သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၄)
သစ်ထူးလွင်
|
- ထားဝယ် သင်္ကြန်အကြတ်နေ့ မြင်ကွင်း (ရုပ်/သံ)
- ကျိုတိုတက္ကသိုလ်မှာ ဒေါ်စု မိန့်ခွန်းပြောမည်
- မြို့ နယ် ဆေးရုံ လစ်လျူရှု့ မှုကြောင့် အသက်တချောင်း ဆုံးရှုံး
- ဆွေးနွေးဖို့ မြောက်ကိုရီးယားကို အမေရိကန်ကမ်းလှမ်း
- သင်္ကြန်ကာလမှာ လူငယ်တွေ ပုံမှန်ထက် ဘာလို့ ယာမကာအရက်ကို ပိုသုံးစွဲတာလဲ (အသံဖိုင်)
- ရန်ကုန်မြို့ သင်္ကြန်မြင်ကွင်းများ ဧပြီ ၁၅ - (ရုပ်/သံ)
- မန်းသင်္ကြန် တော်ရိလျော်ရိ သံချပ် မြင်ကွင်း (ရုပ်/သံ)
- မြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့ လာရောက်ဆွေးနွေးခွင့်ပြုဖို့ OIC တောင်းဆို
- မြောက်ဦးသို့ ဓါတ်ဆီပုံးများဖြင့် ၀င်ရောက်ရန် ကြိုးစားသော ဘင်္ဂလီ ၅ ဦးအား ဖမ်းမိ
- ကျောက်ကပ်ကို ဓါတ်ခွဲခန်းမှာ ဖန်တီးနိုင်ပြီ
- မြန်မာတွေ ပိုပျော်ကြတဲ့ မဲဆောက်သင်္ကြန်
- သင်္ကြန်အကျနေ့ ပျော်ပျော်ရွှင်ရွှင်ကျင်းပ
- သင်္ကြန် အကျနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့ မြင်ကွင်း (ရုပ်/သံ)
Posted: 15 Apr 2013 07:32 AM PDT
|
||
Posted: 15 Apr 2013 12:55 AM PDT
ဂျပန်နိုင်ငံမှာ
ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
ကျိုတို တက္ကသိုလ်မှာ ဒီကနေ့ တနင်္လာနေ့မှာ မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။ 1985
ခုနှစ်ကနေ 1986 ခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ ဧည့်ပညာရှင်အဖြစ်
နေထိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ Kyoto မြို့ကို တနင်္ဂနွေနေ့ထဲက
ရောက်ရှိနေတာဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 15 Apr 2013 12:50 AM PDT
မုံရွာခရိုင်၊
ချောင်းဦးမြို့၊ ချောင်းဦး မြောက်ရပ်ကွက်နေ ဦးကျော်ဆွေ +
ဒေါ်အေးခိုင်တို့၏သမီး မဇင်မာအောင်(ခ) မဘုတ်ဆုံသည် ၁၂.၄.၁၃ ရက်နေ့ ညနေ
(၅)နာရီအချိန် ယာခင်းတွင် ငရုတ်သီးဆွက်နေစဉ် မြွေပွေးကိုက်ခံရသဖြင့်
ချက်ချင်း ချောင်းဦးမြို့နယ်ဆေးရုံသို့ တက်ရောက်ကုသခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 15 Apr 2013 12:36 AM PDT
မြောက်ကိုရီးယား
အစိုးရအနေနဲ့ နျူးကလီးယား လက်နက်ဖျက်သိမ်းရေး အတွက် ဦးတည်မယ့်
ခြေလှမ်းတွေကို လုပ်ဆောင်မယ်ဆိုရင်၊ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ
ငြိမ်းချမ်းစွာ ဖြေရှင်းဖို့အတွက် မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ က ကမ်းလှမ်းလိုက်ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 15 Apr 2013 12:30 AM PDT
သင်္ကြန်ကာလမှာ
