ပြန်မတွေ့သေးဘူး။ နောက်စခန်းကြီးရွာက အမျိုးသမီးတစ်ဦးလည်း ဖောင်ကူးဘက်မှာ မျောသွားတာ ပြန် မတွေ့သေးဘူး။ သူတို့ကို ပျောက်ဆုံးဖွင့်ထားတယ်။ ဆင်ရွာဘက်က တစ်ဦးကတော့ ဆည်ကြီးချောင်းမှာ ရေဆင်းကူးရင်း သေသွားတယ်” ဟု ဦးအေးနိုင်က ဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Oct 2013 03:22 AM PDT
ဗိုလ်ချုပ်အောင်ဆန်းပုံ အသုံးပြုပြီး ဆန္ဒပြရင် အရေးယူမယ့်ပုဒ်မပါဝင်တဲ့ ဥပဒေကြမ်းကို အောက်တိုဘာ ၂ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံကို ဆန္ဒပြရာမှာ အသုံးပြုရင် အရေးယူမယ့် ပုဒ်မအပါအဝင် ပုဒ်မ ၁၀ ခုပါ ဥပဒေကြမ်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Oct 2013 03:20 AM PDT
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Oct 2013 03:09 AM PDT
ယမန်နေ့အောက်တိုဘာ၂ရက်က မြို့တော်ခန်းမ ရှေ့တွင် သပိတ်စခန်း ဖွင့်လှစ်ခဲ့သော မိကျောင်းကန်အရေး ဆန္ဒပြသူများကို ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ရဲတို့က ယနေ့ မနက်တွင်ကျန်းမာရေး စောင့်ရှောက်မှု စင်တာတစ်ခုကို ဖွင့်လှစ် ပေးလိုက်ရပြီဟု သိရသည်။ ဆန္ဒပြမှုတွင် ပါဝင်ခဲ့သောအသက် ၆၄အရွယ်ရှိသူ ဦးစိုးဝင်းမှာ ယနေ့မနက်က ရုတ်တရက် လေဖြတ်မှုရောဂါ ခံစားလိုက်ရသည့်အတွက် ကျန်ဆန္ဒပြသူများ အတွက်ဖွင့်လှစ် ပေးလိုက်ရခြင်း ဖြစ်သည်ဟု တာဝန်ရှိသူတို့ကဆိုသည်၊ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 03 Oct 2013 02:54 AM PDT
နိုင်ငံတော်သမ္မတနှင့်
ပြည်ထောင်စု ၀န်ကြီးများ ပါတီမူလရာထူးတွင် တည်ရှိနေပါက
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်ခြင်းရှိမရှိ သမ္မတရုံး(၂)
ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်နှင့် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးဝင်းမြင့်တို့ ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်တွင်
ထပ်ဆင့်မေးခွန်း(၄)ကြိမ် အပြန်အလှန် အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စု ၀န်ကြီးဦးစိုးမောင်က“နိုင်ငံတော
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 02 Oct 2013 11:57 PM PDT
တရုတ်နိုင်ငံ၊ ရွှေလီမြို့ ၌ အလုပ်သွားလုပ်သော ပလောင်လူမျိုး ဇနီးမောင်နှံနှစ်ဦး မီးမွှေးစဉ် ဓာတ်ဆီဘူးမီးလောင်ရာမှ ကိုယ်ခန္ဓာအနှံ့ လောင်ကျွမ်းခဲ့ပြီး အမျိုးသမီးသေဆုံးသွားကြောင်း မူဆယ်မြို့နယ်ဆေးရုံကြီးမှ သတင်းရရှိသည်။ ““နှစ်ယောက်စလုံး မီးလောင်ဒဏ်ရာတွေနဲ့ ဆေးရုံမှာလာတက်ခဲ့ပြီး အမျိုးသမီးက အောက်တိုဘာ ၁ ရက် ညက