Thursday, October 17, 2013

ကာမတဏှာရဲ့ ချည်နှောင်ခြင်းမှ ကင်းဝေးပါစေ


ချစ်ခြင်းမေတ္တာသည် အလွန်သစ္စာတရားကြီးမားပြီး တန်ဖိုးရှိတဲ့ ခံစားချက်လေးတစ်ခုလို့
ကျွန်မကတော့ မှတ်ယူမိပါတယ် ။ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေပြီး အချစ်အတွက် ဘာမဆိုပေးဆပ်ရဲသော သတ္တိတွေကိုလည်း မွေးဖွားပေးတတ်ပြန်တယ် ။
ဒီလိုတန်ဖိုးရှိတဲ့
ခံစားချက်လေး တစ်ခုကို ခုခေတ်မှာ ခုတုံးလုပ် အသုံးချနေကြတဲ့ တစ်ချို့တစ်ချို့သော လူ
တစ်စုကြောင့် အချစ် ဆိုတဲ့ အရာဟာ ပေါ့ပေါ့တန်တန်ခံစားချက်တစ်ခု အဖြစ် သမုတ်ခံနေ
ရပါပြီ ။ ခုနောက်ပိုင်း လူငယ်တွေဟာ သိပ်ကိုထက်မြက်လာကြတယ်ဆိုပေမယ့် မကောင်းတဲ့
အရာတွေကိုလည်း လွယ်ကူမြန်ဆန်စွာ အတူယူမှားတတ်ကြတဲ့ နေရာမှာလည်း ပြိုင်စံရှားပါ
ပဲ ။ ခိုင်လေးက အချစ်ကို ပြေးလမ်းတစ်ခုနဲ့ တင်စားချင်တယ် ။ အချစ်သည် ပြေးလမ်းတစ်ခု
 ဖြစ်ခဲ့ပါလျှင် လက်ထပ်ခြင်းဟူသည် ပန်းတိုင်ဖြစ်သည် ။ ပန်းတိုင်ဆိုတဲ့ လက်ထပ်ခြင်းကို မရောက်ခင်မှာ အချစ်ဆိုတဲ့ ပြေးလမ်းပေါ် ခြေချော် မလဲမိကြပါစေနှင့် ။ ခြေချော်မလဲဖို့ဆိုတာ ချစ်သူ ဆိုတဲ့ ဝေါဟောရလေးကို တန်ဖိုးထားတတ်ဖို့က အဓိက ကြပါတယ် ။ ချစ်သူဆိုတာ မိမိဘက်က မြတ်နိုးချစ်ခင်စုံမက်ရသူကို ခေါ်ပါတယ်  ။ မိမိမြတ်နိုးရတဲ့ ပစ္စည်းလေးတွေကိုတောင် လူတွေဘယ်လောက်ထိ တန်ဖိုးထားကြပါသလဲ ။ ဒီလိုပါပဲ ချစ်သူဆိုတာ ပစ္စည်းဆိုတဲ့ ရုပ်ဝထ္ထု
တွေထက် တန်ဖိုးရှိတဲ့ သက်ရှိတွေပါ ။ သက်ရှိချစ်သူတွေကို အရာဝထ္ထု ဆိုတာတွေထက် ပို
လို့တောင် မြတ်နိုး တန်ဖိုးထားအပ်ပါတယ် ။ ချစ်သူဘ၀မှာ မိမိချစ်သူကို တန်ဖိုးထားခြင်းဖြင့်
ချစ်သူရဲ့ အပျိုစင်ဘ၀လေးတွေကို အလွဲသုံးစားမလုပ်မိကြဖို့က အရေးကြီးပါတယ် ။ ပါးစပ်
ကတော့ ချစ်တယ်ဆိုတဲ့ စကားကို ဖောဖောသီသီ သုံးစွဲပြီး အချစ်ဆိုတဲ့ ခေါင်းစဉ်တပ်
ကာမ တဏှာ ကိုသာ အာရုံထားနေကြတဲ့ ယနေ့ခေတ်ကာလကြီးရဲ့ မျက်မှောက်အခြေနေ
တစ်ခုဟာ သိပ်ကိုရင်လေးစရာကောင်းလာပါပြီ ။ မိန်းကလေးတွေကလည်း ယောကျာင်္းလေး
