ထိုက်တန်ဘ၀ နေထိုင်ကြ

၁။ အကောင်းမြင်ပါ- အကောင်း၊ အဆိုး၊ သာမန် ဘ၀မှာ ဘယ်လို အနေအထားနဲ့ကြုံပါစေ၊ ကောင်းတဲ့ ဘက်က တွေးပါ။ အပျက်စိတ်ထက် အပြုစိတ်နဲ့ နေရတာ တကယ် ပျော်စရာပါ။
၂။ ရတဲ့အခိုက်ကို တန်အောင်နေ- ၀မ်းနည်းဖို့၊ စိတ်ပျက်ဖို့၊ အထီးကျန်ဖို့ တစက္ကန့်လေးတောင် မပေးပါနဲ့၊ သီချင်းတွေဆို အားရပါးရ ကခုန်ပါ၊ ကုန်နေတဲ့ အချိန်တွေ ပြန်မရတော့ပါ။
၃။ အတ္တသေးသေးထား- လူတိုင်းအတ္တရှိတယ်ဆိုပေမယ့် မဖြစ်သလောက်သာ ထားပါ၊ ရဖို့ထက် ပေးဖို့တွေးပါ။ သိထား၊ တတ်ထား၊ ရှိထားတာတွေ မျှဝေပါ။ အတ္တထက် ပရကို ကြိုးစားလုပ်ဆောင်ပါ၊ တကယ်လုပ်နိုင်ရင် ဘယ်လောက် အကျိုးများပြီး ကျေနပ်စရာ ကောင်းသလဲ ဆိုတာကို ကိုယ်တွေ့ ခံစားရပါလိမ့်မယ်။
၎။ မကြာခဏ ရယ်မောပါ- နေပျော်တဲ့ဘ၀ဆိုတာ အရယ်အရွှန်းတွေနဲ့ ဖွဲ့တည်ထားတာပါ၊ ရယ်မောတယ်ဆိုတာ ဘ၀ရဲ့ အရေးအကြီးဆုံး ကိစ္စပါ။ ဒါကြောင့် တတ်အားသရွေ့ ရယ်ပါ၊ မပြတ်သွားအောင် ပြုံးပါ။
၅။ ပစ္စုပ္ပန်တည့်တည့်ရှု- တရားမှတ်ဖို့ ပြောနေတာ မဟုတ်ပါဘူး၊ ပြင်မရတဲ့ အတိတ်ဆီ ကျော့ကျော့ သွားမနေပါနဲ့။ စီမံခန့်ခွဲတဲ့ ဆရာကြီးတွေ ပြောတတ်သလိုမျိုး အနာဂတ်ကိုလည်း သိပ်ကြီး မစဉ်းစားပါနဲ့...၊ လက်ရှိဘ၀ကို အားရှိပါးရှိ နေထိုင်ပါ။ ချစ်သူ၊ မိဘ၊ မောင်နှမ၊ ကလေးတွေနဲ့ သူငယ်ချင်းတွေကို အချိန်ပေးပါ။
၆။ လုပ်သင့်တာကို လုပ်ပါ- ရည်မှန်းချက်ထားပြီးရင် ဖြစ်အောင်လုပ်ပါ၊ ကျန်းမာရေးကို ဂရုစိုက်ပါ၊ ငွေနောက်ကို သိပ်မလိုက်ပါနဲ့...၊ ဒါဆိုရင် နောင်တရစရာ နည်းပြီး ပျော်ပါလိမ့်မယ်။
၇။ ၀ါသနာထား လုပ်ပါ- စာဖတ်တာ၊ ပန်းချီရေးတာ၊ သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲ့ ပြောဆို ဆွေးနွေးတာ၊ စာအပြန်အလှန် ရေးကြတာ၊ ဖေ့စ်ဘုတ်ကို အကျိုးရှိအောင် သုံးတာ စသဖြင့် ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်မှုပေးတဲ့ ကိစ္စတွေ (၀ါသနာ) ကို လုပ်ဆောင်ပါ။
၈။ ကိုယ်ကိုယ်တိုင်ပါပဲ- သူများပုံစံ၊ သူများအတု မယူဘဲ ကမ္ဘာပေါ်မှာ တဦးတည်းရှိတဲ့ လူသားအသွင် နေပါ။ ကိုယ့်စိတ်ကြိုက် ကိုယ်ဝတ်စားပါ၊ နေတတ်သလို နေပါ၊ ဟန်မလုပ်ထားရင် ပြီးတာပါပဲ။ လုပ်ချင်တာကို လုပ်ပါ၊ ကိုယ့်ပုံစံနဲ့ ကိုယ်နေပါ။
