သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၄)
သစ်ထူးလွင်
|
- မဂ္ဂါဝပ် ၁၂ဝထုတ်မယ့် ဂတ်စ်တာဘိုင်သုံး ဓာတ်အားပေးစက်ရုံ အလုံမှာဖွင့်လှစ် (ရုပ်/သံ)
- လက်ပံတောင်းတောင်က လူ(၈)ယောက်ကို သွေးထိုးလှုံ့ဆော်သူတွေအဖြစ် ရဲတပ်ဖွဲ့ကြေညာ
- MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိ
- ကချင်ဒုက္ခသည်စခန်းသစ်သို့ တိမ်းရှောင်လာသူ တစ်ထောင်ကျော်ရှိ
- ထိုင်းနိုင်ငံရှိ ATM များမှတစ်ဆင့် မြန်မာသို့ ငွေလွှဲဝန်ဆောင်မှုစတင်
- မိခင်ပျောက်ရှာသူ မြန်မာအမျိုးသမီးငယ် ဘန်ကောက်တွင် အသတ်ခံရ
- ပုသိမ်မြို့တွင် လူ့အခွင့်အရေးသင်တန်း ပထမဆုံးအကြိမ်ဖွင့်လှစ်
- သောက်သုံးရေခက်ခဲသော ကျေးရွာများသို့ ရေပေးဝေမှု လုပ်ငန်းများ နတ်မောက်တွင် ပြုလုပ်
- ဒေါ်စု မွန်ဂိုလီးယားရောက်
- ဒေါ်အောင်ဆန်းစုကြည် မွန်ဂိုလီယားနိုင်ငံသို့ ထွက်ခွါ (ရုပ်/သံ)
- ဂီရိ မုန်တိုင်းသင့် ခဲ့တဲ့ ဒေသတခိျု့မှာ ရေရှားပါး
- တိုင်းရင်းသား မီဒီယာညီလာခံက တောင်းဆိုချက်များ
- အမေရိကန် သံအမတ်ကြီးနဲ့ ၈၈မျိုးဆက်တို့ တွေ့ဆုံ
- ဒေါ်အောင်ဆန်းစုကြည် မွန်ဂိုလီးယားကို ထွက်ခွာ
- လက်ပံတောင်းလယ်သမားတွေ တရားဝင်ဆန္ဒပြခွင့်ရရှိ
- လူဦးရေစာရင်း ကောက်ယူမှု ယာယီ ရပ်ဆိုင်းထားရ
- မြန်မာ့တပ်မတော် ခေတ်မှီ တိုးတက်ဖို့ အမေရိကန် ကူညီမည်
- ဧပြီလ ၂၉ ရက်နေ့ ထုတ် The Voice Weekly Vol.9/No.16
- ငှက်ဖျားတိုက်ဖျက်ရေး ဒေါ်လာသန်းတစ်ရာနီးပါး Global Fund ထောက်ပံ့မည်
Posted: 28 Apr 2013 02:16 AM PDT
အမေရိကန်ဒေါ်လာ
သန်း ၁၇ဝကျော် ရင်းနှီးမြှုပ်နှံထားတဲ့ လျှပ်စစ် မဂ္ဂါဝပ် ၁၂ဝထုတ်လုပ်မယ့်
သဘာဝဓာတ်ငွေ့နဲ့ ပြန်လည်ပြည့်ဖြိုး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို
ရန်ကုန်မြို့ အလုံမြို့နယ်မှာ ဧပြီ ၂၈ရက်နေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 28 Apr 2013 02:00 AM PDT
လက်ပံတောင်းတောင် စီမံကိန်းဒေသအတွင်း မတည်ငြိမ်မှုတွေဖြစ်အောင်
ဆူပူလှုံ့ဆော်နေသူ ၈ဦးကို ဖမ်းဆီးအရေးယူဖို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့က
ဧပြီ ၂၈ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကိုအောင်စိုးနှင့် ကိုဗထူး ဦးဆောင်သော ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန် တရားစွဲဆို အမှုဖွင့်ထားတဲ့ ဒီလှုပ်ရှားတက်ကြွသူ ၈ယောက်ကို သတင်းပေးဖို့ ပျက်ကွက်သူတွေကို ထောင် ၆လအထိ ချမှတ်မှာဖြစ်ကြောင်းနဲ့ လက်ခံထားသူကို ၅နှစ်အသီသီးချမှတ်နိုင်တဲ့ ပြစ်မှုဆိုင်ရာပုဒ်မတွေကိုလည်း ကြေညာချက်အတွင်းမှာ ဖော်ပြထားပါတယ်။ Kamayut Media |
||
Posted: 28 Apr 2013 01:56 AM PDT
မန္တလေး၊ ဧပြီ ၂၈
