သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၄)
သစ်ထူးလွင်
|
- အင်းလေးဟိုတယ်ဇုန် မြေယာသိမ်းခံတောင်သူများ ကလောမြို့နယ် တရားရုံးကို လမ်းလျှောက်
- သံလျင်ရေနံချက်စက်ရုံက သိမ်းထားတဲ့ လယ်မြေတွေ ပြန်ရဖို့ ဆန္ဒပြ (ရုပ်/သံ)
- ပြည်မြို့ က စစ်သားသုံးဦး လုယက်သတ်ဖြတ်ခံရသူ ဇာပန လိုက်ပါပို့ ဆောင်သူများ “အမှန်တရားကိုဖော်ထုတ်ပေးပါ” ဟု ဆန္ဒထုတ်ဖော် (ရုပ်/သံ)
- သံဃာတပါး အသတ်ခံရမှုအတွက် ဆက်လက်စစ်ဆေး (ရုပ်/သံ)
- ၉၆၉တံဆိပ် ဖျက်ဆီးသူကို ထောင်ဒဏ် ၂နှစ်ချ
- စောင်ရေအများဆုံး 7 Day နေ့စဉ်သတင်းစာ ထုတ်ဝေ
- တာချီလိတ်တွင် အသိမ်းခံထားရသည့်မြေများ အစားပြန်ပေးမည်
- မှော်ဘီ စိုက်ဘဏ်သို့ မိုးစပါးချေးငွေ ပေးဆပ်ရာတွင် ကျပ် ၅ဝဝဝ တန် အတုများ ပါဝင်နေ
- လိင်ခရီးသွားလုပ်ငန်းကျိန်စာ မြန်မာရှောင်ရှားနိုင်မည်လော
- မိုးသက်လေပြင်းများတိုက်ခတ် လူ ၃ ဦး မိုးကြိုးထိမှန်သေဆုံး
- ရေလယ်ခေါင်တွင် လှေတိမ်းမှောက်၍ လူ(၅)ဦးသေဆုံး
- ကသာမြို့အနီး ရွာတစ်ရွာတွင် ၁၅နှစ်အရွယ် သမီးအရင်းကို အဓမ္မပြုကျင့်မှုဖြစ်ပွား
- အပူဒဏ် သိသိသာသာမြင့်တက်မှုကြောင့် မန်းတွင် သက်ကြီးရွယ်အိုများ သေဆုံးမှုရှိလာ
- ပိတ်ဆို့မှုတွေ ဖျက်သိမ်းရေး ဒေါ်အောင်ဆန်း စုကြည်နဲ့ ဥရောပ တိုင်ပင်ခဲ့
-
လက်ပန်းတောင်းကြေးနီစီမံကိန်းတွ
င် ရဲနှင့်လယ်သမား ပဋိပက္ခဖြစ်ပွား - မန်ယူကစားသမားဟောင်းများ ရန်ကုန်တွင် ခြေစမ်းပွဲလာကစားမည်
- ကျပ် ၁၅၀၀တန် CDMA ရှိ ကဒ်ပေါင်း ၁ သန်းရောင်းပြီးမှ GSM ကဒ်များရောင်းမည်
- တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကဒ် ဝယ်ချင်တိုင်းမရ
- ဝီဂါမူဆလင်နဲ့ တရုတ်ရဲကြား ပဋိပက္ခဖြစ် ၂၁ ဦးသေ
- လက်ပံတောင်း ထွန်တုံးတိုက်ပွဲ လုံထိန်းတပ်ဖွဲ့ ရိုက်နှက်ဖြိုခွဲ
- ပြည်နယ်တိုင်းအစိုးရ သစ်ခွန်ကောက်ခွင့်ရ
- မြန်မာကို ကုန်သွယ်မှု အထူးအခွင့်အရေးပေးဖို့ အမေရိကန်စဉ်းစား
- ပဋိပက္ခ မြန်မာကိုင်တွယ်ပုံ အင်ဒိုနီးရှား သဘောပေါက်
Posted: 25 Apr 2013 05:55 AM PDT
ပုဒ်မ ၁၈၈၊ ပုဒ်မ ၃၅၃
တို့ဖြင့် တရားစွဲဆိုခံထားတဲ့ အင်းလေးဟိုတယ်ဇုန် မြေယာသိမ်းခံ တောင်သူ (၇)
ဦး ကို ကလောမြို့နယ်တရားရုံး ဧပြီ ၂၆ ရက်နေ့ ရုံးချိန်းဆင့်ခေါ်ထားမှုကို
အင်းလေးဒေသခံ တောင်သူ ၈၀ ကျော်ခန့်က လမ်းလျှောက်ခဲ့ကြခြင်းဖြစ်ပါတယ်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 25 Apr 2013 05:50 AM PDT
သံလျင်ရေနံချက်စက်ရုံက
သိမ်း ထားတဲ့ လယ်မြေတွေ ကို ပြန်လည်ရရှိ ဖို့ မူလပိုင်ရှင်တွေ ဧပြီလ ၂၅
ရက်နေ့ က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ် ။ ဒေါ်လှလှဝင်းသတင်းပေးပို
့ထားပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Apr 2013 05:32 AM PDT
အမှန်တရားကို လိုလားသော
ပြည်မြို့သူမြို့သားများမှ ၂၃.၄.၂၀၁၃ ရက်နေ့ ည ၈း၃၀ ခန့်အချိန်၌ ပြည်မြို့
န၀ဒေးတံတား အောက်ရှိ ရှုခင်းသာတွင် စုံတွဲတစ်တွဲကို စစ်သားသုံးယောက်မှ
လုယက်ပြီး ကောင်လေးကို လည်ပင်းလိမ်ချိုး သတ်ဖြတ်ပြီး ရေထဲမျှောကာ
မင်းမဲ့စရိုက်ဆန်ဆန် ရမ်းကားသတ်ဖြတ်ခဲ့သော တပ်မတော်စစ်သားသုံးယောက်ကို
ဥပဒေနဲ့အညီထိရောက်စွာ အရေးယူ ပေးစေလိုခြင်းငှာ “အမှန်တရားကိုဖော်ထုတ်ပေးပါ”
ဟူသော စတမ်းများကို လိုက်ပါပို့ဆောင်သော ကား ၊ ဆိုင်ကယ်တို့တွင်ကပ်ကာ
ယနေ့နေ့လည် ၃နာရီ၁၅မိနစ်တွင် ကျန်ရစ်သူမိသားစုနှင့်အတူ အမှန်တရားကိုလိုလား
သော ပြည်မြို့သူမြို့သားများမှ လိုက်ပါပို့ဆောင်ရင်း
ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။
ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူပေးပါရန် နိုင်ငံတော် သမ္မတကြီးနှင့်တကွ နိုင်ငံတော်အကြီးအကဲများကို ကျနော်တို့ပြည်မြို့သူမြို့သား ပြည်မြို့ သူ မြို့ သားများ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Apr 2013 03:26 AM PDT
မိတ္ထီလာ အဓိကရုဏ်း
အတွင်း သံဃာတပါး အသတ်ခံရမှု အတွက် သံသယရှိ သူတွေကို တတိယနေ့အဖြစ်
ရုံးထုတ် စစ်ဆေးပါတယ်။ ခွန်ဘသာ က တင်ဆက်ထားပါတယ်။ ရိုက်ကူး
အိမ်ခိုင်မြဲ
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Apr 2013 03:08 AM PDT
ပဲခူးတိုင်းဒေသကြီး
တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် တွင် ၉၆၉အမှတ် တံဆိပ်ပါစတစ်ကာကို
ဖျက်ဆီးခဲ့သူ ကျောက်ကြီးမြို့နယ် မုန်းမြို့ အမှတ် (၅) ရပ်ကွက်တွင်
နေထိုင်သူ ဦးအာမင် (ခ) စိုးလွင် ကို တရားရုံးက ဧပြီလ ၂၃ ရက်နေ့တွင်
အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ကြောင်း မြို့နယ် တရားသူကြီး
ဦးမြင့်ကျော် က The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Apr 2013 03:04 AM PDT
မြန်မာနိုင်ငံမှာ
စောင်ရေအများဆုံး 7Day ဂျာနယ်ဟာ ဧပြီ ၂၅ ရက်နေ့ကစပြီး နေ့စဉ်သတင်းစာ
ထုတ်ဝေလာပါတယ်။ စာမျက်နှာ ၂၄ မျက်နှာ ပါဝင်ပြီး စောင်ရေ ၃ သောင်းခွဲ
ရိုက်နှိပ်ကာ ၁ စောင် ကျပ် ၂၀၀ နဲ့ ဖြန့်ဖြူးပါတယ်။
ဒါဟာ သတ္တမမြောက် ပုဂ္ဂလိက နေ့စဉ်သတင်းစာ ဖြစ်ပြီး ရှေ့မှာ ရွှေနိုင်ငံသစ်၊ ပြည်ထောင်စု၊ စံတော်ချိန်၊ The Voice၊ ခေတ်သစ်နဲ့ Myanmar Newsweek သတင်းစာတွေ ထုတ်ဝေပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မေ ၁ ရက်နေ့မှာ ရန်ကုန်တိုင်းမ်၊ မေ ၃ ရက်နေ့မှာ ဒေးလီးအလဲဗင်း၊ မေ ၇ ရက်နေ့မှာ မက်စင်ဂျာ နေ့စဉ် စတဲ့ ပုဂ္ဂလိကသတင်းစာ ၃ စောင် ဆက်တိုက် ထုတ်ဝေလာဦးမယ်လို့ သက်ဆိုင်ရာ ဂျာနယ်တိုက်တွေက ကြေညာထားပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနဟာ ပုဂ္ဂလိက နေ့စဉ်သတင်းစာ လျှောက်ထားသူတွေအနက် ၁၆ ဦးကို ထုတ်ဝေခွင့်ပြုထားပြီး ဒီကနေ့အချိန်ထိ ၇ စောင် ထုတ်ဝေနေပြီး ဖြစ်ပါတယ်။ by ဒီဗွီဘီ
|
||
Posted: 25 Apr 2013 02:57 AM PDT
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ထဲမှာ လွန်ခဲ့တဲ့ နှစ် ၂၀ က
အကြောင်းပြချက်အမျိုးမျိုးနဲ့ အသိမ်းခံထားရတဲ့ မြေကွက်တွေအတွက်
သက်ဆိုင်ရာအာဏာပိုင်တွေက အစားထိုးမြေယာတွေ ပြန်ချထားပေးတော့မှာ ဖြစ်ပါတယ်။
