Sunday, April 14, 2013

ပိတောက်ပန်းရယ်လို့ခေါ်ပါသည်

by Mg Sharr Lu (Notes) on Friday, April 12, 2013 at 10:26pm


ပိတောက်ကိုသင်္ကြန်ပန်းလို့ခေါ်ကြတယ်
အတာပန်းလို့လည်း ကင်ပွန်းတပ်ကြပြန်သေး
တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်

ရွှေလက်တွဲဖို့ အားခဲကြသူတွေ ကြိတ်ကြိတ်ခဲ
ပိတောက်ပန်းပိုင်သူ အညာတမာပန်းကို မေ့နိုင်တယ်
ပိတောက်တွေ့သူ ငုဝါလေးကို မျက်နှာလွှဲမယ်
ပိတောက်လိုချင်ဇောက ခဏတာမူးမိုက်စေတယ်
ပင်လုံးညွတ်ဝေ ပွင့်နေတဲ့ပိတောက်ပင်အောက်ရောက်နေသူ
ပိတောက်နဲ့ ရင်နှီးကျွမ်းဝင် ကခုန်ပျော်ပါးကြတော့တယ်။


မောင်ကိုယ်တိုင်ခူးလာတဲ့ပိတောက်ပန်းကိုမှပန်ချင်သေးတယ်--
ချစ်သူပန်ဆင်ဖို့ မရမကရှာရပါသည့်ပိတောက်
ပန်းပိတောက်ကိုချစ်တယ် တဲ့
ပိတောက်တစ်ခက် ချစ်သက်လက်ဆောင်
ပန်းဆိုရင်ကွယ် ပိတောက်ပန်းမှ ပန်ချင်သူ
ပိတောက်ပင်တုံးမှ မုန်းကြမယ်
ပိတောက်ပင်ကြီးလဲမှ ခွဲကြမယ်
ပိတောက်ချစ်သူတွေ ကဲကိုကဲ သဲကိုသဲ။

လှချင်လိုပန်ပန် ရနံ့ကြိုက်လိုပန်ပန်
ဈေးကရလို့ပန်ပန် လက်ဆောင်ရလို့ပန်ပန်
အဆင်းလှလို့ပန်ပန် ရွှေရောင်ဝင်းလို့ပန်ပန်
ပိုးကြေးပန်းကြေးရတတ်သေးသည့်ဒီပိတောက်
စိတ်ထားမမြတ်က ပိတောက်ပန်လည်း တော်မ၀င်ပါ
မျော်မြင်ခါ ပန်းပိတောက်ကိုချစ်တတ်ရင်ဖြင့်
ပိတောက်အမျိုး ဆထက်တိုးအောင်
ကိုင်းမချိုး ခူးပြီးပြန်စိုက်
ပိတောက်ပန်းတွေ မြို့ရွာတိုင်းမှာ
လက်လှမ်းတိုင်းမှီပွင့်ကြပါမှ
ဒို့တိုငိးပြည်ရွာ အေးချမ်းပါဘိ
တကယ် ချမ်းသာ၏

အတာသင်္ကြန်မှာပွင့်တဲ့ပန်း ဘာပန်းရယ်လို ခေါ်ပါသလဲ ။                ။

မောင်သျှားလူ
၁၃၊ ၄၊ ၂၀၁၃




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...