Monday, October 7, 2013

သူဘာလို့ ငါ့ထက်သာနေရတာလဲ ?

အခမဲ့ ကြော်ငြာ's photo.

တစ်ခါက မောင်ဖြူနဲ့ မောင်မဲ ဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါ သတဲ့။ နှစ်ယောက်စလုံးဟာ အလုပ်ကို ကြိုးစားလုပ်ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်းမန်နေဂျာ အဖြစ်ရာထူးတိုးပေးလိုက်ပြီး မောင်မဲကတော့ အရောင်းသမားအဖြစ်နဲ့ပဲ လုပ်နေရပါတယ် ။ မောင်မဲဟာ ဆက်ပြီးသည်းမခံနိုင်တော့ပါဘူး။
အလုပ်ထွက်စာရေးပြီး သူဌေးဆီသွားတယ်။
" ဒီမှာသူဌေ့း့ ခင်ဗျားက အလုပ်ကြိုးစားတဲ့သူကိုတန်ဖိုးမထားဘဲ ဖားတဲ့သူကိုမှ ခင်ဗျားက ပ,စားပေး ရာထူးတိုးပေးတာ မဟုတ်လား ။ ဒီတော့ ကျုပ်အလုပ်ထွက်တယ့့် " လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ သူဌေးက မောင်မဲ အလုပ်ကြိုးစားတာ သိပါတယ် ။ ဒါကြောင့် သူ့သယ်ရင်းနဲ့ သူ့အကြားကွာခြားချက်ကို သူသိစေချင်တာနဲ့ 

"မင်းအလုပ်မထွက်ခင် ဈေးထဲသွားပြီး ဖရဲသီးသည်ရှာပေးနိုင်မလား " လို့ မေးပါတယ်။ မောင်မည်း ခေါင်းညိတ်တော့ 
" အေ့း့ ဖရဲသီး တစ်ကီလိုကို ဘယ်ဈေးလဲ မေးခဲ့စမ်းကွာ " လို့ခိုင်းတယ်။ 
 မောင်မဲလည်းထွက်သွားပြီး မကြာခင်ပြန်ရောက်လာပါတယ်။

 " တစ်ကီလို ၁၂ ဒေါ်လာပါဆရာ" 
သူဌေးက
"အေ့း့ ဒီမေးခွန်းကိုပဲ မင်းသူငယ်ချင်းမောင်ဖြူကိုလည်း ငါမေးဦးမကွာ " ဆိုပြီး မောင်ဖြူကို ခေါ်ပါတယ်။ စောစောကလိုပဲ ခိုင်းပါတယ်။ 

 မောင်ဖြူပြန်လာတော့ 
" သူဌေးခင်ဗျာ့း့ ဖရဲသီးသည် တစ်သည်ပဲ တွေ့ခဲ့ပါတယ့့် 
တစ်ကီလိုကိုတော့ ၁၂ ဒေါ်လာပါ့ 
၁ဝ ကီလိုယူရင် ဒေါ်လာ၁ဝဝ နဲ့ ရပါမယ့့် 
့လောလောဆယ်သူ့မှာ ဖရဲသီးအလုံး ၃၄ဝ ရှိပါတယ့့် 
ဆိုင်မှာခင်းထားတာက ၅၈လုံးပါ့ 
တစ်လုံးကို ၁၅ ကီလိုလောက်ရှိပါတယ့့် 
မနေ့ကမှ တောင်အရပ်က ဝယ်လာတာပါ့ 
အားလုံး လတ်လတ်ဆတ်ဆတ်တွေ ချည်းပါပဲ့ ဖုန်းဆက်ချင်ရင် ဒီမှာသူ့ ဖုန်နံပါတ်ပါ့ "

 မောင်မဲဟာ သူ့သယ်ရင်းနဲ့ သူရဲ့ခြားနားချက်ကို သိသွားပြီး သူ့သယ်ရင်းကို အရမ်း အထင်ကြီးလေးစား သွားပါသတဲ့ ။ အလုပ်မထွက်တော့ပါဘူး ။သယ်ရင်းဆီက လေ့လာသင်ယူစရာတွေရှိသေးတယ်လေ့  

ပိုပြီးအောင်မြင်နေသူတွေဟာ အကြောင်းအရာတစ်ခုကိုပဲ အများနဲ့မတူ ပိုပြီး မြင်တတ် တွေးတတ် နက်နက်ရှိုင်းရှိုင်း နားလည်တတ်တဲ့သူတွေပါ ။ မနက်ဖြန်အတွက် မင်းတွေးနေချိန်မှာ သူက နှစ်နဲ့ချီပြီးတွေးပြီးသွားပြီ ။ ရက်နဲ့နှစ်ဆိုတာ ၃၆၅ ဆ ၁ ဆ ကွ။ ကဲ့ သယ်ရင်း မင်းရော မင်းဘဝအတွက် ရှေ့ကိုဘယ်လောက်များ ကြိုစဉ်းစားထားပြီလဲ ။ မင်းဘယ်လောက်များ နက်နက်ရှိုင်းရှိုင်း တွေထားပြီလဲ့  

 Credit-> Nyein Chan www.facebook.com/free.of.charge.Ads

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...