MAI လေကြောင်းလိုင်းမှ ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ``မန္တလေး-ဂျပန်၊ ရန်ကုန်-ဂျပန် ဘယ်ဟာကောင်းမလဲ စီစဉ်နေပါပြီ။ အစဉ်ပြေမယ့် လမ်းကြောင်းကို ပြေးဆွဲသွားဖို့ ရှိပါတယ်´´ဟု MAI လေကြောင်းလိုင်းမှ မန္တလေးဌာနခွဲ တာဝန်ခံ ဦးဇော်ဝင်းကပြောသည်။ ဂျပန်နိုင်ငံသို့ တိုက်ရိုက်မပြေးဆွဲမီ ဂျပန်နိုင်ငံမှ စီးလုံးငှား လာရောက်လည်ပတ်မှု နှစ်ကြိမ်ရှိကြောင်း ၎င်းကပြောသည်။ ယခုကဲ့သို့ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်ရခြင်းမှာ ဂျပန်နိုင်ငံမှ စိတ်ဝင်စားမှုများလာသော ကြောင့်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားစီးပွားရေးလုပ်ငန်းများ များလာ၍ စီစဉ်ပေးရခြင်းဖြစ်သည်ဟု ဦးဇော်ဝင်းက ပြောသည်။ ``ဂျပန်နိုင်ငံအပြင် အခြား ကွမ်ကျိုး၊ကူမင်း၊ ဟောင်ကောင်၊ လာအိုနိုင်ငံတွေကို တိုက်ရိုက်ပြေးဆွဲနိုင်ရန် စီစဉ်လျက် ရှိပါတယ်။ လာအိုကတော့ ရန်ကုန်ကနေပဲ တိုက်ရိုက်ဆွဲဖို့ များတယ်´´ဟု ဦးဇော်ဝင်းက ထပ်မံဆိုသည်။ နောက်ပိုင်း ပိုမိုပွင့်လင်းလာသည်နှင့်အမျှ ဥရောပနိုင်ငံများအထိပါ ထပ်မံပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း ဦးဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။ လက်ရှိတွင် MAI လေကြောင်းလိုင်း Air bus လေယာဉ် ၈ စီးနှင့် ပြေးဆွဲလျက်ရှိပြီး ရပ်နားထားသော မန္တလေး-ရန်ကုန် ခရီးစဉ်ကိုလည်း ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ သိရသည်။ စိုင်းလမင်း - Popular Myanmar News Journal |
||
Posted: 28 Apr 2013 01:51 AM PDT
ရန်ကုန်၊ ဧပြီ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တပ်မတော်နှင့် ကေအိုင်အေ တို့၏ တိုက်ပွဲများကြောင့် မန်ဝိုင်ကြီးအနီး တွင် အသစ်ဖွင့်လိုက်သော ဒုက္ခသည်စခန်း သစ်တွင် နေရပ်စွန့်ခွာလာသူ တစ်ထောင် ကျော်လာပြီဖြစ်ကြောင်း သွားရောက်ကူညီ ပေးနေသည့် ဘာသာရေး အဖွဲ့အစည်းများ ထံမှ သိရသည်။ "တိုက်ပွဲက ဆက်ဖြစ်နေသေးတော့ ဒုက္ခသည်တွေ ဆက်ရောက်နေသေးတယ်" ဟု ဒုက္ခသည်များကို သွားရောက် ကူညီခဲ့သည့် ကက်သလစ်ဘာသာရေးအသင်း အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ မန်ဝိုင်းကြီးအနီးတွင် ဒုက္ခသည် စခန်းသစ်မှာ တည်ဆောက်နေဆဲ ဖြစ်သော်လည်း ဒုက္ခသည် လာရောက်ခိုလှုံသည့် အတွက် ယခုလဆန်းပိုင်းတွင် လက်ခံ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။ တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် တရုတ်နယ်စပ်တစ် လျှောက်တွင် ဒုက္ခသည်စခန်းပေါင်း ၃၀ နီးပါးရှိပြီး ဒုက္ခသည်ပေါင်း နှစ်သောင်း ကျော်ရှိကြောင်း ကေအိုင်အို၏ ကောက်ယူ ထားသော စာရင်းများအရ သိရသည်။ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ရပ်ဆိုင်းထားပြီ ဖြစ်သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲမှာ ကေအိုင်အေ တပ်မဟာ (၄) အောက်ရှိ တပ်ရင်း ၉ စခန်း နယ်မြေတွင်ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် ပြင်ဆင်နေသည့် ကာလအတွင်းတွင် တိုက်ပွဲ ဖြစ်ပွားနေသည့် တစ်ခုတည်းသော ဒေသလည်းဖြစ်သည်။ ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကမူ "တပ်မတော်က စစ်ကြောင်း သုံးကြောင်းနဲ့ တိုက်ခိုက်နေတယ်" ဟု ပြောကြားသည်။ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ပြည့်တော့မည် ဖြစ်ပြီး အပစ်ခတ်ရပ်စဲရေး အတွက် နှစ်ဦးနှစ်ဖက် ပြေလည်မှုမရသေးဘဲ ဆွေးနွေးရန် ညှိနှိုင်းနေဆဲဖြစ်သည်။ The Voice Weekly |
||
Posted: 28 Apr 2013 01:47 AM PDT
ရန်ကုန်၊ ဧပြီ ၂၇
ထိုင်းနိုင်ငံရှိ Siam Commercial Bank (SCB) ၏ ATM (အလိုအလျောက် ငွေထုတ်စက်) များမှ မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်သည့် ဝန်ဆောင်မှုကို စတင်နေပြီ ဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က The Voice သို့ ပြောကြားသည်။ ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများက ၄င်းတို့၏ မိသားစုများကို ငွေပြန်လွှဲပို့ရာတွင် ပိုမိုလွယ်ကူစေရန် အဆိုပါဝန်ဆောင်မှု စတင်ခြင်းဖြစ်ပြီး ငွေလွှဲဝန်ဆောင်မှု တစ်ကြိမ်လျှင် ဘတ် ၂၀၀ (ကျပ် ၆၀၀၀ ခန့်) ကျသင့်မည်ဖြစ်ကြောင်း Bangkok Post သတင်းအင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ငွေလွှဲခနှုန်းထားကိုမူ လာမည့် တနင်္လာနေ့မှသာ သိရှိနိုင်မည်ဖြစ်ကြောင်း ဦးသန်းလွင်က ပြောဆိုသည်။ “သဘောတူ လက်မှတ်ထိုးတာက ရှစ်လလောက်ရှိပါပြီ၊ လုပ်ငန်းဆိုင်ရာ ပြင်ဆင်မှုတွေလုပ်နေလို့ အခုမှ စနိုင်တာပါ” ဟု ၄င်းက ပြောကြားသည်။ ATM ကို အသုံးပြု၍ ဂျပန် အခြေစိုက် Seven ဘဏ်မှတစ်ဆင့် မြန်မာ နိုင်ငံအတွင်းရှိ Western Union နှင့် ချိတ်ဆက်ထားသော ပြည်တွင်းဘဏ်များ ငွေလွှဲနိုင်သည့် ဝန်ဆောင်မှု ပြီးခဲ့သည့် နှစ်လကျော်က စတင်ပြီးနောက် ထိုင်း SCB နှင့်ချိတ်၍ ATM မှ တစ်ဆင့် ငွေလွှဲသည့် ဝန်ဆောင်မှု စတင်ခဲ့ခြင်းဖြစ်သည်။ ATM များမှာ ထိုင်းနိုင်ငံ နေရာ အနှံ့တွင် တည်ရှိသောကြောင့် ဘဏ်သို့ သွားရန်မလိုဘဲ ဘဏ်ပိတ်ရက်များတွင်ပါ ငွေလွှဲပို့နိုင်သော်လည်း ထိုင်းရောက် အချို့ မြန်မာအလုပ်သမားများမှာ ဘဏ်အသုံး မပြုတတ်ခြင်းနှင့် တရားမဝင် အလုပ်လုပ်ကိုင်နေသူ များပြားခြင်း တို့ကြောင့် အခက်အခဲရှိနိုင်ကြောင်း ထိုင်းနှင့် မြန်မာ နယ်စပ် ကော့သောင်းအခြေစိုက် ပြင်ပ ငွေလဲလှယ်ရေး လုပ်ကိုင်နေသူတစ်ဦး က ဆိုသည်။ ပြင်ပငွေလွှဲလုပ်ငန်း များသည် ငွေလွှဲမည့်သူ အလုပ်လုပ်သည့် နေရာများရှိ ကိုယ်စားလှယ်များမှ တစ်ဆင့် ငွေလက်ခံ ပေးကာ မြန်မာနိုင်ငံရှိ နေအိမ်အရောက် ငွေပို့ပေးပြီး ကျပ်တစ်သိန်းလျှင် ငွေလွှဲခ ကျပ် ၂၀၀၀ ဝန်းကျင်ခန့် ယူကြောင်း ပြင်ပ ငွေလွှဲဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။ ATM စက်မှ ငွေလွှဲခြင်းဆိုသည်မှာ ငွေလွှဲပုံစံကို ယင်းစက်အတွင်း၌ပင် ရေးသားဖြည့်စွက်၍ ငွေလွှဲပို့ခြင်း ဖြစ်ပြီး ATM ကတ်မှ လွှဲငွေပမာဏနှင့် ဝန်ဆောင်ခ ကို ငွေကို နုတ်ယူသည့်စနစ်ဖြစ်သည်။ Siam Commercial Bank (SCB) ၏ မြန်မာပြည်ရုံးခွဲကို ယမန်နှစ် နိုဝင်ဘာလ ၂၃ ရက်က ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး အာရှစိမ်းလမ်းမှုဖွံဖြိုးမှုဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ သမဝါယမဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် တို့နှင့် ချိတ်ဆက်လုပ်ကိုင်လျက် ရှိသည်။ The Voice Weekly |
||
Posted: 28 Apr 2013 01:44 AM PDT
ဘန်ကောက်၊ ဧပြီ ၂၇
