ဖြစ်ရပ်မှန်နဲ့ ထင်မြင်ချက် Facts Vs Opinion
Author: lubo601 |
4:55 PM |
No မှတ်ချက် |
သတင်းခေတ်ကြီးမှာ
သတင်းကြောင့်ဖြစ်ရတဲ့ကောင်းကျိုးဆိုးကျိုးတွေအများကြီး၊
ကောင်းကျိုးကတော့ သတင်းမှန်တွေကို ကောင်းစွာသုံးသပ်နိုင်ရင်
အနာဂါတ်ကို ကျိုတင်မှန်းဆနိုင်မယ်၊ လက်ရှိပြဿနာကိုပြေလည်အောင်
ဖြေရှင်းနိုင်မယ်။
... သတင်းမမှန်ကန်ဘူး၊ သတင်းဖတ်သူရဲ့
ဝေဖန်ပိုင်းခြားနိုင်စွမ်းအား နည်းရင်
လူမူရေး၊ စီးပွားရေးပြဿနာပေါ်မယ်။
နိုင်ငံရေးမတည်မငြိမ်ဖြစ်တဲ့အထိ
ဆိုးဝါးနိုင်တယ်။
သတင်းတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့
ဖြစ်ရပ်တွေကို အမှားအကင်းဆုံးနဲ့၊ အမှန်ဆုံးတင်ပြလိုရင်းဖြစ်ရမယ် ။ ကြွချင်ထချင်တဲ့သူတွေနဲ့၊
ဖွချင်ဆွချင်တဲ့သူတွေတွေ့ကြားမှာ၊
သတင်းဟာ လူ့အဖွဲ့အစည်းတစ်ခုကို
ဒုက္ခပေးဖို့အကောင်းဆုံးလက်နက်ပဲ ။
အထက်မှာပြောခဲ့ပြီးတဲ့အတိုင့်း သတင်းဆောင်းပါးတွေမှာပါတဲ့ အချက်လက်တွေ၊
ဖြစ်ရပ်တွေ(Facts)ဟာ ဘက်မလိုက်ဘဲတင်ပြတာမျိုးပဲဖြစ် ရမယ်။ သတင်းတစ်ခုမှာတင်ပြထားတဲ့
ဖြစ်ရပ်မှန်တွေဟာ ဓမ္မဓိဋ္ဌာန်ကျရမယ်၊ အရှိအရှိတိုင်းဖြစ်ရမယ်။
သတင်းတစ်ခုမှာတင်ပြထားတဲ့ ဖြစ်ရပ်တွေဟာ ဧကန်ဧကကျရမယ်။ မြန်မာနိုင်ငံဟာ
၁၉၄၈ မှာလွတ်လပ်ရေးရတယ်ဆိုတဲ့သတင်းဟာ
ကာလမရွှေး၊ အချိန်မရွှေးမှန်ရမယ်။ သတင်းတွေကိုတင်ပြရာမှာ
မည်သူတစ်ဦးတစ်ယောက်ရဲ့ ထင်မြင်ယူဆချက်ကိုမှ သတင်းဆောင်းပါးတစ်ခုကို
လွမ်းမိုးစေတာမျိုး မဖြစ်သင့်ဘူး။
ထင်မြင်ချက် (Opinion)
ဆိုတာ ပုဂ္ဂိုလ်ရေးယုံကြည်ချက်နဲ့ ခံစားချက်ကထွက်လာတဲ့
အယူအဆတွေပဲဖြစ်တယ်။ ဒါကြောင့် ပုဂ္ဂိုလ်ရေးယူဆချက်တွေဟာ
လူတိုင်းအတွက်မမှန်နိုင်ဘူး၊ ကာလဒေသမရွေးမှန်တဲ့
အမှန်တရားမဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ
အလှဆုံးနိုင်ငံပါလို့ပြောရင်
လူတိုင်းလက်ခံမှာမဟုတ်တဲ့ ပုဂ္ဂိုလ်ရေးထင်မြင်ချက်ပဲဖြစ်တ ယ်။ အလှပဆိုတာကိုက
ပုဂ္ဂိုလ်ရေးသဘောဖြစ်တာမို့ အချက်အလက်အဖြစ် တင်ပြခြင်းဟာအငြင်းပွား
စရာတွေဖြစ်စေတယ်။
လောလောဆယ်မြန်မာနိုင်ငံမှာ
သတင်းလို့ထင်မြင်ဖွယ်ရှိသောအရာများနဲ့