တွေကို မိန်းမပီသခြင်း ၊ လိမ်မာယဉ်ကျေးခြင်းဆိုတာတွေနဲ့ မဆွဲဆောင်တော့ဘဲ ဒီအတွေ့
ဆိုတဲ့ ကာမ တဏှာ တွေနဲ့ ချည်နှောင်လာကြတာလည်း သိပ်ကိုရင်ထုမနာ ဖြစ်စရာကောင်း
လာပါတယ် ။ အတွေ့အထိကို တပ်မက်တတ်တဲ့  ဖောဋ္ဌဗ္ဗတဏှာထဲကနေ ရုန်းမထွက်နိုင်ကြ
တဲ့ အခါ မလိုလားအပ်တဲ့ လူမှု့ ပြသနာပေါင်းများစွာကို ရင်ဆိုင်နေကြရတဲ့ လူတွေ ဒုနဲ့
ဒေးဖြစ်လို့နေပါပြီ ။ ဒီထဲက ရင်နာစရာ ဇာတ်လမ်းလေး တစ်ခုကို ပြောပြချင်တယ် ။ ခိုင်လေး
နဲ့ ညီမတွေလို ရင်းနှီးရတဲ့ ညီမငယ်တစ်ယောက်က ရင်ဖွင့်လာပါတယ် ။

*သူ့အမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေပါတယ် ။ နေ့တိုင်း အွန်လိုင်းတက်ပါတယ်။
သူအမျိုးသမီးလေး မြန်မာပြည်မှာ ကလေးတစ်ယောက်နဲ့ပါ။  သိပ်ချစ်စရာကောင်းတဲ့
သမီးလေး တစ်ယောက် သားလေးတစ်ယောက်ရှိပါတယ် ။ သားလေးက ခုမှ လသား အရွယ်
လေးရှိပါသေးတယ် ။ သူတို့ဇနီးမောင်နှံဟာ သိပ်ကို ပျော်ရွင်စရာ ကောင်းတဲ့ မိသားစုဘဝ
လေးကို အောင်မြင်စွာ တည်ဆောက်ထားကြသူတွေပေါ့ ။ အိမ်ထောင်သက် ဆယ်စုနှစ်တိုင်
ခဲ့လေပြီ ။ ဒီချိန်မှာ သူ့တို့ မိသားစုလေးထဲကို  မထင်မှတ်တဲ့ ရှူထောင့်တစ်ခုကနေ မုန်တိုင်း
ဝင်ရောက်ခဲ့တယ် ။ သူ့မအမျိုးသားက အွန်လိုင်းမှာ သူ့အမျိုးသမီး မသိအောင် တစ်ခြား
အကောင့်တစ်ခု ကိုထပ်ဖွင့်ကာ ကဗျာလေးတွေ ရေးတယ် ။ ဒီမှာဘဲ သူလို ကဗျာတို စာတို
လေးတွေ ရေးတတ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ရင်းနှီးပတ်သတ်ခဲ့ကြတယ် ။ ဒီအမျိုး
သမီး pageမှာ လူငါးထောင်လောက်တောင်ရှိတယ်ဆိုပဲ ။ ဒီလိုနဲ့ သူတို့ ချစ်သူတွေ ဖြစ်သွား
ကြတယ်ပေါ့ ။ အမျိုးသားက မြန်မာပြည် ပြန်တဲ့အချိန်မှာ မိသားစုအိမ်လေးကို အရင်ပြန်မလာ
ဘဲ အွန်လိုင်းကတွေ့တဲ့ ချစ်သူအသစ်လေးဆီကို အရင်သွားတွေ့ခဲ့တယ် ။ အိမ်သူသက်ထား
ဇနီးမယားလေးက ဒီကိစ္စကို သိပေမယ့် မသိချင်ယောင်ဆောင်နေပေးခဲ့တယ် ။ အချိန်တန်
လို့ အိမ်ပြန်လာတော့ ဇနီးသည်သိသွားပြီဆိုတာကို အမျိုးသားက သိသွားခဲ့တယ် ။ ဇနီးက