တာချီလိတ်မြို့နယ်ထဲမှာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကစပြီး စစ်တပ်နဲ့ အခြားဌာနဆိုင်ရာက သိမ်းဆည်းထားတဲ့ ဒေသခံပိုင်မြေတွေကို ပြန်လည် စိစစ်နေပြီး လျော်ကြေး ဒါမှမဟုတ် အစားထိုးမြေကွက် ပြန်ဖော်ပေးမယ်လို့ ရှမ်းနဲ့ ကယားပြည်နယ်ဆိုင်ရာ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က ဒီဗွီဘီကို ပြောပါတယ်။ “သက်ဆိုင်ရာနဲ့ညှိနှိုင်းပြီးတော သက်ဆိုင်ရာက ပြန်စိစစ်တဲ့အခါမှာ အသိမ်းခံရတဲ့မြေတွေထဲက ခုထိဘာမှ မလုပ်ရသေးတဲ့ မြေဆိုရင် ပိုင်ရှင်ကို မြေကွက်အတိုင်း ပြန်ပေးဖို့၊ စစ်တပ်နားနီးတဲ့မြေဆိုရင် လျော်ကြေးပြန်ပေးဖို့နဲ့ စီမံကိန်းတွေနဲ့ အဆောက်အအုံတွေ ဆောက်ပြီးသားဆိုရင် အခြား တနေရာမှာ မြေကွက်ပြန်ဖော်ပြီး အစားထိုး ပြန်ပေးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာတွေမှာ ပေးမယ်ဆိုတာ ကော်မတီအဖွဲ့အနေနဲ့ မသိရကြောင်း၊ သူတို့အနေနဲ့ မြေသိမ်းစာရင်းတွေ စစ်ဆေးပြီး ပြည်ထောင်စုလွှတ်တော်နာယကနဲ့ သမ္မတဆီကို အစီရင်ခံစာတင်ပေးဖို့ တာဝန်ရှိကြောင်း ဦးစိုင်းထွန်းစိန်က ပြောပါတယ်။ တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စုထဲက စက်မှုဇုန်အတွက် အသိမ်းခံထားရတဲ့မြေကိစ္စကို လွှတ်တော်မှာ တင်ပြထားပြီး လွှတ်တော်က အတည်ပြုပြီးရင်တော့ လျော်ကြေးတွေနဲ့ အစားထိုးမြေတွေ ပြန်ရမယ့်အကြောင်း ဧပြီ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ဒေသခံရွာသားတွေကို ကော်မရှင်က သွားရောက် ရှင်းလင်းပြောကြားခဲ့တယ်လို့ ပြောပါတယ်။ ရွာသားအများစုကတော့ လျော်ကြေးငွေထက် နဂိုမူလ မိမိပိုင်မြေကိုပဲ လိုလားကြောင်း၊ အစားထိုးမြေဆိုရင်လည်း တာချီလိတ်အနီးနဲ့ စိုက်ပျိုးလို့ရတဲ့မြေကို လိုချင်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်က စက်မှုဇုန်လုပ်ဖို့အတွက် ခွင့်ပြုချက်ရထားတဲ့မြေ စုစုပေါင်း ဧက ၆၀၀ ကျော်ရှိပြီး အသုံးမပြုရသေးတဲ့ မြေဧက ၄၀၀ ကျော် ကျန်ရှိတာမှာ အဲဒီမြေတွေကို ဒေသခံဆီ ပြန်ပေးဖွယ်ရှိတယ်လို့ ဦးစိုင်းထွန်းစိန်က ပြောပါတယ်။ တာချီလိတ်မြို့နယ်တခုလုံးမှာ စက်မှုဇုန်စီမံကိန်း အပါအ၀င်၊ ထုံးကျောက်တောင်၊ ဗျူဟာကုန်း၊ ရွှေတိဂုံဘုရားနဲ့ လေယာဉ်ကွင်း တည်ဆောက်ဖို့အတွက် မြေသိမ်းခံရတဲ့ တိုင်တန်းချက် ၂၅ စောင် လက်ခံရရှိပြီး တချို့ကို အစီရင်ခံစာ ရေးနေသလို ကွင်းဆင်းစစ်ဆေးမှု မလုပ်ရတာတွေလည်း ရှိနေကြောင်း၊ ၁၉၈၉ ခုနှစ်နောက်ပိုင်း အသိမ်းခံရတဲ့မြေတွေပဲ စိစစ်ရေးမှာ အကျုံးဝင်တယ်လို့ ဦးစိုင်းထွန်းစိန်က ပြောပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းဘက်က သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် ရှမ်းနဲ့ ကယားပြည်နယ် မြေသိမ်းဆည်းခံရမှု စစ်ဆေးရေးကော်မရှင်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးစိုင်းထွန်းစိန်၊ ဦးခင်မောင်သီ၊ ဦးစိုင်းဝင်းမောင်၊ ဦးစိုးရယ်နဲ့ ကျားဖြူပါတီက ဦးစိုင်းကျော်ဇောသန်းတို့ စုစုပေါင်း ၅ ဦး ပါဝင်ပါတယ်။ by နန်းမြနဒီ (ဒီဗွီဘီ) |
||
Posted: 25 Apr 2013 02:48 AM PDT
မှော်ဘီမြို့နယ်၊
စိုက်ပျိုးရေး ဘဏ် သို့ လယ်လုပ်သူ အမျိုးသမီး တစ်ဦးက မိုးစပါးချေးငွေ
ပေးဆပ်ရာတွင် ကျပ် ၅ဝဝဝ တန် အတုများ ပါဝင်နေမှုဖြင့် အမှု ဖွင့်ထားကြောင်း
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရ သည်။ ဖြစ်စဉ်မှာ ဧပြီလ ၂၂ ရက်နေ့
