သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၄)
သစ်ထူးလွင်
|
- သင်္ဃန်းကျွန်း ရဲစခန်းမှာ ရန်ဖြစ်တဲ့ ရဲ နဲ့ အရပ်သားတွေကို အရေးယူ
- ကွန်ကရစ်ခင်းသည့်ကိစ္စ လူမျိုးရေးပြဿနာ/ ဘာသာရေးပြဿနာ မဟုတ်ပါ
- နတ်တလင်းမြို့နယ် ညမထွက်ရအမိန့် ထုတ်ထားသော်လည်း လိုအပ်ပါက သွားလာခွင့်ပြုမည်
- သမ္မတ အမိန့်နဲ့ အကျဉ်းသား ၉၀ လောက် ဒီကနေ့ လွတ်မြောက်
- မေခလာသိန်း အထည်ဆိုင်က ပိတ်စတွေပေါ်မှာ စေတီပုံတွေ.ရှိတဲ.ကိစ္စရှင်းလင်း (ရုပ်/သံ)
- စော်ဘွားကြီးကုန်းဝင်းတွင် ပေါက်ကွဲမှုဖြစ်၊ ၃ ဦး သေဆုံး (ရုပ်/သံ)
- စော်ဘွားကြီးကုန်းဝင်းတွင် ပေါက်ကွဲမှုဖြစ်၊ ၃ ဦး သေဆုံး
- မူဆလင်အပေါ် အကြမ်းဖက်မှုကိစ္စ အင်ဒိုသမ္မတ ဆွေးနွေးမည်
- မိုးစပါး ချေးငွေကျပ် ဘီလီယံ ၁၄၀၀ အထိ ထုတ်ချေးမည်
- ဟားဗတ် တက္ကသိုလ်မှ ပညာသင်ဆုများ ခေါ်ယူသွား ရန်ရှိ
- မန္တလေးတွင် ၁၅၀၀ကျပ်တန် Simcard များအား ဦးရာလူ စနစ်ဖြင့် ရောင်းမည်
- ဒုက္ခသည် ပြန်လည်လက်ခံရေး ကရင်ပြည်နယ်မှာ စတင်ပြင်ဆင်
- ထိုင်းနိုင်ငံ ယာဉ်တိမ်းမှောက်မှု ၂ နေရာတွင် မြန်မာနိုင်ငံသားများ ပါဝင်
- ရန်ကုန်-မော်လမြိုင် ၀င်းမှန်လုံယာဉ် တိမ်းမှောက် ၁ဦးသေ ၊၂၀ ဦး ဒဏ်ရာရ
- ပြည်တွင်းပဋိပက္ခများနောက်၌ အစိုးရ နှင့် ပြည်ခိုင်ဖြိုး ပယောဂလုံးဝမပါဟု ဦးဌေးဦးဆို
- ညောင်ဦးတွင် ဝက်စာကြွေးရန် ပိစပ်ပဲကြိုရာမှ မီးလောင်မှုဖြစ်ပွား အိမ် ၁၉ လုံးဆုံးရှုံး
- ဆရာတော်ဦးသောဘိတအား သတ်ဖြတ်သည်ဟု သံသယရှိသူများကို စတင်စစ်ဆေး
- အီးယူ ပိတ်ဆို့မှုဖယ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည် အမြင်
-
ဒေါက်တာဆိတ်ဖွားကိုဖော်ထုတ်နို
င်ပြီဟု ကော်မရှင်ဥက္ကဋ္ဌပြောကြား - ၁၅၀၀တန် ဆင်းကဒ်များ မဲနှိုက်စနစ်ဖြင့်ရောင်း ၊ ကိုယ်တိုင် မနှိုက်ရ
- ဘော်စတွန် ဖောက်ခွဲသူ ထွက်ချက် မပေးနိုင်
- အိန္ဒိယ မိန်းကလေး မုဒိမ်းမှု ဆန္ဒဆက်ပြ
- မြန်မာမှာ ကျင်းပမယ့် နိုင်ငံတကာ တင်းနစ် ပြိုင်ပွဲ ရွေ့ဆိုင်း
- ရထားလမ်းချော်အောင် လုပ်ဖို့ ကြံသူကို ကနေဒါမှာ ဖမ်းမိပြီ
- မထသ အဖွဲ့များ ကြော်ငြာချက်များနှင့် လုပ်ဆောင်ချက်များ ညီညွတ်ခြင်းမရှိ
Posted: 23 Apr 2013 07:24 AM PDT
၁၆.၄.၂၀၁၃
ရက်နေ့ ည ၉
နာရီခွဲအချိန် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ်
(၃)လမ်းနေ နိုင်ဇော်(ဘ)ဦးသိန်းထွန်း ပါ လူငယ်(၁၀)ဦးခန့်သည် အရက်သေစာ
သောက်စား မူးယစ်ပြီး ရဲစခန်းသို့ ရောက်ရှိလာကာ သင်္ဃန်းကျွန်းစံပြ
(၅)လမ်းထိပ်ယာဉ်တိုက်မှု ဖြစ်ပွားခြင်း နှင့်ပတ်သက်၍ တာဝန်မှူး ဒုရဲအုပ်
မျိုးထွဋ်နှင့် အပြန်အလှန် စကားပြောကြရာမှ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Apr 2013 07:24 AM PDT
ယနေ
့၂၃.၄.၂၀၁၃ နေ့
(၁၂၀၀)အချိန် လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်၊ အောင်စန္ဒာလမ်း၊ အဆောင် (၄)၊
အခန်း (က)တွင် “ ရွှေစည် ” လျှပ်စစ်ကုန်မာဆိုင်ရှင် ဒေါ်မြင့်မြင့်သန်း
(မြန်မာ လူမျိုး) နှင့် ကပ်လျက်အခန်းနေ ဦးတင့်လွင်(မူဆလင်လူမျိုး)တို
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Apr 2013 07:14 AM PDT
နတ်တလင်းမြို့နယ်တွင်း
ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ခရီးသွားများအတွက်ကိုမှု လိုအပ်ပါက
သွားလာခွင့်ပြုသွားမည်ဖြစ်ကြော
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Apr 2013 06:54 AM PDT
သမ္မတ
ဦးသိန်းစိန်ရဲ့
အမိန့်နဲ့ မြန်မာ နိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ရှိတဲ့ အကျဉ်းသား ၉၀
ဝန်းကျင်လောက်ကို ဒီကနေ့ ပြန်လွှတ်ပေး လိုက်ပြီ ဖြစ်ပါတယ်။ အင်းစိန်ထောင်
ကနေ အကျဉ်းသား ၁၀ ဦး ပြန်လွတ် လာပြီး၊ အဲဒီ အထဲမှာ နိုင်ငံရေး အကျဉ်းသား ၈
ဦး ပါဝင်တယ်လို့ သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Apr 2013 06:39 AM PDT
မေခလာသိန်း
အထည်ဆိုင်က
ပိတ်စတွေပေါ်မှာ စေတီပုံတွေ.ရှိတဲ.ကိစ္စ နဲ.ပါက်သက်ပြီး တကယ်.ဖြစ်ရပ်မှန်ကို
သိရှိနိုင်ဖို.အတွက် သတင်းစာ ရှင်းလင်းပွဲတစ်ခုကို ဗဟန်းမြို.နယ်
တော်ဝင်နှင်းဆီမှာ ဧပြီ ၂၃ ရက်နေ့က ပြုလုပ်ခဲ.ပါတယ်။ ဒေါ်ညိုမာသက် က
သတင်းပေးပို.ထားတာပါ
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Apr 2013 06:31 AM PDT
ရန်ကုန်မြို့
အရင်
စော်ဘွားကြီး ကုန်း ကားဝင်းထဲက အိမ်ဆောက်ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်မှာ
ဧပြီ ၂၃ ရက်နေ့ နေ့ လည် ၂ နာရီ ခွဲ လောက်မှာ ပေါက်ကွဲမှု တခု
ဖြစ်ပွားခဲ့ပါတယ်။ ငွေလမင်း သံပစ္စည်းဆိုင်မှာ ဂဟေဆော်တဲ့
လေအိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ပီ
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Apr 2013 06:39 AM PDT
ရန်ကုန်မြို့
အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းမှာ အိမ်ဆောက်ပစ္စည်းတွေ ရောင်းချတဲ့
ဝင်းအတွင်းက ငွေလမင်းသံပစ္စည်း ရောင်းဝယ်ရေးဆိုင်မှာ ဒီနေ့ နေ့လယ် ၂