လူငယ်တွေ ပုံမှန်ထက် ဘာလို့ ယာမကာအရက်ကို ပိုသုံးစွဲတာလဲ။ ပွဲတော်ကာလမှာ
ဖြစ်နေကျ လူကြီးနဲ့ လူငယ်ကြားက အဆင်မပြေအားပြိုင်မှုတွေကော ဘာတွေရှိလဲ။
လင်းလက်ကြယ်စင်က သင်္ကြန်သီချင်းတွေနဲ့အတူ တင်ဆက်ထားတာ နားဆင်ကြပါဦး။ ကိုယ့်အမြင်ကိုလည်း www.facebook.com/llksradio မှာ လာရောက်ဆွေးနွေးပါဦး။ အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 15 Apr 2013 12:20 AM PDT
ရန်ကုန်မြို့ သင်္ကြန်မြင်ကွင်းများ ဧပြီ ၁၅ - (ရုပ်/သံ)
ရိုက်ကူး၊ နေရီရီ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 14 Apr 2013 09:55 PM PDT
မန်းသင်္ကြန် တော်ရိလျော်ရိ သံချပ် မြင်ကွင်း (ရုပ်/သံ)
(ရိုက်ကူး - ချစ်ကို) ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 14 Apr 2013 09:40 PM PDT
အစ္စလာမ်နိုင်ငံများ
ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့OIC က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး
အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဝန်ကြီးအဆင့် ကိုယ်စား
လှယ်အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုဖို့ တနင်္ဂနွေနေ့က ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 14 Apr 2013 09:31 PM PDT
ဧပြီလ
၁၄ ရက်နေ့ နံနက် ၃ နာရီခန့်အချိန်တွင် မြောက်ဦးမြို့ သို့ ဓါတ်ဆီပုံး
များဖြင့် ၀င်ရောက်ရန်ကြိုးစားသော ဘင်္ဂလီ ၅ ဦးအား သက်သေခံပစ္စည်းများ
နှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်းသိရသည်။အဆို
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 14 Apr 2013 07:20 PM PDT
အမေရိကန်
သိပ္ပံပညာရှင်တွေဟာ တကယ့် ကျောက်ကပ်လို အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်တခုကို
ဓါတ်ခွဲခန်းမှာ ဖန်တည်း တည်ဆောက်နိုင်ခဲ့ ကြပါတယ်။ ကြွက်ရဲ့
ကျောက်ကပ်ဆဲလ်ကို ယူပြီး အင်ဂျင်နီယာ နည်းပညာနဲ့ ကျောက်ကပ်ကို
တည်ဆောက်ယူခဲ့တာပါဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 14 Apr 2013 07:07 PM PDT
ထိုင်းရောက်
မြန်မာ ရွှေ့ပြောင်း အလုပ်သမား တွေ အတော်များများမှာ ယာယီ နိုင်ငံကူး
လက်မှတ်တွေ ရှိလာတာကြောင့် နယ်စပ်က မဲဆောက်မြို့ရဲ့ အခုနှစ် သင်္ကြန်မှာ
မြန်မာ နိုင်ငံသားတွေ အရင်နှစ်တွေ ထက် ပိုပြီး ရေပက် လည်ပတ်လာ ကြပါတယ်။
ဈေးဘက်မှာ အစုလိုက် ရေပက်ကစား ကြသလို မုန့်လုံးရေပေါ်၊ ရွှေရင်အေး စတာတွေကို
စတုဒိသာ ကျွေးမွေး ကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 14 Apr 2013 01:57 PM PDT
ရန်ကုန်၊
မန္တလေး အပါအ၀င် မြို့ကြီးတွေမှာ ရေသဘင်ပွဲကို စည်စည်ကားကား
ကျင်းပနေကြပါတယ်။ ဒါပေမဲ့ လူမှုအသိုင်းအ၀ိုင်းကြား မကြာသေးခင်က ဖြစ်ပေါ်ထားတဲ
ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေကို အခြေခံတဲ့ ကောလာဟလတွေ အမျိုးမျိုး
ထွက်နေတဲ့အတွက် တချို့ဒေသတွေမှာတော့ စည်ကားသင့် သလောက် မစည်ကားဘူးလို့
ပြောဆိုနေတာတွေလည်း ရှိပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း
လူမျိုးရေး၊ ဘာသာရေးပုံဖော်လိုတဲ့ ပြည်တွင်းပြည်ပက အကြမ်းဖက်လုပ်ရပ်တွေကို
သင်္ကြန်ကာလမှာ သတိထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဒီလို အခြေအနေတွေကို
ဦးစံမိုးဝေက တင်ပြထားပါတယ်။
သမ္မတကြီးဦးသိန်းစိန်ဟာ သူ့ရဲ့ အတာသင်္ကြန်နှစ်သစ်ကူး မိန့်ခွန်း ပြောကြားရာမှာ ပြီးခဲ့တဲ့နှစ်က ကြုံတွေ့ခဲ့တဲ့ စိတ်ဝမ်းကွဲပြားမှုတွေ၊ ပဋိပက္ခတွေ၊ မတည်မငြိမ်ဖြစ်ရတဲ့ ဖြစ်ရပ်အမဲစက်တွေကို အတာရေနဲ့ဆေးကြောပြီး လာမယ့်နှစ်သစ်မှာ မင်္ဂလာရှိတဲ့ကိစ္စရပ်တွေ ပျော်ရွှင်ဖွယ် တည်ငြိမ်အေးချမ်းရေးကို ဦးတည်တဲ့ကိစ္စရပ်တွေ မြန်မာပြည်မှာ မြင်တွေ့ရဖို့ မျှော်လင့်တဲ့အကြောင်း ပြောကြားသွားပါတယ်။ ပြီးခဲ့တဲ့လအတွင်း လူတွေဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့ အဓိကရုဏ်းတွေဖြစ်ရတဲ့ မိတ္ထီလာမြို့မှာတော့ ကလေးတွေလောက်သာ ရေဆော့ကစားတာရှိပြီး အများစုကတော့ မပျော်နိုင်ကြသေးဘူးလို့ မြို့ခံ ဒေါ်မြင့်မြင့်အေးက ဗွီအိုအေကိုပြောပါတယ်။ ၈ နာရီနောက်ပိုင်း ညမထွက်ရ ပုဒ်မ (၁၄၄) ထုတ်ပြန်ထားဆဲဖြစ်သလို ကောလာဟလတွေကလည်း အမျိုးမျိုး ပြောဆိုနေကြတယ်လို့ ပြောပါတယ်။ “ကောလာဟလတွေကလည်း တောက်လျှောက်ပျံ့တယ်။ အစာထဲမှာအဆိပ်ပါတယ်တို့ ဘာတို့ပေါ့နော် အဲဒီလိုတွေလည်း ဖြစ်နေတယ်။ ဖြစ်တော့ နည်းနည်း ကျီးလန့်စာ စားတော့ ဖြစ်နေသေးတယ်။ ဒီနှစ်ကတော့ ဒီလိုကြီးဖြစ်ထားတာဆိုတော့လေ ဒါ သင်္ကြန်ရောက်လာလို့သာပေါ့လေ။ ကလေးတွေက ရေပက်ရမယ့်အချိန်မို့ပက်တာ။ ကလေးတွေဆိုတော့ အပူအပင်ကင်းလို့။ လူကြီးတွေကတော့ ဘယ်လိုလုပ်ပျော်နိုင်မှာလဲ။ ဘယ်သူမှ ဝေးလားဝါးလား သွားတဲ့ကားတွေ မရှိဘူး။ အရင်နှစ်တွေကဆိုရင် ဆိုင်ကယ်တွေနဲ့ ၀ုန်းဒိုင်းကျဲပြီးသွားနေတာ။ အခုတော့ အဲဒါတွေ ဘာမှမရှိဘူး။” ရန်ကုန်မြို့မှာတော့ မနေ့က အကြိုနေ့ကထက်စာရင် လည်ကြပတ်ကြတဲ့သူတွေ ပိုများလာတာတွေ့ရပေမဲ့ အရင်နှစ်တွေကနဲ့ နှိုင်းယှဉ်လိုက်ရင် ရေကစားကြသူတွေ သိသိသာသာ နည်းပါးသွားတယ်လို့ သိရပါတယ်။ ဖေ့စ်ဘွတ် အင်တာနက် လူမှုကွန်ယက်တွေမှာ ကောလာဟလသတင်းတွေ ရေးသားနေကြတာကြောင့်လည်း အခုလို ဖြစ်ရတာလို့ ပြောကြပါတယ်။ ကန်တော်ကြီးပတ်လမ်း ရေကစားမဏ္ဍပ်တွေကို လိုက်လံကြည့်ရှုနေတဲ့ ရန်ကုန်အခြေစိုက်သတင်းထောက် ကိုသူရစိုးက အခုလို ပြောပါတယ်။ “သင်္ကြန်ရဲ့ အစည်ဆုံးဒေသတွေဖြစ်တဲ့ ကန်တော်ကြီးပတ်လမ်းတို့၊ ကမ္ဘာအေးဘုရားလမ်းတို့၊ ပြည်လမ်းတို့မှာ တော်တော်လေးနည်းတယ်။ သွားသွားလာလာတော့ ရှိကြတယ်။ မဏ္ဍပ်တွေကတော့ သူ့ဟာနဲ့သူ ရှိပါတယ်ခင်ဗျ။ ဒီနေ့ထူးခြားတာကတော့ အဲဒီ ရေကစားထွက်တဲ့သူတွေရော၊ မဏ္ဍပ်မှာပျော်တဲ့သူတွေရော တော်တော်လေးနည်းတာ တွေ့ရတယ်။ ကန်တော်ကြီးပတ်လမ်းဆိုရင် တိုးမပေါက်အောင်စည်တဲ့နေရာတွေေ သင်္ကြန်မဏ္ဍပ်တွေမှာ ရေပက်ကစားသူတွေ၊ ရေပက်ခံလည်ကြပက်ကြသူတွေကို အားကိုးပြီးတော့ ဈေးရောင်းချသူတွေကလည်း အရင်နှစ်တွေကထက်စာရင် ဒီနှစ် အရောင်းအ၀ယ် ပါးတဲ့အကြောင်း အခုလို ပြောပြကြပါတယ်။ “ဆိုင်တွေကမနှစ်ကနဲ့စာရင် ၁၅ ဆိုင်၊ ဆိုင် ၂၀ လောက် ပျောက်သွားတယ်။ ဘာလို့လဲဆိုတော့ လူတွေက သိပ်မလာကြဘူး။ ဒီပြသနာတက်ထားတဲ့အပေါ်မှာ ကြောက်ကြက်ပြီးတော့ မလာတဲ့ ဆိုင်တွေလည်းရှိတယ်။” “နောက်နေ့တွေတော့ မပြာတတ်ဘူးလေ။ ဒီနေ့ကတော့ လာတာနည်းတယ်။ ကားတွေလည်းနည်းတယ်၊ ရေပက်ခံကာတွေ။ မနှစ်ကတုန်းကတော့များတယ်။ ရေပက်ခံကားတွေက၊ ဒီနှစ်ကျတော့ သိပ်မရှိဘူး။ ခါတိုင်းဆိုရင် တန်းစီနေတာ တိုးတောင်မရဘူး။ ဒီနေ့ဆိုရင် လေး ငါးသောင်းပဲရောင်းရတာပေါ့။ ခါတိုင်းဆို သိန်းကျော်လောက်တော့ရတာပေါ့။” မန္တလေးမြို့မှာတော့ မကြာခင်က မီးကြီးလောင်ထားတယ်ဆိုပေမဲ့ ဒီကနေ့ စည်စည်ကားကားနဲ့ ပျော်ပျော်ရွှင်ရွှင် ရေကစားကြတာ တွေ့ရကြောင်း မန္တလေးမြို့ခံ စာရေးဆရာ ဦးကျော်ရင်မြင့်က ပြောပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ရေကစားပါလို့ တိုက်တွန်းနှိုးဆော်တဲ့ တီရှပ်တွေ လိုက်လံဝေနေတာလည်း တွေ့ရကြောင်း ပြောပါတယ်။ “အေးအေးဆေးဆေးပါဗျ။ မီးလောင်ထားတာက မြို့တောင်ပိုင်းပေါ့လေ။ မြို့လယ်နဲ့လည်း နည်းနည်းလေးဝေးတယ်။ သင်္ကြန်ရေကစားတဲ့လူကတော့ မန္တလေးမှာ ဒီနေ့ စည်စည်ကားကားနဲ့ ဒီလိုပါပဲ ကစားနေကြတာတွေ့ပါတယ်။ တနေကုန်ပဲ နေ့လည်ခင်းတောင်မနားကြဘဲ ကစားနေကြတာတွေ့ပါတယ်။ တချို့ဆို ငြိမ်ငြိမ်းချမ်းချမ်း ရေကစားပါဆိုတဲ့ တီရှပ်တွေ လိုက်ဝေတာတို့ ဘာတို့။ ဒါမျိုးလေးတွေလည်း ရှိပါတယ်ခင်ဗျ။” နေရာတိုင်းမှာ ရဲနဲ့စည်ပင်သာယာ စည်းကမ်းထိန်းသိမ်းရေးဝန်ထမ်းေ နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းနိဂုံးမှာတော့ ပြီးခဲ့တဲ့နှစ်ဟောင်းတုန်းက လူမျိုးရေး၊ ဘာသာရေး ပုံဖော်နေကြတဲ့ ပြည်တွင်းနဲ့ပြည်ပက အကြမ်းဖက် အဖျက်လုပ်ရပ်တွေကို ဒီသင်္ကြန်ကာလမှာ သတိထားကာကွယ်ကြဖို့ တိုက်တွန်းနှိုးဆော်သွားပါတယ်။ ဦးစံမိုးဝေ (ဗွီအိုအေ) |
||
Posted: 14 Apr 2013 01:54 PM PDT
|
0 comments:
Post a Comment