သတင်းသမားဟုဆိုသောသူများအားလုံးဟာ
အမှန်ပြောတာနည်းပြီး၊ ထင်မြင်ချက်တွေများနေတယ်။
သတင်းတစ်ခုကိုလက်မခံခင် သတင်းအရင်းမြစ်နဲ့ သတင်းပေးသူ၊
သတင်းနောက်ကွယ်ရှိ အစိုးရအဖွဲ့အစည်းတွေအပါအ၀င် အခြားသောအဖွဲ့အစည်းနဲ့
လူအချို့ ရဲ့ ရည်ရွယ်ချက်နဲ့ သူတို့ရဲ့ နည်းဗျူဟာတွေကို ပထမဦးစွာ
နားလည်သဘောပေါက်ဖို့တော့လိုမယ်။
သတင်းပေးနေတာလား၊ ပြည်သူကိုတစ်ခုခုမှာ ယုံကြည်ခိုင်းနေတာလား၊
သို့မဟုတ် ပြည်သူတို့ရဲ့ အယူအဆတွေ ပြောင်းစေချင်လို့လား
စသည်ဖြင့်တော့ခွဲခြားတတ်ရမယ်။
AMM
(Greenhill)See
More
— with Myo Set
and 4 others.
သတင်းခေတ်ကြီးမှာ သတင်းကြောင့်ဖြစ်ရတဲ့ကောင်းကျို
ကောင်းကျိုးကတော့ သတင်းမှန်တွေကို ကောင်းစွာသုံးသပ်နိုင်ရင် အနာဂါတ်ကို ကျိုတင်မှန်းဆနိုင်မယ်၊ လက်ရှိပြဿနာကိုပြေလည်အောင် ဖြေရှင်းနိုင်မယ်။
... သတင်းမမှန်ကန်ဘူး၊ သတင်းဖတ်သူရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းအား
လူမူရေး၊ စီးပွားရေးပြဿနာပေါ်မယ်။ နိုင်ငံရေးမတည်မငြိမ်ဖြစ်တဲ့အထ
သတင်းတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဖြစ်ရပ်တွေကို အမှားအကင်းဆုံးနဲ့၊ အမှန်ဆုံးတင်ပြလိုရင်းဖြစ်ရမယ်
သတင်းဟာ လူ့အဖွဲ့အစည်းတစ်ခုကို ဒုက္ခပေးဖို့အကောင်းဆုံးလက်နက်ပဲ
အထက်မှာပြောခဲ့ပြီးတဲ့အတိုင့်း
ထင်မြင်ချက် (Opinion) ဆိုတာ ပုဂ္ဂိုလ်ရေးယုံကြည်ချက်နဲ့ ခံစားချက်ကထွက်လာတဲ့ အယူအဆတွေပဲဖြစ်တယ်။ ဒါကြောင့် ပုဂ္ဂိုလ်ရေးယူဆချက်တွေဟာ လူတိုင်းအတွက်မမှန်နိုင်ဘူး၊ ကာလဒေသမရွေးမှန်တဲ့ အမှန်တရားမဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အလှဆုံးနိုင်ငံပါလို့ပြောရင်
လောလောဆယ်မြန်မာနိုင်ငံမှာ သတင်းလို့ထင်မြင်ဖွယ်ရှိသောအရာမ
သတင်းတစ်ခုကိုလက်မခံခင် သတင်းအရင်းမြစ်နဲ့ သတင်းပေးသူ၊ သတင်းနောက်ကွယ်ရှိ အစိုးရအဖွဲ့အစည်းတွေအပါအ၀င် အခြားသောအဖွဲ့အစည်းနဲ့ လူအချို့ ရဲ့ ရည်ရွယ်ချက်နဲ့ သူတို့ရဲ့ နည်းဗျူဟာတွေကို ပထမဦးစွာ နားလည်သဘောပေါက်ဖို့တော့လိုမယ
AMM
(Greenhill)See More
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment