Sunday, October 13, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၁၀)

သစ်ထူးလွင်



Posted: 13 Oct 2013 03:21 AM PDT
သျှမ်းပြည်တောင်ပိုင်းကွန်ဟိန်းမြို့နယ်အတွင်း အစိုးရတပ်နှင့်သျှမ်းပြည် တပ်မတော် RCSS/SSA တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက် ဆင်နွဲနေသောကြောင့် ဒေသခံ ရွာသူရွာသား ရာဂဏန်းက စစ်ဘေး တိမ်းရှောင်နေ ရသည်ဟု ဒေသခံ များက ပြောပါသည်။ စက်တင်ဘာ ၃၀ ရက်မှ ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ အထိ သျှမ်းပြည်တောင် ပိုင်း ကွန်ဟိန်းမြို့ အရှေ့တောင်ဘက် ကျိုင်းလုံး (မ်း) ဒေသ ဘက်၌ မိုင်းဇန်မြို့နယ်ခွဲ အခြေစိုက် အစိုးရတပ် ခမယ ၁၅၀ နှင့် ဒေသအတွင်းအခြေချ လှုပ်ရှား သော သျှမ်းပြည်တပ်မတော် RCSS(SSA) တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေခြင်း ဖြစ်၏။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Oct 2013 03:09 AM PDT

အခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်အတွင်းမှာ အစိုးရတပ်တွေနဲ့ အာရ်စီအက်စ်အက်စ်၊ အက်စ်အက်စ်အေ ရှမ်းပြည်တောင်ပိုင်းတပ်တွေ တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေလို့ ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 
မနေ့မနက် ၁၀ နာရီဝန်းကျင်လောက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ကွန်ဟိန်းမြို့နယ် ပိန်းနေရွာ၊ ၀ိန်းဖီးရွာနဲ့ အနီးအနားက ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အက်စ်အက်စ်အေ တပ်ဖွဲ့ဝင်အချို့

Posted: 13 Oct 2013 02:15 AM PDT

တစ်နေ့လုပ်တစ်နေ့စား ဆင်းရဲသားတောင်သူလယ်သမားများ၏ သမီးဘဝကို ရောက်ရှိခဲ့ရသည်မှာ မလွယ်လှပါ။ အထူးသဖြင့် အာဖရိကတိုက်၊ တန်ဇန်းနီးယားနိုင်ငံ မြောက်ပိုင်း ရှင်ယန်ဂါလို လူနေကျဲပြီး ချောင်ကျကျရွာတွင် လူလာဖြစ်ရသည်မှာ ပိုပြီး မလွယ်လှပေ။ ဟာလီမာ ဒိုတိုသည် အသက် ၁၄ နှစ်အရွယ်တွင် အိမ်ထောင်ကျခဲ့သည်။ သူမကို မိဘများက လူတစ်ယောက်ထံ နွား ၇ ကောင် နှင့် ရောင်းစားခဲ့သည်။ နွားနှင့် အလဲခံရသူက သူမထက်အသက်နှစ်ဆကြီးသည်။ အသက် ၃၇ နှစ်အရွယ်ရှိ ကျေးရွာအတွင်း ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးလည်း
ဖြစ်သည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Oct 2013 01:34 AM PDT

ဘန်ကောက်၊ အောက်တိုဘာ ၁၃

ထိုင်းနိုင်ငံ ရနောင်း ဆိပ်ကမ်းအလွန် အန်ဒမန်ပင်လယ်အတွင်း နစ်မြုပ်ခဲ့သော လှေတစ်စင်းမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၃ လောင်းတွေ့ရှိကြောင်း ထိုင်းနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့မှသိရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညက တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် နစ်မြုပ်ခြင်း ဖြစ်ကြောင်း ထိုင်းရေကြောင်းရဲမှူး အကရတ်သ် အာရွန်ကပြောသည်။

စနေနေ့ညနေအထိ အမျိုးသားအလောင်း ၁၂ လောင်းနှင့် အမျိုးသမီးအလောင်း ၁ လောင်းတို့ကိုဆယ်ယူရရှိပြီးဖြစ်
ကြောင်းသိရသည်။
နစ်မြုပ်သွားသော လှေမှာ ကော့သောင်းမှ ရနောင်းသို့ လာသော လှေတစ်စင်းဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ ခန့်ပါဝင်ကြောင်း သိရသည်။

ref: 13 bodies of Myanmar migrants recovered(Bangkok post)

