သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၄)
သစ်ထူးလွင်
|
- အိမ်ဦးခန်းရောက်နေတဲ့ ဓားပြ (သို့) မြေအောက်ရေ ခမ်းခြောက်မှု (ရုပ်/သံ)
-
ဥက္ကံမြို့ရှိ
ဗလီနှင့် ဈေးဆိုင်ခန်းများ ခဲဖြင့်ပစ်ပေါက်ဖျက်ဆီးမှုများ
အား အရေးယူမည် - အလုပ်သမားစေလွှတ်မှု မြန်မာအစိုးရက ပြန်လည်စိစစ်မည်
- ဥက္ကံမြို့ နောက်ဆုံး အခြေအနေ
- ဥက္ကံမြို့အခြေအနေ ဒေသန္တရအမိန့်ထုတ်ပြန်ထား
-
ထားဝယ်တက္ကသိုလ်ဝင်းထဲ“ချဉ်ပေါင်
ကျား”(ခေါ်) “အင်းကျား”တစ်ကောင်တွေ့ရှိ - တရုတ်စစ်လေယာဉ် မရရှိဟု ယူဒဗလျူအက်စ်အေ ငြင်းဆို
- ဥက္ကံမြို့တွင် ဘာသာရေးအဆောက်အဦနှင့် ဆိုင်ခန်းအချို့ ဖျက်ဆီးခံရ
- ဥက္ကံမြို့ အဓိကရုန်း အခြေအနေ ထိန်းသိမ်းနိုင်ပြီဖြစ်
- မီဇိုရမ်တွင် ချင်းလူမျိုးနေထိုင်သည့် အိမ် ၄၀ မီးရှို့ ခံရ
- အမေရိကန်ထိပ်တန်း Ford ကားပြည်တွင်း၌ ရောင်းချတော့မည်
- တပ်မတော်နှင့်ပတ်သက်ပြီး လိုရာဆွဲ သတင်းပေးပို့များ ရှိဟုဆို
- ဗဟန်းမြို့နယ် ရဲစခန်းရှိ တပ်ဖွဲ့ဝင်များမှ ၎င်းတို့၏ ရဲစခန်းမှူးအပေါ် မကျေနပ်မှုများ (ပေးစာ)
- ဘူးသီးတောင်မြို့နယ်တွင် ရွာသားများအား မတရားဖမ်းဆီး ကြိုးတုတ်ပြီး ရိုက်နှက်
- ဧပြီလ (၂၉)ရက်နေ့ ထုတ် စီးပွါးရေး သတင်းဂျာနယ် အတွဲ ၁၃ ၊ အမှတ် ၁၅
- ဧပြီလ (၂၉)ရက်နေ့ ထုတ် အိုင်စီတီ ဂျာနယ်, Vol. 2, Issue 15
- လူတိုင်း ပညာသင်ကြားရေး မသင်မနေရ မူလတန်းပညာရေး ဥပဒေ ပြဋ္ဌာန်းသင့် ဟုဆို
- ထိုင်း-မြန်မာနယ်စပ် ကျွန်းငယ် ၃ ခု ပြဿနာ ပြန်လည်ပေါ်ပေါက်
- လက်ပံတောင်း ဒေသခံ ၅ဝဝ ညောင်ပင်ကြီး ရဲစခန်းတွင် သွားရောက်ဖမ်းဆီးခံ
- လက်ပံတောင်းအရေး လှုပ်ရှားသူတွေ ဖမ်းမိန့် ထုတ်ပြန်ခြင်းကို AHRC ကန့်ကွက်
- ဥက္ကံမြို့ တွင် သပိတ် အဖုံးကျကွဲရာမှ အဓိကရုန်း ဖြစ်ပွားနေ
- လက်ပံတောင်းတောင်ဒေသသို့ အကြမ်းဖက်နှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့ဝင်များရောက်ရှိ
- အမေရိကန်တွင် ကရင်နီအမျိုးသားနှစ်ဦး ဓါးထိုးအသတ်ခံရ
- စစ်တွေ ဆူပူသူများကို ဥပဒေနှင့် အညီ အရေးယူမည်
- UNOCHA ကိုယ်စားလှယ် EUမှာ မြန်မာအကြောင်း ရှင်းပြ
Posted: 30 Apr 2013 06:47 AM PDT
ရန်ကုန်မြို့နေ
ပြည်သူတွေ အများစုဟာ ဂျိုးဖြူ ရေပိုက်ကလာတဲ့ ရေချိုတွေကို အဓိကထား
အားပြုသုံးစွဲနေရာက မြေအောက်ရေကို အဝီစိတွင်းတူးပြီး ထုတ်ယူ သုံးစွဲတဲ့
ပမာဏဟာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာ နေပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 30 Apr 2013 07:26 AM PDT
အဆိုပါဖြစ်စဉ်နှင့်
ပတ်သက်၍ မကျေနပ်သည့် ဗုဒ္ဓဘာသာဝင်ပြည်သူ(၂ဝဝ)ဦးခန့်မှ ၁၃၁၅ အချိန်
ဥက္ကံမြို့၊ အနော်ရထာ ရပ်ကွက်ရှိ ဈေးဗလီသို့ ရောက်ရှိလာပြီး လူ(၁ဝ)ဦးခန့်မှ
အုတ်နီခဲဖြင့် ပစ်ပေါက်၍ ထွက်ပြေး သွားခဲ့သဖြင့် ဗလီရှေ့ရှိ ၃ × ၃
ပေခွဲခန့်ရှိ မှန်(၆)ချပ် ကွဲသွားခဲ့ပြီး လျှပ်စစ်မီတာပုံး(၂)ပုံး
ကျိုးပဲ့ပျက်စီးကာ
-- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 30 Apr 2013 05:37 AM PDT
ထိုင်းနိုင်ငံကို
မြန်မာနိုင်ငံက အလုပ်သမားတွေ တရားဝင် စေလွှတ်နေမှုမှာ အလုပ်သမားတွေ အပေါ်
အကျိုးဆောင် ကုမ္ပဏီတွေရဲ့ တာဝန်ယူမှု၊ အကာအကွယ် ပေးမှုတွေနဲ့ ပတ်သက်ပြီး
ပြန်ပြီး စိစစ်မယ်လို့ ပြည်ထောင်စု အစိုးရ အလုပ်သမား ညွှန်ကြားရေး
ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အကျိုးဆောင် ကုမ္ပဏီပေါင်း ၁၂ ခုအနေနဲ့ နှစ်နိုင်ငံသဘောတူ အလုပ်သမား ငှားရမ်း ခန့်ထားရေး စာချွန်လွှာ (အမ်အိုယူ) အရ စေလွှတ်လိုက်တဲ့ အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ပေးနေတာ ဟုတ်မဟုတ် စိစစ်တင်ပြဖို့နဲ့ စိစစ်ဆောင်ရွက်နေတဲ့ ကာလမှာ အလုပ်ခေါ်စာတွေ ဆိုင်းငံ့ထားမယ်လို့ ဧပြီ ၂၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ အလုပ်သမားတွေ စေလွှတ်ဖို့ ထိုင်းနိုင်ငံဘက်က အလုပ်သမားလိုအပ်တဲ့ကုမ္ပဏီ၊ သက်ဆိုင်ရာ သံရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ အချိန်ကြန့်ကြာမှုရှိတဲ့အတွက် မြ၀တီမြို့မှာ စောင့်နေရတဲ့ အလုပ်သမားတချို့က သည်းမခံနိုင်ဘဲ နေပြည်တော် အလုပ်သမားရုံးကို တိုင်တန်းကြတဲ့အတွက် အခုလို ဆောင်ရွက်တာလို့ ရန်ကုန်အခြေစိုက် ခေတ်သစ်စံကုမ္ပဏီလိမိတက်ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးသိန်းထိုက်က ဒီဗွီဘီကို ပြောပါတယ်။ “မြ၀တီမှာကြာတော့ အလုပ်သမားတွေက နေပြည်တော်ဖုန်းတွေကို လှမ်းဆက်ပြီး ကျနော်တို့ ဘယ်နှလကြာနေပြီဆိုပြီး ၁ ရက်ကို ၄-၅-၆ ကြိမ်ဆက်မှာပေါ့။ အဲတော့ အလုပ်သမားဝန်ကြီးဌာနကနေ ကျနော်တို့ဆီ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေး လက်ရှိအခြေအနေအရ ထိုင်းနိုင်ငံထဲ တရားဝင်အလုပ် ၀င်လုပ်ဖို့ မြ၀တီမှာ ရောက်နေတဲ့ အလုပ်သမား ၁၀၀ ကျော်ရှိပြီး တချို့က ၂ လ ကျော်၊ ၃ လအထိ ရှိပေမယ့် ခုထိ မ၀င်ရသေးကြောင်း၊ မစောင့်နိုင်တဲ့သူတချို့က စရိတ်အရှုံးခံ အိမ်ပြန်သွားကြပြီး တချို့က အသိမိတ်ဆွေ အဆက်အသွယ်နဲ့ တရားမ၀င် ၀င်သွားကြတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းကတော့ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံထဲကို အမ်အိုယူနဲ့ ၀င်လာပေမယ့်လည်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေတယ်လို့ ပြောပါတယ်။ သက်ဆိုင်ရာ ၂ နိုင်ငံ တာဝန်ရှိသူတွေရော၊ ကုမ္ပဏီတွေကပါ ဒီပြဿနာတွေ ဖြေရှင်းပေးရာမှာ အားနည်းနေကြောင်း၊ အစိုးရက ခုလို စာထုတ်ပြန်ပြီး စစ်ဆေးဆောင်ရွက်ပေးမှာကို ကြိုဆိုပေမယ့် ပွင့်လင်းမြင်သာပြီး ထိရောက်မှုရှိဖို့ လိုကြောင်း ပြောပါတယ်။ “မြန်မာအစိုးရက ပြန်လည် စိစစ်မယ်ဆိုတာကို မူအားဖြင့် ကြိုဆိုပါတယ်။ ကျနော် သတိထားမိသလောက် ၂ နှစ်ကာလအတွင်း အမ်အိုယူနဲ့လာတဲ့ အလုပ်သမား ၁ သိန်းထက်မနည်း ထိုင်းနိုင်ငံထဲမှာ ရှိနေပြီ။ အေဂျင်စီတွေကို မြန်မာအစိုးရက ဘယ်လိုပုံစံနဲ့စိစစ်မလဲဆိုတာ စိတ်ဝင်စားတယ်။ သို့သော် အမ်အိုယူ တင်သွင်းခွင့်၊ သူတို့ ပိုက်ဆံယူပြီး ခွင့်ပြုထားတဲ့ ကုမ္ပဏီနဲ့ မြန်မာအလုပ်သမား အစိုးရအရာရှိတွေနဲ့ ပေါင်းပြီး စစ်ဆေးမယ်ဆိုရင်တော့ နှစ်ပေါက်တပေါက် ရိုက်ထားတာပဲဖြစ်လိမ့်မယ်။ ပွင့်လင်းမြင်သာမှုရှိပါစေ။” အမ်အိုယူပြဿနာမှာ အလုပ်ရှင်ဘက်က လိုလားတဲ့ အလုပ်သမားအရေအတွက် ထက်ပိုပြီး ကုမ္ပဏီက စေလွှတ်လို့ ထိုင်းနိုင်ငံရောက်တဲ့အခါ အလုပ်သမားတွေ ဒုက္ခရောက်ရတာ၊ အလုပ်အကိုင်၊ လုပ်အားခနဲ့ နိုင်ငံကူးလက်မှတ်၊ အလုပ်သမားလက်မှတ်လုပ်ဆောင်တာတွေ ထိုင်း-မြန်မာ ၂ နိုင်ငံ သဘောတူ အလုပ်သမားငှားရမ်းခန့်ထားရေး စာချွန်လွှာအရ မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို အလုပ်သမားတင်သွင်းတာ ၂၀၀၉ ခုနှစ်က စတင်ခဲ့တာပါ။ လက်ရှိ အကျိုးဆောင်ပေးနေတဲ့ ကုမ္ပဏီတွေကတော့ ရဲဝင့်နဂါး၊ ဆွေဆွေစံ၊ ရွှေလမ်းဖွင့်၊ ခေတ်သစ်စံ၊ ဟိန်းမြင့်မြတ်၊ ဒါနာ၊ ပြည်သူ့ရွေးချယ်မှု၊ တော်ဝင်ရွှေတံခါး၊ ယွန်းနဒီဦး၊ မြန်မာအိတ်စ်ပရက်စ်လင့်ခ်၊ ဟော်နန်းနဲ့ မေ၀င့် စတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ by နန်းမြနဒီ (ဒီဗွီဘီ)
|
||
Posted: 30 Apr 2013 07:02 AM PDT
ဒီကနေ့ဧပြီလ ၃ဝ ရက်နေ့
မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ဈေးအတွင်း အစ္စလာမ်ဘာသာဝင်
အမျိုးသမီးတစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးတို့ မတော်တဆတိုက်မိပြီး
သပိတ်ပြုတ်ကျရာက စတင်ခဲ့တဲ့ ပဋိပက္ခကြောင့် ဥက္ကံမြို့မှာရှိတဲ့ ဗလီတစ်လုံး၊
နေအိမ်နဲ့ ဆိုင်ခန်း ၅ဝ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ photo: RFA/ Moe Thu Aung, Kyaw Zawe Win |
||
Posted: 30 Apr 2013 04:49 AM PDT
ရန်ကုန်တိုင်းဒေသကြီး၊
တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့သို့ ဆက်စပ်မြို့နယ်များဖြစ်သည့် မှော်ဘီ၊
လှည်းကူး၊ မင်္ဂလာဒုံ၊ တိုက်ကြီးမြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များ၊
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့များမှ
ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ရင်း(၃)/ (၅)/(၆)များမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း
ဆောင်ရွက်ရ်ျ လုံခြုံရေး အဖွဲ့များ အနေဖြင့် ဥက္ကံလုံခြုံရေးအား
စိုးမိုးရယူထားလျက်ရှိပြီး နယ်မြေ အေးချမ်းလျက်ရှိပါသည်။
ဥက္ကံမြို့အား သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး ဥက္ကံမြို့တွင် ဈေးပတ်လမ်းရှိ ဆိုင်အချို့ ပျက်ဆီးခဲ့ပြီး အနော်ရထာရပ်ကွက်ရှိ ဈေးဗလီ တွင် ကြီးမားသည့် ပျက်ဆီးမှု မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ သစ်ထူးလွင် |
||
Posted: 30 Apr 2013 03:13 AM PDT
ထားဝယ်-ဧပြီ၃၀
ထားဝယ်တက္ကသိုလ်ဝင်း အတွင်း “ချဉ်ပေါင်ကျား” (ခေါ်) “အင်းကျား” တစ်ကောင်ကိုဧပြီ ၂၈ရက်ကတွေ့ရှိ၍ မွေးမြူ စောင့်ရှောက်ထား ကြောင်း သိရသည်။ တောမိုးတောင်ခြေနှင့် နီးကပ်စွာတည်ရှိသည့် ထားဝယ်တက္ကသိုလ်ဝင်း အတွင်းရှိ ရေတွင်းတစ်တွင်းထဲသို့ ကျနေသော ကြောင်သာသာအရွယရှိထားဝယ်ဒေသအခေါ် “ချဉ်ပေါင်ကျား” (ခေါ်) “အင်းကျား”တစ်ကောင်ကို နယ်မြေ၀န်ထမ်းတစ်ဦးက တွေ့ရှိပြီး ၊ ယခုအခါ ၄င်း၏အိမ်တွင်ပင် မွေးမြူ စောင့်ရှောက်ထားကြောင်း တွေ့ရသည်။ “ဒီနားပတ်ဝန်းကျင်မှာကတော့ ဒီကျားအငယ်လေးတွေကို မကြာမကြာတွေ့ရ တတ်ပါတယ်။ တစ်ခါတစ်လေ မွေးထားတဲ့ ကြက်တွေကို လာလာဆွဲ တတ်တာကလွဲလို့ လူကိုတော့ အန္တရာယ်မပြုပါဘူး၊ ဆရာ၊ ဆရာမတစ်ချို့ဆို ညည လမ်းလျှောက်ရင်း ဒီအကောင်လေးတွေ ဖြတ်ပြေးတာမျိုး မြင်နေကျပါ ၊ ခုလည်းအစာလာရှာရင်း ရေတွင်းထဲပြုတ်ကျပုံရပါတယ် ” ဟု အင်းကျားကို ရရှိထားသူ နယ်မြေ၀န်ထမ်း ကိုမျိုးဝင်းကပြောသည်။ ထားဝယ်တက္ကသိုလ်သည်ထားဝယ်မြို့မှ အနောက်ဘက် (၄) မိုင်ခန့်အကွာ ထားဝယ်မြစ်အနောက်ဘက်ရှိ လောင်းလုံးမြို့နယ်၊ ကမျောကင်းရွာတွင်တည်ရှိပြီး (၃၇၀.၇)ဧကခန့် အကျယ်အ၀န်းရှိသည်။ သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်) Popular Myanmar News Journal |
||
Posted: 30 Apr 2013 03:07 AM PDT
တရုတ်နိုင်ငံအကူအညီနဲ့
စစ်ရဟတ်ယာဉ်တွေ ရရှိတယ်လို့ စစ်သတင်းအသားပေး ဂျိမ်းစ်
လစဉ်ထုတ်ဂျာနယ်ရဲ့ရေးသားချက်အေ
ဖေဖော်ဝါရီနဲ့ မတ်လမှာ ဝေဟင်ပစ်ဒုံး တီဝိုင်-၉၀ (TY-90)နဲ့ အလယ်အလတ် သယ်ဆောင်ရေး Mil Mi-17 ရဟတ်ယာဉ်တွေကို တရုတ်က ယူဒဗလျူအက်စ်အေအဖွဲ့ကို ပေးခဲ့တယ်လို့ တိုင်းရင်းသားတွေနဲ့ အစိုးရ သတင်းရင်းမြစ်တွေကို ကိုးကားပြီးတော့ ဧပြီ ၂၉ ရက်ထုတ် ဂျိမ်းစ် လစဉ်ထုတ်ဂျာနယ်မှာ ရေးသားထားပါတယ်။ ဒီရဟတ်ယာဉ်တွေကို တရုတ်မှာ လေ့ကျင့်ထားတဲ့ ယူဒဗလျူအက်စ်အေ က လေယာဉ်မှူးတွေက မောင်းတာလား၊ တရုတ်လေယာဉ်မှူးတွေက မောင်းတာလား ဆိုတာ ကိုတော့ ရှင်းရှင်းလင်းလင်းမသိရဘူးလို့ ဂျိမ်းဂျာနယ်က ရေးပါတယ်။ Mi-17 ရဟတ်ယာဉ် ၅ စင်းကို တရုတ်ကနေ တိုက်ရိုက်မဟုတ်ဘဲ လာအိုဘက်က တဆင့် မဲခေါင်မြစ်ကို ဖြတ်ပြီးတော့ ယူဒဗလျူအက်စ်အေအဖွဲ့ ထိန်းချုပ်ရာနယ်မြေကို ပေးပို့ခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင် သတင်းရင်းမြစ်ကို ကိုးကားထားသလို မြန်မာစစ်တပ်ကတော့ ၂ စင်းပဲ ပေးပို့ခဲ့တယ်လို့ အတည်ပြုနိုင်တဲ့အကြောင်း