Sunday, April 21, 2013

OIC ရုံးဖွင့်လှစ်မှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ သဘောထား

အမှတ် တစ်ဆယ်.သုံး shared Hmuu Zaw's photo.
OIC ရုံးဖွင့်လှစ်မှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ သဘောထား
======================================

OIC ရုံးဖွင့်လှစ်မှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ သဘောထားကို  သမ္မတအိမ်တော်၌ ၂၁-၁၀-၂၀၁၂ ၇က်နေ့တွင် ပြုလုပ်သော ပြည်တွင်းသတင်းမီဒီယာများနှင့် တွေ့ဆုံမှုတွင် တိတိကျကျ ရှင်းလင်း ပြောကြားထားပြီး ဖြစ်ပါသည်။ 

ဖြေကြားရာတွင် နိုင်ငံတော်သမ္မတကြီးက-

 "အကယ်၍ ဖွင့်ဖို့ရှိတယ်ဆိုရင်တောင်မှ ကျနော်တို့အစိုးရအနေနဲ့ တားမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူက မလိုလားဘူး။ ပြည်သူမလိုလားတဲ့အတွက်ကြောင့် ကျနော်တို့က တားဆီးသွား မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနလို ပြည်သူတွေအနေနဲ့ မစိုးရိမ်ပါနဲ့၊ ဒါကိုကျနော်တို့ အစိုးရအနေနဲ့ တာဝန်ယူပါတယ်။ ဒါတွေကျနော်တို့ လုံးဝဖွင့်ခွင့်မပြုပါဘူး ဆိုပြီးတော့ ဒီလိုကြေညာတာဖြစ်ပါတယ်။" 

ဟူ၍ တိတိကျကျ ရှင်းလင်းပြောကြားထားပြီး ဖြစ်ပါသည်။ (ရှင်းလင်းပြောကြားချက် အပြည့် အစုံ နှင့် မူရင်း Link ကို အောက်တွင် ဖော်ပြလိုက်ပါသည်။) 

(OIC ကိစ္စနှင့်ပတ်သက်ပြီး ဖြေကြားချက် အပြည့်အစုံ)
----------------------------------------------------------
တစ်အချက်က OIC ကိစ္စ။ OIC ကိစ္စနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ခုနကလို ဒီဆူပူမှုပဋိပက္ခပေါ့။ ဒါတွေကတော့ ကျနော်တို့အားလုံးသိပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဆူပူမှုပဋိပက္ခနှင့်အတူ ခုနလို သေဆုံးတာတွေဒဏ်ရာ ရတာတွေဟာ တခြားဖြစ်စဉ်တွေနှင့် ယှဉ်ရင်တော့သိပ်ပြီးတော့ ကျနော်တို့ ဒါများများစားစားမရှိလှဘူးလို့ ဒီလိုပြောရမှာ ဖြစ်ပါတယ်။ သို့သော်လည်းခုနကလိုမီးရှို့တာကြတော့ ရွာတစ်ရွာမှာ ခုနလိုတစ်အိမ်မီးရှို့ဆိုရင်သက်ကယ်နဲ့ ဓနိနဲ့ နေနေကြတဲ့အိမ်တွေဆိုတော့ အကုန်လောင် တာပါဘဲ။ အဲဒီတော့ မီးရှို့တဲ့အတွက်ကြောင့် ခုနလိုအိုးမဲ့အိမ်မဲ့ဖြစ်တာတွေက ကျနော်တို့များပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်တဲ့အတွက်ကြောင့် ဘာလုပ်ရလဲဆိုတော့ ကျနော်တို့ ဒီလူတွေကို ထမင်းကျွေးထားရ ပါတယ်။ သူတို့ကိုကျွေးထားတဲ့စရိတ်က ဘယ်လောက်ကုန်တယ်ဆိုရင် တစ်နေ့တစ်နေ့ကို ဒေါ်လာတစ်သန်းဖိုး လောက် ကျနော်တို့ ကုန်ပါတယ်။ ဒေါ်လာတစ်သန်းဖိုးလောက် ကုန်ပါတယ်။ အဲဒီတော့ ဒေါ်လာတစ်သန်းဖိုး လောက်ကုန်တဲ့ဟာကို အစိုးရကလည်းစိုက် မပေးနိုင်ဘူး။ ပြည်သူလူထုအကူအညီနဲ့လည်း ဒီလောက် အကုန်ခံကျွေးနိုင်တဲ့ အနေအထား မရှိဘူး။  အဲဒီတော့ ဘာလုပ်ရလဲဆိုတော့ ပြည်ပကအကူအညီတွေကို ကျနော်တို့က လူသားချင်းစာနာတဲ့ ကူညီမှုဆိုတာနော် ဒါတွေကို ကျနော်တို့လက်ခံရပါတယ်။ အဲဒီတော့ လူသားချင်းစာနာတဲ့ အကူအညီတွေလက်မခံဘူးဆိုရင် ကျနော်တို့ ခုနလို လူမဟုတ်ဘူးဆိုပြီးတော့ စွပ်စွဲကြတော့မှာ။ ဒါကတော့တစ်ကမ္ဘာလုံး လက်ခံရတဲ့ကိစ္စပါ။ 