၉။ မေတ္တာဆောင်ထား ဘယ်ခါမမှား- တရားမျှတခြင်း၊ ကြင်နာခြင်း၊ မေတ္တာထားခြင်းဟာ ကိုယ့်ပျော်ရွှင်မှုကို မထိခိုက်စေတဲ့အပြင် ရထား/ ခံစားနေတဲ့ ပျော်ရွှင်မှုကိုတောင် မြှင့်တင်ပေးပါတယ်။ ကိုယ့်ကြောင့် သူများတွေ အတုမြင်၊ အတတ်သင်ပြီး တုန့်ပြန်မှုကောင်းတွေ တွေ့မြင်၊ ခံစားရပါလိမ့်မယ်။ သူငယ်ချင်းကောင်းတွေ များများရှိပါစေ (အဲ... သူငယ်ချင်းကောင်း ရှိဖို့ဆိုတာက ကိုယ်တိုင်ကလည်း သူငယ်ချင်းကောင်း ဖြစ်ဖို့ လိုပါတယ်) သူငယ်ချင်းတွေ အကူအညီ လိုအပ်ချိန်မှာ ကူညီပါ၊ ကိုယ် အကူအညီ လိုတဲ့အချိန်ကျရင် တူတဲ့ အကျိုးကို ခံစားရပါလိမ့်မယ်။
၁၀။ တွေးချိန်ထားပါ- ငြိမ်းချမ်း အေးဆေးတဲ့ အချိန်လေး ထားပြီး တွေးကြည့်ပါ၊ ကိုယ့်အောင်မြင်မှုတွေ၊ အောင်မြင်ဖို့ ကျန်နေတဲ့ ရည်မှန်းချက်တွေ (ကိစ္စတွေ)၊ ဆက်လက် အောင်မြင်ချင်တဲ့ အကြောင်းအရာတွေ ဖြည်းဖြည်း စဉ်းစား တွေးကြည့်ပါ။ စိတ်ကြည်ရင် ရုပ်ကြည်ပါတယ်၊ စိတ်ငြိမ်ရင် လူထိန်လင်း (အရောင်ထွက်) တာပေါ့။
၁၁။ ပျော်တဲ့အလုပ်ကို လုပ်ပါ- အမြဲတမ်း စိတ်ဝင်စားတာကို လုပ်ပါ၊ လုပ်နေတဲ့ အလုပ်မှာ ပျော်ပြီး အမြဲတမ်း တိုးတက် ဆန်းသစ်အောင် လုပ်ဖို့ အားသန်နေတယ် ဆိုရင်တော့ လုပ်တဲ့ အလုပ်က မှန်နေပြီလို့ ပြောလို့ ရပါတယ်။ ပျော်နေတဲ့ ကိုယ့်အလုပ်ကို ဘယ်အကြောင်းကြောင့်မှ၊ ဘယ်သူ့ကြောင့်မှ မပျက်ပါစေနဲ့။
၁၂။ ကိုယ့်လိုလူတွေ များအောင်လုပ်ပါ- လူ့လောကဟာ တဦးတည်းတယောက်ထဲ နေရတဲ့ကမ္ဘာ မဟုတ်ပါဘူး။ ဒါကြောင့် အပေါ်က အချက် ၁၁ ကို ကိုယ်က လိုက်နာ ကျင့်သုံးနေတယ်ဆိုရင် သူများတွေ ကျင့်သုံးအောင်လည်း စည်းရုံးဖို့ လိုပါတယ်။ ဒါမှ သာယာ ပျော်ရွှင်စရာ ကောင်းတဲ့ လူ့ဘောင်တခုကို ကျွန်တော်တို့ တည်ဆောက်နိုင်ကြမယ် မဟုတ်ပါလားဗျာ။
၂၀၁၃ ဧပြီ ၂၂၊ ညနေ ၅ နာရီ။
လန်ဒန်။
Source: http://www.wikihow.com/Love-Life
Welcome to the canopy of smart writers offering benchmarking services in writing reviews for movies both customized and general. WE ARE THE WRITERS is a notable brand in Movie Review Writing having professional standards and critics perspective!
ReplyDelete