ညနေ ၃ နာရီ ၂ဝ မိနစ် အချိန်၌ မှော် ဘီမြို့နယ် မြန်မာ့စိုက်ပျိုးရေး
ဘဏ်သို့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Apr 2013 02:40 AM PDT
ရန်ကုန်မြို့ စားသောက်ဆိုင်တစ်ခု တွင်းရှိ စင်မြင့်ပေါ်ဝယ် အဝတ်အစား
မလုံ့တလုံ ဝတ်ဆင်ထားကြသည့် အမျိုး သမီးငယ် နှစ်ဒါဇင်ခန့်တို့သည် အပြင်း
စားဂီတ၏ စည်းချက်အတိုင်း လှုပ်ရမ်း ကပြလိုက် သီဆိုဖျော်ဖြေလိုက် လုပ်နေ
ကြသည်။ နိုင်ငံခြားသား ခရီးသွား အချို့ရှိနေကြသော်ငြား အများစုမှာမူ ဒေသ
ခံများသာ ဖြစ်ကြသည့် ပရိသတ်က လည်း ယမကာများ တစ်ခွက်ပြီးတစ်ခွက် သောက်ရင်း
သူတို့၏ လက်ကိုင်ဖုန်းများ ဖြင့် ယင်းဖျော်ဖြေမှုကို ဗီဒီယိုရိုက်သူက
ရိုက်လျက်ရှိ၏။ တစ်ခါတစ်ရံတွင်မူ ပရိ သတ်ထဲမှ ဂုဏ်ပြုချီးမြှင့်သည့်
ပန်းကုံး တို့ကို စင်ပေါ်မှအမျိုးသမီးငယ်အချို့ ရရှိသွားတတ်၏။
ပွဲသိမ်းဖျော်ဖြေမှုအပြီး ည ၁ဝ နာရီတွင် ဆိုင်တံခါး ပိတ်ပါ သည်။
စိုးရိမ်ပူပန်လျက်ရှိ ရန်ကုန်ဝယ် ‘မော်ဒယ်ရှိုး’ဟု ခေါ် ကြသည့် အဆိုပါဖျော်ဖြေပွဲမျိုးကို ကမ္ဘာ ကျော် လိင်ခရီးသွားမြို့တော်တစ်ခု ဖြစ် သည့် ဘန်ကောက်မှ လိင်အသားပေး ဖျော် ဖြေပွဲမျိုးနှင့် နှိုင်းယှဉ်ပါလျှင်မူ မဖြစ်စ လောက်မျှသာဖြစ်သော်လည်း မြန်မာ နိုင်ငံမှ တာဝန်ရှိသူများနှင့် လူ့အခွင့် အ ရေးဆိုင်ရာအဖွဲ့အစည်းများကမူ နောင် လာမည့်ဆယ်စုနှစ်များတွင် ကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံသို့ သွန်ကျလာ မည့်အချိန်အတွက် ကြိုတင်စိုးရိမ်ပူပန် လျက်ရှိသည်။ ၂ဝ၁၁ ခုနှစ်အတွင်းတွင် မြန်မာ နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၈၁၆ဝဝဝ မျှရောက်ရှိခဲ့သော်ငြား ၂ဝ၁၂ ခုနှစ်တွင် မူ တစ်သန်းထက်မက ရောက်ရှိခဲ့သည်။ ၂ဝ၁၃ ခုနှစ်တွင်မူ ၂ဝ၁၁ ခုနှစ်ကထက် နှစ်ဆခန့်နီးပါးဖြစ်သည့် ခရီးသွားဧည့် သည် တစ်သန်းခွဲခန့် လာရောက်ကြမည် ဟု မျှော်လင့်ထားကြ၏။ ကမ္ဘာလှည့်ခရီး သွားများကြောင့် နိုင်ငံအတွက်လိုအပ် သည့် နိုင်ငံခြားငွေ ကန်ဒေါ်လာ သန်း ငါးရာထက်မနည်း ယမန်နှစ်က ရရှိခဲ့ သော်ငြား လိင်ကိစ္စသည် ဒေသဆိုင်ရာ ဆွဲဆောင်မှုတစ်ခုဖြစ်လာမည်ကိုတော စိုးရိမ်လည်းစိုးရိမ်လောက်၏။ မြန် မာနိုင်ငံအတွင်း လူကုန်ကူးမှုကွန်ရက် ရှင်သန်လှုပ်ရှားနေသည်မှာ တာရှည်နေ ပြီဖြစ်သလို၊ မြန်မာအမျိုးသမီးများ ထိုင်းနိုင်ငံသို့ ယိုစီးထွက်နေသည့်အနက် အများအပြားမှာ မိမိတို့သဘောဆန္ဒအလျောက်ဖြစ်နြေ ”သူတို့ကိုယ်တိုင်သာမက၊ သူတို့ရဲ့ မိဘတွေရယ် သူတို့အသိုင်းအဝိုင်းတွေ ရယ်ကလည်းဒီလိုလုပ်တာကို လက်ခံနေ ကြတယ်။ ဒါဟာ မိဘကိုထောက်ပံ့ခြင်း တစ်မျိုးလို့ ယူဆနေကြတယ်”ဟု သူက ပြောပါသည်။ မြန်မာနိုင်ငံတွင် ၂ဝဝ၈ ခုနှစ်က ဆိုင်ကလုန်းနာဂစ်ဒဏ် ခံခဲ့ရ ပြီးနောက်ဝယ် ရန်ကုန်ကဲ့သို့သောမြို့ကြီး များသို့ အမျိုးသမီးများ လိင်လုပ်သားအဖြစ်ရောက်ရှိလာကြ ကြိုတင်ကာကွယ်ရမည် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည်များ ”ဟိုတယ်ကလူတွေ ပြောတာက တော့ ‘ကျုပ်တို့ကဟိုတယ်လေ၊ ရောက် လာတဲ့ဧည့်သည်တွေ စိတ်ချမ်းသာ အောင်လုပ်ပေးရမှာပေါ့’လို့ပဲ ပြောကြ တယ်။ သူတို့လည်း ဘယ်လိုလုပ်ရမှန်း မသိကြဘူး”ဟုမစ္စဗလန်တင်းက ပြောပါ သည်။လိင်ကိစ္စ ဖြည့်ဆည်းပေးမှုများ ရနိုင်ခြင်းကို မော်ဒယ်ရှိုးများ၊ ကာရာ အိုကေဆိုင်များနှင့် အနှိပ်ခန်းများတွင် ပြောင်ပြောင်တင်းတင်းတော့ ဆိုမထား ကြပေ။ သို့ရာတွင် ရသည်ကတော့ သေ ချာ၏။ ”နောက်ဖေးပေါက်မှာ ဘာမဆို ဖြစ်နိုင်တယ်လေ။ ဒါကို ခိုင်ခိုင်မာမာ သက်သေပြနိုင်ဖို့ အရမ်းခက်တယ်။ ဒါ ကတော့ရတဲ့ဆိုင်၊ ဒါကတော့ မရတဲ့ဆိုင် ဆိုတာ အမျိုးသားတွေအချင်းချင်းကြား မှာတော့ သိကြတာပဲ။ တက္ကစီသမားတွေ လည်း သိကြတယ်လေ”ဟု ဒေါ်ဥမ္မာ အိအိချောက ပြောပါသည်။အရွယ်မရောက်သေးသူများ ဆောင်ရွက်နေသည်များ အမှန်မတော့ လိင်ခရီးသွားဆိုင်ရာ ကိစ္စတို့နှင့်ပတ်သက်၍ သက်ဆိုင်ရာအာ ဏာပိုင်များက အခါအားလျော်စွာအရေး ယူဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ နိုင်ငံ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန သည် အစိုးရမဟုတ်သော ဂျာမန်အဖွဲ့ အစည်းတစ်ခုဖြစ်သည့် ‘ဟန်းစ်ဆေး ဒယ်လ်ဖောင်ဒေးရှင်း’နှင့် တွဲဖက်၍ ကမ္ဘာလှည့်ခရီးသွားများဆိုင်ရာတာ အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း နော်ဝေနိုင်ငံမှ ထောက်ခံအားပေးမှုဖြင့် အများပြည်သူတို့ ပိုမိုအသိရှိရေးဆိုင်ရာ စည်းရုံးဆောင်ရွက်မှုများနှင့် ဟိုတယ် များ၊ ခရီးသွားလုပ်ငန်းများနှင့် ရဲတပ်ဖွဲ့ ဝင်များအနေဖြင့် လိင်ခရီးသွားဆိုင်ရာ ဖြစ်ရပ်များကို ကြုံတွေ့လာရပါက မည် သို့ဆောင်ရွက်ရမည်တို့ပါဝင်သည့် ဆေးထိုးမှန်ဖို့လိုအပ် ဥပဒေဘက်တော်သားများဘက် က လျော့ရဲမှုတွေရှိလျှင်တော့ မည် သည့် ဥပဒေ၊ မည်သို့သော အစီအစဉ် ကမှ တိုးတက်ထူးခြားလာစေရန် စွမ်း ဆောင်နိုင်မည်မဟုတ်။ ဥပဒေအရမူ ပြည့်တန်ဆာလုပ်ငန်းသည် မြန်မာ နိုင်ငံတွင် တရားဝင်မဟုတ်သော်လည်း၊ အာဏာ ပိုင်များက မျက်စိမှိတ်ကာ နှာစေးနေကြလျှင်တော့ မည်သူမျှတတ် နိုင်မည်မဟုတ်။ ထို့အပြင် ပြည့်တန်ဆာ ခန်းများကို စီးနင်းဖမ်းဆီးရာတွင်လည်း ပြည့်တန်ဆာများသာ အဖမ်းခံကြရ ရှာပြီး ပိုင်ရှင်များနှင့် လာရောက်ဆက် ဆံကြသူများ အဖမ်းမခံကြရ။ လိင်လုပ် သားများခမျာ လက်ရှိ ဥပဒေဘက် တော်သားများလက်ထဲဝယ် ဆေးမှား ထိုးခြင်းခံရသည့်နှယ် ဖြစ်နေ၏။ ”တာဝန်ရှိသူတွေ အတော်များများ ဟာအဲဒီအခြေအနေတွေကနေ အမြတ် ထုတ်နေကြသလိုဖြစ်နေတယ်။ ပိုက်ဆံ တောင်းတာမျိုးတွေ ဒါမှမဟုတ် ခြိမ်း ခြောက်တာမျိုးတွေပေါ့”ဟု ဒေါ်ဥမ္မာ အိအိချောက ပြောပါသည်။ ယင်းဖြစ်ရပ် များဆုံးခန်းတိုင်စေရန် ကုလသမဂ္ဂက လေးများရန်ပုံငွေအဖွဲ့နှင့် အစိုးရမဟုတ် သောအဖွဲ့အစည်းများအနေဖြင့် ရဲတပ် ဖွဲ့ဝင်တို့ အဆိုပါကိစ္စများအား မည်သို့ မည်ပုံ ကိုင်တွယ်ကြရမည်ဆိုသည်ကို လေ့ကျင့်သင်ကြားမှုများ စတင်ရတော့ မည်ဟု သူက ထပ်လောင်းပြောကြားပါ သည်။မည်သို့သော စိန်ခေါ်မှုများရှိနေ စေကာမူ မြန်မာနိုင်ငံအနေဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကဲ့သို့သော လိင်ခရီး သွားလုပ်ငန်း ကျိန်စာသင့်ခြင်းမျိုးကို ရှောင်ကြဉ်နိုင်မည်ဟု မစ္စ ဗလန်တင်း က အကောင်းဘက်က ရှုမြင်သုံးသပ်ပါ သည်။ ”နှစ်ပေါင်းများစွာ အတွင်းကျိတ် လှိုက်စားနေခဲ့ပေမယ့် ခုတော့ ပွင့်လင်း လာနေပြီလေ။ အရာရာကို သူတို့ လေ့ လာသင်ယူကြဖို့ ကြိုးစားနေကြပါပြီ။ သူတို့ ရဲရဲရင့်ရင့်နဲ့ အကောင်အထည် ဖော်ဆောင်ရွက်နေကြတာတွေကို ကျွန်မတို့အနေနဲ့ ပံ့ပိုးကူညီမှုတွေလုပ် ပေးကြဖို့လိုအပ်တယ်”ဟု သူက ပြောပါ သည်။ ဟက်ကာ - Popular Myanmar News Journal ၁၆-၄-၂ဝ၁၃ မှတ်ချက် – TIME မဂ္ဂဇင်းမှ ဂျတ်စတင် ဘာ့ဂ်မန်း ရေးသားသော Can Burma Avoid the Curse of Sex Tourism သတင်းဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ပါသည်။ |
||
Posted: 25 Apr 2013 02:29 AM PDT
၂၄-၄-၂၀၁၃ ရက်နေ့ ၀၇၀၀
အချိန် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသောင် ကျေးရွာအုပ်စု၊ မံခါးရွာနေ
ဒေါ်ဝင်းမာ(၃၀)နှစ်သည် နေအိမ်အပေါ်ထပ် မီးဖိုချောင်အတွင်း ရှိနေစဉ်
မိုးသည်းထန်စွာရွာသွန်းနေရာမှ မိုးကြိုးပစ်သံကြားသဖြင့် နေအိမ်အပြင်သို့
ထွက်ကြည့်ရာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Apr 2013 02:19 AM PDT
၂၃-၄-၂၀၁၃ ရက်နေ့ ၀၇၃၀
အချိန် မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စဥ့်ကူကျေးရွာ၊
မြို့ကုန်းရပ်၏ အနောက်တောင်ဘက် ကိုက်(၁၀၀)ခန့်အကွာ ဧရာဝတီမြစ်အတွင်း
လှေ(၁)စီး နစ်မြှုပ်ကြောင်းသတင်းအရ စဥ့်ကူ ရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ
သွားရောက်စစ်ဆေးရာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Apr 2013 01:29 AM PDT
ကသာမြို့နယ်အပိုင်
၊မိဿလင်းအုပ်စု၊ ပန်းခါးတောင်တွင် အသက်၁၅နှစ်အရွယ် သမီးအရင်းကို
ဖခင်ဖြစ်သူမှ အဓမ္မပြုကျင့်မှု တစ်ခုဖြစ်ပွား ခဲ့ပါသည်၊ နောက်ဆုံး
အဓမ္မပြုကျင့်မှုခဲ့မှာ ၂၃၊၄၊၁၃ရက်နေ့
ည(၁၂)နာရီ အချိန်တွင် ဖြစ်သော်လည်း လွန်ခဲ့သည့် (၂)ပါတ်ကျော်ကပင် စတင်အဓမ္မ ပြုကျင့် ခဲ့ခြင်းဖြစ်ကြောင်း အဓမ္မပြုကျင့်ခံခဲ့ရသည့် သမီးအရင်းဖြစ်သူ မသိင်္ဂီ မှပြောပြပါသည်၊ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Apr 2013 01:04 AM PDT
မန္တလေးတွင်
အပူချိန်သိသိ သာ သာမြင့်တက်မှုကြောင့် သက်ကြီးရွယ် အိုများ သေဆုံးမှု
ရှိလာကြောင်း မန္တလေး လူမှုကူညီရေး အသင်းများနှ င့် သေဆုံး သူမိသားစု
ဝင်များထံမှ သိရသည်။ ''အာရုံကြောပြတ်ပြီး ဆုံးတာလို့ ဆရာဝန်ကပြောတယ်။
မသေဆုံးခင် က သူ့မှာဘာ ရောဂါမှမရှိဘူး။ ဆုံးခါ နီးတော့ နေ့လယ်ပိုင်းတွေဆို
စကား လုံးဝ မပြောနိုင်ဘူး။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Apr 2013 12:54 AM PDT
ဒေါ်အောင်ဆန်းစုကြည်က
ဥရောပသမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ
ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး မိမိနဲ့ တိုင်ပင်ရာမှာ
ထောက်ခံပြောဆိုခဲ့ကြောင်း RFA ကို မနေ့က ပြောကြားလိုက်ပါတယ်။ ဗြိတိန်
နိုင်ငံခြားရေးဝန်ကြီး William Hague က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကိစ္စအတွက် တိုင်ပင် ဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းနဲ့
ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် က
အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 25 Apr 2013 12:47 AM PDT
လက်ပန်းတောင်း