Popular Myanmar News Journal

ကော့သောင် - ရနောင် စက်လှေတစ်စီးအား တွေ့ ရစဉ်။ 

Posted: 13 Oct 2013 01:21 AM PDT

မန္တလေးမြို့တော် ကြက်၊ ဘဲဈေးကို လာမည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ကျပ်သိန်းပေါင်း ၄၈၀၀ ကျော် အကုန်အကျခံ တည်ဆောက်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးနှင့် သားသတ်ဌာန အကြီးတန်း အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ “နေရာကိုလည်း ရွေးချယ်ပြီးပြီ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ခွင့်ပြုထားပါတယ်။ အခုလောလောဆယ် ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် မြေညှိဖို့ လုပ်နေပေမယ့် မိုးရွာထားတော့ မြေတွေက ဗွက်ထနေလို့ လုပ်ငန်းစလို့ မရသေးဘူး” ဟု အဆိုပါ ကော်မတီဈေးနှင့် သားသတ်ဌာန တာဝန်ရှိသူက ဆိုသည်။----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Oct 2013 01:14 AM PDT

လူနစ်ဦး သေဆုံးခဲ့ရသော ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုတွင် လိုအပ်သော စစ်ဆေး အရေးယူမှုများ ပြုလုပ်နိုင်ရန် တည်းခိုခန်းတွင် လာရောက် တည်းခိုနေထိုင်သူများကို တောင်ငူမြို့ပေါ်မှ ထွက်ခွာခွင့် တားမြစ်ထားကြောင်း တောင်ငူမြို့ မြို့မ ရဲစခန်းမှ တာဝန်ရှိသူများနင့် အမှတ် (၁၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူက ပြောကြားသည်။ တောင်ငူမြို့ (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် အောက်တိုဘာ ၁၁ ရက်နေ့ည ၈ နာရီ မိနစ် ၅၀ အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အသက် ၂၉ နှစ် အရွယ် အမျိုးသားတစ်ဦးနင့် အသက် ၂၂ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားလူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Oct 2013 08:11 PM PDT


ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို စနေနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခတ်သွားတဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ၅ ယောက်ထက် မနည်း သေဆုံးတယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောပါတယ်။ သောကြာနေ့ ည သန်းခေါင်လောင်မှာ အရှေ့ဖက်ကမ်းရိုးတမ်းကို တိုင်ဖွန်း Nari ဝင်ရောက်တိုက်ခတ်ခဲ့တာမှာ သစ်ပင်တွေပြို၊ ဓာတ်တိုင် တွေကျိုးကျခဲ့သလို စပါး စိုက်ပျိုးခင်းတွေရှိတဲ့ Luzon ကျွန်းပေါ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူ ၂ သန်းကျော်မှာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 12 Oct 2013 06:55 PM PDT
ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီး ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေး ရန်ကုန်ဘက်မှ မင်္ဂလာဒုံဘက်သို့ သွားသည့်ဘက်ခြမ်း ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင်တွင် ၁၃.၁၀.၂၀၁၃ရက်နေ့ ၀၀၁၅ အချိန်ခန့် က ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဖေ့ဘုတ် အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရန်ကုန်-ပြည်လမ်း၊ စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားပုံ မြင်ကွင်း၊ ဓါတ်ပုံ-  Yangon Police



Posted: 12 Oct 2013 06:40 PM PDT

တောင်ငူမြို့မှာ သောကြာနေ့ညဘက်က ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သူကို ဆေးရုံမှာ ဆက် ကုသပေးနေပြီး ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ် မသိရသေးပါဘူး။ လက်ရှိမှာတော့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာမှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ မျက်မြင်တစ်ဦးက ဗွီအိုအေကိုပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း (ကိုကျော်စွာ facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)


Posted: 12 Oct 2013 06:33 PM PDT

တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကိ
ု လက်ကျန်နိုင်ငံရေး အကျဉ်းသားစာရင်းထဲမှာ ထည့်သွင်းစဉ်းစားပြီး ဒီဇင်ဘာလမကုန်ခင် တခြားနိုင်ငံရေး အကျဉ်းသားတွေနဲ့အတူ အားလုံးပြန်လွှတ်ပေးနိုင်ဖို့အတွက် ဒီနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးမှာ ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ရဲ့ တင်ပြချက်ကို ဆွေးနွေးခဲ့ကြတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Oct 2013 06:29 PM PDT

အစ္စရေးတို့ သိမ်းယူထားတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းက ဂျူး အခြေချ အိမ်ယာ အတွင်း ပါလက်စတိုင်းတို့ကနေ အစ္စရေး တစ်ဦးကို ရိုက်သတ်ခဲ့မှုနဲ့ အစ္စရေး လုံခြုံရေး တပ်ဖွဲ့တွေက ပါလက်စတိုင်း ၅ ဦးကို ဖမ်းဆီး ထိန်းသိမ်း ထားလိုက်ပါတယ်။ အသတ်ခံရသူ အစ္စရေး အမျိုးသားဟာ အစ္စရေး စစ်တပ်က အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦး ဖြစ်တယ်လို့ ယုံကြည်ရပြီး သူဟာ ဆူညံသံတွေ ကြားလို့ အိမ်အပြင် ထွက်ကြည့်ချိန်မှာ တိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဂျူးအခြေချ အိမ်ယာအတွင်းက အသတ်ခံရတဲ့ အိမ်

