Saturday, April 27, 2013

"မြက်စားတဲ့ ၀န်ကြီး"

by Ter Tee (Notes) on Tuesday, April 23, 2013 at 1:47am
 
                                              ရောမ ဧကရာဇ် Caligula
ကျွန်တော်တို့ကြားဖူးနေကျ ရှေးလူကြီးတွေရဲ့ဆိုရိုးစကားတစ်ခုရှိပါတယ်။ "လူမှန် နေရာမှန်" ဆိုတဲ့ စကားပါ။ ရပ်ကွက်ဆွမ်းလောင်းအသင်းလေးဖြစ်ဖြစ် စီးပွားရေး လုပ်ငန်း တစ်ခုပဲဖြစ်ဖြစ် ၊ စကား ကုန်ပြောရရင်နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရပဲဖြစ်ဖြစ် လူအများနဲ့ အဖွဲ့အစည်း အလုပ်လုပ်ကြပြီ ဆိုရင် လူမှန် နေရာမှန် ဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ လူမှန်နေရာမှန် မဖြစ်တဲ့ ဘယ်အဖွဲ့အစည်းမဆို ဘယ်တိုင်းပြည်မဆို ကျရှုံးမှာ အသေအချာပါပဲ။



အဖွဲ့အစည်းတိုင်းမှာလူမှန် နေရာမှန် ဖြစ်ဖို့အတွက် ခေါင်းဆောင်တွေရဲ့ အရည်အချင်းအပေါ်
အများကြီးမူတည်ပါတယ်။ ခေါင်းဆောင်လုပ်တဲ့သူက တာဝန်တွေ ရာထူးတွေပေးအပ်ရတာကိုး။
အဲဒီမှာ ဆန္ဒာဂတိ လိုက်စားပြီး ငါ့တပည့် ငါ့လူကိုငါပေးချင်တဲ့ ရာထူးပေးမဟဲ့ဆိုပြီး သူခိုးကိုဘဏ္ဍာစိုးခန့်ရင်တော့
အဲဒီ ဘဏ္ဍာတိုက် တက်တက်ပြောင်ပြီသာမှတ်ပေရော့။ ဒီကနေ့ ကျွန်တော်တို့ နိုင်ငံကမ္ဘာ့အလည်မှာ
အောက်ကျနောက်ကျနဲ့ ဓါးမနောက်ပိတ်ခွေးဖြစ်နေခဲ့တာဟာ ရှေးပဝေသဏီသက်ဦးဆံပိုင် ဘုရင်တွေ
လက်ထက်ကတည်းက ခုချိန်ထိ လူမှန် နေရာမှန် မဖြစ်ခဲ့တဲ့ အကျိုးဆက်တွေကြောင့်ပါ။


အဲဒီလို ငါတကောကောပြီးပေးချင်တဲ့သူကို ပေးချင်တဲ့ ရာထူးပေးခဲ့တာကြောင့် ကမ္ဘာ့သမိုင်းမှာ မြက်စားတဲ့ ၀န်ကြီးတစ်ပါးရှိခဲ့ဖူးပါတယ်။ ရောမ ဧကရာဇ်တစ်ယောက်ဖြစ်တဲ့ Caligula (AD 12-41) ဟာသူ့စီးတော်မြင်းကို
အလွန်နှစ်သက်ပါတယ်။ အဲဒါကြောင့် တော်ရုံတန်ရုံလူကိုတောင်မပေးတဲ့ ၀န်ကြီးရာထူးကိုပေးခဲ့တယ်။
တကယ်အစစ်အမှန်ကိုအဆောင်ယောင် အခန်းအနားနဲ့ တံဆိပ်တော် အပ်နှင်းပြီး ၀န်ကြီးရာထူးခန့်အပ်ခဲ့တာပါ။
ဝန်ကြီး ကိုရွှေမြင်း ပေါ့ဗျာ။ လူတွေကတောင် အရိုအသေပေးရတယ်ဆိုပဲ။ အဲဒီမြင်းဟာ ၀န်ကြီး ဖြစ်နေပေမယ့်
သူဘာလုပ်တတ်မလဲ။ ဟီမယ် ၊ ကဆုန်ပေါက်ပြေးမယ် ၊ မြက်စားမယ် ဒါတွေလုပ်တတ်ရုံကလွဲလို့
ဝန်ကြီးလုပ်ငန်းတွေဘယ်လုပ်တတ်ပါ့မလဲ။ ကိုယ်နှစ်သက်တဲ့သူကို ကြိုက်သလိုရာထူးခန့်ပြီး စိတ်ကူးထင်ရာတွေ
လျှောက်လုပ်ခဲ့တဲ့ ရောမဘုရင် Caligula ဟာလည်း လုပ်ကြံခံရပြီးသေဆုံးခဲ့ပါတယ်။ ရောမသမိုင်းမှာ သူဟာ ပထမဦးဆုံးလုပ်ကြံခံရတဲ့ ရောမ ဧကရာဇ်ဖြစ်ခဲ့ပြီး  ကမ္ဘာ့ နလပိန်းတုံး ဘုရင်အဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့ပါတယ်။
သံဝေဂရစရာ သတိထားစရာပါ။ ခေါင်းဆောင်တိုင်း လူမှန် နေရာမှန် စီစဉ်တတ်ကြပါစေ။

- Ter Tee

Ref : Google , Wikipedia

မြက်စားတဲ့ ရောမ ၀န်ကြီး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...