တောင်ဒေသက ကြေးနီစီမံကိန်း အတွက် လယ်မြေလျော်ကြေး ပေးတာ ကို လက်မခံမရယူဘဲ
လယ်ထွန်မင်္ဂလာ ဆင်နွှဲတဲ့ လယ်သမားတွေကို ရဲက နှိမ်နင်းခဲ့ရာမှာ ၁ ဦး
သေနတ်ထိမှန်ပြီး အနည်းဆုံး ၃ ဦး ဖမ်းဆီး ခံရပါတယ်။ လက်ပန်းတောင်း
တောင်အနီးက ၀မ်ပေါင်ကုမ္ပဏီနဲ့ လုံခြုံရေး ကင်းစောင့်ဖို့ အတွက်
ဆောက်လုပ်ထားတဲ့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Apr 2013 12:39 AM PDT
အင်္ဂလိပ် ပရီးမီယားလိဂ်က
နာမည်ကြီး မန်ချက်စတာ ယူနိုက်တက် ဘောလုံးကလပ် အသင်းမှာ ကစားခဲ့ဖူးတဲ့
ဂန္ထ၀င် ဘောလုံးသမားတွေ မြန်မာနိုင်ငံကို လာရောက်ပြီး ခြေစမ်းပွဲ
ကစားမယ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ပြောပါတယ်။ တချိန်က
မန်ယူအသင်းမှာ ကျော်ကြားခဲ့ဖူးတဲ့ ဂန္တ၀င်ဘောလုံးသမား ဟောင်းတွေဖြစ်တဲ့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Apr 2013 12:33 AM PDT
လက်ရှိ အများပြည်သူကို
ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးနေတဲ့ တပ်မတော်ပိုင် မြန်မာ့ စီးပွားရေး
ကော်ပိုရေးရှင်း (အမ်အီးစီ)ရဲ့ စီဒီအမ်အေ ဆင်းကတ် အရေအတွက် ၁ သန်း
အဆင်သင့်ရှိတယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဆက်သွယ်ရေး
အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဗွီဘီကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Apr 2013 12:25 AM PDT
မြန်မာနိုင်ငံက
နေရာဒေသ တော်တော်များများမှာ တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် CDMA 800Mhz
မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို မနေ့က မနက်ပိုင်းက စတင်ပြီး
ရောင်းချပေးခဲ့ပေမယ့် ဝယ်ယူတဲ့ပြည်သူတွေမှာ အခက်အခဲတွေနဲ့
ကြုံတွေ့ခဲ့ကြပါတယ်။ အစိုးရက ချမှတ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ
မဲစနစ်နဲ့ မိုဘိုင်းဖုန်း ဆင်းကဒ်တွေ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 24 Apr 2013 09:09 PM PDT
တရုတ်နိုင်ငံ
အနောက်ပိုင်း ရှင်ကျန်း ပြည်နယ်မှာ ဒေသခံ ဝီဂါလူမျိုးတွေနဲ့
တရုတ်ရဲတွေအကြား ပဋိပက္ခဖြစ်ကြရာက လူပေါင်း ၂၁ ယောက် သေဆုံးခဲ့ရပါတယ်။
ဝီဂါလူမျိုး လူငယ်တချို့ ဓားတွေကိုင်ဆောင်ထားတာကို တရုတ်အစိုးရအရာရှိတွေ
သတိပြုမိပြီး ရဲတွေကို အကြောင်းကြားရာက ပဋိပက္ခ စတင်ခဲ့တာလို့
တရုတ်အစိုးရပိုင် မီဒီယာမှာ ဖော်ပြထားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Apr 2013 08:59 PM PDT
ယနေ့မနက် ၉
နာရီဝန်းကျင်တွင် လက်ပန်းတောင်းတောင် ချော်တွဲကျေးရွာရှိ မရီရီဝင်း
မြေကွက်၌ ဒေသခံ တောင်သူ လယ်သမားများနှင့် အတူ ရန်ကုန် ပြည်သူ့ အကျိုးဆောင်
ကွန်ယက်မှ အဖွဲ့ဝင်များ ထွန်တုံးတိုက်ပွဲ ၀င်နေစဉ် လုံထိန်း အင်အား
ရာနှင့်ချီ၍ ၀င်ရောက်ရိုက်နှက် ဖမ်းဆီးသွားခဲ့ကြောင်း သတင်း ရရှိပါသည်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Apr 2013 07:36 PM PDT
ဧပြီလဆန်းမှာ စတဲ့
ဘဏ္ဍာနှစ်သစ်က စလို့ ကျွန်းနဲ့ သစ်မာ ၅၆ မျိုးက လွဲပြီး ကျန်တဲ့ သစ်မျိုး ၁ဝ၎
မျိုးရဲ့ အခွန်အခ တွေကို ဗဟို အစိုးရ မကောက်တော့ဘဲ ပြည်နယ်နဲ့ တိုင်း
