Wednesday, April 24, 2013

ခေတ်အဆက်ဆက် အာဏာငတ်သည့် နိုင်ငံ

Tin Min Latt and 2 other people shared Aungsan Tagun's photo.
ခေတ် အဆက်ဆက် အာဏာငတ်သည့် နိုင်ငံ

ကုန်းဘောင်ခေတ် အာဏာလုပွဲများ အပြီး စစ်ကိုင်းမင်းလက်ထက် ၁၈၂၄ မတ်လ ၅ ရက်နေ့ အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်အင်းဟတ်က မြန်မာနိုင်ငံနှင့် စစ်ဖြစ်ကြောင်း ကြေငြာခံရသည်။ မြ၀တီမင်းကြီး ဦးစနှင့် စစ် သူကြီး မဟာဗနုလ တို့ ပန်းဝါက တိုက်လိုက်၊ ရန်ကုန်ကို ချီတက် တိုက်ခိုက် လိုက်ဖြင့် ခုခံသည်။ အ ဆင့် ဆင့် ခုခံ အပြီး အင်းဝ နေပြည်တော်နဲ့ ၂၅ မိုင်ဝေးသောရွာသို့ အရောက် တွင်တော့ စစ်ကိုင်းမင်းက စစ်ပြေငြိမ်းရေး လုပ်သည်။ မြန်မာပြည်မှ အာသံ၊ မဏိပူရ၊ ရခိုင်နှင့် တနင်္သာရီ ပေးလိုက်ရသည်။ သို့သော် မြန်မာမင်းများ ဆက်ပြီး အာဏာလုသည်။

ထိုမှ တစ်ဆင့် ၂၈ နှစ် အကြာ ပုဂံမင်းလက်ထက် ၁၈၅၂ ဧပြီလ ၅ ရက်တွင်  အင်္ဂလိပ်မှ ရန်ကုန်၊မုတ္တမ၊ ပု သိမ် ကို အလစ်ဝင်ရောက် တိုက်ခိုက်ခံရသည်။ စစ်သားများ ခုခံကြသည်။ ဒီဇင်ဘာ ၁၄ တွင် ပဲခူး ကျပြီးေ နာက် ဒီ ဇင်ဘာ ၂၀ တွင် အောက်မြန်မာနိုင်ငံ သိမ်းပိုက်ကြောင်း ကြေငြာခံရသည်။ ပင်လယ် ထွက်ပေါက် ပိတ် သည်။ မြန်မာမင်းများ မန္တလေးပြောင်းပြီး စိုးစံသည်။ ထို့နောက် အာဏာဆက်လုကြသည်။

ထိုမှ ၃၃ နှစ်အကြာ သီပေါမင်း လက်ထက် ၁၈၈၅ နိုဝင်ဘာ ၁၁ ရက်တွင် စစ်ကြေငြာချင်းခံရသည်။ ရှေ့ တန်း ခံတပ်များ ကျသည်။ အသာတကြည် လက်ခံလျှင် စည်းမျဉ်းခံ ဘုရင်လေးတော့ ဖြစ်ကောင်းပါရဲ့ ဆိုပြီး အာဏာ ယစ်မူးခဲ့သည်။ ခုခံခွင့်မရဘဲ လွတ်လပ်ရေး ဆုံးရှုံးသဖြင့် သမိုင်းရိုင်းခဲ့သည်။ ကျွန်ဖြစ်ခဲ့ သည်။ ကျွန် ဖြစ်ချိန်တွင်တော့ ဘာအာဏာမှ မလုကြတော့။ လုစရာ အာဏာလည်း မရှိ။

၁၉၄၈ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရသည်။ လွတ်လပ်ရေး ရပြီး ၂ လ အကြာ မတ်လ ၂၈ ရက် တွင်  အာဏာလိုချင်သည့် ကွန်မြူနစ်များ တောခိုသည်။ ဇူလိုင် ၁၆ တွင် ရဲဘော်ဖြူများ တောခိုသည်။ ၆ လ အကြာ ၁၉၄၈ ဇူလိုင် ၃ တွင် အာဏာလိုချင်သည့် ကရင် အဖွဲ့မှ သထုံကို သိမ်းသည်။ ကာကွယ်ရေး ဦးစီး ချုပ်အဖြစ် ခန့်ထားသည့် ကရင်တိုင်းရင်းသား ဗိုလ် ချုပ် စမစ်ဒွန်းအစား ဗိုလ်ချုပ်နေ၀င်းကို ပြောင်း လဲခန့်ရသည်။ ၁၉၄၉ ဖေဖော်ဝါ ရီလ ၂ ရက်နေ့တွင် အင်းစိန် သိမ်းသည်။ တပ်မတော်မှ စစ်ကူများကို ပိတ်ဆို့၊ နယ်မြေများကို ပြန်တိုက်ယူရသည်။ ၁၉၄၈-၄၉ အစိုးရအဖွဲ့ ဘာမှ မလုပ်နိုင်ခဲ့။