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင် နေပြီး Facebook အသုံးပြုကာ မိခင်အရင်း ရှာပုံတော်ဖွင့်ခဲ့သူ မမြင့်မြင့်အေးသည် သင်္ကြန်တွင်း အလုပ်ပိတ်ရက်တွင် ဘန်ကောက် မြို့ရှိ သူမနေထိုင်ရာ အခန်း၌ အသတ်ခံခဲ့ရ ကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသော ထိုင်းနေ့စဉ် သတင်းတွင် ဖော်ပြထားသည်။ အသတ်ခံရသူမှာ ဘန်ကောက်မြို့ ကုန်တိုက်တစ်ခုတွင် အရောင်းဝန်ထမ်း အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး Facebook ပေါ်တွင် သုံးစွဲသောအမည်မှာ Sky Queen ဖြစ်သည်။ ဘန်ကောက်မြို့ရှိ မိတ်ဆွေအသိုင်းအဝိုင်းများ အကြားတွင်မူ သူမကို မသဲသဲသော်ဟု ခေါ်ဝေါ်လေ့ရှိကြ သော်လည်း နိုင်ငံကူး လက်မှတ်တွင် အမည်ရင်းမှာ မမြင့်မြင့်အေးဖြစ်သည်။ လက်နှစ်ဖက်ကို ခါးပတ်ဖြင့် ချည်နှောင်ထားပြီး မျက်နှာတွင်စောင်ဖုံးကာ သေဆုံးနေသော အသက် ၂၆ နှစ်ရှိ မမြင့်မြင့်အေးကို သတ်ဖြတ်သူကို အသတ်ခံ ရပြီး ၁၀ ရက်ကျော်အကြာ ဧပြီ ၂၄ ရက် နေ့တွင် ဖမ်းမိခဲ့သည်။ ကာမဆက်ဆံရန် ငြင်းပယ်သော ချစ်သူဖြစ်သူကို အတင်း အဓမ္မကျင့်ရန် ကြိုးစားရာမှ သတ်ဖြတ်မိခဲ့ သည်ဟု တရားခံစိုးစိုးခိုင်က ဝန်ခံထား ကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ထိုင်းနေ့စဉ်သတင်းတွင် ဖော်ပြထားသည်။ သင်္ကြန်မတိုင်မီက သူမ၏ Facebook ပေါ်တွင် ကြေညာ၍ မိခင်ဖြစ်သူကို ရှာဖွေခဲ့ဖူးပြီး အသတ်မခံရမီ တစ်ရက်အလို ဧပြီလ ၁၂ ရက်နေ့က "မေမေ သင်္ကြန် အလုပ်နှစ်ရက်ပိတ်တယ်။ သဲ သယ်ရင်း (သူငယ်ချင်း) တွေ မိဘအိမ်ပြန်ကြပြီ။ သဲတစ်ယောက်တည်း ပြန်စရာမိဘအိမ် မရှိဘူး မေမေရဲ့" ဟု သူမ၏ Facebook စာမျက်နှာပေါ်တွင် ရေးသားထားသည်။ မြိတ်မြို့တွင် မွေးစားမိဘများနှင့် ကြီးပြင်းခဲ့ရပြီး ထိုင်းနိုင်ငံသို့ လာရောက် အလုပ်မလုပ်မီ မြန်မာနိုင်ငံမှာ ကတည်းက ပင် မိဘအရင်းများကို ရှာဖွေနေခဲ့ကြောင်း သူမက ယင်းစာမျက်နှာတွင် ဖော်ပြထားသည်။ "သဲမွေးစားအဖေ အမေတွေလည်း ဆုံးသွားပါပြီ။ သဲတစ်ယောက်တည်း ဘဝကို ရပ်တည်နေပါတယ် အမေ။ အမေလည်း သဲကို တွေ့ချင်နေမယ်လို့ သဲယုံကြည်နေ တယ်။ ဒါကြောင့် ဒီစာလေးရေးပြီး အမေ့ကို ရှာနေတာပါ။ မသေခင်လေး အမေ့ကို တွေ့ချင်တယ်" ဟု ၄င်းက ရေးသားထားသည်။ မြိတ်မြို့အလယ်ကျွန်းရပ် ပုလဲသီတာ ဆေးခန်းတွင် မွေးဖွားခဲ့ပြီး ဒေါက်တာ ခင်မိမိဟန် လက်အတွင်းသို့ ကလေးကို အပ်နှံခဲ့ကြောင်း၊ ထိုမှတစ်ဆင့် မွေးစား အဖေ အမေများထံ ရောက်ရှိခဲ့ကြောင်း Facebook စာမျက်နှာပေါ်တွင် ရေးထားပြီး သူမကို ဆက်သွယ်အကြောင်းကြား နိုင်သည့် လက်ကိုင်ဖုန်းနံပါတ်ကိုလည်း ဖော်ပြထားသည်။ လူသတ်မှုကျူးလွန်မိကြောင်း ဝန်ခံထားသူ စိုးစိုးခိုင်နှင့် အသတ်ခံရသူတို့သည် Facebook ပေါ်တွင် ခင်မင်ရင်းနှီးရာမှာ လွန်ခဲ့သော တစ်လခန့်က ချစ်သူများ ဖြစ်လာခဲ့ပြီး မမြင့်မြင့်အေး၏ အခန်းတွင် စိုးစိုးခိုင်နှင့် တွေ့ဆုံစဉ် ကာမဆက်ဆံရန် တောင်းဆိုမှုကို ငြင်းပယ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနေ့စဉ် သတင်းတွင် ရေးသားထားသည်။ စိုးစိုးခိုင်မှာ မြန်မာအလုပ်သမား များ အများစုနေထိုင်ရာ စမွန်ပကန်မြို့နယ် ပက်နမ့်ဈေးတွင် ငါးရောင်းချသော အလုပ်သမားတစ်ဦး ဖြစ်ပြီး ရည်ရွယ်ကာ လူသတ် ကျူးလွန်မှုဖြင့် သူ့ကို ဆုထိဆန် ရဲစခန်းက အမှုဖွင့်ထားသည်။ "အခုလိုဖြစ်သွားတာ ကိုယ့်မြန်မာ ပြည်သားအချင်းချင်း စိတ်မကောင်းဘူးပေါ့။ အချင်းချင်း လာလုပ်စားကြတာ"ဟု မမြင့်မြင့်အေး၏ အသုဘတွင် စီစဉ်ပေးနေ သူ ဦးဖိုးဇော်က ပြောကြားသည်။ သင်္ကြန်ကာလအတွင်း မမြင့်မြင့်အေး ၏အခန်းဖော် မြန်မာနိုင်ငံသို့ ခေတ္တပြန် သွားရာမှ ထိုသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။ မမြင့်မြင့်အေး၏ ရုပ်အလောင်းကို ဘန်ကောက်မြို့ စဖန်းခွဲ မိုးပျံရထားဂိတ် အနီးရှိ ဝတ်ဖိုင်ဒါန်း ထိုင်းဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းတွင် ဧပြီလ ၂၈ ရက်နေ့ ၌ သင်္ဂြိုလ်မည်ဖြစ်ကြောင်း ဦးဖိုးဇော်က ပြောဆိုသည်။ စိုင်းစိုး (Dawei Watch) The Voice Weekly |
||
Posted: 28 Apr 2013 01:34 AM PDT
ဧပြီလ ၂၈ ရက်၊ ၂၀၁၃ ခုနှစ်။
ပုသိမ်မြို့မြောင်းမြကျောင်းတို “မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို မသိတဲ့လူတွေ အများကြီးရှိနေပါတယ်။ သိတဲ့လူက အင်မတန်နည်းပါးပါတယ်။ အဲတော့ လူ့အခွင့်အရေးမသိတော့ ကိုယ့်အခွင့်အရေးကိုလည်း မကာကွယ်နိုင်သလို သူများအခွင့်အရေးကိုလည်း မလေးစား မလိုက်နာပဲ ချိုးဖောက်တာတွေ ဖြစ်လာပါတယ်။ ဒီလိုမျိုးအခြေအနေတွေ လျော့ပါးစေဖို့အတွက် ကျနော်တို့ ပုသိမ်ဒေသမှာ အခက်အခဲတွေ အများကြီးထဲက လူ့အခွင့်အရေးသင်တန်းကို ဖွင့်လှစ်ခဲ့တာပါ”ဟု သင်တန်းတာဝန်ခံ ဦးဝင်းနိုင်က ပြောသည်။ ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ငွေဆောင် စသည့်ဒေသများမှ တောင်သူလယ်သမား၊ တက္ကသိုလ်ကျောင်းသားများ၊ လူငယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသား ၂၀ တက်ရောက်သင်ကြားနေကြောင်း သိရသည်။ Equality Myanmar အဖွဲ့၏ှကူညီထောက်ပံ့မှုဖြင့် ဖွင့်လှစ်နေသည့်ယင်းသင်တန်းအား လူ့အခွင့်အရေး လှုပ်ရှားသူ ဦးဝင်းနိုင်၊ ဦးသက်ပိုင်နှင့် ဒေါ်ဧကရီထွန်းတို့က ဧပြီလ ၂၄ ရက်မှ ၂၈ ရက်အထိ လူ့အခွင့်အရေးများနှင့် ကလေးအခွင့်အရေးများအကြောင်းကို သင်တန်းသားသူဗဟိုပြုစနစ်ဖြင့် သင်ကြားပို့ချ ပေးနေကြောင်း သိရသည်။ Myanmar News Now |
||
Posted: 28 Apr 2013 01:38 AM PDT
နတ်မောက်မြို့တွင်၂၄/၄/၂ဝ၁၃နေ့
''တစ်ရက်ကိုရေကား တစ်စီးလွှတ်ပေးနေပါတယ်။ တစ်ရွာတစ်ခေါက်နှူံး ပို့ပေးပါတယ်။ လုံလောက်တယ် တော့မ ဟုတ်ဘူးပေါ့အထောက်အပံ့ရ ပါတယ်။နေ့စဉ်နှစ်မိုင်လောက်ဝေး အုတ်ဖိုကျေးရွာသည်အိမ်ထောင်စုေ ကျွေးတူးကန်ကျေးရွာသည်အိမ်ထောင် ၂၆/၄/၂ဝ၁၃နေ့တွင်လည်းမကွေးတိုင် Myanmar News Now |
||
Posted: 27 Apr 2013 05:53 PM PDT
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီမိုကရေစီ
နိုင်ငံများ အသိုင်းအဝိုင်း အဖွဲ့ရဲ့ (၇) ကြိမ်မြောက် ဝန်ကြီး အဆင့်
ညီလာခံကို တက်ရောက်ဖို့ မွန်ဂိုလီးယားနိုင်ငံမှာ ရောက်ရှိနေပါတယ်။
နိုင်ငံပေါင်း ၁၃၁ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့
နိုင်ငံ့အကြီးအကဲတွေအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထင်ရှားတဲ့
လူထုခေါင်းဆောင်တွေနဲ့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Apr 2013 05:34 PM PDT
အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၂၇ရက် ည၁၁နာရီ
