ပြည်သူမသိအောင် ၁ဝ နှစ်နီးပါးဖုံးထားသည့် မြစ်ဝကျွန်းပေါ် သောက်သုံးရေအချို့ အာဆင်းနစ်ဓာတ် မြင့်တက်နေမှု ထုတ်ဖော်ပြောသင့်ပြီ
Soe Gyi and 6 other people shared Popular Myanmar News Journal's photo.
မြစ်ဝကျွန်းပေါ်ဒေသအချို့ရှိ သုံး စွဲရေတို့တွင် သောက်သုံးရန် မသင့် သည့် အာဆင်းနစ်ဓာတ်ပါဝင်မှု အချိုး အစား မြင့် တက်နေခြင်းကို ဒေသခံများ သိအောင် ထုတ်ဖော်ပြောကြားသင့်ပြီ ဟု ဟင်္သာတမြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ် သူ ဦးလှိုင်စိုးက ဖွင့်ဟပြောဆိုလိုက်သည်။
၂ဝဝ၃-၂ဝဝ၄ ကာလတွင် ယူနီ ဆက်၊ ကျန်းမာရေးဌာနနှင့် ရေအရင်း အမြစ်ဌာနတို့ ၏ သောက်သုံးရေများထဲ တွင် အာဆင်း နစ်ဓာတ်ပါဝင်နေမှုအ ချိုးအစားများကို သုတေသနပြုခဲ့ရာ စစ် တမ်းစာစောင်ထွက်ရှိခဲ့သော်လည်း ထို စစ်တမ်းထဲ၌ ဒုတိယ အများဆုံးတွေ့ရှိခဲ့ သည့် ဟင်္သာတမြို့နယ်အကြောင်း စာ တမ်းကို ယခုမှ ရရှိ သိရှိခဲ့သည့်အတွက် ၄င်းက ထိုသို့ပြောဆို ခဲ့ခြင်းဖြစ်သည်။”ဒီမှာမွေးပြီး
ဓာတုဗေဒပညာရှင် အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာမောင်ကျော်က စိန်နှင့်သံပရာတွဲသောက်ပါက သေ တတ်သောဓာတ် မှာ အာဆင်းနစ်ဓာတ် ဖြစ်သည်ဟု ဆိုသည်။”သိပ်များရင် ဒီဓာတ်က သေ တယ်။ ဒီအာဆင်းနစ်ရဲ့ ပုံစံက ချက် ချင်းမသိဘူး။ တဖြည်းဖြည်းနဲ့ သွားတာ။ ဒါကလည်း ပါဝင်မှု ၃ဝဝ ထက်များလာ ရင်ပိုဆိုးတာပေါ့။ နောက်ပြီး ဒီဓာတ်က ဓာတ်ခွဲဖို့ ခက် တယ်။ များနေတယ်ဆိုရင် ဒါက တော်တော်သေချာဖို့တော့ လို တယ်။ မှန်မှ။ မမှန်ရင် ကြောက်လန့် ကုန်မယ်။ မှန်နေတယ် ဆိုရင်လည်း အသိကပေးရမှာပေါ့” ဟု ဒေါက်တာ မောင်ကျော်က ဆိုသည် ဧရာဝတီတိုင်းဒေသများသို့ ယခင် စစ်ဆေးစဉ်က ပါဝင်ခဲ့သူ အဆင့်မြင့်အ ရာရှိကြီးက လက်ရှိအချိန်တွင် ထုတ် ဖော်ပြောကြားလိုသော်လည်း လူထု ထိတ်လန့်ကုန်မည်ဖြစ် သဖြင့် မပြောခိုင်း ခြင်းဖြစ်သည်ဟု ဦးစိုးလှိုင်က ဆိုသည်။
စစ်တမ်းအရ ဟင်္သာတမြို့နယ်၌ ရေတွင်း ရေကန် ၂၃၉၉၉ ခုရှိရာတွင် ၆၂၄၂ ခုမှာ အာဆင်းနစ်ဓာတ်ပါဝင်ရ မည့်အချိုးအ စားထက် ပိုများနေပြီး အဆိုးဆုံးမှာ ကျုံပျော်မြို့နယ်ဖြစ်သည်။ ကျုံပျော်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စား လှယ် ဒေါက် တာစိုးသူရ က ”အချို့ဒေသတွေမှာ ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်။ ကျွန်တော်တို့ ဒေသ တွေမှာဆို ကွင်းကြီး၊ သောင်ကြီး၊ ဂုံ ညှင်းတန်း၊ ဒီဘက်တွေမှာ ရှိရမယ့် ပမာ ဏထက်များနေတယ်။အဲဒီတုန်း အချိန် က ကျွန်တော်ကိုယ်တိုင် တာဝန်ကျနေ တဲ့နေရာလည်းဖြစ်တော့ ပညာပေးတာ ပေါ့ဗျာ။ တွေ့ရှိတဲ့ရေတွင်းတိုင်းရဲ့ ပိုင် ရှင်တွေကိုပြောတာပေါ့။ မ သောက်သင့် တဲ့ရေဆို အဲဒီတုန်းက အနီကပ်တယ်။ ဆရာဝန်ပဲဗျာ။ အဲတုန်းက လူထုတွေကလက်မခံတာမျိုး အချို့ရှိခဲ့တယ်ဗျ” ဟု ပြော သည်။အာဆင်းနစ်နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသို့ ပေါ်ပြူလာ နယူးစ်မှ မေးမြန်းခဲ့ရာ ၄င်းတို့က လွှတ် တော်တွင် အမေးအဖြေဖြင့် ဖြေဆိုရန်ရှိ ကြောင်း သာ ဖြေသ ည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အာ ဆင်းနစ်ဓာတ်ပါဝင်မှုအချိုးအစား မြင့် မားနေသော ရေတွင်းရေကန် တစ်သန်း ခွဲရှိနေသည့်အတွက် တရားဝင်ထုတ်ပြန် ကြေညာခဲ့သည်။ အာဆင်းနစ်ဓာတ် မှာ မြေကြီးထဲတွင် ခိုအောင်းနေပြီး ထို ဓာတ်တွေ့ရှိပြီး နှစ် ၁ဝဝ ကျော်သည် အထိ မပျောက်နိုင်ကြောင်း ပညာရှင် များက ပြောသည်။
သက်နိုင်၊ မင်းသုအောင်
0 comments:
Post a Comment