၁၉၄၉ အောက်တိုဘာတွင် ကူမင်တန် တရုတ်များ မြန်မာနိုင်ငံတွင်း ၀င်ပြီး ၁၉၅၀ ဇန်န၀ါရီတွင် တာချီ လိတ် ကို သိမ်းသည်။ ၁၉၅၃ မှာ တရုတ်ဖြူ အင်အား ၁၂၀၀၀ ရှိလာပြီး ထိုနှစ် မတ်လ ၂၅ တွင် UN ကို တိုင် ကြား ရ သည်။ ဒီလောက် ကေအန်ဒီအို၊ ဗကပ၊ တို့နှင့် ရှုပ်ချိန်တွင် ဖဆပလ အတွင်း ဦးနုနှင့် ဦးဘဆွေ အာ ဏာ လု သည်။ သန့်ရှင်း-တည်မြဲ အကွဲအပြဲဖြင့် ၁၉၅၈ စက်တင်ဘာ ၂၈ တွင် ၀န်ကြီးချုပ် ဦးနု ပြဿ နာ များ မဖြေရှင်း နိုင်တော့သည့် အတွက် တပ်မတော်ကို အာဏာလွှဲရသည်။ အိမ်စောင့် အစိုး ရ တက် သည်။

အိမ်စောင့် အစိုးရတက်ပြီး ၂ နှစ်အကြာ ၁၉၆၀ ဖေဖော်ဝါရီ ၆ ရက်တွင် ရွေးကောက်ပွဲ ကျင်းပပေးသည်။ သန့် ရှင်း ဖဆပလ အနိုင်ရပြီး ဦးနု ၀န်ကြီးချုပ်ဖြစ်သည်။ ဧပြီလ ၄ ရက်တွင် အာဏာလွှဲပေးသည်။ လွှဲပြီး မကြာ ခင် ဦး၊ဗိုလ်၊သခင် အုပ်စု များ ကွဲပြီး အာဏာလုကြသည်။ ၁၉၆၁ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ရှမ်းစော် ဘွား ဟောင်းများ တောင်ကြီးမှ ဖယ်ဒရယ်မူ စာတမ်း အတည်ပြုပြီး တောင်းဆိုသည်။ ပထစ အစိုး ရက မဖြေရှင်း နိုင် သည့် အပြင် ဗုဒ္ဒဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌန်းသည်။

ဘာသာရေး  စည်းရုံးမှုဖြင့် ကချင်သောင်း ကျန်းသူ အင်အားကြီးသည်။ ရှမ်းသောင်းကျန်းသူ တရုတ်ဖြူနှင့် မ ဟာ မိတ် စာချုပ်ချုပ်သည်။ ၁၉၆၂ ဖေဖော် ၀ါရီ ၂၄ ရက်နေ့တွင် လူမျိုးပေါင်းစုံ အစည်းအဝေး ကျင်းပပြီး ရှမ်းေ စာ် ဘွားများ ဖယ်ဒရယ်မူ မရလျှင် ချက်ချင်း ခွဲထွက်မည်ဟု ခြိမ်းခြောက်သည်။ ကချင်နှင့် ကယား လည်း ခွဲထွက်ရန် ပြင်သည်။ နိုင်ငံခြား ရေတပ်ဖွဲ့တစ်ခု မြန်မာ့ ရေပိုင်နက်ထဲရောက်သည်။ ထုံးစံအတိုင်း ၁၉၆၂ မတ်လ ၂ ရက်တွင် အာဏာကို သိမ်းရ ထိန်းရ ပြန်သည်။