အစိုးရ သတင်းရင်းမြစ်ကို ကိုးကား ရေးသားထားပါတယ်။ ယူဒဗလျူအက်စ်အေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို မေးမြန်းရာမှာတော့ ဒီသတင်း မှားယွင်းတယ်လို့ ဖြေဆိုပါတယ်။ “မောင်းတတ်တဲ့လူလည်းမရှိ၊ နားလည်သူလည်းမရှိ ဘယ်သူက လာထောက်ပံ့မှာလဲ။ သတင်းကမဖြစ်နိုင်တဲ့ သတင်းပါ။ အပြင်က ပြောပြောနေတဲ့ ယူဒဗလျူအက်စ်အေက တရုတ်ကထောက်ပံ့တာတွေ သုံးတယ် ဆိုတဲ့ သတင်းတွေကတော့ အများကြီးပေါ့။ ဒါတွေက အရင် ဗကပ ခေတ်ကတည်းက လက်နက်တွေအများကြီးပါ။ ဒီသတင်းတွေ. ၀ ကို ရဟတ်ယာဉ်တွေ ထောက်ပံ့တယ်၊ ပေးတယ်ဆိုတဲ့ သတင်းတွေထုတ်တဲ့သူ ကိုယ်တိုင်က ဘာလို့ ထုတ်လဲဆိုတာ စဉ်းစားစရာပဲ။ ၀ မှာက ပညာတတ်တွေလည်း မရှိဘူး။ ရဟတ်ယာဉ်မောင်းတတ်တဲ့ အင်ဂျင်နီယာလို အတတ်ပညာရှင်တွေလည်း ရှိမှမရှိဘဲ။ သတင်းထုတ်တဲ့သူကို ပြန်မေးရမယ်၊ ဘာသဘောနဲ့ ဒီ သတင်းထုတ်လဲဆိုတာ။” ဒီသတင်းသာ မှန်မယ်ဆိုရင်တော့ ရုရှားဆီကနေ မကြာခင်ကမှရရှိခဲ့ပြီးတော့ ကချင် လွတ်လပ်ရေးတပ်မတော်ကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ Mi-24Pကို TY-90 ဒုံးကျည်က တားဆီးနိုင်မယ်လို့လည်း ဂျာနယ်မှာရေးပါတယ်။ တီဝိုင်-၉၀ (TY-90)ဟာ ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်နိုင်တဲ့ ပေါ့ပါးတဲ့ တရုတ်လုပ် ဝေဟင်ပစ် ဒုံးကျည်အမျိုးအစား ဖြစ်ပါတယ်။ ဒီသတင်းဖော်ပြချက်အပေါ် ရန်ကုန်အခြေစိုက် တရုတ်သံရုံးကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိသူတဦးက မဖြစ်နိုင်ဘူးလို့ ပြောဆိုပါတယ်။ ဒီလို လက်နက်တွေအပြင် လူသယ်ဆောင်နိုင်တဲ့ လေကြောင်းကာကွယ်ရေးစနစ် (MANPADS) ကိုလည်း ယူဒဗလျူအက်စ်အေအဖွဲ့က တရုတ်ဆီကနေ တဆင့် ၂၀၀၁ မှာ တပ်ဆင်ခဲ့တယ်လို့ ဒီဂျာနယ်က အရင်က ရေးသားခဲ့ပါတယ်။ တရုတ်ဆီကနေ လက်နက်တပ်ဆင်ထားတဲ့ ယာဉ်တွေကို ယူဒဗလျူအက်စ်အေအဖွဲ့က ရရှိထားတယ်ဆိုတဲ့ ဒီဇင်ဘာလထုတ် ဂျိမ်းဂျာနယ်ရဲ့ ရေးသားချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်န၀ါရီလတုန်းက ငြင်းဆိုခဲ့ဖူးပါတယ်။ by ဒီဗွီဘီ |
||
Posted: 30 Apr 2013 03:00 AM PDT
ရန်ကုန်တိုင်းဒေသကြီး၊
ဥက္ကံမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက ဘာသာရေးအဆောက်အဦနဲ့ ဆိုင်ခန်းတချို့
ဖျက်ဆီးမှုခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိတ္ထီလာခရိုင်နဲ့ ပဲခူးတိုင်းအနောက်ပိုင်းက မြို့နယ်တွေမှာ ဖျက်ဆီးမှုတွေဖြစ်ပွားပြီး ငြိမ်သက်နေရာကနေ ဥက္ကံမြို့မှာ ပြန်ဖြစ်တာပါ။ ဒီနေ့ မနက် ၁၀ နာရီခန့်က ဥက္ကံမြို့နယ်က ဘုရားကြီးဈေးထဲမှာ ဆွမ်းခံကြွလာတဲ့ အသက် ၁၁ နှစ်အရွယ် ကိုရင်တပါးကို အမျိုးသမီးတဦးက ဆိုင်ကယ်နှင့်တိုက်မိလို့ သပိတ်ကွဲရာကနေ ဆူပူမှုတွေဖြစ်ပွားပြီး ဘာသာရေးအဆောက်အဦ ၂ ခုနဲ့ ဆိုင်ခန်းတချို့ ဖျက်ဆီးမှုတွေ ဖြစ်ခဲ့တာလို့ ဥက္ကံမြို့မှာ နေထိုင်သူတွေက ပြောပါတယ်။ ဥက္ကံမြို့ဈေးနားမှာ နေထိုင်သူ မြို့ခံတဦးက “ကိုရင်လေးက ဈေးထဲဆွမ်းခံကြွတာ အဲမှာဆိုင်ကယ်က၀င်တိုက်တော့ သပိတ်ကွဲသွားတယ်။ သူက မချေမငံဆက်ဆံတယ်။ ဘေးလူတွေက မကျေမနပ်ဖြစ်တယ်။ အလိုလိုမှ ဖြစ်ချင်နေတာ၊ ထိန်းမရသိမ်းရဖြစ်ကုန်တာ။ အဲမှာ မခံချင်စိတ်တွေနဲ့ လူတွေကစုလာပြီး ဗလီတွေဖျက်၊ ဆိုင်တွေပါဖျက် ဖြစ်ကုန်တယ်။ ရဲက သေနတ်ဖောက်တားရတဲ့ အဆင့်ရောက်တယ်” လို့ ပြောပါတယ်။ ဥက္ကံမြို့နယ် ဆင်ခြေဖုံးရပ်ကွက်နဲ့ ရွာတွေကလူတွေပါ ပါဝင်လာတဲ့အတွက် အခြေအနေကို ထိန်းသိမ်းဖို့ သံဃာတော်တွေနဲ့အရပ်သားတွေ ကြိုးပမ်းခဲ့တယ်လို့လည်း ပြောပါတယ်။ ဥက္ကံရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပြီး အပျက်အစီး စာရင်းကိုတော့ စစ်ဆေးနေဆဲပဲလို့ ဆိုပါတယ်။ by စုစုလှိုင် (ဒီဗွီဘီ) |
||
Posted: 30 Apr 2013 02:54 AM PDT
မြန်မာနိုင်ငံရဲတပ်ဖွဲ့က
ရရှိတဲ့ ကနဦး သတင်းများအရ ဥက္ကံမြို့မှာ ဆွမ်းခံတဲ့ ကိုရင်နဲ့ အမျိုးသမီး
တစ်ဦး တိုက်မိပြီး သပိတ်လွတ်ကျတဲ့ ဖြစ်စဉ်က အစပြုကာ ဒီနေ့ နေ့လည်
တစ်နာရီကျော်မှာ ဗလီနဲ့ အနီးက ဆိုင်ခန်းအချို့ကို
တိုက်ခိုက်မှုပြုခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ က သေနတ်ပစ်ဖောက် လူစုခွဲ
ခဲ့ရကြောင်းသိရပါတယ်။ ညနေသုံးနာရီကျော်မှာ အခြေအနေကို ထိန်းသိမ်းနိုင်ပြီး
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးနဲ့ လုံခြုံရေးတပ်ဖွဲ့များလည်း
ရောက်ရှိသွားပြီလို့ သိရှိရပါတယ်။
ဆိုင်ခန်းအချို့ ပျက်စီးပြီး ဗလီက မှန်အချို့ကွဲသွားကြောင်း၊ မီးလောင်ပျက်စီးမှုမရှိကြောင်းသိ အခြေအနေအသေးစိတ်သိရှိရပါက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ သတင်းထုတ်ပြန် ပေးပါ့မယ်။ ဦးရဲထွဋ် - Facebook |
||
Posted: 30 Apr 2013 02:26 AM PDT
ချင်းလူမျိုးအများစုနေထိုင်သည့်
အိန္ဒိယ အရှေ့ မြောက်ဘက် မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်ရှိ Saikhumphai
ကျေးရွာရှိ လူနေအိမ် ၄၀ လုံးကို ဒေသခံလူထုက မီးရှို့  လိုက်တယ်လို့သိရသည်။
ဧပြီလ ၂၉ ရက် မနက်ပိုင်းက Saikhumphai ကျေး ရွာရှိ ချင်းလူမျိုး များနေထိုင်နေကြ သည့် နေအိမ် ကို Vaphai လူထု ၁၀၀ ကျော်က မီးရှို့  ဖျက်ဆီးလိုက်ကြောင်း လို့ Saikhumphai ကျေး ရွာနေ ချင်းအမျိုး သားတဦးက ပြောပါတယ်။ “ဒီနေ့မနက်ပိုင်းမှာ ရွာကိုမီးရှုဖို့ Vaphai ကျေး ရွာ လူထု အသက် ၁၅ မှ ၆၀ ကြားလူထုအများကြီး ကျတော်တို့ နေတဲ့ ရွာဘက်ကို တက်လာတယ်၊ မီဇိုရမ်ရဲတွေ ကဟန့်တားနေတဲ့ အချိန်မှာဘဲ၊ Tiau ချောင်းဘက်ကနေ လူဦးရေ ၁၀၀ ခန့် ထပ်ရောက်လာတော့ ပြည်သူရဲတွေကလည်း မဟန့်တား နိုင်တော့ဘူး၊ အဲဒီလူတွေက ကျနော်တို့နေတဲ့ အိမ်တွေ မီးရှို့ လိုက်တယ်” ဟုအဆိုပါ ချင်းအမျိုးသား တဦးက ပြောပါတယ်။ Tuai ချောင်း ဘက်ကနေ တက်လာတဲ့ Vaphai ရွာသားများသည် ပုလင်းထဲ ရေနံဆီထည့် ထားပြီး နေ့လယ် ၁၂ နာရီကျော်တွင် ပုလင်းကိုမီးရှို့ ကာ ပုလင်းနဲ့ Saikhumphai ကျေးရွာ သားများ၏ နေအိမ်ကိုပေါက်ကာ တရွာလုံးမီးလောင်ကျွမ်းခြင်ြး Saikhumphai ရွာသားတချို့ သည် အဝက်အစား၊ အိပ်ယာ၊ အိုးခွက်ပန်းကန်များကို သာ ပြန်ရနိုင် ကြပြီး ယခု လောလောဆယ် မည့်သည့်နေရာတွင် အခြေစိုက်မည်၊ ဘယ်ဖက်ကို ဦးတည်ပြီး ပြောင်းရွှေ့  မည်ကို မသိရှိဘဲ ရွာနီးနားတွင် ခေတ္တာ ခိုလှုံနေ ဆဲဖြစ်ကြောင်း သိရသည်။ “ငိုတဲ့သူကငို၊ ကျနော်တို့မှာ သွားစရာ၊ နေစရာကို မရှိတော့ဘူး လမ်းဘေးမှာဘဲ ငုတ်တုတ်ထိုင်နေ ကြတယ်” ဟုဒေသခံတစ်ဦးက ဆိုသည်။ အခုမီးရှုခံလိုက်ရသည့် အိမ်ပိုင်ရှင်များသည် မီဇိုရမ်ပြည်နယ်တွင် နေထိုင်ခွင့် ID ကပ်ပြားရှိထား သည့် ပုဂ္ဂိုလ် များ ဖြစ်ကြောင်း ပြောဆိုကြသော်လည်း ကျန်ဖိုင်ခရိုင် Khawbung ကျေးရွာ ရဲမှူး Pu Lalrohlua က တရားမ၀င် မီဇိုရမ်ထဲတွင် နေထိုင်ကြသည့် နိုင်ငံခြားသားများဖြစ်ကြောင်း ၂၀၁၂ခုနှစ် အောက်တိုဘာလ (၂၅) ရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ ထို့ ကြောင့် တရားမ၀င်နေထိုင်ကြသည့် နိုင်ငံခြားသားများကို ခရိုင်တရားရုံးက ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၃၁)တွင် Saikhumphai ကျေးရွာမှ ထွက်ခွါကြရန် အမိန့် ထုတ် ထားပြီးဖြစ် သည်။ Saikhumphai ကျေးရွာတွင် Pu Fungthanga, Vanlalkunga, Rozama, Rinmuani, Tialmenpari, Manglianhrea, Rohungliana, Lalnunthanga, Paktinthanga, Tawkruaia နှင့် Thawngliankapa မိသားစုများနေထိုင်ကြပြီး လူဦးရေအားဖြင့် (၇၃) ဦးရှိကြောင်း ရဲမှူး Lalrohlua အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ သို့ သော် ဒေသခံများကမူ မီးရှို့ ခဲ့သည့် အိမ်ခြေ (၄၀) ရှိကြောင်း အတည်ပြုပြောဆိုခဲ့ကြသည်။ Saikhumpai ကျေးရွာသည် ၁၉၆၃ ခုနှစ်ကတည်းကစပြီး မြန်မာနိုင်ငံဘက်ကနေ ချင်းလူမျိုး တချို့ စတင်ပြောင်းရွှေ့လာကြတာဖြစ်ပြီး Vaphai ကျေးရွာကောင်စီအဖွဲ့ကလည်း အသိ အမှတ်ပြုကာ နေထိုင်ခွင့်ပြုထားသူများ ဖြစ်ပါသည်။ ထိုသို့ နေထိုင်ခွင့်ပြု၍ ချင်းလူမျိုးများသည် ၄င်းကျေး ရွာတွင် နေထိုင်ကြပြီး တောင်ယာလုပ်ငန်းများကို လုပ်ကိုင်ကြကာ အသက်မွေးဝမ်းကြောင်းခဲ့ကြသည်။ မီဇိုရမ်အာဏာပိုင်များသည် ၂၀၁၂ခုနှစ် နိုဝင်ဘာလဆန်းပိုင်တွင် ချင်းလူမျိုးလူဦးရေ ၈၀ ခန့်ကို ကျေးရွာ ကနေ မောင်းထုတ်လိုက်ကြပြီး သူတို့နေ ထိုင်ခဲ့တဲ့အိမ်တွေကိုလည်း ချိတ်ပိတ်ခဲ့ သည်။ ခိုနှုမ်းထုန် |
||
Posted: 30 Apr 2013 02:08 AM PDT
ရန်ကုန် ဧပြီ ၃၀
အမေရိကန်ထိပ်တန်း Ford ကားများအား ယခုနှစ်အတွင်း ပြည်တွင်း၌ စတင်ရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏ်ီမှ ယနေ့နံနက် ၁၀ နာရီတွင် အင်းလျားလိခ်ဟိုတယ်၌ ရှင်းလင်းပြောကြားခဲ့သည်။ Ford ကုမ္ပဏီအနေဖြင့် ပြည်တွင်းမှ Capital Automotive ကုမ္ပဏီနှင့် ပူးပေါင်း၍ မော်တော်ကားအသစ်များ စတင်တင်သွင်းသွားမည် ဟု Capital Automotive ကုမ္ပဏီမှ ဦးခင်ထွန်းကပြောသည်။ ၏ပထမဦးဆုံး အရောင်းပြခန်းအား ရန်ကုန်မြို့ လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ်တွင် တည်ဆောက်နေပြီဖြစ်ပြီး ၀န်ဆောင်မှုအပိုင်းနှင့် အပိုပစ္စည်း များအတွက်ပါထောက်ပံ့ပေးသွားမည် အဆိုပါ အရောင်းပြခန်း၌ Ford ၏ One Ford ကားများ ၊ ထရပ်ကားများနှင့် SUV ကားများ စတင်ရောင်းချပေးသွားမည်ဖြစ်ကြော သုတလင်း - Popular Myanmar News Journal |
||
Posted: 30 Apr 2013 02:04 AM PDT
ပြည်တွင်းပြည်ပ
မီဒီယာတချို့ဟာ တပ်မတော်နဲ့ ပတ်သက်ပြီး လိုရာဆွဲ သတင်းပေးပို့မှုတွေ
ရှိခဲ့တာကြောင့် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ တပ်မတော်အနေနဲ့လည်း
မီဒီယာကဏ္ဍ တိုးချဲ့ဖို့ လုပ်နေတယ်လို့ စစ်ရေးချုပ် ဒု-ဗိုလ်ချုပ်ကြီး
ခင်ဇော်ဦးက ပြောပါတယ်။
ဒီနေ့မနက် ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ ကျင်းပတဲ့ မြ၀တီ မီဒီယာဂရုဖ်နဲ့ မီဒီယာတွေ တွေ့ဆုံပွဲမှာ ခုလို ပြောဆိုလိုက်တာပါ။ တပ်မတော်ပိုင် မြ၀တီမီဒီယာဂရုဖ်အနေနဲ့ လာမယ့် မေ ၁ ရက်နေ့ကစပြီး မြ၀တီသတင်းစာကို လက်ရှိ ၂၄ မျက်နှာကနေ ၃၂ မျက်နှာ တိုးချဲ့ ထုတ်ဝေသွားမယ့်အပြင် မြ၀တီနဲ့ ဆက်စပ် ရုပ်သံလိုင်း ၆ လိုင်းကိုလည်း လက်ရှိ တနေ့ ၁၁ နာရီ ထုတ်လွှင့်နေရာကနေ တနေ့ ၁၈ နာရီ တိုးချဲ့ ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။ မြန်မာ့တပ်မတော်ဟာ မြန်မာပြည်မှာ အကြီးဆုံး စီးပွားရေးဦးပိုင် လီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ ပိုင်ဆိုင်သလို မြ၀တီ ရုပ်သံ၊ သဇင်အသံလွှင့်ဌာန၊ မြ၀တီသတင်းစာ၊ မဂ္ဂဇင်းနဲ့ စာအုပ်တွေ ထုတ်ဝေနေတဲ့ မြ၀တီ စာအုပ်တိုက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ by ဒီဗွီဘီ |
||
Posted: 30 Apr 2013 01:49 AM PDT
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရဲစခန်းမှ စခန်းမှူး
ရဲအုပ်တင်အောင်သည်၊ လက်အောက်တပ်ဖွဲ့ ၀င်များအပေါ် ဒီမိုကရေစီဝါဒနှင့်အညီ
လုပ်ဖေါ်ကိုင်ဘက်ဟု သဘောမထားဘဲ၊ အာဏာရှင်ဝါဒကို ယနေ့ထိ စွဲ
ကိုင်ကျင့်သုံးကာ၊ မောက်မာရိုင်းပြစွာ ခွဲခြားဆက်ဆံသည့်အပြင်၊
လူအများရှေ့တွင် လက်အောက်တပ်ဖွဲ့ဝင်များ ကို အရှက်ရစေသော နည်းလမ်းဖြင့်
ရိုက်နှက်၊ ထိုးကြိတ်ပြီး မိမိကိုယ်ကို ဂုဏ်တင်နေသဖြင့် တပ်ဖွဲ့ဝင်အချို့မှ
နာကြည်းမှုများရှိနေသည်ဟု သိရသည်။
အထူးသဖြင့် နယ်ထိန်းတပ်ဖွဲ့ဝင်အချို့မှာ ၎င်းတို့၏ဆန္ဒမပါဘဲ၊ အဓမ္မ တာဝန်ပေး စေခိုင်းခြင်း ခံနေရ ပြီး၊ နယ်မြေအတွင်းရှိ ဒုစရိုက်သမားများထံမှ လိုင်းကြေးငွေများကို ထောင်နှုတ်ခမ်းနင်း၊ ဦးခေါင်းရင်း၍ ကောက် ခံပေးနေရပါသည်။ ထို့အပြင် ရဲစခန်းတစ်ခုလုံး၏ လစဉ် အထွေထွေ ကုန်ကျစရိတ်များကိုလည်း၊ ရပိုင်ခွင့်သာလွန်သော စခန်းမှူးနှင့် အရာရှိများက ၎င်းတို့၏ ရပိုင်ခွင့်များထဲမှ အပွန်းပဲ့ မခံဘဲ၊ နယ်ထိန်းတပ်ဖွဲ့ဝင်(၁၀)ဦး ကိုသာ အနိုင် ကျင့်ကာ အချိုးချ၊ ကျခံစေသောကြောင့် နယ်ထိန်းတပ်ဖွဲ့ဝင်များမှာ တစ်ဦးလျှင် လစဉ်၊ ငွေကျပ် တစ်သိန်း ကျော်စီ စိုက်ထုတ်ပေးသွင်း ကုန်ကျနေရပါသည်။ ထိုသို့ ကုန်ကျနေရသဖြင့် ၎င်းတို့၏ လစာငွေအား ထုတ်ယူခွင့် မရသည့်အပြင်၊ လိုအပ်သောငွေကို လည်း မရမက ရှာဖွေပေးဆပ်နေရသဖြင့် ဇနီးမယားများကို စားရိတ် မအပ်နိုင်သောကြောင့် အိမ်တွင်ရေး ပဋိ ပက္ခများ ဖြစ်ပေါ်ခံစားနေရပြီး၊ မိသားစု စားဝတ်နေရေး၊ ကလေး ကျမ္မာရေးနှင့် ကျောင်းသားများ ပညာရေးတို့ အတွက် ချို့တဲ့နစ်နာမှုများ ရှိနေကြောင်းသိရသည်။ ထိုနစ်နာမှုများကြောင့် နယ်ထိန်းတပ်ဖွဲ့ဝင်အချို့က နယ်ထိန်းတာဝန်မှ နှုတ်ထွက်ခွင့်ပေးပါရန် တောင်း ဆိုသော်လည်း၊ စခန်းမှူးမှ ပေးမထွက်သည့် အပြင်၊ လုပ်ပိုင်ခွင့်ကို အခြေခံသော ခြိမ်းခြောက်မှုများ ရှိနေသဖြင့် စခန်းမှူးအပေါ် မကျေနပ်မှုများရှိနေကြောင်းသိရှိ ဗဟန်း နယ်ထိန်း |
||
Posted: 30 Apr 2013 01:42 AM PDT
ဧပြီလ ၂၆ ရက် ၂၀၁၃
ရက်နေ့ နံနက် ၄ နာရီခွဲခန့်တွင် ဘူးသီးတောင်မြို့နယ်၊
ရခိုင်ကွန်ဒိုင်ကျေးရွာမှ စက်လှေဖြင့် ဘူးသီးတောင်မြို့သို့ဈေးဝယ်ထွ
ထိုစဉ် စက်မောင်း ဦးမင်းသူထွန်း(မှတ်ပုံတင်အမှတ် ခြေနှစ်ဖက်လုံးကို သစ်လုံးဖြင့် အကြိမ်ကြိမ်ကြိတ်ပြီး ကိုယ်ခန္ဓာအား သစ်သားတုတ်ဖြင့် အကြိမ်(၁၀) ထက်မနည်း ရိုက်နှက်သည်။ ထိုစဉ် လှေပေါ်ပါလာသည့် ဦးကျော်ဇောလှ( မှတ်ပုံတင်အမှတ်- ၁၁/ဘသတ(နိုင်)၀၁၁၈၅၆) (ဘ) ဦးထွန်းအောင်ဖြူ၊ အသက်(၃၇)နှစ်က ဝင်တားရာ အဆိုပါ ဒုအရာခံဗိုလ်က တုတ်ဖြင့် (၂)ချက် လွဲရိုက်သည်ဟုလည်းသိရသည်။ အဆိုပါ ဦးမင်းသူထွန်းမှာ ခြေ၊ နောက်ကျောနှင့် မျက်နှာများတွင် ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးကုသခံလျှက်ရှိသည်။ ဝင်တားသူ ဦးထွန်းအောင်ဖြူမှာလည်း ခန္ဓာတွင် ဒဏ်ရာရသွားကြောင်း သိရသည်။ ထို ဒုအရာခံဗိုလ်နှင့် အပေါင်းပါတို့သည် အရက်သောက်စားထားသည်ဟုလည်း ဦးထွန်းအောင်ဖြူက ဆိုသည်။ ထိုသို့ အနိုင်ကျင့်မှုကို ဘူးသီးတောင်ရဲစခန်းတွင် သွားရောက်တိုင်ကြားရာ လက်မခံကြောင်းလည်းသိရသည်။ အဆိုပါ ဒုအရာခံဗိုလ်နှင့် ရဲဘော်တို့သည် ဧပြီလ ၂၁ ရက် ၂၀၁၃ နေ့ကလည်း လှေပေါ်ပါလာသည့် မိန့်ကလေးတစ်ဦးအား ပေးရန်တောင်းသည်ဟု ဦးမင်းသူထွန်းပြောပြချက်အရ သိရသည်။ ရွာသူတွေပါဟုငြင်း၍ အငြိုးဖြင့် ယခုလိုလုပ်ခြင်း ဖြစ်သည်ဟုလည်း သူကဆိုသည်။ ၎င်း ကင်းစခန်းတွင် ထိုသို့အနိုင်ကျင့်မှုများ မရှိခဲ့ဖူး အဆိုပါ ဒုအရာခံဗိုလ်ရောက်လာမှ ထိုသို့ပြုမူခြင်းဖြစ်ကြောင်း ထိုသို့ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် တပ်မတော်သားများ ပြည်သူများကို အကာအကွယ်ပြုရမည့်အစား ဒေသခံတိုင်းရင်းသားလူနည်းစု ရခိုင်တိုင်းရင်းသားများကို နိုင်ထက်စီးနင်းပြုနေခြင်းကို သက်ဆိုင်ရာလူကြီးများနှင့် နိုင်ငံတော်သမ္မတကြီးတို့ သိစေလိုကြောင်းနှင့် ထိထိရောက်အရေးယူ စေလိုကြောင်းလည်း ဦးမင်းသူထွန်းက ဆိုသည်။ သစ်ထူးလွင်
|
||
Posted: 30 Apr 2013 06:49 AM PDT
|
||
Posted: 30 Apr 2013 06:53 AM PDT
|
||
Posted: 30 Apr 2013 01:24 AM PDT
ရန်ကုန်၊ ဧပြီ ၂၉