အစိုးရ တွေက ကောက်ဖို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီး
ဌာန က ကြေညာ လိုက်ပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 24 Apr 2013 02:02 PM PDT
မြန်မာနိုင်ငံကို
အမေရိကန် ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိတဦး
သွားရောက်နေချိန်မှာပဲ မြန်မာနိုင်ငံက ကုန်တင်ပို့မှုတွေအပေါ်
လျှော့ပေါ့ပေးသင့် မသင့် အမေရိကန်က စဉ်းစားနေပါတယ်။
အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Demetrios Marantis ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် မတိုင်မီမှာပဲ ကုန်သွယ်မှုတွေမှာ အထူး အခွင့်အရေးပေးမယ့် Generalized System of Preferences အစီအစဉ်ကို အမေရိကန် ကုန်သွယ်ရေးရုံးက ပြန်လည် သုံးသပ်နေတာပါ။ လတ်တလောမှာတော့ နိုင်ငံပေါင်း ၁၂၈ နိုင်ငံ တင်ပို့နေတဲ့ ကုန်ပစ္စည်းအမျိုးပေါင်း ၅ ထောင်လောက်ကို အမေရိကန်က အခွန် ကင်းလွတ်ခွင့် ပြုထားတာဖြစ်ပြီး မြန်မာနိုင်ငံကိုပါ လက်ခံလိုက်မယ် ဆိုရင်တော့ အလားတူ မြန်မာပြည်ထွက် ကုန်ပစ္စည်း အမျိုးပေါင်း ထောင်ချီပြီး အခွန်လွတ် တင်သွင်းခွင့် ရရှိနိုင်မှာပါ။ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံတဲ့ မူဝါဒတွေရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ ကုန်သွယ်မှု အခွင့်အရေးပေးမယ့် အစီအစဉ်တွေကိုတော့ ၂ နိုင်ငံ အစိုးရတွေက စိတ်ဝင်တစားရှိနေတဲ့အကြောင်းလည် ဒီအစီအစဉ်ကနေ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလန်းတွေ ဖန်တီးပေးနိုင်လိမ့်မယ်လို့လည်း ယုံကြည်ထားကြတာပါ။ ဒီကနေ့ရောက်လာတဲ့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Marantis ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နေပြည်တော်နဲ့ ရန်ကုန်မြို့တွေကို သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေ၊ စီးပွားရေး အသိုင်းအ၀ိုင်းက လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံချိန်မှာ ဒီကိစ္စကို ဆွေးနွေးဖြစ်မယ်လို့လည်း မျှော်လင့်ရပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိတဲ့အတွက် အမေရိကန် ပြည်ထောင်စုက အရေးယူဒဏ်ခတ်မှုတွေ ချမှတ်တဲ့အနေနဲ့ မြန်မာနိုင်ငံ က ပို့ကုန်တွေ တင်သွင်းခွင့် တားမြစ်ခဲ့တဲ့ ၂၀၀၃ ခုနှစ် မတိုင်မီအထိ ဆိုရင်တော့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းနဲ့ တခြားကုန်ပစ္စည်း ဒေါ်လာ ၂၇၅ သန်းဖိုး တင်သွင်းနေခဲ့တာပါ။ မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့အပေါ် အမေရိကန်က တုန့်ပြန်တဲ့အနေနဲ့ ဒဏ်ခတ်မှုတွေကို ပြီးခဲ့တဲ့နှစ်ကစလို့ ဆိုင်းငံ့ပေးလိုက်ပြီးနောက် ကုန်သွယ်မှုတွေ ပြန်လုပ်လာရာမှာတော့ မြန်မာနိုင်ငံက အမေရိကန်ကို တင်ပို့မှု ပမာဏဟာ ဇန်န၀ါရီလမှာ ဒေါ်လာ တသိန်း၊ ဖေဖော်ဝါရီလမှာ ဒေါ်လာ ၂ သိန်း အထိ ရှိခဲ့တယ်လို့လည်း တရားဝင်ကိန်းဂဏန်းတွေက ဖော်ပြကြပါတယ်။ ဗွီအိုအေ (မြန်မာပိုင်း) |
||
Posted: 24 Apr 2013 05:29 PM PDT
|
[Message clipped] View entire message
0 comments:
Post a Comment