အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်တွေဟာ နောက်ဆုံးအချိန်ထိ တစ်ဦးတည်း
အာဏာကိုဆုပ်ကိုင်သူနဲ့ တစ်ပါတီတည်းမှာပဲ ဦးဆောင်သူပြောင်းလဲသွားတဲ့
အာဏာရွင္ပံုစံမ်
ိုး တွေ
ရလေ့ရှိပါတယ်။ ကမ္ဘာ့သမိုင်း မှာ ဘယ်အာဏာရှင်မျိုးမှ အာဏာကို လွယ်လင့်တကူ
စွန့်လွှတ်တယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။
တစ်နည်းအားဖြင့် အာဏာရှင်သည်
မည်သူ့ကိုမျှ ဒီမိုကရေစီ အခွင့်အရေး မပေးပါ။ စစ်အာဏာရှင် အာဏာရူးတွေကြောင့်
ကျွန်တော်တို့တိုင်းပြည်ဟာ အစစအရာရာ နောက်ကျခဲ့ရပါပြီ။နှစ်ပေါင်းများစွာလည်း နောက်ကျလို့နေပါပြီ။ကျွန်တော်တို့နိုင်ငံမှာ သူ့ထက်သူ လူစွမ်းကောင်းတွေ ကြီးပဲပေါ်ခဲ့ပါတယ်။အာဏာရှင်စနစ်ရဲ့အောက်မှာ ကျိန်စာများသင့်နေ ရော့သလားပင်မသိတော့ပါ။ ကျွန်တော်တို့
နိုင်ငံရဲ့ ကံကြမ္မာဟာ ဆိုးရွားလွန်းလှပါတယ် ဆင်းရဲသား ငမွဲ အောက်ခြေ
ကလူတန်းစားတွေရဲ့ဘဝ ကတော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ
ဆိုသလိုပါပဲ။ယခုအချိန်အထိပင် ကံဆိုးမိုးမှောင်ကျလျှက်ရှိနေဆဲပါ………။
ပြောင်းလဲမှုတွေကိုလုပ်နေပါတယ်လို့
ဆိုနေပေမဲ့ အပေါ်ရံ ပြောင်းလဲမှုမျိုးတွေကို အာဏာရှင်တိုင်းပြည်တိုင်းမှာ
သြဇာရှိ၊ ချမ်းသာတဲ့ ရေပေါ်ဆီ တွေက အားတက်သရော ထောက်ခံလေ့ရှိကြပါတယ်။
တိုင်းပြည်ရဲ့ အများစု နင်းပြား ပြည်သူလူထုကတော့ ဒုံရင်း.. ဒုံရင်း
ဆိုတာထက်ပိုဆိုးတဲ့ အခြေအနေမျိုးတွေကို ခံစားရတယ်။ ခေါင်းဆောင်နဲ့
လူထု(သို့)လူထုက ယုံကြည်တဲ့သူတွေအကြားမှာအရည်အသွေးမရှိတဲ့၊
အခွင့်အာဏာမက်မောတဲ့၊ ကိုယ်ကျိုးရှာတတ်တဲ့သူတွေ ၀န်းရံလာပြီး
တံတိုင်းတစ်ခုလို အမြဲရှိနေပါတယ်။ ဒီလူတွေဟာခွဲခြားစည်းရုံးတဲ့နည်းတွေနဲ့
ကိုယ်နဲ့ သဘောမတူသူတွေကို ဖြိုခွင်းတယ် တစ်ဦးနဲ့တစ်ဦး အကြား နားလည်မှုဟာ
အခွင့်အရေးနဲ့ အာဏာဖြစ်လာမယ်။ နောက်ဆုံး ဘုတ်ကျီးမြှောက်၊
ကျီးဘုတ်မြှောက်နဲ့ အာဏာရှင်ဖြစ်လာတော့တာပါပဲ။ ကျွန်တော်တို့လူမျိုးဟာ
အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်တယ်။ ဒီပြင်းထန်တဲ့ စိတ်ဓာတ်ဟာ
မရှိမဖြစ်ပါ။ဒါပေမယ့် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်ခြင်းရဲ့
ဘေးထွက်ဆိုးကျိုးကတော့ စစ်ဘုရင်ဝါဒနဲ့ အာဏာရှင်စနစ်ပဲဖြစ်ပါတယ်။
ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ ပြည်ထောင်စုအပေါ်မှာ ကျေးဇူး သစ္စာ
စောင့်သိ ရိုသေတဲ့သူတွေဟာ ကျွန်တော်တို့ရဲ့ လူမျိုးတွေပဲ
ဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စိန်ခေါ်မှုတွေဟာ အစိုးရနဲ့ အစိုးရရဲ့
အတိုက်အခံ နှစ်ဖက်ထဲကအမြင်ထက် ပိုပြီး ကျယ်ပြန့်ပြီး ပိုပြီး
ပူးပေါင်းဆောင်ရွက်ရမယ့် အမြင်မျိုးကို ပြောင်းရွှေ့လာပြီဆိုတာပါပဲ။
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး၊ အစိုးရ၊
တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား
ငြိမ်းချမ်းရေးကိုဖန်တီးနိုင်စွမ်းက
အရေးပါပါတယ်။ အလုံးစုံ ညီညွတ်ရေး၊ သဘောထားအားလုံး တူညီလက်ခံရေးဆိုတာ
မဖြစ်နိုင်ပါ ဘူး။ ဒီပြဿနာတွေကိုသာ ပါးနပ်လိမ္မာစွာ မကိုင်တွယ်ဘူးဆိုရင်
နိုင်ငံရဲ့အနာဂတ် ဒီမိုကရေစီ အပြောင်းလဲကိုသာမက ပြည်ထောင်စုစစ်စစ်
မျှော်မှန်းချက်တွေကိုပါ ထိခိုက်သွားနိုင်ပါတယ်။ပြည်ထောင်စု
အတွင်းမှာ နေထိုင်တဲ့ နိုင်ငံသားရရှိထားတဲ့ မည်သည့် ဘာသာ၊ မည်သည့်
လူမျိုးမဆို ကိုယ်ယုံကြည်တဲ့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်
ရှိရမှာဖြစ်သလို ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုး အခြေမြှင့် တိုးတက်အောင်
အခြားဘာသာ လူမျိုးအပေါ် မုန်းတီးမှုမရှိဘဲ လုပ်ဆောင်နိုင်ရမှာ
ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဘာသာရေး၊ လူမျိုးရေး
အမုန်းပွားမှုတွေကို မလိုလားပါဘူး။ ဒီအချက်တွေကို လူထုခေါင်းဆောင်တွေ၊
နိုင်ငံရေးသမားတွေ၊ ပညာတတ် လူလတ်တန်းစားတွေ သိမြင် ခံစားပေးနိုင်ဖို့
အင်မတန် အရေးကြီးလှပါတယ်။ တိုင်းပြည်မှာ ဆင်းရဲတာ၊ စာမတတ်တာ၊ ရောဂါဘယ
ထူပြောတာ စတဲ့ လူမှု၊ ကျန်းမာ၊ စီးပွား ပြဿနာအားလုံးဟာ နိုင်ငံရေးဆိုတဲ့
ရေသောက်မြစ် ပြဿနာကြီးဘဲဖြစ်ပါတယ်။ လူထုခေါင်းဆောင်ဆိုသူများ၊
လူထုကိုယ်စားပြုအဖွဲ့အစည်း ခေါင်းဆောင်များ က လူထုရှေ့က မားမားရပ်၊
အပြောနဲ့ မဟုတ် လက်တွေ့ ဦးဆောင် ပြဖို့လည်း လိုပါတယ်။ပြည်သူတွေနဲ့ အတူ
ရပ်တည်ပြီး ပြည်သူ့ပြဿနာ တွေကို ရှေ့က ထုတ်ဖော် ဟစ်ကြွေး၊
မတရားမှုမှန်သမျှကို တာဝန်ယူမှုရှိရှိ နှင့်ဦးဆောင်ပေးဘို့လိုပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံကိုကမ္ဘာ့နိုင်ငံအသီးသီးကစိတ်ဝင်စားကြသလိုအိမ်နီးချင်း စူပါပါဝါနိုင်ငံတွေကလည်း မြန်မာတို့ရဲ့ ရေမြေဒေသ သယံဇာတတွေကိုမျက်စောင်းထိုးနေကြပါတယ်။ကျွန်တော်တို့ရဲ့နိုင်ငံတကာဆက်ဆံရေးမဟာဗျူဟာကပြန်လည်သုံးသပ်ရမှာဖြစ်တယ်။ လွတ်လပ်ပြီးတက်ကြွသောနိုင်ငံခြားရေးမူဝါဒကတော့ခေတ်မမီတော့ပါဘူး။စူပါပါဝါနိုင်ငံကြီးတွေဝန်းရံနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာစစ်တပ်အင်အားမတောင့်တင်းရင်ဘယ်လိုဖြစ်သွားနိုင်တယ်ဆိုတာ ကိုလဲကျွန်တော်တို့သိသင့်ပါတယ်။
ဒါပေမယ့် စစ်တပ်ဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ ဝေးဝေးနေရပါမယ်။
အာဏာရှင်စနစ်က တိုင်းရင်းသားတွေ၊ ပြည်သူတွေနဲ့ နိုင်ငံရေးအစဉ်အလာကြီးမားတဲ့
တပ်မတော်အကြား ချောက်ကမ်းပါးတစ်ခုလို ခြားစေခဲ့တာဖြစ်ပါတယ်။ အခွင့်အရေးကို
ရတိုင်း မယူတတ်တဲ့ ခေါင်းဆောင်တွေ၊ အာဏာကို အလွဲမသုံးတတ်တဲ့
ခေါင်းဆောင်တွေသာများရင် ကျွန်တော်တို့ နိုင်ငံအာဏာရှင်နိုင်ငံ
ဖြစ်စရာမရှိပါဘူး။
ဇော်ဝမ်းမောင်
0 comments:
Post a Comment