အလားတူပါဘဲ ကျနော်တို့ OIC နဲ့ ပတ်သက်ပြီး တော့လည်း ကျနော်တို့ ဒါ ဘာသာရေးအရ မခွဲခြားပါဘူး။ လူမျိုးအရ မခွဲခြားပါဘူး။ လူသားချင်းစာနာတဲ့ အကူအညီတွေ ကျနော်တို့ ပေးချင်ပါတယ်။ ပေးလည်း ပေးခဲ့ တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဆက်သွယ်ဆောင်ရွက်ဖို့ဆိုပြီးတော့ ဒီလိုခုနလို OIC နှင့် စာချုပ်တာမဟုတ်ပါဘူး။ OIC ထဲမှာပါဝင်တဲ့ဌာန တစ်ခုအနေနှင့် ခုနကလို ဒီနယ်စပ်ဒေသဝန်ကြီးဌာနအောက်က ဌာနတစ်ခုနဲ့ စာချုပ်ကြတာဖြစ်ပါတယ်။ စာချုပ်တာကတော့ ခုနကပြောသလို ကျနော်တို့ ရန်ကုန်မှာ ဒီ OIC ရုံးဖွင့်မယ်တို့၊ နောက်တခါ စစ်တွေမှာ OIC ရုံးဖွင့်မယ်တို့ ဒါတွေဟာ စာချုပ်ထဲမှာလုံးဝမပါပါဘူး။ 
ဒါလူတွေရဲ့ကောလဟာလတွေပါ။ ဟိုပြောဒီပြော နဲ့ ဒီလိုပြောနေတဲ့ဟာတွေပါ။ 

ဒါကြောင့်မို့ ကျနော်တို့ ဒီကောလဟာလတွေကို ဒါတွေဟာကျနော်တို့ ဟိုဒင်း မဖြစ်ပါဘူး။ ဘယ်သူကမှလည်း ခုနလို ဒီစာချုပ်ကို သေချာလည်းဖတ်ပြီးတော့ ပြောတာလည်းမဟုတ်ပါဘူး။ ကျနော်တို့ သိပါတယ်၊ စာချုပ်ထဲမှာ ခုနပြောသလိုရန်ကုန်မှာဖွင့်မယ်တို့၊ စစ်တွေမှာဖွင့်မယ်တို့ ဆိုတာလုံးဝ ကျနော်တို့ မပါပါဘူး။ အကယ်၍ ဖွင့်ဖို့ရှိတယ်ဆိုရင်တောင်မှ ကျနော်တို့အစိုးရအနေနဲ့ တားမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူကမလိုလားဘူး။ ပြည်သူမလိုလားတဲ့အတွက်ကြောင့် ကျနော်တို့က တားဆီးသွား မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနလို ပြည်သူတွေအနေနဲ့ မစိုးရိမ်ပါနဲ့၊ ဒါကိုကျနော်တို့ အစိုးရအနေနဲ့ တာဝန်ယူပါတယ်။ ဒါတွေကျနော်တို့ လုံးဝဖွင့်ခွင့်မပြုပါဘူးဆိုပြီးတော့ ဒီလိုကြေညာတာဖြစ်ပါတယ်။

View Original Source : http://www.president-office.gov.mm/zg/briefing-room/press-conferences/2012/10/21/id-2646

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...