Wednesday, April 24, 2013

ဆိတ်ဖွားပြောတဲ့ ၀ဲကရင်ရွာ



ကလင် ကလင် ကလင်
ဆိတ်ဖွါးစုံစမ်းရေးကော်မရှင် ။ ။ ဟုတ်ကဲ့ အမိန့်ရှိပါ ၊ "ဗျာ" .. အခုပြောနေတာ ဆိတ်ဖွါးလား..
ဆိတ်ဖွါး ။ ။ ဟုတ်တယ် ကျုပ် ဟာ ခင်ဗျားတို့ စုံစမ်းနေတဲ့ ဆိတ်ဖွါး စစ်စစ်ဘဲ ၊ ခင်ဗျားတို့ကျုပ် ကိုဘယ်သူလို့ထင်နေလဲ ..
ဆိတ်ဖွါးစုံစမ်းရေးကော်မရှင် ။ ။ ခင်ဗျားဟာ သာမန်ပြည်သူ တစ်ဦး မဟုတ်ကြောင်း တော့ ကျုပ်တို့သိထားပါတယ်။

ဆိတ်ဖွါး ။ ။ ဟုတ်တယ် ၊ ကျုပ်ဟာ သာမန်ပြည်သူ တစ်ဦး မဟုတ်ဘူး ၊ ဒါကြောင့် ခင်ဗျားတို့ အလုပ်လုပ်တဲ့ အခါ ဆင်ခြင်နိုင်အောင် သိထားသင့် တဲ့ ဖြစ်ရပ်မှန် ဇတ်လမ်း တစ်ခုကို ကျုပ် ပြောမယ် ၊ ဒီဇတ်လမ်း ကို နားထောင်ပြီရင်တော့ မင်း တို့ကောင်တွေ ကြည့်ကြက်လုပ်တော့ ၊ ငါ့ကိုသောက်ရှက် ကွဲအောင် မလုပ်ကြနဲ့ ..

------------------------------------------------

တစ်ခါ က ..

ဓါးပြတိုက်တဲ့ အကြိမ်ရေ အများဆုံးစံချိန်တင်ခဲ့ တဲ့ ၀ဲကရင်ရွာ ဟာ ဘားအံ ကော့ကရိတ် လမ်းပေါ်မှာရှိတယ် ။ဝဲကရင်ရွာသူကြီး ဟာ လက်သံပြောင်ပြီး သတ္တိ ကောင်းတာကိုတော့
အဲဒီနယ်တစ်ဝိုက် မှာ မသိသူမရှိ ။ဝဲကရင် ရွာတစ်ဝိုက် လုပ်ရှား နေတဲ့ ဓါးပြအဖွဲ့ ဆိုတာကလည်း အရှောင်အတိမ်း မှာ ဂျက်စီဂျိမ်း ၊ ဘယ်လိုဖမ်းဖမ်း မမိ။

ဓါးပြမှု ဖြစ်တိုင်း အခင်းဖြစ်တဲ့ နေရာကို အလျင်ဦးဆုံး ရောက်လာပြီး ဓါးပြတွေနောက်ကို မကြာက်မရွံ့ ခြေရာခံ လိုက် ဖမ်းလေ့ ရှိတာလည်း သူကြီးနဲ့ သူ့တပည့်ရင်းတွေလောက်ဘဲ ။ ရဲစခန်းဆိုတာ အလှမ်းဝေးတော့ အလုပ်မဖြစ်။

ဓါးပြမှုဖြစ်တိုင်း လွတ်သွားတဲ့ဓါးပြတွေကြောင့်တောက် တခပ်ခပ် ၊ အံတကြိတ်ကြိတ် နဲ့
ဒေါသ အခိုးဝေနေတဲ့ သူကြီး ရဲ့ အကြည့် အောက်မှာ တရွာလုံး မျက်နှာငယ်ကြရတယ် ။ အကြောင်းရင်း က လုပ်သေနပ် ပါတဲ့ ဓါးပြ တွေ နောက်ကို ရွာသားတွေ မလိုက်ရဲ ကြလို့ ။ ဒါကြောင့် ရွာသားတွေဟာ သူကြီးကို အားလည်း နာတယ် ၊ အားလည်းကိုးတယ် ။

ဓါးပြကလည်း တိုက် မြဲ ..

သူကြီးကလည်း လိုက်မြဲ ..

ဒီလိုနဲ့ ၀ဲကရင် က ဓါးပြမှု တွေ ဟာ နာမည်ကြီး သထက် ကြီးလာတော့ မြို့ပေါ်က ရဲတွေ ပါ ဓါးပြ ဖမ်းဆီးရေး အတွက် အကွက်ချ စီမံလာ ရတော့တယ် ။

မထင်မှတ်တဲ့ တနေ့..

အရှောင်အတိမ်း ဂျက်စီဂျိမ်း ဓါးပြ အဖွဲ့ကို ကင်းပုန်းချထားတဲ့ ရဲတွေ ဖမ်းမိလိုက်တယ် ။

တစ်ရွာလုံး အုံးအုံးကြွက်ကြွက် လာကြည့်တော့ ..

ဟိုက် ရှာလဘတ်ရည် ဖြစ်ကုန်ရော ..

လက်နောက်ပြန်ကြိုးတုပ် ထားတဲ့

ဓါးပြခေါင်းဆောင် ဆိုသူဟာ ..

ရွာသားတွေ .. အားလည်း ကိုး ၊အားလည်း နာတဲ့ ..

ဝဲကရင် ရွာသူကြီး ကိုယ်တိုင်ဖြစ်နေတော့တယ် ။ ။
------------------------ :D ----------------------


သိန်းဝင်း

(၀ဲကရင်ရွာ ၏ ဖြစ်ရပ်မှန်ဇတ်လမ်းကိုပြောပြ သော ကိုဆိတ်ဖွါး ကို ကျေးဇူးတင်လျက်)
==================================


(ဒေါက်တာ ဆိတ်ဖွားသည် သာမန်ပြည်သူ တဦး မဟုတ်ကြောင်းလင့်)
http://burma.irrawaddy.org/archives/34825
 — with ငရဲ သား and38 others.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...