နာရီခွဲလောက်မှာ ပေါက်ကွဲမှု တခုဖြစ်ခဲ့ပြီး လူကြီး ၂ ဦးနဲ့ ကလေး ၁ ဦး
သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိ သွားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Apr 2013 02:30 AM PDT
မြန်မာနိုင်ငံသို့
ရောက်ရှိနေသော အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo
Bambang Yudhoyono) သည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မူဆလင်
ဘာသာဝင်များအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများနှင့်ပတ်သက်၍
ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းလိမ့်မည်ဟု ရိုက်တာ သတင်းတရပ်က
ရေးသားထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Apr 2013 02:23 AM PDT
မိုးစပါး
စိုက်ပျိုးဖို့ အတွက် တောင်သူများကို ငွေကျပ် ဘီလီယံ ၁၄၀၀ အထိ ချေးငွေ
ထုတ်ချေး ပေးသွားဖို့ စီစဉ် ထားတယ်လို့ တောင်သူ လယ်သမား အသင်းမှ တာဝန်ရှိသူ
တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ယခုလို ချေးငွေများ ထုတ်ချေးပေး ရာမှာ
ယခင်နှစ်က ငွေကျပ် ဘီလီယံ ၅၀၀ ကျော်သာ ထုတ်ချေး ပေးခဲ့တာ ဖြစ်ပြီး ယခုနှစ်
မှာတော့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Apr 2013 02:15 AM PDT
အမေရိကန်နိုင်ငံ
ဟားဗတ်
တက္ကသိုလ်မှာ ပညာသင်ကြား နိုင်ဖို့အတွက် ဟာဗက် တက္ကသိုလ်မှ H. Humphery
ပညာတော်သင် ဆုကို ခေါ်ယူသွားဖို့ ရှိတယ်လို့ အမေရိကန် သံရုံးရဲ့ သတင်း
ထုတ်ပြန်ချက် အရ သိရပါတယ်။ အဆိုပါ ပညာတော်သင် ဆုဟာ တစ်နှစ် ပညာသင်ကြားခွင့်
ရမှာဖြစ်ပြီး နိုင်ငံ ခေါင်းဆောင်မှု အတတ်ပညာနဲ့ ပတ်သက်ပြီး အလားလာရှိတဲ့
သူများကို ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Apr 2013 02:00 AM PDT
မန္တလေးမြို့မှာ
ကျပ်
၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဆင်းမ်ကတ်တွေကို မဲနှိုက်မှာမဟုတ်ဘဲ
ဦးရာလူစနစ်နဲ့သာ ဧပြီလ ၂၄ ရက်နေ့က စပြီး ရောင်းပေးမယ်လို့ မန္တလေးခရိုင်၊
ဆင်းမ်ကတ်ရောင်းချရေး စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စီဒီအမ်အေ ၈၀၀ ဆင်းမ်ကတ်တွေကို မြို့နယ်အလိုက် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Apr 2013 01:47 AM PDT
ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး အတွက် ကရင်ပြည်နယ်
အတွင်းမှာ ပြင်ဆင် ဆောင်ရွက်မှုတွေ စတင်နေပြီလို့ ကရင်ပြည်နယ် အစိုးရအဖွဲ့က
ပြော ပါတယ်။ ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ ကရင်ပြည်နယ်အတွင်း ထိုင်းမြန်မာ