မသင်မနေရ မူလတန်းပညာရေး စနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မသင်မနေရ ပညာရေး ဥပဒေ ပြဋ္ဌာန်းသင့်ကြောင်း အခြေခံ ပညာရေးအကြံပေးပုဂ္ဂိုလ် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဦး က The Voice သို့ပြောကြားသည်။ မြန်မာနိုင်ငံတွင် မသင်မနေရ မူလ တန်းပညာရေးကို ၂၀၁၁-၂၀၁၂ ပညာ သင်နှစ်၌ စတင် အကောင်အထည် ဖော်ခဲ့ရာတွင် အလုံးစုံ လွှမ်းခြုံနိုင်ရန် ဥပဒေတစ်ခု ပြဋ္ဌာန်းဆောင်ရွက်သင့်ကြောင်း ၄င်းက အကြံပြုသည်။ "လောလောဆယ်တော့ ဥပဒေဆွဲတဲ့ နေရာမှာ ကူညီဖို့ ကမ်းလှမ်းထားတာ မရှိပါဘူး။ သူတို့ဘာသာ ရေးဆွဲမှာပါ" ဟု ဦးသန်းဦးက ထပ်လောင်းပြောကြားသည်။ အခြေခံပညာကဏ္ဍ ၂၀၁၃ ခုနှစ် အမျိုးသားပညာရည် မြင့်မားရေး နှီးနှော ဖလှယ်ပွဲတွင် ဖတ်ကြားသော ခေတ်စနစ်နှင့် အညီ အခြေခံပညာကဏ္ဍ ဖွံဖြိုးတိုးတက်ရေး စာတမ်း၌ မြန်မာနိုင်ငံ၏ မသင်မနေရ မူလတန်းပညာရေး စနစ် အောင်မြင်ရန် မသင်မနေရ မူလတန်းပညာရေး ဥပဒေကို ရေးဆွဲရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ ပညာရေးဝန်ကြီးဌာနက မသင်မနေ ရ မူလတန်းပညာရေး အတွက် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ပြဋ္ဌာန်းစာအုပ် ကျပ် ၁၈၃၅ ဒသမ ၅ သန်းဖိုး ၊ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းသုံး ဗလာစာအုပ် ကျပ် ၇၂၂၄ သန်း ဖိုးခန့် နှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင်မူ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ် တို့အပြင် ငွေကျပ် တစ်ထောင်စီပါ ထောက်ပံ့ရန် စီစဉ်လျက်ရှိသည်။ မြို့နယ်လုံးကျွတ် မသင်မနေရ မူလတန်းပညာရေး ဆောင်ရွက်ရန် မြို့နယ် လေးမြို့နယ်တွင် ယခုပညာသင်နှစ်၌ စမ်းသပ်သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။ နိုင်ငံအလိုက် အခြေခံပညာရေး ကဏ္ဍတွင် မသင်မနေရ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ပညာရေး တို့ကို အစိုးရက ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်လျက်ရှိသည်။ The Voice Weekly |
||
Posted: 30 Apr 2013 01:22 AM PDT
ထိုင်း-မြန်မာနယ်စပ်က
ကျွန်းငယ် ၃ ခုအပေါ် ပိုင်ဆိုင်မှုပြဿနာ ပြန်လည်ပေါ်ပေါက်လာခဲ့တာနဲ့
ပတ်သက်ပြီး ထိုင်းစစ်တပ်အကြီးအကဲက ထိုင်းလူဆိုးတွေကြောင့် ဖြစ်ရတာလို့
အပြစ်တင်လိုက်ပါတယ်။
ထိုင်းလူမှောင်ခိုဂိုဏ်းတွေဟာ တရားမ၀င်အလုပ်သမားတွေကို အဲဒီကျွန်းငယ်တွေပေါ်မှာ ၀ှက်ထားကြရာက ပိုင်နက်ပြဿနာ အသစ်တဖန် ပြန်ပေါ်လာရတာလို့ ထိုင်းစစ်တပ်အကြီးအကဲ ဖရာယွတ် ချန်အိုချာက ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါတယ်။ TBC ခေါ် ထိုင်းမြန်မာနယ်စပ်ကော်မတီဝင် မြန်မာကိုယ်စားလှယ်တွေက ၁၉၃၉ ခုနှစ် ဗြိတိသျှအစိုးရ ရေးဆွဲခဲ့တဲ့မြေပုံတွေအရ အဲဒီကျွန်းငယ်တွေဟာဟာ မြန်မာနိုင်ငံပိုင်နက်အတွင်းမှာ ထိုင်းဗိုလ်ချုပ်ကြီး ဖရာယွတ်ကတော့ ဒီကျွန်းတွေရဲ့ ပိုင်ဆိုင်မှု ပြဿနာဟာ ကြာမြင့်လှပြီဖြစ်ကြောင်း၊ ဒီကျွန်းတွေကို ဘယ်ဘက်ကမှ အသုံးမပြုကြဖို့ TBC ခေါ် ထိုင်း မြန်မာ နယ်စပ်ကော်မတီမှာ နှစ်နိုင်ငံသဘောတူညီခဲ့ကြကြောင် ဒီအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ဘဲ ကိုယ့်လူမျိုးကိုယ်သာ အပြစ်တင်ချင်ပါတော့တယ်၊ သူတို့ဟာ တိုင်းပြည်မျက်နှာမကြည့်ဘဲ ကိုယ်ကျိုးကိုသာကြည့်တဲ့ မျိုးချစ်စိတ်ကင်းမဲ့သူတွေပါပဲ ဒါပေမဲ့ ဒီပြဿနာမှာ မြန်မာတချို့လည်း ပါဝင်နေပါတယ်၊ ဒီပြဿနာနဲ့ ပတ်သက်လို့ နှစ်ဘက်ဆွေးနွေးခဲ့ကြပြီး၊ ဒီကျွန်းတွေပေါ်မှာ တက်ရောက်နေသူတွေကို မောင်းထုတ်ဖို့ နှစ်ဘက်သဘောတူခဲ့ကြတယ်လို့ ဗိုလ်ချုပ်ကြီး ဖရာယွတ် ပြောပါတယ်။ RFA Burmese |
[Message clipped] View entire message
0 comments:
Post a Comment