Posted: 12 Oct 2013 06:24 PM PDT

ရခိုင် ပြည်နယ်က မြို့နယ် အတော် များများမှာ လယ်သမား တွေက တမံတုတ် ဆည်ဖို့ပြီး ရေချို ချောင်းတွေ လုပ်ထား တာကို ယခင် အစိုးရ လက်ထက် ဒေသ ဆိုင်ရာ အာဏာပိုင် တွေက စီးပွားရေး သမားတွေနဲ့ ပူးပေါင်းပြီး ရေငံတွေ သွင်းကာ ပုဇွန် မွေးနေတဲ့ အတွက် လယ်ယာ စိုက်ပျိုး ရေး လုပ်ငန်းကို အကြီး အကျယ် ထိခိုက် ခဲ့ပါတယ်။ ပင်လယ်ကမ်းရိုးတန်း ဒေသ ဖြစ်တဲ့ ရခိုင်ပြည်နယ်က လယ်သမား တွေဟာ လယ်ယာ စိုက်ပျိုးရေးနဲ့ ကျွဲနွားတွေ သောက်သုံးရေ အတွက် ဒေသ အတွင်းမှာ ရှိတဲ့ ချောင်းငယ် လေးတွေကို ခုလို မိုး အကုန်မှာ တမံတုတ် ပိတ်ဆို့ပြီး ရေချိုတွေကို သိုလှောင်ထား ရပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဆားငံရေတွေ ဝင်ပြီး စပါးခင်းတွေ ပျက်စီး သလို နွေရာသီမှာလည်း ကျွဲနွားတွေ အတွက် သောက်ရေ ရှားပါး

Posted: 12 Oct 2013 06:20 PM PDT

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးဖို
့နဲ့ သံသယနဲ့ ဆက်လက်မဖမ်းဆီးဖို့ သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး လှမင်းနဲ့ ဒီနေ့တွေ့ဆုံပြီး တောင်းဆိုလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Oct 2013 06:17 PM PDT

ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးရရှိရေးဟာ ၂၅ နှစ်တာ ကြာမြင့်လာပေမယ့် မရရှိသေးဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပါတီတည်ထောင်ခြင်း ငွေရတုအခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီနေ့ နေ့လည်ပိုင်းက ကျင်းပတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအထိမ်းမှတ် အခမ်းအနားမှာ ဦးအေးသာအောင်က အခုလို ပြောကြားခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Oct 2013 06:14 PM PDT

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ လျော်ကြေးမယူရသေးတဲ့ မြေတွေကို ကုမ္ပဏီက ခြံစည်းရိုးခတ်နေတာကြောင့် ဒေသခံတွေနဲ့ လုံခြုံရေးယူထားတဲ့ ရဲတွေ အကြား နှစ်ဖက်အခြေအနေ တင်းမာမှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ မနေ့က ဖြစ်ခဲ့တဲ့ နောက်ဆုံး အခြေအနေ အရ ရဲအင်အားအများအပြားလည်း ယာမြေတွေပေါ်မှာ ဖြန့်ကျက်ချထားတယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လက်ပံတောင်းက တင်းမာတဲ့ အခြေအနေ

Posted: 12 Oct 2013 06:09 PM PDT

ပုပ်ရဟန်းမင်းကြီးဖရန့်စစ် အထိမ်းအမှတ်ထုတ်လုပ်တဲ့ တံဆိပ်ပြားထောင်ပေါင်းများစွာမှာ စာလုံးပေါင်းမှားယွင်းနေလို့ ဗာတီကန်နန်းတော်က ပြန်သိမ်းယူလိုက်ရပါတယ်။
ရွှေ၊ ငွေ၊ ကြေး သုံးမျိုး သွန်းလုပ်တဲ့ ဒီ တံဆိပ်ပြားလေးတွေကို အင်္ဂါနေ့မှာပဲ စတင်ရောင်းချခဲ့တာပါ။

J-E-S-U-S ဂျီးဇက်ဆိုတဲ့စာလုံးပေါင်းကို L-E-S-U-S လယ်ဆုလို့ မှားယွင်းစာလုံးပေါင်းထားတာ သိလိုက်ပြီးနောက် တံဆိပ်ပြား ၆,၀၀၀ ကို ဗာတီကန်က ပြန်သိမ်းယူလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြန်မသိမ်းယူခင်မှာ တံဆိပ်ပြား ၄ ပြား ရောင်းချခဲ့ရပြီး ဖြစ်ပါတယ်။