သေဆုံးသွားပါတယ်။ အမျိုးသားရဲ့ ဒဏ်ရာအခြေအနေကတော့ သက်သာနေပါပြီ””ဟု မူဆယ်မြို့နယ်ဆေးရုံကြီးမှ တာဝန်ကျဆရာမတစ်ဦးကပြောသည်။ မီးလောင်ဒဏ်ရာရရှိခဲ့သူ နှစ်ဦးမှာ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ နယ်၊ လွယ်လမ်ရွာနေ ဦးမိုင်းလုမ် အောင်ကျိုးနှင့် ဒေါ်ယေကမ်ဆိုသူတို့ဖြစ်ပြီး တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ နေ့စားဖြင့် ခြံရှင်းအလုပ် လုပ်ကိုင်နေခြင်းဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 02 Oct 2013 11:50 PM PDT
”ဘေးဖယ်၊ ဘေးဖယ်”ဟူသည့် အသံနှင့် အတူ ထိုနေရာ၌ လူတစ်စု ခြေသံခပ်ပြင်းပြင်းဖြင့် ဒုန်းစိုင်းသွားနေကြသည်။ နက်ပြာရောင်တီရှပ် လက်ရှည်နှ င့် ဘောင်း ဘီရှည် များကို ညီတူဝတ်ဆင် ထားသည့် ထိုသူများတွင် ခန္ဓာကိုယ်တောင့်တင်းသူ မရှိသလောက် ရှားသည်။ သို့သော် ၎င်းတို့သည် ကိုယ်ခန္ဓာနှင့် မမျှသည့် အထုပ် အပိုးကြီး များကို ထမ်းပိုးရင်း အပြေးအလွှားသွားလာနေသည်။ နေရာမှာ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့ရှိ မော်တင်ဆိပ်ကမ်း၊ တူညီဝတ်စုံဝတ် ဆင်ထားသော အလုပ်သမားများသည် ဆိပ်ကမ်း သို့လာရောက်ကပ်သော သင်္ဘော၊ စက်လှေများပေါ် သို့ ကုန်ပစ္စည်းအမျိုးမျိုးကို အတင်းအချပြုလုပ် နေခြင်းဖြစ်ပြီး ထိုသူများထဲ၌ အသက် ၂ဝ ခန့် လူငယ်များနှင့် အသက် ၅ဝ ကျော်လူကြီးပိုင်းများ ကိုလည်း တွေ့မြင်ရသည်။--- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 02 Oct 2013 11:47 PM PDT
မြန် မာနိုင်ငံရှိ ဘိန်းစိုက်ခင်းများတွင် အလုပ်လုပ်ကိုင်နေကြသူ တချို့ သည် လက်နက်ကိုင်များကိုင်ဆောင် ထားကြသဖြင့် ဘိန်းစိုက်ခင်းများ ကို အမြစ်ပြတ်ချေမှုန်းရန်အခက် အခဲများရှိနေသေးကြောင်း နိုင်ငံ ဖြတ်ကျော် မှုခင်းဌာနမှ အဆင့် မြင့် အရာရှိကြီးတစ်ဦးက ပြော သည်။ အဆိုပါအရာရှိက ''ဥပမာ ရှမ်းပြည်နယ်မှာရှိတဲ့ ဘိန်းစိုက် ခင်းတွေကိုကြည့်ဗျာ။ ဘိန်းစိုက် နေတဲ့သူတွေက အပြင်မှာသွားလာ နေရင်တော့ သာမန်လူတွေလို့ ထင်ရပေမယ့် လုပ်ငန်းခွင်မှာဆိုရင် သေနတ်တွေ လွယ်ထားတာ။ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေ လဲ အင်နဲ့အားနဲ့နှိမ်နင်းပေမယ့် အပေါ်ယံ လောက်ပဲ နှိမ်နင်းနိုင်တယ်။ ဘိန်း စိုက်ခင်းတွေကို အမြစ်ပြတ်ချေမှုန်း ဖို့ဆိုတာက လောလောဆယ်မ ဖြစ်နိုင်သေးဘူး။ နိုင်ငံတကာရဲ့ အကူအညီလဲ အများကြီးလိုတယ်။ ဘိန်းစိုက်ခင်း ချေမှုန်းဖို့ သွားတိုင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲဘော် တွေလဲ အများကြီးအကျအဆုံးရှိတယ်။ အပြန်အလှန်ပစ်ခတ်ရတဲ့အဆင့် ဖြစ်နေတာကိုး''ဟု ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 02 Oct 2013 11:44 PM PDT