၄၅မိနစ်အချိန်မှာ ကိုရီးယားလေကြောင်းလိုင်းနဲ့ မွန်ဂိုလီယားနိုင်ငံသို့
ထွက်ခွာသွားပါတယ်။
(ရိုက်ကူး - ကျော်ဇေယျာဝင်း) ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Apr 2013 04:38 PM PDT
၂၀၁၀
ခုနှစ် က တိုက်ခတ် ခဲ့တဲ့ ဂီရိ မုန်တိုင်း ဒဏ်ကို အကြီး အကျယ် ခံခဲ့ရတဲ့
ရခိုင် ပြည်နယ် မြေပုံ မြို့နယ်က ကျေးရွာ တခိျု့မှာ ရေ ရှားပါး မှုနဲ့
ရင်ဆိုင် နေကြရ ပါတယ်။ အငုံ ကျေးရွာ အုပ်စုမှာ ဆိုရင် အောင်လယ်ပြင်၊
ပြိန်တောချေ၊ အငုံရွာသစ်၊ အငုံ ရွာဟောင်း၊ နတ်ချောင်းတို့ မှာ ရေ ရှားပါး
နေပြီး ခေါင်း ဖြူအုပ်စု မှာဆိုရင် ကံသာ ရွာသစ် ၊ ကံသာ ရွာဟောင်း၊
ဒဂုံရွာနဲ့ ဝက်ခေါင်း ကျေးရွာတို့ မှာ ရေရှား နေတာ ဖြစ်ပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 27 Apr 2013 04:29 PM PDT
မော်လမြိုင်မြို့မှာ
ကျင်းပနေတဲ့ တိုင်းရင်းသား မီဒီယာညီလာခံက လွတ်လပ်စွာပြောဆိုခွင့်ကို
အခြေခံပြီး နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ မီဒီယာဥပဒေ
ထွက်ပေါ်လာရေးအတွက် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ တိုင်းရင်းသား
မီဒီယာတွေ အပါအ၀င် သတင်းမီဒီယာအဖွဲ့ပေါင်း ၃၄ ဖွဲ့ တက်ရောက်တဲ့
ပထမဆုံးအကြိမ် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Apr 2013 03:57 PM PDT
မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲ (Derek Mitchell) နဲ့ ၈၈မျိုးဆက်
ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Apr 2013 08:51 AM PDT
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည် ဟာ မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj ရဲ့
ဖိတ်ကြား ချက် အရ စနေနေ့ ညမှာ မွန်ဂိုလီးယား နိုင်ငံကို ခရီး ထွက်ခွာမှာ
ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ မှာတော့ မွန်ဂိုးလီးယား နိုင်ငံ လူလန်ဘာတာ မြို့ကို
ဆိုက်ရောက် မှာ ဖြစ်ပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 27 Apr 2013 08:42 AM PDT
အခုရက်ပိုင်း
လက်ပံတောင်း တောင်ဒေသတွင်း တားမြစ်နယ်မြေထဲ လယ်ဝင်ထွန်ခဲ့တဲ့ ဒေသခံ
လယ်သမားတွေနဲ့ အာဏာပိုင်တွေကြား သေနက်နဲ့ ပစ်ခတ်တဲ့အထိ ထိပ်တိုက်
ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီး တဲ့နောက် အာဏာပိုင်တွေ ဘက်က ဒေသခံတွေကို
တရားဝင် ဆန္ဒပြခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။ ဆန္ဒပြသူ ကန့်သတ်ဦးရေ ၅၀၀ နဲ့
ဆန္ဒပြချိန် သုံးနာရီ ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို မဆုမွန်က
တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း တရားဝင် ဆန္ဒပြခွင့်ပြုဖို့ ဒေသခံလယ်သမားတွေဘက်က တာဝန်ရှိသူတွေကို ခွင့်ပြုမိန့်တောင်းခံခဲ့ပြီးတဲ “ကျနော်တို့ ၂၉ ရက်နေ့ကို စာတင်ထားတဲ့ဟာ ကျပြီပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့ ၂၉ ရက်နေ့မှာ ဆန္ဒပြမယ်။ အယောက် ၅၀၀။ ကန့်သတ်အင်အား အယောက် ၅၀၀။ အချိန်အားဖြင့် သုံးနာရီ။ အဓိက ကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းရေး၊ မတရားဖမ်းဆီးထားတဲ့သူတွေကို ပြန်လည် လွှတ်ပေးရေး ဆိုတာတွေနဲ့ တုံရွာရှေ့ကနေ ပုသိမ်-မုံရွာ လမ်းဆုံ ဦးပိုင်ကုမ္ပဏီ ရုံးရှေ့အထိကို ကျနော်တို့ ဆန္ဒပြပွဲ ဆက်လုပ်မယ်။ နောက်နှစ်တွေမှာ ကျနော်တို့က မြေယာမယူထားတဲ့ လယ်သမားတွေဟာ သူတို့မြေသူတို့ပိုင်တယ်ဆိုတဲ့ သဘောထား ထုတ်ပြန်မှုတွေနဲ့ ရွာတွင်း ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်သွားမှာဖြစ်ပါတယ်။ ” တုံရွာကနေ စတင်ဆန္ဒပြကြမယ့် ဒီဆန္ဒပြပွဲမှာတော့ မိမိတို့ရဲ့ မိရိုးဖလာ လယ်ယာလုပ်ကိုင်ခွင့်ပြန်ရရေးအတွ “ကျနော်တို့ကတော့ ရွာလုံးကျွတ်လိုက်နေကြပါတယ်။ ကျနော်တို့ရွာတွေက။ ကျနော်တို့ရဲ့ဘ၀ဟာ မြေကြီးပါ။ မြေကြီးက ကျနော်တို့ဘ၀ပါ။ အဲဒီတော့ ကျနော်တို့လယ်မြေတွေ အတွက်ကို ကျနော်တို့ဒီလိုပဲ နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်သွားမှာပါ။ ရွာလုံးကျွတ်လိုက်မှာပါ။” ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း လယ်ယာသိမ်းခံထားရတဲ့ ဒေသခံတောင်သူလယ်သမားတွေက သူတို့ပိုင်ခဲ့တဲ့ လယ်ယာမြေထဲမှာ ဝင်ထွန်ယက်ခဲ့တာမှာ တားမြစ်နယ်မြေဖြစ်တဲ့အတွက် အာဏာပိုင်တွေနဲ့ လယ်သမားတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွား မနေ့က ဧပြီလ ၂၆ ရက်နေ့မှာတော့ ဖမ်းဆီးခံ ကျောင်းသားလူငယ်တွေနဲ့ လယ်သမားတွေကို ပြန်လွှတ်ပေးရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ တားမြစ်နယ်မြေရုပ်သိမ်းရေး အပါအဝင် တောင်းဆိုချက်တွေကို လယ်သမားတွေက ဝိုင်းဆန္ဒပြခဲ့ကြရမှာတော့ အာဏာပိုင်တွေဘက်က လုံခြုံရေးအင်အားတွေ တိုးမြှင့်ချထားပြီး တင်းမာမှုတွေရှိခဲ့ပါတယ်လို့ တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်ကပြောပါတယ်။ “လက်ပံတောင်းအခြေအနေကတော့ဗျာ လယ်ယာမြေဆုံးရှုံးပြီးတော့ လျော်ကြေးမယူထားတဲ့ လယ်သမားတွေ တော်တော်များများရှိတယ်။ အဲဒါတွေကို ထွန်ယက်ဖို့လုပ်တော့ ၂၅ ရက်နေ့က သေနတ်နဲ့ပစ်၊ ဖမ်းတာတွေဖြစ်တဲ့အခါကျတော့၊ အဲဒါမနေ့က ဆန္ဒပြတဲ့အခါကျတော့လည်း ပထမစည်း၊ ဒုတိယစည်း၊ တတိယစည်းတွေနဲ့ သတ်မယ်ဖြတ်မယ်ပုံစံမျိုးတွေ လုပ်ကြတယ်။ ညတုန်းကလည်း ဆည်တည်းရွာက တရုပ်ဆိုက်ထဲကို လုံထိန်းတွေ ထပ်ရောက်လာတာတို့။ ညပိုင်း မုံရွာမြို့ပေါ်မှာရှိတဲ့ ရဲတွေကို တောက်လျှောက် ကားတွေနဲ့ဒီဘက်လွှတ်တယ်။ မနက်ကျတော့လည်း ဟိုဘက်မှာ လုံထိန်းတွေ၊ ရဲတွေ ကျနော်တို့ မုံရွာဘက်ကူးတဲ့ဘက်မှာလည်း တောက်လျှောက် ထပ်ချထားတယ်။ "ဒီနေ့မနက် ၉ နာရီလောက်မှာ မိုးကြိုးပြင်ကျေးရွာက ထွန်တုံး တိုက်ပွဲဝင်မယ်ဆိုပြီးတော့ သူတို့ဘက်လူတွေက တဘက်သတ် ကောလာဟလတွေနဲ့ မိုးကြိုးပြင်ကျေးရွာကို ရဲတွေ ထောက်လှမ်းရေးတွေ အက်စ်ပီတွေ အပြည့် ဒီနေ့မနက် ၉ နာရီလောက်မှာ ရောက်လာတယ်။ ရောက်လာပြီးတော့ ရွာဝမှာ ၀ုန်းဝုန်းနဲ့လာပြီးတော့လုပ်တယ် ဒီကနေ့ ဧပြီလ ၂၇ ရက်မနက်ပိုင်းမှာတော့ မူလစီစဉ်ထားတဲ့ လယ်ယာမြေတွေမှာ လယ်ထွန်ဖို့ ထွန်တုံးချချိန်မှာတော့ အာဏာပိုင်တွေက အင်အားအလုံးအရင်းနဲ့ လုံခြုံရေးယူထားတဲ့အတွက် ဒေသခံလယ်သမားတွေ ထပ်ပြီး အထိခိုက်အနာတရ သွေးမြေကျမှာ မလိုလားတဲ့အတွက် လယ်သမားတွေက