၁၉၆၃ ဇွန်လ ၁၁ တွင် တောတွင်းလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး လုပ်သည်။ ငြိမ်းချမ်းရေး မအောင်ြ မင် ခင် ၁၉၆၈ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဗကပများ ရှမ်းပြည်မြောက်ပိုင်း မုန်းကိုး ကို သိမ်း။ ၁၉၆၈ မှ ၁၉၇၁ ထိ တပ် မတော်မှ ပြည်သူနှင့် လက်တွဲပြီး အဖြူရောင် နယ်မြေဖြစ်အောင် ဆောင်ရွက် ခဲ့သည်။ ထို ကာလ သည်ကား ရန်ကုန် တစ်ကွက်မှ မဟုတ်။ တစ်နိုင်ငံလုံးမှ လူမျိုးပေါင်းစုံ အာဏာလိုချင်သည့် ခေတ်ြ ဖစ် သည်။

၁၉၇၄ တွင် အခြေခံဥပဒေ ရေးဆွဲ ပြည်လုံးကျွတ် ဆန္ဒခံယူပြီး အတည်ပြု သည်။ အခြေခံ ဥပဒေအရ မြန် မာ့ ဆိုရှယ်လစ် ပါတီ၏ ဦးဆောင်မှုကို တပ် မတော် ခံယူသည်။ ၁၉၇၅ မတ်လ ၁၅ ရက်နေ့ တွင် ဗကပ (ဗဟို)ကို ချေ မှုန်း သည်။ ဧပြီ ၂၆ ရက်တွင် ပဲခူးရိုးမ တွင် ဗကပ နိဂုံးချုပ်သည်အထိ ဆောင်ရွက် ခဲ့ သည်။ က ချင်ပြည် နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တောင်းဆိုသည်။ အခြေခံ ဥပဒေ ပြင်ဖို့ တောင်းဆိုကြသည်။ ဗကပ မြောက် ပိုင်း မှ အင်အား ၈၀၀ ခန့် စီစီဝမ်-တာပန် ဒေသမှ တပ်မတော် စခန်းများကို တိုက် သည်။ ဗကပ များ ကေ အိုင်အေ ကို လက်နက်၊ငွေကြေး ပုံပေးသည်။ ဆက်ကြေး သိန်း ၁၀၀၊ လူသစ် ၁၀၀၀ နှင့် ခဲ ယမ်း များ ရသည်။

ထိုမျှ တိုင်းရင်းသား လက်နက်ကိုင်များ အရေး ရှုပ်ထွေးသည့် နိုင်ငံတွင် တိုင်းပြည်ကို ဦးဆောင်သည့် ဆို ရှယ် လစ် လမ်းစဉ်ကလည်း မအောင်မြင်။ လစာနည်း ကုန်ဈေးနှုန်းကတက် ပြည်သူများ စိတ်က မကျေ မနပ် ရှိနေ ကြသည်။ အာဏာလုချင်သူများကလည်း ကြိုးစားကြသည်။ သူပုန်ဟောင်းများက ကျောင်းသားထု အတွင်း ၀င်ရောက် သွေးခွဲကြ သည်။ အနောက်အုပ်စုက ပံ့ပိုး သည်။ အဆုံးတွင်တော့ ၈၈ ဆူပူ မှုကြီး ဖြစ်ကာ ၈၈ စက်တင်ဘာ ၁၈ တွင် တပ်မတော်က အာဏာသိမ်း ရသည်။

ရွေးကောက်ပွဲ ပြုလုပ်ပေးမည် ဆိုသည့်အတွက် အန်အယ်လ်ဒီ အပါအ၀င် ပါတီများ အပြိုင်အဆိုင်ဖွဲ့သည်။ ပါတီ တွင်း အာဏာလုကြ သည်။ ၁၂-၃-၈၉ တွင် ကိုးကန့်မှ ဗကပ ကိုးကန့်ခရိုင်ရုံးကို သိမ်းသည်။ ဧပြီ ၁၇ တွင် ၀ တိုင်းရင်းသားများ ဗကပ(ဗဟို)ကို ပုန်ကန်သည်။ ထို့နောက် ၀နှင့် ကိုးကန့်တပ်ဖွဲ့များ တပ်မေ တ်ာနှင့် လက်တွဲကာ ၁၉၈၉ တွင် ဗကပ လက်နက်ကိုင်မှု လုံးဝချုပ်ငြိမ်းခဲ့သည်။ တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့ (၁၇)ဖွဲ့နှင့် ငြိမ်းချမ်းရေး ရသည်။

၁၉၉၀ တွင် ရွေးကောက်ပွဲ ကျင်းပသည်။ အာဏာလိုချင်သည့် ပါတီပေါင်း (၂၅၃)ပါတီ ရှိခဲ့သည်။ အာဏာ မရေ သး၊ အာဏာစကား ပြောကြသည်။ ထိုင် ခုံ မရသေး ထိုင်ခုံပေါ်မှ လူများကို ကြိုးပေး သတ်မည်ဟု ခြိမ်း ခြောက်ကြ သည်။ ပြည်ပ အားကိုးပြီး အာဏာလုသည်။ လက်နက်ကိုင်ပြီး အာဏာလု သည်။ ဘာ သာရေး၊ လူမျိုးရေး အကြောင်းပြပြီး အာဏာလုသည်။ ပူးပေါင်းမ ည်ဟု တစ်ခွန်း မရှိ။ အလုံးစုံ ပျက် သုန်းရေးနှင့် အာဏာ ရရှိရေးသာ ရှိသည်။ အနှစ် ၂၀ ကျော်ကြာသည်။

ပလ္လင်  အဆင်သင့်၊ နန်း အဆင်သင့်၊ ဦးနှောက် ရှိသလောက် ပူးပေါင်းေ ဆာင် ရွက်ယုံဖြင့် ခေါင်းဆောင် ရသည်။ အာဏာရှင် စနစ်ကို မုန်းကြောင်း သေလုမတတ် အော်ရင်း အာဏာ စကားထပ်ပြောကြ သည်။ နေရာအလိုက် ကွက်ပြီး အာဏာလိုချင်သူများ ထွက်လာသည်။ တစ်နိုင်ငံ လုံးကို အာဏာ လိုချင် သူများ ထွက်လာသည်။ ရန်ကုန် တစ်ကွက်ကိုပဲ မသေခင် အုပ်ချုပ် ရရင် ကျေနပ်လောက် တဲ့အထိ တိုင်းရင်းသားအရေး ဂရုမစိုက်ဘဲ အာဏာ စကား ပြောကြသည်။

အမေရိကန် သမ္မတ အဖြစ် အပြိုင်အဆိုင် အရွေးခံသည့် ဟီလာရီကလင်တန် သမ္မတ မဖြစ်သော်လည်း အာ ဏာ စကား မပြော။ နိုင်ငံကို သိက္ခာ မချ။ အစိုးရကို မပုတ်ခတ်။ မြန်မာနိုင်ငံသည်ကား သမိုင်း အစဉ် အ ဆက် အာဏာ မငတ်သူ မရှိ။ ဂုဏ်ယူတတ်လျှင် ဂုဏ်ယူဖွယ်ကောင်းသည်မှာကား  ခေတ် အဆက် ဆက် အာဏာ ငတ်ခဲ့သည့် နိုင်ငံဟု...

ကုန်းဘောင်ခေတ် အာဏာလုပွဲများ အပြီး စစ်ကိုင်းမင်းလက်ထက် ၁၈၂၄ မတ်လ ၅ ရက်နေ့ အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်အင်းဟတ်က မြန်မာနိုင်ငံနှင့် စစ်ဖြစ်ကြောင်း ကြေငြာခံရသည်။ မြ၀တီမင်းကြီး ဦးစနှင့် စစ်သူကြီး မဟာဗနုလ တို့ ပန်းဝါက တိုက်လိုက်၊ ရန်ကုန်ကို ချီတက် တိုက်ခိုက် လိုက်ဖြင့် ခုခံသည်။ အ ဆင့် ဆင့် ခုခံ အပြီး အင်းဝ နေပြည်တော်နဲ့ ၂၅ မိုင်ဝေးသောရွာသို့ အရောက် တွင်တော့ စစ်ကိုင်းမင်းက စစ်ပြေငြိမ်းရေး လုပ်သည်။ မြန်မာပြည်မှ အာသံ၊ မဏိပူရ၊ ရခိုင်နှင့် တနင်္သာရီ ပေးလိုက်ရသည်။ သို့သော် မြန်မာမင်းများ ဆက်ပြီး အာဏာလုသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...