အခုအခါမှာတော့ အဲဒီ စာလုံးပေါင်းမှားပြီး ရောင်းချလိုက်တဲ့ တံဆိပ်ပြား ၄ ပြားဟာ ဈေးအရမ်းကောင်းကောင်း ရနိုင်လိမ့်မယ်လို့ အခုလို ရှားပါးပစ္စည်း စုဆောင်းသူတွေက ပြောနေကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Posted: 12 Oct 2013 06:35 PM PDT
တနာရီလေတိုက်နှုန်း ၁၂၅ မိုင်လောက်နဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတခု အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတမ်းကို စနေနေ့က ဝင်ရောက် တိုက်ခတ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်ကနေဝင်ရောက်လာတဲ့ Phailin မုန်တိုင်းဟာ သြရဿ ပြည်နယ်ကို စနေနေ့ နှောင်းပိုင်းက ဝင်ရောက်လာတာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ မနက်ဘက်ရောက်တဲ့အထိ လေပြင်းတိုက်ခတ်နေမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းပါတယ်။ ကုန်းတွင်းပိုင်းကို ဆက်ပြီး ရွေ့လျားသွားတဲ့ မုန်တိုင်းနဲ့အတူ လေပြင်းတိုက်ခတ်မှုကြောင့် ၃ ယောက်ထက်မနည်း သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Oct 2013 06:02 PM PDT

ရန်ကုန်- လာမည့် ၂၀၁၅ ရွေးကောက်ပွဲများတွင် လူတစ်ဦးတည်းက မဲအကြိမ်ကြိမ်ထည့်ခြင်းမျိုး မဖြစ်ပေါ်စေရန် မဲလာထည့်သူ၏လက်ကို ဆေးသုတ်သည့်စနစ်မျိုး ကျင့်သုံးသွားရန် စဉ်းစားထားကြောင်း သတင်းရရှိသည်။ “မဲလာထည့်တဲ့သူတွေရဲ့လက်ကို ဆေးသုတ်တာကို သွားမလားလို့ စိတ်ကူးထားတယ်။ ကျွန်တော်လည်း သိပါတယ်။ သူများနိုင်ငံတွေမှာ မဲလာထည့်တဲ့သူတွေကို မျက်စိစစ်တာတို့၊ ဆံပင်ကို ဆေးသုတ်တာတို့ ရှိပါတယ်။ ကျွန်တော်တို့လည်း Vision ရှိပါတယ်။ Plan ရှိပါတယ်”ဟု အောက်တိုဘာ ၁၁ ရက် ရန်ကုန်တိုင်းလွှတ်တော်အဆောက်အအံ
ုတွင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Oct 2013 05:57 PM PDT

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ကာရံနေတာကိုဆန့်ကျင်တဲ့ ဆည်တဲရွာခံတွေနဲ့ အာဏာပိုင်တွေ ဒုတိယနေ့အဖြစ် ထိပ်တိုက်ရင်ဆိုင်မူတွေ ဖြစ်ပေါ်လျက်ရှိရာမှာ အာဏာပိုင်တွေကတော့ လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်သွားမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။ ဒီနေ့ဒုတိယနေ့အဖြစ် ဆည်တဲရွာအနီး ခြံစည်းရိုးကာရံတဲ့လုပ်ငန်းကို ဝမ်ပေါင်ကုမ္ပဏီက စက်ယန္တရားကြီးတွေ၊ မြေထိုးစက်ကြီးတွေကိုသုံးပြီး ဆောင်ရွက်နေတာကို ဆည်တဲရွာဒေသခံ ၅ဝကျော်လောက်က လုပ်ငန်းတွေရပ်ပေးဖို့ ပြောဆိုနေတယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Oct 2013 05:55 PM PDT

ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် ပြဌာန်းလိုက်ပါတယ်။ အဲဒီ ဥပဒေမှာ တောင်သူတွေရဲ့ အခွင့်အရေးကို အဟန့်အတားဖြစ်စေမယ့် အချက်တွေမပါရှိပေမယ့် အကျိုးစီးပွားကို ဘယ်လိုကာကွယ်ပေးမလဲဆိုတဲ့ အချက်တွေအတွက်တော့ နည်းဥပဒေမှာ ဘယ်လိုပြဌာန်းသွားမလဲဆိုတာကို စောင့်ကြည့်ရအုံးမယ်လို့ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးရာ ဒုတိယတာဝန်ခံ ကိုမျိုးသန့်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Oct 2013 05:33 PM PDT

အောက်တိုဘာလ(၁၃)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Oct 2013 05:30 PM PDT

အောက်တိုဘာလ(၁၃)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Oct 2013 05:28 PM PDT

အောက်တိုဘာလ (၁၄)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.40

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Oct 2013 05:26 PM PDT

အောက်တိုဘာလ (၁၀)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၈၉၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Oct 2013 05:24 PM PDT

အောက်တိုဘာလ (၉)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပဂျာနယ် အမှတ် ၄၅၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...