နယ်စပ်တလျောက် မြို့နယ်ခွဲ(၉)ခု ကို သတ်မှတ်ထားပြီး၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Apr 2013 01:42 AM PDT
ထိုင်းနိုင်ငံ
အလယ်ပိုင်း ဖစ်ချပူရီခရိုင် နဲ့ ချိုင်းယားနတ်ခရိုင်မှာ
ဒီရက်ပိုင်းအတွင်း မော်တော်ယာဉ် မတော်တဆထိခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ယာဉ် ၂
စီးလုံးမှာ မြန်မာနိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့
ထိုင်းသတင်းဌာနတွေမှာ ဖော်ပြသွားပါတယ်။ ပထမဖြစ်စဉ်မှာ မြန်မာနိုင်ငံသားတဦး
မောင်းနှင်တဲ့ အဖြူရောင် နစ်ဆန် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Apr 2013 01:24 AM PDT
၂၂-၃-၂၀၁၃
ရက်နေ့ ၁၃၃၀
အချိန် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျူချောင်းကျေးရွာ
ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင် အမှတ်(၁၁၃/၅) ကျွန်းတော
လေယာဉ်ကွင်းဟောင်း အနီးတွင် ရန်ကုန်မှ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာနေ
ဦးသန်းရွှေ(၅၆)နှစ် မောင်းနှင်၍ ခရီးသည် ၅၀ ဦးခန့် တင်ဆောင်လာသော ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Apr 2013 01:14 AM PDT
လက်တလော
ဖြစ်ပွားခဲ့သော
မိတ်္ထီလာ ပဋိပက္ခနှင့် မကြာခင်ကာ လဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် တွင်း
ပဋိပက္ခများ၌ လက်ရှိအစိုးရ နှင့် အာဏာရ ပြည်ခိုင်ဖြိုးပါတီမှ နောက်ကွယ်
ကြိုးကိုင်မှုများ ပယောဂများ လုံးမ၀ရှိကြောင်းနှင့် ပဋိပက္ခ မှန်သမျှနှင့်
ပြည်သူလူထု အား စိုးရိမ်ကြောင့် ကျစေမည့် ကိစ္စမှန်သမျှအား အစွမ်းကုန်ဆန့်
ကျင်သွားမည် ဖြစ်ကြောင်း ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Apr 2013 01:11 AM PDT
ညောင်ဦးမြို့နယ်၊
ယဉ်ဆမ်းရွာတွင် ဧပြီ ၂ဝ ရက် နေ့ခင်း တစ်နာရီအချိန်က ဝက်စာကြွေး
ရန်ပိစပ်ပဲကြိုရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် လူနေအိမ်
၁၉ လုံးဆုံးရှုံးခဲ့ပြီး၊ ရွာသူ၊ ရွာသား ၁ဝ၉ ဦး အိုးအိမ်မဲ့
ဖြစ်ခဲ့ရကြောင်း သိရသည်။ ''ယောက်ျား သားတွေက တောထဲ ရောက်နေ ကြတယ်။
ရွာကရေရှားတော့ မီးပိုကြီးသွားတယ်။''ဟုရွာခံတစ်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Apr 2013 01:03 AM PDT
မိတ္ထီလာအကြမ်းဖက်မှု
ဖြစ်စဉ်တွင် ဘုန်းကြီးတစ်ပါးအား သတ်ဖြတ်ခဲ့သည်ဟု ယူဆရသော တရားခံ
ခုနစ်ဦးကို ဧပြီ ၂၂ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း
မိတ္ထီလာမြို့အမှတ်(၂)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ
တရားခံခုနစ်ဦးကို မိတ္ထီလာမြို့ အမှတ်(၂)ရဲစခန်းမှ ရဲအုပ်မြင့်သန်းက
တရားလိုပြုလုပ် တိုင်ကြားခဲ့ပြီး ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Apr 2013 12:41 AM PDT
ဥရောပသမဂ္ဂ
က
မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှု ဖယ်ရှားမှု နဲ့ ပတ်သက်ပြီး
ဒေါ်အောင်ဆန်း စုကြည် ကို ဘီဘီစီ သတင်းထောက် Fergal Keane က တယ်လီဖုန်း
ဆက်သွယ်ပြီး၊ သီးသန့် မေးမြန်း ခန်း ပြုလုပ်တဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် က
ကြိုဆိုကြောင်း၊ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေ နဲ့ တွေ့တဲ့ အခါတိုင်း မှာလည်း
ဒီအရေး ကိစ္စ ဆွေးနွေး ဖြစ်ကြောင်း၊ ဖြေကြားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Apr 2013 12:30 AM PDT
လွှတ်တော်
ကိုယ်စားလှယ်များကို Above the Law (ဥပဒေ အထက်တွင် လွှတ်တော် ရှိနေသလား)
ဆိုသော ခေါင်းစဉ်ဖြင့် အင်တာနက်ပေါ်တွင် ဝေဖန်ရေးသား ခဲ့သော
ဒေါက်တာဆိတ်ဖွားကို စုံစမ်းဖော်ထုတ်နိုင်ပြီ ဖြစ်ကြောင်း ဒေါက်တာဆိတ်ဖွား
စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌဦးမြငြိမ်း က The Voice သို့ ပြောကြားသည်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Apr 2013 07:29 PM PDT
တန်ဖိုးနည်း
၁၅၀၀တန်
ဆင်းကဒ်များကို မဲနှိုက်စနစ်ဖြင့် ရောင်းချသော်လည်း ပြည်သူများ အနေဖြင့်
မဲလိပ်များအား ကိုယ်တိုင်နှိုက်ခွင့်မရကြောင်း ယနေ့ရောင်းချခဲ့သည့်
နယ်မြေများမှ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးများမှ စုံစမ်းသိရှိရသည်။
“ မဲက ကိုယ်တိုင် မနှိုက်ရဘူး။ လူရှုပ်မှာဆိုးလို့ ကော်မတီအဖွဲ့က သူ့နာမည်စာရင်းနဲ့ သူနှိုက်ပေးတာ။ အဲဒီ ကော်မတီကိုလဲ ရပ်ကွက်က လူကြီးတွေနဲ့ ဖွဲ့စည်းထားတာ၊ ပေါက်တယ် မပေါက်ဘူးဆိုတာ ချက်ချင်း သိရတယ်။ လုပ်ပုံလုပ်နည်းမတူ။ နောက်လုပ်မဲ့ အခေါက်တွေမှာ ဒီအခေါက် ရသွားတဲ့ သူတွေ မပါတော့ဘူး” ဟု မြောက်ဥက္ကလာပမြို့နယ် (၁) ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးမှ အုပ်ချူပ်ရေးမှူး ကိုသန်းမြင့်က မဇ္ဈိမကို ပြောသည်။ တလမ်းလျှင် ခြောက်လုံးနှုန်း မဲနှိုက်ပေးကာ ဧပြီလ ၂၄ရက်နေ့ ညနေ၄နာရီ ဖုန်းကဒ်များကို အိမ်အရောက် ပို့ပေးမည် ဖြစ်ကြောင်း၊ ဖုန်းပေါက်သည့် မဲစာရင်းများကို ဧပြီ ၂၂ရက် ယနေ့တွင် မြို့နယ်ရုံးသို့ အပြီးတင်ပေးရမည်ဟု မြောက်ဥက္ကလာပမြို့နယ် (၁)ရပ်ကွက် အုပ်ချူပ်ရေးမှူးက ရှင်းပြသည်။ မဲနှိုက်ရောင်းချမှုအား မြောက်ဥက္ကလာ မြို့နယ်နယ်နှင့် အခြားမြို့နယ် အချို့တွင် ယနေ့၈နာရီမှ စတင်ကာ နေ့လည် ၁နာရီအထိ ရောင်းချမှုများ ပြုလုပ်ခဲ့ပြီး ရောင်းချသည့် ဖုန်းအရေအတွက်မှာ တရပ်ကွက်နှင့် တရပ်ကွက် မတူညီကြောင်း ရပ်ကွက်သားများထံမှ သတင်းရရှိသည်။ မြောက်ဥက္ကလာပမြို့နယ် ၂ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးမှ အုပ်ချူပ်ရေးမှူး ဦးလှထွန်းက " မနက် ၈နာရီခွဲလောက်ကနေ ၁၂နာရီလောက်မှာ အကုန်ပြီးစီးသွားတယ်။ ရပ်မိရပ်ဖရယ် ဆရာမရယ် သူတို့တွေပဲ နှိုက်တာ။ ဘုန်းကြီးတွေ အတွက်ကော မယ်သီလရှင်တွေအတွက်ကော အကုန်ပါတယ်" ဟုဆိုသည်။ ယခုလို မြန်ဆန်စွာ မဲနှိုက်ရခြင်းမှာ ဖုန်းကဒ်မဲပေါက်သူ စာရင်းများအား ယနေ့၎နာရီတွင် မြို့နယ်ရုံးသို့ အပြီးပေးရမည် ဟု ထုတ်ပြန်ထားသည့်အတွက် ဖြစ်ကြောင်း ဦးလှထွန်းက ရှင်းပြသည်။ မြောက်ဥက္ကလာပ (၁)ရပ်ကွက်ရှိ ကွမ်းယာရောင်းသူ အမျိုးသမီးက“ကျွန်မတို့ အခုဆင်းကဒ်ရောင်းတဲ့ စနစ်ကို သိပ်စိတ်အလိုမကျဘူး။ သမာသမတ် မကျဘူးလို့ ပြောတာမဟုတ်ပါဘူး ဒါပေမဲ့ ကိုယ်တိုင်လဲ မနှိုက်ရဘူး။ ရောင်းတဲ့ အရေအတွက် ကလည်း အရမ်းနည်းတယ်။ အမှန်ဆို တအိမ်တယောက် ဆိုလည်း အားလုံးထုတ်ပြီး ရောင်းလိုက် အဲဒါရှင်းတယ်။ ” သူမ၏ အမြင်ကိုပြောသည်။ ၎င်း ၁,၅၀၀ တန် ဆင်းကဒ် ဝယ်ယူပြီးသည့် ၁၅ ရက်အတွင်း အနည်းဆုံး ကျပ် ၅,၀၀၀ ငွေပြည့်သွင်းရန် လိုအပ်မည် ဖြစ်ကာ အကယ်၍ မဖြည့်သွင်းနိုင်ပါက ဖုန်းကဒ်သည် အလိုအလျောက် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဧပြီလ ၃ ရက်နေ့က နိုင်ငံပိုင် ရုပ်သံသတင်းတွင် ကြေညာခဲ့သည်။ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖုန်းဆင်းကဒ်များကို တလလျှင် သုံးသိန်းခွဲ ရောင်းချပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် ဆင်းကဒ် တသိန်း နှစ်သောင်းခန့် ရောင်းချပေးသွားမည်ဟု အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ရပ်ကွက်နှင့် မြို့နယ်အပေါ်မူတည်၍ ရောင်းချမည့် ဆင်းကဒ် အရေအတွက် အနည်းအများကွာခြားသည်။ စောဇင်ညီ |မဇ္ဈိမ သတင်းဌာန |
||
Posted: 22 Apr 2013 07:22 PM PDT
ဘော်စတွန်
ဗုံးခွဲမှု
လက်သည်လို့ မသင်္ကာ ခံရတဲ့ ညီအစ်ကို ထဲက ကျန်ရစ်သူ ညီဖြစ်သူ လည်ချောင်းမှာ
သေနတ် ဒဏ်ရာကြောင့် ထွက်ဆိုချက် ပြောကြား နိုင်တော့မယ့်ပုံ မရှိဘူးလို့
သတင်း ရရှိ ပါတယ်။ သူတို့ ညီအစ်ကို နှစ်ယောက် ဒီလို တိုက်ခိုက်မှုတွေ
လုပ်ဖြစ်အောင် လှုံ့ဆော် ခဲ့တယ်ဆိုတာကို စုံစမ်း မေးမြန်းသူတွေက ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 22 Apr 2013 07:17 PM PDT
အိန္ဒိယ
နိုင်ငံမှာ
မကြာသေးခင်က အသက် ၅ နှစ် အရွယ် မိန်းကလေးငယ် တဦး မတရား ပြုကျင့် ခံခဲ့ ရတဲ့
ကိစ္စနဲ့ ပတ်သက်ပြီး၊ ဒေလီမြို့မှာ ဒုတိယ နေ့အဖြစ် ဆန္ဒပြ မှုတွေ ဆက်လက်
ပြုလုပ်ခဲ့ ပါတယ်။ ဆန္ဒပြ သူတွေဟာ ရဲဌာနချုပ်နဲ့ အဓိက နိုင်ငံရေး
ခေါင်းဆောင်တွေ ရဲ့ အိမ်တွေ အပြင် ဘက်မှာ စုရုံး ခဲ့ကြကာ၊ ဒီဖြစ်ရပ်နဲ့
ပတ်သက်ပြီး အာဏာပိုင် တွေရဲ့ ကိုင်တွယ် ပုံကို ဒေါ်သ ဖြစ်ရကြောင်း
ထုတ်ဖေါ်ခဲ့ ကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 22 Apr 2013 07:09 PM PDT
မြန်မာ
နိုင်ငံမှာ ဧပြီ
၂၂ ရက်ကစလို့ အိမ်ရှင် နိုင်ငံ အဖြစ် လက်ခံ ကျင်းပဖို့ စီစဉ် ထားတဲ့ Davis
Cup အာရှနဲ့ အိုးရှင်းနီးယား ဇုန် အုပ်စု ၃ နဲ့ ၄ တင်းနစ် ပြိုင်ပွဲကို
လုံခြုံရေး အခြေအနေကြောင့် ဆိုပြီး ရွှေ့ဆိုင်း လိုက်ပါတယ်။ လာပြိုင်မယ့်
နိုင်ငံတွေထဲမှာ ဘာရိန်း ၊ ဂျော်ဒန် ၊ အီရန် ၊ အီရတ် နဲ့ ယူအေအီး တို့လို
အရှေ့အလယ်ပိုင်း ဒေသက အစ္စလာမ် နိုင်ငံတွေ အများအပြား ပါ ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 22 Apr 2013 07:01 PM PDT
ကနေဒါ
နိုင်ငံမှာ
ခရီးသည်တင် ရထားကို လမ်းချော်သွားအောင် အယ်ကိုင်းဒါး ကျောထောက်နောက်ခံ
ပေးခဲ့တဲ့ အကြမ်းဖက် ကြံစည်မှုကြီး တခုကို သူတို့ ဖော်ထုတ် နှိမ်နင်း
နိုင်ခဲ့တယ်လို့ ရဲက ပြောပါတယ်။ ကနေဒါ နိုင်ငံသားတွေ မဟုတ်သူ နှစ်ယောက်ကို
ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုနဲ့ ဆိုင်တဲ့ ပြစ်မှုတွေနဲ့ တရားစွဲဆို
ထားတယ်လို့ ရဲက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 22 Apr 2013 01:27 PM PDT
သက်ဆိုင်ရာ
အဖွဲ့အစည်းများမှ မဟာသင်္ကြန်ကာလများတွင် ယာဉ်စီးခနှုန်းထားများ
တိုးမြင့်ခြင်းမပြုရန် တားမြစ်ထားသော်လည်း ထိထိရောက်ရောက်
ဆောင်ရွက်နိုင်မှု နည်းပါးခြင်းကြောင့် နယ်မြို့များရှိ ယာဉ်လိုင်း
အများအပြားမှာ ပုံမှန်ထက် တစ်ဆနီးပါးပို၍ လက်မှတ်ရောင်း ချနေမှုများကြောင့်
ခရီးသည်တစ်ခိျု့မှာ ငွေကြေး မတတ်နိုင်ခြင်းကြောင့် အခက်အခဲများ
ဖြစ်ကြရကြောင်း ဒေသခံများမှတစ်ဆင့် ကြားသိရသည်။
နတ်မောက်မြို့ မထသ အသင်းမှလည်း သင်္ကြန်အကြိုကာလများက ယာဉ်စီးခနှုန်းထားများ ပုံမှန်အတိုင်း ဆောင်ရွက်ရန် မြို့ပေါ်ရှိ အခြေစိုက် ဖွင့်ထားသော ကားဂိတ်များမှ ဂိတ်တာဝန်ခံများနှင့် ဖြတ်သန်းပြေးဆွဲ နေသော ယာဉ်လိုင်းများမှ တာဝန်ရှိသူများအား မထသရုံးတွင် စုစည်း၍ သဘောတူညီမှုများ ရယူထားခဲ့သော် လည်း လက်ရှိအခြေအနေများနှင့် ကိုက်ညီမှုမရှိကြောင်း၊ အထူးသဖြင့် အထက်မင်းလှ နှင့် မကွေးအခြေစိုက် ယာဉ်လိုင်းများမှ တာဝန်ရှိသူအခိျု့မှာ နတ်မောက်မထသ၏ ကြီးကြပ်ညှိနှိုင်းထားမှုများကို ပုံစံအမျိုးမျိုးဖြင့် ဆန့်ကျင်ကြပြီး ထိန်းသိမ်းရာတွင် လိုက်နာမှုမရှိကြောင်း၊ တောင်တွင်းကြီးအခြေစိုက် ယာဉ်များနှင့် နတ်မောက် အခြေစိုက် ယာဉ်လိုင်းများဖြစ်သော မြို့သစ် -ဒဂုံနှင့် မြရတနာယာဉ်များမှ တာဝန်ရှိသူများ အနေဖြင့် ကြိုတင်ညှိနှိုင်းထားသည့်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြကြောင်း နတ်မောက်မြို့ မထသ ဥက္ကဌ ဦးချင်ဟို မှပြောသည်။ အမည်မဖော်လိုသူ ဂိတ်တာဝန်ခံတစ်ဦးမှ '' ကျွန်တော်တို့အနေနဲ့ မထသရဲ့ လမ်းညွှန်မှုကို ဖောက်ဖျက် တာမဟုတ်ဘူး၊ လိုင်းပိုင်ရှင်က နတ်မောက်ရန်ကုန်ကို ၁၂ဝဝဝိ/ရရင် ရောင်း၊ မရရင် လုံးလုံးမရောင်းနဲ့၊ ဖြစ်သမျှကို တာဝန်ယူတယ်၊ ကိုယ့်အလုပ်ကိုလုပ် လို့ပြောလာတော့ ကျွန်တော်တို့လည်း လိုင်းပိုင်ကခိုင်းတဲ့ အတိုင်း လုပ်ရတာပဲ '' ဟု ပြောသည်။ ၄င်းမှဆက်လျက်၍ ပုံမှန်ဈေးနှုန်းမှာ ၆၅ဝဝိ/ ကျပ်ဖြစ်သော်လည်း လက်မှတ်ဈေးနှုန်း တိုးမြင့်ရောင်းချ ခြင်းကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း၊ ၂၅ . ၄ . ၂ဝ၁၃ နေ့အထိ ခုံအပြည့် ကြားခုံပိါမကျန် ရောင်း ချ ထား ပြီးဖြစ်ကြောင်း '' ရှင်းပြသည်။ ယာဉ်ပိုင်ရှင်တစ်ဦးမှ သင်္ကြန်ကာလတွင် စက်သုံးဆီဈေုးနှုန်းများ မြင့်တက်နေခြင်းကြောင့် လည်းကောင်း၊ အများပြည်သူ အားလပ်ရက်များတွင် ယာဉ်လုပ်သားများအား အားလပ်ရက်မပေးဘဲ လုပ်ခကြေးငွေ ပိုမို ပေးကာ ဆောင်ရွက်စေရခြင်းတို့ကြောင့် မိမိတို့မှာ ကုန်ကျစရိတ် များပြားကြောင်း၊ ၄င်းဝန်ဆောင်မှုများ မဖြစ်ပေါ်စေရန် သက်ဆိုင်ရာမှ ပြန်လည်စီစဉ်ပေးလျှင် ပိုမိုအဆင်ပြေနိုင်မည်ဟု ယူဆကြောင်း ပြောသည်။ မြရတနာ ဂိတ်မှုး ကိုငယ်လေးမှ ''ကျွန်တော်တို့ နတ်မောက်သားတွေက ပုံမှန်အတိုင်းဘဲ၊ အခြားကား တွေ ဈေုးနှုန်းတက်ရောင်းတာကို ဘယ်လိုအရေးယူဆောင်ရွက်မလဲ၊ကြည့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော ပေါ်ဦး ( နတ်မောက် ) Myanmar News Now |
0 comments:
Post a Comment