Monday, October 7, 2013

"ကျားမာယာ"

"ကျားမာယာ"

မိန်းမဖြစ်သူက သူ့ယောက်ျားကို မသင်္ကာနေတာကြာပြီ
အကြောင်းကတော့ သူ့ရုံးက စာရေးမလေးနဲ့ ဘာလိုညာလို ကြားနေလို့လေ

ယောက်ျားက အောင်မြင်နေတဲ့ နာမည်ကျော်ရှေ့နေတစ်ယောက်ပေါ့

တရက်တော့ သူ့ယောက်ျားက ရုံးကနေ ဖုန်းဆက်တယ်... ...

"မိန်းမရေ... ဒီနေ့ အိမ်ပြန်နောက်ကျမယ်ကွာ၊ ရုံးမှာ အလုပ်နည်းနည်း ရှုပ်နေလို့"... တဲ့

အလုပ်ရှုပ်နေလို့ နောက်ကျမယ်ဆိုတာ ယုံတော့ မယုံဘူး၊ 
ဒါပေမယ့် အချိုသတ်ပြီး ပြန်ပြောလိုက်တယ်.. ...

"ဟုတ်ကဲ့ပါ ရှင့်အလုပ်ကိုသာ ဖြောင့်ဖြောင့်တန်းတန်းလုပ်ပါ"

ခဏနေတော့ သူ့ယောက်ျားရဲ့ ရုံးခန်းရှိရာကို တိတ်တိတ်လေးလိုက်သွားတယ်
ဟိုရောက်လို့ သူ့ယောက်ျားရဲ့ ရုံးခန်းတံခါးကိုလည်း ဖွင့်လိုက်ရော... ...
အထဲမှာ မြင်လိုက်ရတာက... ... ...

ရှေ့နေကြီးက ဖုန်းပြောနေတယ်... 
စာရေးမလေးက ရှေ့နေကြီးရဲ့ပေါင်ပေါ် တက်ထိုင်နေတယ်

ကဲ... တခါဖြင့် ခက်ကြပြီ
ရုတ်တရက်ဆိုတော့ အထဲကနှစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားတယ်

ဒါပေမယ့်...
သူ့ယောက်ျား ရှေ့နေကြီးက ပြောနေတဲ့ ဖုန်းကို ချက်ခြင်းအသံမြှင့်ပြီး ပြောထည့်လိုက်တယ်.... 

"ခင်ဗျားတို့ကို မှာထားတဲ့ထိုင်ခုံက ဘယ်တော့ရမှာလဲ၊ ဒီမှာ ကျုပ်နဲ့ ကျုပ်စာရေးမ ထိုင်ခုံလေးတစ်လုံးကို မျှထိုင်နေရတာ လွယ်တာမဟုတ်ဘူး... ဟွင်း" ... တဲ့

သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...