Sunday, April 21, 2013

ဗုံးပေါက်မှုနဲ့ မီဒီယာ အခန်းကဏ္ဍ

Thet Tun and Zaw Zaw Soe shared Burma-Newselite's photo.
ဗုံးပေါက်မှုနဲ့ မီဒီယာ အခန်းကဏ္ဍ
~~~~~~~~~~~~~~~~~
ဘော်စတွန်ဗုံးပေါက်ကွဲမှုအပေါ် မီဒီယာတွေရဲ့ သတင်းတင်ပြပုံနဲ့ ပတ်သက်ပြီး မီဒီယာတွေအကြား ဆွေးနွေးတင်ပြနေတာ အတော် စိတ်ဝင်စားစရာကောင်းပါတယ်။ 

အမေရိကန်က မီဒီယာကြီးဖြစ်တဲ့ CNN က သူတို့ဆီက မှားယွင်းတင်ပြချက် ကိုလည်း ပြန်ပြီးတင်ပြနေပါတယ်။ သံသယရှိသူ နံပတ်၂ ကို ဖမ်းမိပြီလို့ အရင်စလို ကြေညာခဲ့ပေမဲ့ နောက်ပိုင်းမှာ မမိသေးတဲ့ အကြောင်း
 ပြန်ဖြေရှင်းခဲ့ရလို့ပါ။ အကြီးတန်းရဲအရာရှိတဦးက ပြောခဲ့တယ်ဆိုပေမဲ့ အဲဒီသတင်းကို ထပ်မံစုံစမ်းလေ့လာတာ မလုပ်ဘဲ ထုတ်လွှင့်ခဲ့တဲ့အတွက်ပါ။ ဒီလိုထုတ်လွှင့်ချက်ကြောင့် မီဒီယာလောကမှာ CNN အတွက် အမဲစက် ထင်စေခဲ့ပါတယ်။ ဒီသတင်းမှားကိုပဲ AP, FOX သတင်းဌာနတွေကလည်း အလျင်အမြန် ဖော်ပြခဲ့ပါတယ်။ 

အဆိုးဆုံးကတော့ စီအန်အန် အသံလွှင့်သူ ဂျွန်ကင်းက သံသယရှိသူကို အသားညိုတဲ့ သူ လို့ ပုံဖော်ပြတဲ့အတွက် တာဝန်မဲ့တဲ့ ထုတ်လွှင့်မှုအဖြစ် လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်း အဖြစ် ၀ိုင်းဝန်းဝေဖန်တာ ခံခဲ့ရပါတယ်။ သူက ရဲအရာရှိပြောတဲ့ စကားကို ပြန်ပြောတယ်ဆိုပေမဲ့ မီဒီယာရဲ့ ဒီလို ထုတ်လွှင့်မှုကြောင့် အသားညိုသူအားလုံး သံသယဖြစ်ဖွယ် အထင်ခံရနိုင်တဲ့ အတွက် ပါပဲ။ အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ အာရပ်၊ အရှေ့ အလယ်ပိုင်း စသဖြင့် ကမ္ဘာ့လူဦးရေ တ၀က်လောက်ကို အသားညိုသူတွေကို သတ်မှတ်ထားလို့ပါပဲ။

မီဒီယာတချို့ရဲ့ ခန့်မှန်းယူဆချက်တွေနဲ့ ကောက်ချက်ဆွဲ တင်ပြချက် အတော်များများက မှားယွင်းခဲ့တယ်လို့ ဆိုပါတယ်။ နယူးယောက် ပို့စ်ကလည်း ဘာမှမသက်ဆိုင်တဲ့ စုံတွဲတတွဲရဲ့ ပုံကို သံသယဖြစ်သူတွေ အဖြစ် တင်ထားခဲ့ပါသေးတယ်။ 

စိတ်ဝင်စားစရာတခုက ဒီဖြစ်စဉ်ကြီးတခုလုံးမှာ မီဒီယာရဲ့ အခန်းကဏ္ဍပါ။ သတင်းဖြစ်တိုင်း တင်နေလို့ မီဒီယာ တာဝန်မကျေဘဲ လူတွေလိုအပ်တဲ့ သတင်းအချက်အလက်တွေကို ပေးသင့်တယ်လို့ ဆွေးနွေးကြတာ တွေ့ရပါတယ်။ ဒီ ၂ယောက်ဖမ်းမိရေးအပေါ်မှာ အာရုံထားနေတဲ့ တပြိုင်နက်ထဲမှာပဲ ကျန်ခဲ့သူတွေ ဆက်လက်ရပ်တည်ဖို့ သတင်းတွေကို အလေးပေးသင့်တယ် လို့ ဆိုပါတယ်။ ငါးပွက်ရာငါးစာချတဲ့ ဆူလွယ်နှပ်လွယ် လူကြိုက်မယ့် သတင်းမျိုး တင်ပြသူတွေများတယ်လို့ ပရိဿတ်တွေရဲ့ ဝေဖန်သံတွေလည်း ကြားရပါတယ်။

ဘာသာရေး လူမျိုးရေးမုန်းတီးမှုတွေကြောင့် ရာဇ၀တ်မှုတွေဖြစ်မလာအောင် ဂရုစိုက်တင်ပြသင့်တယ်လို့ လည်း ဆွေးနွေးကြပါတယ်။
 နိုင်ငံအရေးအရာတွေမှာ မီဒီယာရဲ့ အခန်းကဏ္ဍက အရေးကြီးလှတဲ့အတွက် ဘယ်အဖြစ်ကို ဇောင်းပေးတင်ပြမလဲ၊ ဘယ်နှစ်ကြိမ်တင်ပြမလဲ၊ သတင်းရဲ့ ဘယ်နှစ်ရာခိုင်နှုန်းက ဘယ်အပေါ်မှာ အခြေခံသလဲ စသဖြင့် ချိန်ဆပြီး ဖြစ်ပေါ်လာတဲ့ အကျိုးအပြစ်တွေကို တွက်ဆရပါတယ်။

မီဒီယာမှာ သတင်းသက်သက် မကဘဲ ဒီသတင်းနဲ့ ဖြစ်ရပ်အပေါ် ဘက်ပေါင်းစုံရဲ့ အမြင် သဘောထား၊ ကျွမ်းကျင်သူတွေအမြင်၊
 နောက်ခံသမိုင်းကြောင်း၊ ပြည်သူတွေရဲ့ သဘောထား စတာတွေကို မျှမျှတတ တင်ပြပေးနိုင်မှ မီဒီယာကဏ္ဍပီပြင်မယ်လို့ ဆွေးနွေးကြပါတယ်။ 
တပြိုင်ထဲလောက် ဖြစ်ပွားခဲ့တဲ့ တက်ဆက်က ဓာတ်မြေသြဇာစက်ရုံ မတော်တဆပေါက်ကွဲမှုအတွက် လူပေါင်းရာကျော်ဒဏ်ရာရပြီး ၁၄ ဦးသေဆုံးရတဲ့ သတင်းက မှိန်သွားခဲ့ပြီး ဘော်စတွန်ဗုံးသတင်းကို လိုအပ်တာထက် ပိုပြီး မီဒီယာတွေက အသားပေးဖော်ပြခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

ပြည်သူတွေကို အတွေးအမြင် ဆင်ခြင်နိုင်ဘွယ် ရှုထောင့်ကနေ တင်ပြပေးနိုင်ဖို့ လူတွေကို သြဇာလွှမ်းမိုးတဲ့ မီဒီယာလောကသားတွေ အခြေအတင် ဆွေးနွေးငြင်းခုံနေတာအကျဉ်းချုပ်ပြီး ပြန်လည်တင်ပြလိုက်တာပါ။ 

ခင်မေဇော် (Burma-Newselite) က CNN, ABC, NBC, NPR သတင်းမီဒီယာတွေက ဆွေးနွေးချက်တွေကို ကိုးကားပြန်ဆိုပါတယ်။ 
ရှယ်နိုင်ပါတယ်။ စာသားကူးချပြီး ပြန်လည်ဖော်ပြခြင်း သည်းခံပါ။

ဘော်စတွန်ဗုံးပေါက်ကွဲမှုအပေါ် မီဒီယာတွေရဲ့ သတင်းတင်ပြပုံနဲ့ ပတ်သက်ပြီး မီဒီယာတွေ အကြား ဆွေးနွေးတင်ပြနေတာ အတော် စိတ်ဝင်စားစရာကောင်းပါတယ်။
အမေရိကန်က မီဒီယာကြီးဖြစ်တဲ့ CNN က သူတို့ဆီက မှားယွင်းတင်ပြချက် ကိုလည်း ပြန်ပြီး တင်ပြနေပါတယ်။ သံသယရှိသူ နံပတ်၂ ကို ဖမ်းမိပြီလို့ အရင်စလို ကြေညာခဲ့ပေမဲ့ နောက်ပိုင်းမှာ မမိသေးတဲ့ အကြောင်း
ပြန်ဖြေရှင်းခဲ့ရလို့ပါ။ အကြီးတန်းရဲအရာရှိတဦးက ပြောခဲ့တယ်ဆိုပေမဲ့ အဲဒီသတင်းကို ထပ်မံစုံစမ်းလေ့လာတာ မလုပ်ဘဲ ထုတ်လွှင့်ခဲ့တဲ့အတွက်ပါ။ ဒီလိုထုတ်လွှင့်ချက်ကြောင့် မီဒီယာလောကမှာ CNN အတွက် အမဲစက် ထင်စေခဲ့ပါတယ်။ ဒီသတင်းမှားကိုပဲ AP, FOX သတင်းဌာနတွေကလည်း အလျင်အမြန် ဖော်ပြခဲ့ပါတယ်။

အဆိုးဆုံးကတော့ စီအန်အန် အသံလွှင့်သူ ဂျွန်ကင်းက သံသယရှိသူကို အသားညိုတဲ့ သူ လို့ ပုံဖော်ပြတဲ့အတွက် တာဝန်မဲ့တဲ့ ထုတ်လွှင့်မှုအဖြစ် လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်း အဖြစ် ၀ိုင်းဝန်းဝေဖန်တာ ခံခဲ့ရပါတယ်။ သူက ရဲအရာရှိပြောတဲ့ စကားကို ပြန်ပြောတယ်ဆိုပေမဲ့ မီဒီယာရဲ့ ဒီလို ထုတ်လွှင့်မှုကြောင့် အသားညိုသူအားလုံး သံသယဖြစ်ဖွယ် အထင်ခံရနိုင်တဲ့ အတွက် ပါပဲ။ အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ အာရပ်၊ အရှေ့ အလယ်ပိုင်း စသဖြင့် ကမ္ဘာ့လူဦးရေ တ၀က်လောက်ကို အသားညိုသူတွေကို သတ်မှတ်ထားလို့ပါပဲ။

မီဒီယာတချို့ရဲ့ ခန့်မှန်းယူဆချက်တွေနဲ့ ကောက်ချက်ဆွဲ တင်ပြချက် အတော်များများက မှားယွင်းခဲ့တယ်လို့ ဆိုပါတယ်။ နယူးယောက် ပို့စ်ကလည်း ဘာမှမသက်ဆိုင်တဲ့ စုံတွဲတတွဲရဲ့ ပုံကို သံသယဖြစ်သူတွေ အဖြစ် တင်ထားခဲ့ပါသေးတယ်။

စိတ်ဝင်စားစရာတခုက ဒီဖြစ်စဉ်ကြီးတခုလုံးမှာ မီဒီယာရဲ့ အခန်းကဏ္ဍပါ။ သတင်းဖြစ်တိုင်း တင်နေလို့ မီဒီယာ တာဝန်မကျေဘဲ လူတွေလိုအပ်တဲ့ သတင်းအချက်အလက်တွေကို ပေးသင့်တယ်လို့ ဆွေးနွေးကြတာ တွေ့ရပါတယ်။ ဒီ ၂ယောက်ဖမ်းမိရေးအပေါ်မှာ အာရုံထားနေတဲ့ တပြိုင်နက်ထဲမှာပဲ ကျန်ခဲ့သူတွေ ဆက်လက်ရပ်တည်ဖို့ သတင်းတွေကို အလေးပေးသင့်တယ် လို့ ဆိုပါတယ်။ ငါးပွက်ရာငါးစာချတဲ့ ဆူလွယ်နှပ်လွယ် လူကြိုက်မယ့် သတင်းမျိုး တင်ပြသူတွေများတယ်လို့ ပရိဿတ်တွေရဲ့ ဝေဖန်သံတွေလည်း ကြားရပါတယ်။

ဘာသာရေး လူမျိုးရေးမုန်းတီးမှုတွေကြောင့် ရာဇ၀တ်မှုတွေဖြစ်မလာအောင် ဂရုစိုက်တင်ပြသင့်တယ်လို့ လည်း ဆွေးနွေးကြပါတယ်။
နိုင်ငံအရေးအရာတွေမှာ မီဒီယာရဲ့ အခန်းကဏ္ဍက အရေးကြီးလှတဲ့အတွက် ဘယ်အဖြစ်ကို ဇောင်းပေးတင်ပြမလဲ၊ ဘယ်နှစ်ကြိမ်တင်ပြမလဲ၊ သတင်းရဲ့ ဘယ်နှစ်ရာခိုင်နှုန်းက ဘယ်အပေါ်မှာ အခြေခံသလဲ စသဖြင့် ချိန်ဆပြီး ဖြစ်ပေါ်လာတဲ့ အကျိုးအပြစ်တွေကို တွက်ဆရပါတယ်။

မီဒီယာမှာ သတင်းသက်သက် မကဘဲ ဒီသတင်းနဲ့ ဖြစ်ရပ်အပေါ် ဘက်ပေါင်းစုံရဲ့ အမြင် သဘောထား၊ ကျွမ်းကျင်သူတွေအမြင်၊
နောက်ခံသမိုင်းကြောင်း၊ ပြည်သူတွေရဲ့ သဘောထား စတာတွေကို မျှမျှတတ တင်ပြပေးနိုင်မှ မီဒီယာကဏ္ဍပီပြင်မယ်လို့ ဆွေးနွေးကြပါတယ်။
တပြိုင်ထဲလောက် ဖြစ်ပွားခဲ့တဲ့ တက်ဆက်က ဓာတ်မြေသြဇာစက်ရုံ မတော်တဆပေါက်ကွဲမှုအတွက် လူပေါင်းရာကျော်ဒဏ်ရာရပြီး ၁၄ ဦးသေဆုံးရတဲ့ သတင်းက မှိန်သွားခဲ့ပြီး ဘော်စတွန်ဗုံးသတင်းကို လိုအပ်တာထက် ပိုပြီး မီဒီယာတွေက အသားပေးဖော်ပြခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

ပြည်သူတွေကို အတွေးအမြင် ဆင်ခြင်နိုင်ဘွယ် ရှုထောင့်ကနေ တင်ပြပေးနိုင်ဖို့ လူတွေကို သြဇာလွှမ်းမိုးတဲ့ မီဒီယာလောကသားတွေ အခြေအတင် ဆွေးနွေးငြင်းခုံနေတာအကျဉ်းချုပ်ပြီး ပြန်လည်တင်ပြလိုက်တာပါ။

ခင်မေဇော် (Burma-Newselite) က CNN, ABC, NBC, NPR သတင်းမီဒီယာတွေက ဆွေးနွေးချက်တွေကို ကိုးကားပြန်ဆိုပါတယ်။
ရှယ်နိုင်ပါတယ်။ စာသားကူးချပြီး ပြန်လည်ဖော်ပြခြင်း သည်းခံပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...