ထွန်တုံးရုပ်ပြီး ပြန်လာခဲ့ကြတယ်လို့လည်း ဆည်တည်းရွာက လယ်သမားကြီး ဦးသန်းမောင်ကပြောပါတယ်။ “ဘိုးဘွားပိုင် ကျနော်တို့ သမဦးကျမြေတွေကို ကျနော်တို့က ပုံမှန်ထွန်ယက်စားသောက်လာတာ ဆိုတော့ ကျနော်တို့မြေကို ကျနော်တို့က ဆက်ပြီးတော့ ထွန်မှာပါ။ ဒါပေမဲ့ သူတို့က ကျနော်တို့ရဲ့ မြေပေါ်မှာ ကျနော်တို့ထွန်တာကို ဒီလိုလာပြီး အကြမ်းဖက်ဖို့အဆင်သင့်။ ထောင်နဲ့ချီတဲ့အင်အားနဲ့ပြင်တယ် အခုလက်ရှိအခြေအနေမှာတော့ မုံရွာခရိုင် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနယ်မြေထဲမှာ အာဏာပိုင်တွေဘက်က လုံခြုံရေးအင်အားတွေ တိုးချဲ့ချထားပါတယ်။ ဦးပိုင်ကုမ္ပဏီလိမိတက်နဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း လုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဒေသခံတွေရဲ့ လယ်မြေ ဧကပေါင်း ၇,၈၀၀ ကျော်ကို သိမ်းယူခဲ့ပြီးတော့ ရွာပေါင်း ၄ ရွာကို ဖယ်ရှားခိုင်းခဲ့တာဖြစ်ပါတယ်။ ဒေသခံတောင်သူလယ်သမား အများစုကတော့ အသိမ်းခံထားရတဲ့ သူတို့ လယ်မြေတွေကို ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကပေးတဲ့ လျော်ကြေး နစ်နာကြေးမယူဘဲ စီမံကိန်းရပ်တန့်ရေးကိုသာ ဆက်လက် တောင်းဆိုတိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ မဆုမွန် (ဗွီအိုအေ)
|
||
Posted: 27 Apr 2013 08:52 AM PDT
မနေ့က
စစ်တွေမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုမှာ ရိုဟင်ဂျာလူမျိုးအဖြစ်
အသိအမှတ်ပြုပေးဖို့ တောင်းဆိုမှုတွေကြောင့် စာရင်းကောက်ယူသူအဖွဲ့ဝင်တွေနဲ့
ဒုက္ခသည်တွေအကြား ထိခိုက်ဒဏ်ရာရတဲ့အထိ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာကြောင့်
ရပ်ဆိုင်းထားလိုက်ရတာ ဖြစ်တယ်လို့သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 27 Apr 2013 08:52 AM PDT
အမေရိကန်
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် Joseph Yun က မြန်မာပြည်ရဲ့
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အားပေးထောက်ခံကြောင်း
တိုးတက်ပြသတဲ့အနေနဲ့ မြန်မာ့တပ်မတော်ကို တဆင့်ပြီးတဆင့် စတင်ကူညီရေးအတွက်
နည်းလမ်းတွေကို မိမိတို့လေ့လာနေကြောင်း အမေရိကန်လွှတ်တော်မှာ ကြာသာပတေးနေ့က
ပြောဆိုသွားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 27 Apr 2013 07:29 AM PDT
ဧပြီလ ၂၉ ရက်နေ့ ထုတ် The Voice Weekly Vol.9/No.16
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ Pdf ကို ဖတ်ရှုရန်အတွက် အောက်ပါလင့်မှ font ကို download ရယူပြီး မိမိ သုံးနေသော ကွန်ပျူတာတွင် Install လုပ်ပေးရပါမည်။ http://www.mediafire.com/? |
||
Posted: 27 Apr 2013 07:24 AM PDT
ရောဂါသုံးမျိုးတိုက်ဖျက်ရေး
ဦးတည်ဆောင်ရွက်နေသော ကမ္ဘာ့ရန်ပုံငွေအဖွဲ့ ကြီး (Global Fund) က
မြန်မာနိုင်ငံရှိ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံကိန်းများ အတွက် ၂၀၁၃ မှ
၂၀၁၆ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းတစ်ရာနီးပါး ထောက်ပံ့မည်ဖြစ်ကြောင်း
ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment