နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် အတာသင်္ကြန်နှစ်သစ်ကူးမိန့်ခွန်း
မိဘပြည်သူများခင်ဗျား -
ယခုကဲ့သို့အတာသင်္ကြန်အခါသမယမှာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နေရာဒေသအနှံ့အပြားမှာ မိမိတို့မြန်မာ နိုင်ငံသားအားလုံ
ယခုလို အလေးအနက် တိုက်တွန်းပြောကြားရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ လူမျိုးပေါင်းစုံ၊ လူမှုရေး သဟဇာတရှိရှိ အတူယှဉ်တွဲနေခဲ့တဲ့ သမိုင်းနဲ့ချီတဲ့ အမျိုးသားရေးအစဉ်အလာကို အခြေခံပြီး ပြောကြားရခြင်း ဖြစ်ပါတယ်။ မိမိတို့ လူ့အဖွဲ့အစည်း
ဟာ အခက်အခဲ အကျပ်အတည်းများနဲ့ စိန်ခေါ်မှုများစွာကို အတူလက်တွဲ ကျော်လွှားခဲ့ကြတာ ဖြစ်တဲ့ အတွက် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အယူအဆပေါင်းစုံ သဟဇာတဖြစ်ဖြစ် နေထိုင်နိုင်တဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံစံများ ပိုင်ဆိုင်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်အဖြစ် တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပါတယ်။
ယနေ့ မိမိတို့ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကို ကြည့်မယ်ဆိုရင် ပိုမိုပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နေတာ ဖြစ်တဲ့အတွက် ရှေ့မှာ ကြုံတွေ့ရမယ့်
အခက်အခဲ အကျပ်အတည်းနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားတဲ့ အခါမှာ အမျိုးသား စည်းလုံးညီညွတ်မှုကို အခြေခံတဲ့ စာနာမှုများ၊ ထိန်းညှိမှုများ၊ ညှိနှိုင်းမှုများနဲ့ ပိုမိုကောင်းမွန်အောင် တည်ဆောက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီကနေ့ ဒီမိုကရေစီ တည်ဆောက်ရေးကို လက်တွဲချီတက်ခဲ့ကြတာ နှစ်နှစ်ကျော်ခဲ့ပါပြီ။ ဒီကာလအတွင်းမှာ မျှော်မှန်းမထား နိုင်တဲ့ အောင်မြင်မှုတွေကို တက်လှမ်းနိုင်ခဲ့ သလို မျှော်လင့်မထားခဲ့တဲ့ ဝမ်းနည်း တုန်လှုပ်ဖွယ်
ရာ ကိစ္စရပ်တွေလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒီရေရှည် တည်ဆောက်ရမယ့် ဒီမိုကရေစီ ခရီးရှည်ကြီးမှာ အခုရရှိထားတဲ့ အောင်မြင်မှုတွေကို
ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုတွေကို သင်ခန်းစာယူကာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားဖို့ ပြင်ဆင် ထားကြရမှာ ဖြစ်ပါတယ်။ ပြင်ဆင်တယ် ဆိုရာမှာလည်း
မိမိတို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအနေနဲ့ စိတ်ရှည်မှု၊သည်းခံမှု၊ဇွဲရှိမှုတေ
ကြိုးပမ်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။မိမိတို့ ကြိုးပမ်း တည်ဆောက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အပြောင်းအလဲများ အောင်မြင်ဖို့အတွက် မြန်မာ့ရိုးရာသင်္ကြန်၏ အနှစ်သာရဖြစ်တဲ့ မေတ္တာတရားကို အခြေခံတဲ့ အေးချမ်း တည်ငြိမ်မှုကို အခိုင်အမာ တည်ဆောက် သွားကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။နိဂံုးခ်ုပ္အေ
ကိုလည်း ဤသင်္ကြန် ကာလမှာ သတိထား ကာကွယ်သွားကြပါရန် တိုက်တွန်းအပ်ပါတယ်။မိဘျပည္သူမ်
http://www.moi.gov.mm/speech/
0 comments:
Post a Comment