လည်း အွန်လိုင်းက မမကို ဖုန်းဆက်ပြီး အေးအေးဆေးဆေး ဒီအမျိုးသားမှာ အိမ်ထောင်ရှိ
ကြောင်း ၊ ကလေး နှစ်ယောက်လည်းရှိကြောင်းပြောပြမိတယ် ။ ဇနီးသည်ထင်မှတ်ထားတာက
အိမ်ထောင်ရှိမှန်းမသိလို့ ဒီအမျိုးသမီး ပတ်သတ်တယ်ပေါ့ ။ သူအမျိုးသားက လူပျိုလို့ ပြော
ထားတာမို့ သူမက သိအောင် အသိပေးလိုက်တဲ့ သဘောပါ ။ အွန်လိုင်း ချစ်သူမမက လူပျို
လို့ ထင်လို့ကြိုက်ခဲ့တာမှန်ပေမယ့် ခုလို သူကို ပြောတာ သူကိုဆွနေတာသလားလို့ ဇနီး
သည်ကို ပြန်မေးသတဲ့ ။ ငါက နင်ယောကျာင်္းကို တစ်သက်လုံး ဘာမှ မခိုင်းဘဲ တင်ကျွေးထား
နိုင်တယ် ။ နင်တို့သာ နင်အမျိုးသားမရှိလို့ ဒုက္ခရောက်သွားမယ်လို့ ပြန်ချိန်းခြောက်သွား
သတဲ့ ။ အွန်လိုင်းချစ်သူမမ အသက်က သုံးကျော်ပါပြီ ။ ဒီမှာဘဲ ဇနီးသည်ကောင်မလေးက
သူအမျိုးသားကို ကွာရှင်းခွင့်တောင်းပါတော့တယ် ။ သူ့မ အမျိုးသားက အွန်လိုင်းကမမကို
စာတွေခိုးပို့တယ် ။ ဖုန်းတွေ ခိုးဆက်တယ် ။ ဒါပေမယ့် ဇနီးကိုလည်း ကွာရှင်းခွင့်မပေးဘူး။
အွန်လိုင်းမမဆီက ဖုန်းတွေလာရင် လင်မယားစကားများပြီဆို ကလေးတွေကို ရိုက်လာတဲ့
အထိ အသိတရားတွေ ခေါင်းပါးလာတယ် ။ အရက်တွေ နေ့တိုင်းသောက်လာတယ် ။ *
ဇာတ်လမ်းလေးကတော့ ဒါလေးပါပဲ ။ နားထောင်နေရတဲ့ ခိုင်လေးရင်ထဲ တစ်စက်လေးမှ
မကောင်းပါဘူး ။ ဒီပြသနာကို ခိုင်လေး စိတ်ထဲ တွေးမိတယ် ။ အွန်လိုင်းချစ်သူမမ ကို အရင်
သုံးသပ်မိတယ် ။ သူမကဗျာတို စာတိုတွေ ရေးနေတဲ့သူဆို ဘာဖြစ်လို့သူတစ်ပါး အိမ်ထောင်
ကိုဖျက်ဆီးချင်ရသလဲ ။ သူကိုခင်မင်လေးစားလို့ အပ်ထားတဲ့ သူငယ်ချင်းငါးထောင် အတွက်
သူ့လုပ်ရပ်က ရုပ်ဆိုးအကျည်းသန်လွန်းနေပါတယ် ။ နောက်တစ်ချက်က မသိလို့ ချစ်မိခဲ့
တယ်ထားပါအုံး ။ အွန်လိုင်းမှာ တွေ့ကာချစ်သူ ဖြစ်တဲ့ ယောကျာင်္းတစ်ယောက် အကြောင်းကို
ဘာတစ်ခုမှ မလေ့လာ တော့ဘူးလား ။ ခုခေတ်မှာ အွန်လိုင်းကနေ ချစ်သူဖြစ်ကာ ဘ၀တစ်
သက်တာ လက်တွဲသွားသူတွေ ပေါများလာပါပြီ ။ ခိုင်လေး ကိုယ်တိုင် ခိုင်လေး အမျိုးသားနဲ့
အွန်လိုင်းမှာ ချစ်သူတွေဖြစ်ခဲ့တာပါ ။ ချစ်သူဖြစ်တယ် ။ သူကိုလေ့လာတယ် ။ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ သူအိမ်ကို သွားလေ့လာတယ် ။ သူ လူပျိုလို့ပြောတာ တစ်ကယ်
ဟုတ်မဟုတ် ၊ လူလွတ်ဆိုတာ သေချာအောင် ခိုင်လေး ကိုယ်တိုင် သူတို့လမ်းထဲကို သွား
လေ့လာခဲ့တယ် ။ သေချာပြီဆိုမှာ လက်ထပ်ဖို့ စီစဉ်ခဲ့ပါတယ် ။ ဒီလိုဘဲ ဖြစ်သင့်တယ်လို့
ထင်မြင်မိတယ် ။ အွန်လိုင်းမှာတွေ့တယ် ။ အကျိုးကြောင်း နောက်ကြောင်း ဘာတစ်ခုမှ လေ့
လာခြင်းမရှိဘဲ တွေ့တာနဲ့ တန်းပြီး တုတူနေလိုက်ကြတဲ့ ယနေ့ခေတ်ကာလ အနေထိုင် အယူဆတွေကို နားမလည်နိုင်အောင် အံ့သြမိတယ် ။ သှူု့တစ်ပါးမိသားစုကို ဖျက်ဆီးပြီးမှ
ရလာမယ့် ကိုယ်ရဲ့ပျော်ရွင်ခြင်းတွေ အတွက် ကိုယ်လိပ်ပြာကိုယ်လုံရဲ့လားလို့ မေးချင်
မိတယ် ။ လူတစ်ယောက်မှာ ပိုက်ဆံတွေ ဘယ်လောက်ရှိနေပါစေ ၊ ပညာတွေ မည်မျှတတ်
နေပါစေ ကိုယ်ကျင့်တရားခေါင်းပါးသူသည်  အလကားလူသာ ဖြစ်ပါတယ် ။

*****အရှက်အကြောက်ရှိရမည်
*****ရတနာသုံးပါအတွက်နေ့ညမပျက်ဆောင်ရွက်အားထုတ်ရမည်
*****မိဘ၊မောင်ဘွားကိုအထူးရိုသေလေးစားရမည်
*****မိခင်အလုပ်(အိမ်မှူ့ကိစ္စ)ဟူသမျှကိုတတ်ကျွမ်းကူညီနိုင်ရမည်
*****အတတ်ပညာသင်ကြားခြင်းတို့ကိုပျင်းရီတွန့်တိုသောစိတ်ကိုမထားပဲ ထကြွလုံးလ၀ရိယရှိရ့မည်
*****ဆွေမျိုးမိတ်သင်္ဂဟတို့၏၀တ္တရားကိုနားလည်ရမည်
*****အိနြေ္ဒခြောက်ပါးကိုရိုသေစောင့်ထိန်းရမည်
ဆိုတဲ့ အပျိုမိန်းကလေးများ၏ ကိုယ်ကျင့်တရား(၇)ပါး ကိုမိန်းကလေးတိုင်း
 စောင့်ထိန်းကြရင်သိပ်ကောင်းမယ်လို့ တွေးမိတယ် ။ ဂုဏ်သိက္ခာရှိသော စိတ်ဓာတ် အကျင်သီလနှင့် ကြီးမြတ်သော အမျိုးသမီးလေးတွေလည်း အများပြား ပေါ်ပေါက်စေချင်
မိပါတယ် ။
အိမ်ထောင်သည်အမျိုးသားတစ်ယောက်အနေနဲ့လည်း မိမိအိမ်ထောင်ကို တန်ဖိုးထား
သင့်ပါတယ် ။ တွေးကြည့်ရင်တောင် အဖြေကရှင်းနေပါသေးတယ် ။ အိမ်ထောင်ရှိနေ
မှန်းသိနေတာတောင် ကိုယ့်ကို ပြန်လက်ခံတဲ့ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဟာ ဘယ်
နေရာမှာဘဲရှိနေမလဲ  ။ ခုမှမြင်ဖူးတဲ့ ယောကျာင်္းတစ်ယောက်ကို တွေ့တာနဲ့ လိုက်အိပ်
တတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကကော ဘယ်အတိုင်းတာထိ တန်ဖိုး
မဲ့နေပြီလဲ ဆိုတဲ့အချက်တွေကို ထည့်တွေးကြည့်ပါ။ မိမိဇနီးသည် နဲ့ နှိုင်းယှဉ်စရာ
ကြောင်းကို မရှိပါ ။ မိသားစု ဆိုတာ ဒီအဖေ ဒီအမေ ဒီသား ဒီသမီး စုဝေးထားတဲ့ အသိုက်
မြုံလေးကို ခေါ်ဆိုခြင်းပါ ။ တန်ဖိုးကြီး မြင့်မြတ်လှတဲ့ မိသားစုအဆောက်အုံလေးတစ်ခုကို
တန်ဖိုးမရှိတဲ့ မိန်းမတစ်ယောက်အတွက် ဖျက်ဆီး ပျက်ဆီးအောင် မလုပ်ဆောင်သင့်ပါဘူး။
အတွေ့အထိကို တပ်မက်တဲ့ ဖောဋ္ဌဗ္ဗတဏှာ ဆိုတာကို မိမိကိုယ်ကနေခွာချနိုင်အောင်ကြိုး
စားသင့်ပါတယ် ။ မိမိတို့ ဆယ်စုနှစ်တိုင်အောင် တည်ဆောက်မိသားစု အသိုက်မြုံလေးကို
ကာကွယ်ပေးပါ။ တစ်ယောက်ရင်ငွေ့ကိုတစ်ယောက်ကခြုံထားကြတဲ့ မိသားလေးမှာ ခြုံစရာ
ရင်ငွေ့လေး မပျောက်ပါစေနဲ့။ လွန်ဆွဲကြစတန်းဆိုရင်တောင် အွန်လိုင်းချစ်သူမမက တစ်ယောက်ထဲ ပါ။ ဒီဘက်မှာက မင်းအသွေးသားတွေနဲ့ ဖွဲ့တည်ဆောက်ထားတဲ့ အပြစ်မဲ့ သမီး နဲ့သား ၊ မရှိအတူ ရှိအတူလက်တွဲ ရင်ဆိုင်ခဲ့တဲ့ ဇနီး လူသားသုံးယောက်ပါ ။။  တစ်ယောက်သောက ကို တစ်ယောက်ကမျှဝေခဲ့ကြတဲ့ မိသားစုလေးအပေါ် ကရုဏာထားကာ ငါရဲ့ အတွေးခေါ် ၊ ငါလုပ်ဆောင်ချက်တိုင်းသည်  ငါမိသားစု အတွက်ဆိုတဲ့ စိတ်ကူးသစ်တွေနဲ့ ကာမ တဏှာ ရဲ့  ချည်နှောင်ခြင်းမှ ကင်းဝေးပါစေ ။ ငါ့မိသားစုအတွက် ငါသာဖြစ်ရမယ်ဆိုတဲ့ ခံယူချက်တွေကို ချမှတ်ရင်း မိုက်မဲခြင်း အမိုက်မှောင်ထဲကနေ အလင်းထဲကို အမြန်ဆုံး ထွက်လာနိုင်ပါစေ ။

ချစ်ခြင်းမေတ္တာတရားတွေ  နဲ့ ပြည့်စုံနေတဲ့ မိသားစု ထမင်းဝိုင်းလေးက သင်ကို အဆင်သင့်
 စောင့်မျှော် နေလေရဲ့ ။
ခိုင်လေး ( ရွှေတောင် )

ကာမ တဏှာ တွေနဲ့ ချည်နှောင်ခြင်းမှ ကင်းဝေးကြပါစေ ။
အိမ်ထောင်သည်တိုင်း တစ်ယောက်သောက ကို တစ်ယောက်ကမျှဝေခဲ့ကြတဲ့ မိသားစုလေးအပေါ် သစ္စာတရား လက်ကိုင်ထားနိုင်ကြပါစေ ။
လူသားတိုင်း မိသားစု ဘ၀တွေကို ဖျက်ဆီးသူတွေ အဖြစ်ကနေ ကင်းဝေးကြပါစေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...