ပခုက္ကူနှင့် ကျောက်ထုလေဆိပ် စီမံကိန်းများအတွက် သိမ်းဆည်းခဲ့သည့် မြေဧက ၁၂၃၉ ဒသမ ၄၃ ဧက အတွက် လျော်ကြေးငွေ ကျပ်သန်းသုံးရာကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ပေးလျော်သွာ...းမည် ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်က ပြောကြားသည်။ အောက်တိုဘာလ ၁ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ပထမနေ့တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၃) နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 02 Oct 2013 11:41 PM PDT
မွတ်ဆလင် လူနည်းစုကို အကြမ်းဖက်ခံနေရသည်ဟု ပြောဆိုလေ့ရှိသည့် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားနေမှုများကို ဖြေရှင်းခဲ့...ကြောင်း လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။ ကုလသမဂ္ဂက ဖိတ်ခေါ်မှုဖြင့် Group of Friends of the Secretary-General’s on Myanmar အစည်းအဝေး တက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိစဉ် စက်တင်ဘာလ ၂၆ ရက်နေ့က OIC (Organisation of Islamic Cooperation)၊ ကုလသမဂ္ဂ၊ အမေရိကန် အစိုးရတို့နှင့် တွေ့ဆုံရာ ယင်းသို့ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 02 Oct 2013 11:18 PM PDT
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခတွင် ပါဝင် ပတ်သက်သူများဟု သံသယ ရှိသူများကို လိုက်လံ ဖမ်းဆီးနေရာ ယခုအခါ ဖမ်းဆီးခံရသူများမှာ ဆယ်ဂဏန်း နီးပါးရှိသွားပြီဟု သိရသည်။ ယမန်နေ့ ညနေ ၁၀ နာရီ ၄၅ မိနစ်တွင် သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဦးမောင်ပုနှင့် နောက်ထပ် လူ (၅) ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 02 Oct 2013 07:47 PM PDT
ကွယ်လွန်သူ ပေါ့ပ် အဆိုတော် မိုက်ကယ် ဂျက်ဆင်ဟာ မသေသင့်ပဲ သေခဲ့ရတာဆိုပြီး သူ့ရဲ့ နောက်ဆုံး လှည့်လည် ဖျော်ဖြေပွဲ စီစဉ်သူ AEG Live ကုမ္ပဏီအပေါ် မိုက်ကယ် ဂျက်ဆင်ရဲ့ ကျန်ရစ်သူ မိသားစုက တရားစွဲ ဆိုထားတာ အမှုရှုံးသွားပြီ ဖြစ်ပါတယ်။ မိုက်ကယ် ဂျက်ဆင် သေဆုံးခဲ့ရမှုမှာ တာဝန်မကင်းတဲ့ ဆရာဝန် Conrad Murray ကို AEG ကုမ္ပဏီက ငှားရမ်းခဲ့တာ ဖြစ်ပေမယ့် သူဟာ အလုပ်နဲ့ သင့်တော်ပြီး အရည်အချင်းပြည့်မှီသူ တဦး ဖြစ်တာကြောင့် မိုက်ကယ် ဂျက်ဆင် သေဆုံးခဲ့မှုအတွက် AEG အနေနဲ့ လျော်ကြေး ပေးစရာ မလိုဘူးလို့ တရားရုံး ဂျူရီလူကြီးတွေက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment