Friday, October 4, 2013

မြန်မာ့ကလေးတွေ အဟာရမပြည့်ဝတာမို့သမ္မတကြီးရဲ့ ကျောင်းတွေမှာနို့စားနွား ၁၀ ကောင်စီမွေးဆိုတဲ့ ခေတ်နဲ့မလျှော်ညီတဲ့ အကြံကို သဘောမကျကြလို့ပါ

Than Htut's photo.

  • မြန်မာ့ကလေးတွေအဟာရမပြည့်ဝတာမို့သမ္မတကြီးရဲ့ကျောင်းတွေမှာနို့စားနွား ၁၀ ကောင်စီမွေးဆိုတဲ့ ခေတ်နဲ့မလျှော်ညီတဲ့အကြံကို သဘောမကျကြလို့ပါ http://www.dawnmanhon.com/2013/10/blog-post_9228.html

မြန်မာ့ကလေးတွေ အဟာရမပြည့်ဝတာမို့ စာသင်ကျောင်းတွေမှာ နွားနို့တိုက်ဖို့ အဆိုတစ်ရပ်ကို ရန်ကုန်တိုင်းလွှတ်တော်မှာ ဦးသိန်းညွှန့်ရဲ့ ပါတီက တိုင်းကိုယ်စားလှယ်တော်တစ်ယောက်က အဆိုတင်သွင်းတယ်၊ ဒါကို ဘက်ဂျက်မရှိဘူးဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေက ကန့်ကွက်တာမို့ အဆိုရှုံးနိမ့်သွားသတဲ့။
ဒီတော့ ထုံးစံအတိုင်း ဆဲချင်ခွင့်ရလို့ မြင်မြင်ရာ ဆဲချင်နေတာမို့ အများပြည်သူရဲ့ ဆဲဆိုသံတွေ ဆူညံပြီးထွက်လာပါတယ်။

မနေ့က သတင်းတစ်ပုဒ်ထဲမှာ သမ္မတကြီးက မြန်မာ့ကလေးငယ်အများစုဟာ အဟာရမပြည့်ဝဘူးဖြစ်နေတယ်၊ ဒီတော့ နိုင်ငံတကာ ကျောင်းတွေမှာလို နွားနို့တိုက်ဖို့လိုလိမ့်မယ်၊ ဒါနဲ့ပတ်သက်ပြီး ကျောင်းတွေမှာ နို့စားနွားတွေမွေးခိုင်းပြီး ကလေးတွေကို တိုက်ကြွေးဖို့တွေးမိတယ်လို့ ပြောတဲ့သတင်း တက်လာပါတယ်။ ဒီတော့ ဆဲသံတွေ ဝေစည်သွားပြန်တာပေါ့။

ဆဲတာက နွားနို့တိုက်ချင်တဲ့ သမ္မတကြီးရဲ့ စေတနာကိုမဟုတ်ဘူး ပြီးတော့ အစိုးရရဲ့ ဘက်ဂျက်မလုံလောက်မှုကိုလည်း ပြည်သူတွေက နားလည်သဘောပေါက်ပါတယ်၊ ဒါဆို ဘာလို့ဝိုင်းဆဲကြသလဲဆိုတော့ သမ္မတကြီးရဲ့ ကျောင်းတွေမှာ နို့စားနွား ၁၀ ကောင်စီမွေးဆိုတဲ့ ခေတ်နဲ့ မလျှော်ညီတဲ့ အကြံကို သဘောမကျကြလို့ပါ။

တကယ်တော့ တစ်နိုင်တစ်ပိုင်ဆိုတဲ့ အတွေးဟာ မ-ဆ-လ ခေတ်က အတွေးဟောင်းဖြစ်ပြီး ဒီတစ်နိုင်တစ်ပိုင်နဲ့ အလုပ်မဖြစ်လို့ မ-ဆ-လ ပါတီ ဇာတ်သိမ်းသွားခဲ့တာ နှစ်ပေါင် အစိတ်တောင်ကျော်ခဲ့ပါပြီ၊ ဒါပေမဲ့ ဒီအတွေးအခေါ်မှာ မြန်မာ့တပ်မတော်မှာ အခုအချိန်အထိ သက်ဝင်နေတုန်းပါပဲ။ ]]စားလို့ရတာအကုန်စိုက် ပိုလျံမှရောင်းတို့၊ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်ဝမ်းကိုယ်ကျောင်း}} တို့လို အဆိုအမိန့်တွေကို အခုအချိန်အထိ အချို့သော တပ်ရင်းတပ်မတွေမှာ ဆိုင်းပုဒ်ကြီးတွေနဲ့ တွေ့နေရဆဲပါပဲ။ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလတွေမှာလည်း တပ်မတော်တပ်ရင်းတပ်မတွေဟာ ဒီလိုပဲ ရပ်တည်ခဲ့ကြပါတယ်။

ဒီလိုရပ်တည်ခဲ့တော့ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာသလဲဆို၊ တပ်ရင်းပိုင် လယ်ကွက်တွေ၊ တပ်ရင်းပိုင် ငါးမွေးကန်တွေ၊ တပ်ရင်းပိုင်အုတ်ဖုတ်လုပ်ငန်းတွေကစပြီး တပ်ရံပုံငွေ စီးပွားရေးလုပ်ငန်းတွေ အလျှိုလျှိုပေါ်လာပါတယ်။ (နောက်ပိုင်းမှာ ကျောက်မိုင်းတွေတွေလို ငါးဖမ်းလုပ်ငန်းတွေလို လုပ်ငန်းတွေ သစ်ထုတ်လုပ်ငန်းတွေ လို လုပ်ငန်းကြီးတွေအပြင် အနှိပ်ခန်းလို ဘီယာဆိုင်လို စီးပွားရေးမှာပါ တပ်ရံပုံငွေအမည်တပ်ပြီး ပါဝင်ပတ်သက်လာပါတယ်၊ ဒါတွေထားပါတော့)

တပ်မတော်သားဟာ စစ်တိုက်ဖို့အတွက် စနစ်တကျ သင်ကြားထားသူတွေပါ၊ စစ်တိုက်ဖို့ ကျွမ်းကျင်သူကို ဝမ်းကြောင်းရမဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ခိုင်းတော့ ကမောက်ကမတွေဖြစ်ကုန်ရော။ ပြီးတော့ ကိုယ့်တပ်ကိုယ် အဆင်ပြေအောင် တာဝန်ယူရလေတော့ တပ်ရင်းမှူးတွေခမျာ ဒဿဂီရိလို ကာလီမာနတ်ဘုရားမလို ခေါင်းတွေ လက်တွေ အများကြီးရှိဖို့လိုလာပါတယ်။ (ဒီကြားထဲ နယ်မြေအုပ်ချုပ်ရေးကိစ္စပါ ရောပြီးတာဝန်ယူရတော့ ပွဲက ပျက်ရော)။ ပိုပြီးအရေးကြီးတဲ့အချက်က ကိုယ့်တပ်ကိုယ် ဖူလုံအောင် တာဝန်ယူရတာမို့ စနစ်ကျတဲ့ ငွေဝင်ငွေထွက်တွေလည်း မဖြစ်နိုင်တော့ဘူး၊ ဒီလိုပဲ တပ်သားလေးတွေနဲ့ ဖြစ်သလိုလုပ်ရတာမို့ ထွက်လာတဲ့ ကုန်ပစ္စည်းအရည်အသွေးကလည်း မမြင့်နိုင်တော့ဘူး။ ဒီလိုနဲ့ အကျင့်ပျက်မှုတွေ တပ်မှူးသူဌေးဖြစ် တပ်သားငမွဲဖြစ်မှုတွေ ပေါ်လာတယ်။

ဆိုလိုတာက စစ်သားဟာ သူ့ရဲ့ မူလအလုပ်မဟုတ်တဲ့ အလုပ်ကို လုပ်ရတာမို့ အဆင်မပြေပါဘူး။ ဘော်လုံးပွဲနဲ့ ဥပမာပြုရရင် ဂိုးတက်သွင်းတဲ့ ဂိုးသမားတွေရှိခဲ့ပေမဲ့ ဂိုးသမားဟာ တိုက်စစ်မှူးမဟုတ်ဘူး။

နွားနို့ကိစ္စကိုဆက်ရရင် ကျောင်းတွေမှာနွားမွေးဆိုရင် ဘာတွေဖြစ်လာမလဲ၊ ကျောင်းအုပ်ကြီးဟာ သူမကျွမ်းကျင်တဲ့ မွေးမြူရေးနဲ့ နို့ထုတ်လုပ်ရေးကိုပါ ပူးတွဲတာဝန်ယူရတော့မယ်၊ ဒီတော့ နကိုယ်ကတည်းက ပညာသင်ကြားရေးကိုသာ ကျွမ်းကျင်သူကို အုပ်ချုပ်ရေးပါ တာဝန်ယူထားရတဲ့အထဲ နွားမြူရေးနဲ့ နို့ထုတ်လုပ်ရေးကိုပါ တာဝန်ယူရတော့ သူ့စွမ်းတဲ့ ပညာသင်ကြားရေးမှာ လစ်ဟင်းမှာမလွဲပါဘူး။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကျောင်းသားတွေကို နွားနို့တိုက်ကျွေးပါတယ်။ ပထမ ပြင်ပ မွေးမြူရေးကုမ္မဏီတစ်ခုကို တင်ဒါခေါ်ပြီး နို့ဝယ်ပါတယ်၊ နောက်ပိုင်း တင်ဒါအစီစဉ်မှာ မသမာမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေ အသံထွက်လာတဲ့အပြင် တင်သွင်းတဲ့ နွားနို့အရည်အသွေးပိုင်းကိုပါ မေးခွန်းထုတ်လာရာက နောက်ဆုံး ပညာရေးဌာက နွားမွေးမြူရေးနဲ့ နို့ထုတ်လုပ်ရေး လုပ်ငန်းကို ထူထောင်ပြီး နွားနို့ထုတ်ပါတယ်။ နောက်ပိုင်း ဒီလုပ်ငန်းမှာ နိုင်ငံတော်ထောက်ပံ့မှုနဲ့ သုတေသနဌာနတွေလည်းရှိတယ်၊ အရည်အသွေးမြင့်တဲ့ နွားနို့တွေထုတ်လုပ်တယ်။ သူ့ဆီက ထွက်တဲ့ နွားနို့နဲ့ နို့မှုန့်တွေကို ကျောင်းတွေကို ဖြန့်ဝေတဲ့အပြင် ကျန်းမာရေးဌာနကိုလည်း ရောင်းချတယ်၊ ပြည်တွင်းမှာလည်းဖြန့်ချီတယ်။ ဈေးကွက်ဒါရိုက်တာနဲ့ဘာနဲ့ ပရောဖက်ရှင်နယ်တွေသုံးပြီး တကယ့် စီးပွားဖြစ် ကုမ္မဏီတစ်ခုလိုပါပဲ။ ပြင်ပဈေးကွက်ကို ဖြန့်တဲ့အတွက် ဝင်ငွေရတော့ အစိုးရထောက်ပံ့မှုအများကြီးမလိုတော့ဘူး။ ပညာရေးဌာနပိုင်ဖြစ်ပေမဲ့ ဒီလုပ်ငန်းမှာ တာဝန်ထမ်းဆောင်သူတွေဟာ ကျောင်းဆရာတွေမဟုတ်ပါဘူး တကယ့်မွေးမြူရေးသမားတွေ တိရစ္ဆာန်ဆရာဝန်တွေကို အသုံးပြုတာပါ။

မြန်မာစကားမှာ`ဒူးနေရာဒူးတော်နေရာတော်`ဆိုတဲ့စကားရှိပါတယ်။ လူတိုင်းဟာ သူ့အသက်မွေးဝမ်းကြောင်းနဲ့သူပါ၊ သူကျွမ်းကျင်ရာ ကျွမ်းကျင်ရာနဲ့ပါ၊ ဒါကို စနစ်တကျအသုံးချနိုင်မှ စီမံခန့်ခွဲအုပ်ချုပ်သူကောင်း ဖြစ်မှာပါ။

ဆရာဝန်တွေလဲ ထမင်းစားတာပဲ စပါးစိုက်တတ်ရမယ် လုပ်လို့မရပါ။ ကိုယ်ထူကိုယ်ထ ဆိုတာကို ကန့်လန့်ကာပိတ်ဖို့သင့်ပါပြီ။ လူဆိုတာအများနဲ့နေတဲ့သတ္တဝါပါ။
     http://www.dawnmanhon.com/2013/10/blog-post_9228.html မြန်မာ့ကလေးတွေ အဟာရမပြည့်ဝတာမို့ စာသင်ကျောင်းတွေမှာ နွားနို့တိုက်ဖို့ အဆိုတစ်ရပ်ကို ရန်ကုန်တိုင်း လွှတ်တော်မှာ ဦးသိန်းညွှန့်ရဲ့ ပါတီက တိုင်းကိုယ်စားလှယ်တော်တစ်ယောက်က အဆိုတင်သွင်း တယ်၊ ဒါကို ဘက်ဂျက်မရှိဘူးဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေက ကန့်ကွက်တာမို့ အဆိုရှုံးနိမ့်သွားသတဲ့။ ဒီတော့ ထုံးစံအတိုင်း ဆဲချင်ခွင့်ရလို့ မြင်မြင်ရာ ဆဲချင်နေတာမို့ အများပြည်သူရဲ့ ဆဲဆိုသံတွေ ဆူညံပြီးထွက်လာပါတယ်။ မနေ့က သတင်းတစ်ပုဒ် ထဲမှာ သမ္မတကြီးက မြန်မာ့ကလေးငယ် အများစုဟာ အဟာရမပြည့်ဝဘူးဖြစ်နေတယ်၊ ဒီတော့ နိုင်ငံ တကာ ကျောင်းတွေမှာ လို နွားနို့တိုက်ဖို့လိုလိမ့်မယ်၊ ဒါနဲ့ပတ်သက်ပြီး ကျောင်းတွေမှာ နို့စားနွားတွေမွေးခိုင်းပြီး ကလေးတွေကို တိုက်ကြွေးဖို့တွေးမိတယ် လို့ ပြောတဲ့သတင်း တက်လာပါတယ်။ ဒီတော့ ဆဲသံတွေ ဝေစည်သွားပြန်တာပေါ့။
    ဆဲတာက နွားနို့တိုက်ချင်တဲ့ သမ္မတကြီးရဲ့ စေတနာကို မဟုတ်ဘူး ပြီးတော့ အစိုးရရဲ့ ဘက်ဂျက်မလုံလောက်မှုကိုလည်း ပြည်သူတွေက နားလည် သဘောပေါက်ပါတယ်၊ ဒါဆို ဘာလို့ဝိုင်းဆဲကြသလဲဆိုတော့ သမ္မတကြီးရဲ့ ကျောင်းတွေမှာ နို့စားနွား ၁၀ ကောင်စီမွေးဆိုတဲ့ ခေတ်နဲ့ မလျှော်ညီတဲ့ အကြံကို သဘောမကျကြလို့ပါ။ တကယ်တော့ တစ်နိုင်တစ်ပိုင်ဆိုတဲ့ အတွေးဟာ မ-ဆ-လ ခေတ်က အတွေးဟောင်းဖြစ်ပြီး ဒီတစ်နိုင်တစ်ပိုင်နဲ့ အလုပ်မဖြစ်လို့ မ-ဆ-လ ပါတီ ဇာတ်သိမ်းသွားခဲ့တာ နှစ်ပေါင် အစိတ်တောင်ကျော်ခဲ့ပါပြီ၊ ဒါပေမဲ့ ဒီအတွေးအခေါ်မှာ မြန်မာ့တပ်မတော်မှာ အခုအချိန်အထိ သက်ဝင်နေတုန်းပါပဲ။ ]]စားလို့ရတာအကုန်စိုက် ပိုလျံမှရောင်းတို့၊ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်ဝမ်းကိုယ်ကျောင်း}} တို့လို အဆိုအမိန့်တွေကို အခုအချိန်အထိ အချို့သော တပ်ရင်းတပ်မတွေမှာ ဆိုင်းပုဒ်ကြီးတွေနဲ့ တွေ့နေရဆဲပါပဲ။ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလတွေမှာလည်း တပ်မတော်တပ်ရင်းတပ်မတွေဟာ ဒီလိုပဲ ရပ်တည်ခဲ့ကြပါတယ်။ ဒီလိုရပ်တည်ခဲ့တော့ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာသလဲဆို၊ တပ်ရင်းပိုင် လယ်ကွက်တွေ၊ တပ်ရင်းပိုင် ငါးမွေးကန်တွေ၊ တပ်ရင်းပိုင်အုတ်ဖုတ်လုပ်ငန်းတွေကစပြီး တပ်ရံပုံငွေ စီးပွားရေးလုပ်ငန်းတွေ အလျှိုလျှိုပေါ်လာပါတယ်။ (နောက်ပိုင်းမှာ ကျောက်မိုင်းတွေတွေလို ငါးဖမ်းလုပ်ငန်းတွေလို လုပ်ငန်းတွေ သစ်ထုတ်လုပ်ငန်းတွေ လို လုပ်ငန်းကြီးတွေအပြင် အနှိပ်ခန်းလို ဘီယာဆိုင်လို စီးပွားရေးမှာပါ တပ်ရံပုံငွေအမည်တပ်ပြီး ပါဝင်ပတ်သက်လာပါတယ်၊ ဒါတွေထားပါတော့) တပ်မတော်သားဟာ စစ်တိုက်ဖို့အတွက် စနစ်တကျ သင်ကြားထားသူတွေပါ၊ စစ်တိုက်ဖို့ ကျွမ်းကျင်သူကို ဝမ်းကြောင်းရမဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ခိုင်းတော့ ကမောက်ကမတွေဖြစ်ကုန်ရော။ ပြီးတော့ ကိုယ့်တပ်ကိုယ် အဆင်ပြေအောင် တာဝန်ယူရလေတော့ တပ်ရင်းမှူးတွေခမျာ ဒဿဂီရိလို ကာလီမာနတ်ဘုရားမလို ခေါင်းတွေ လက်တွေ အများကြီးရှိဖို့လိုလာပါတယ်။ (ဒီကြားထဲ နယ်မြေအုပ်ချုပ်ရေးကိစ္စပါ ရောပြီးတာဝန်ယူရတော့ ပွဲက ပျက်ရော)။ ပိုပြီးအရေးကြီးတဲ့အချက်က ကိုယ့်တပ်ကိုယ် ဖူလုံအောင် တာဝန်ယူရတာမို့ စနစ်ကျတဲ့ ငွေဝင်ငွေထွက်တွေလည်း မဖြစ်နိုင်တော့ဘူး၊ ဒီလိုပဲ တပ်သားလေးတွေနဲ့ ဖြစ်သလိုလုပ်ရတာမို့ ထွက်လာတဲ့ ကုန်ပစ္စည်းအရည်အသွေးကလည်း မမြင့်နိုင်တော့ဘူး။ ဒီလိုနဲ့ အကျင့်ပျက်မှုတွေ တပ်မှူးသူဌေးဖြစ် တပ်သားငမွဲဖြစ်မှုတွေ ပေါ်လာတယ်။ ဆိုလိုတာက စစ်သားဟာ သူ့ရဲ့ မူလအလုပ်မဟုတ်တဲ့ အလုပ်ကို လုပ်ရတာမို့ အဆင်မပြေပါဘူး။ ဘော်လုံးပွဲနဲ့ ဥပမာပြုရရင် ဂိုးတက်သွင်းတဲ့ ဂိုးသမားတွေရှိခဲ့ပေမဲ့ ဂိုးသမားဟာ တိုက်စစ်မှူးမဟုတ်ဘူး။ နွားနို့ ကိစ္စကိုဆက်ရရင် ကျောင်းတွေမှာနွားမွေးဆိုရင် ဘာတွေဖြစ်လာမလဲ၊ ကျောင်းအုပ်ကြီးဟာ သူမကျွမ်းကျင်တဲ့ မွေးမြူရေးနဲ့ နို့ထုတ်လုပ်ရေးကိုပါ ပူးတွဲတာဝန်ယူရတော့မယ်၊ ဒီတော့ နကိုယ်ကတည်းက ပညာသင်ကြားရေးကိုသာ ကျွမ်းကျင်သူကို အုပ်ချုပ်ရေးပါ တာဝန်ယူထားရ တဲ့အထဲ နွားမြူရေးနဲ့ နို့ထုတ်လုပ်ရေးကိုပါ တာဝန်ယူရတော့ သူ့စွမ်းတဲ့ ပညာသင်ကြားရေးမှာ လစ်ဟင်းမှာမလွဲပါဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကျောင်းသားတွေကို နွားနို့တိုက်ကျွေးပါတယ်။ ပထမ ပြင်ပ မွေးမြူရေးကုမ္မဏီတစ်ခုကို တင်ဒါခေါ်ပြီး နို့ဝယ်ပါတယ်၊ နောက်ပိုင်း တင်ဒါအစီစဉ်မှာ မသမာမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေ အသံထွက်လာတဲ့အပြင် တင်သွင်းတဲ့ နွားနို့အရည် အသွေးပိုင်းကိုပါ မေးခွန်းထုတ်လာရာက နောက်ဆုံး ပညာရေးဌာက နွားမွေးမြူရေးနဲ့ နို့ထုတ်လုပ်ရေး လုပ်ငန်းကို ထူထောင်ပြီး နွားနို့ထုတ်ပါတယ်။ နောက်ပိုင်း ဒီလုပ်ငန်းမှာ နိုင်ငံတော်ထောက်ပံ့မှုနဲ့ သုတေသနဌာနတွေလည်းရှိတယ်၊ အရည်အသွေးမြင့်တဲ့ နွားနို့တွေ ထုတ်လုပ်တယ်။ သူ့ဆီက ထွက်တဲ့ နွားနို့နဲ့ နို့မှုန့်တွေကို ကျောင်းတွေကို ဖြန့်ဝေတဲ့အပြင် ကျန်းမာရေးဌာနကိုလည်း ရောင်းချတယ်၊ ပြည်တွင်းမှာလည်းဖြန့်ချီတယ်။ ဈေးကွက်ဒါရိုက်တာနဲ့ဘာနဲ့ ပရောဖက်ရှင်နယ်တွေသုံးပြီး တကယ့် စီးပွားဖြစ် ကုမ္မဏီတစ်ခုလိုပါပဲ။ ပြင်ပဈေးကွက်ကို ဖြန့်တဲ့အတွက် ဝင်ငွေရတော့ အစိုးရထောက်ပံ့မှုအများကြီးမလိုတော့ဘူး။ ပညာရေးဌာနပိုင်ဖြစ်ပေမဲ့ ဒီလုပ်ငန်းမှာ တာဝန်ထမ်းဆောင်သူတွေဟာ ကျောင်းဆရာတွေမဟုတ်ပါဘူး တကယ့်မွေးမြူရေးသမားတွေ တိရစ္ဆာန်ဆရာဝန်တွေကို အသုံးပြုတာပါ။ မြန်မာစကားမှာ`ဒူးနေရာဒူးတော်နေရာတော်`ဆိုတဲ့ စကားရှိပါတယ်။ လူတိုင်းဟာ သူ့အသက်မွေးဝမ်းကြောင်းနဲ့သူပါ၊ သူကျွမ်းကျင်ရာ ကျွမ်းကျင်ရာနဲ့ပါ၊ ဒါကို စနစ်တကျအသုံးချနိုင်မှ စီမံခန့်ခွဲအုပ်ချုပ်သူကောင်း ဖြစ်မှာပါ။ ဆရာဝန်တွေလဲ ထမင်းစားတာပဲ စပါးစိုက်တတ်ရမယ် လုပ်လို့မရပါ။ ကိုယ်ထူကိုယ်ထ ဆိုတာကို ကန့်လန့်ကာပိတ်ဖို့သင့်ပါပြီ။ လူဆိုတာအများနဲ့နေတဲ့သတ္တဝါပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...