သစ်ထူးလွင် သတင်းစုစည်းမှု (၇-၄)
သစ်ထူးလွင်
|
- ကြက်ဥကြော်ရာက အိမ်ခြေ ၂၂ လုံး မီးလောင်မှုဖြစ်ပွား
- ဧပြီလ (၃)ရက်နေ့ ထုတ် Good Heath ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် ၄၃၁
- ဧပြီလ (၅)ရက်နေ့ ထုတ် Auto World ဂျာနယ် အတွဲ ၂ ၊ အမှတ် ၁၄
- ငါးထောင်ကျပ်တန် ငွေစက္ကူအတုအချို့ မုံရွာမြို့တွင် ပြန့်နှံ့နေသည်ဟု သတင်းများထွက်ပေါ်
- သွေးတိုးရောဂါတိုက်ဖျက်ရေး WHO ဆော်သြ
- ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်အောင် NLD ဆောင်ရွက်မည်
- တိုတယ်ရေနံ ကုမ္ပဏီ ၀န်ထမ်းများ နှစ်သစ်ကူး ရုံးပိတ်ရက်များ ခံစားခွင့်ပြုရန် အကြောင်းကြားစာ
- ဘာသာစော်ကားမှုဆန့်ကျင်တဲ့ ဥပဒေပြဌာန်းဖို့ ဘင်္ဂလားဒေ့ရှ်မှာဆန္ဒပြ
- ကိုရီးယား ကျွန်းစွယ် စစ်ပူနေ၍ မြန်မာများ စိုးရိမ်သော်လည်း အိမ်ပြန်မည် မဟုတ်သေး
- မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွား
- ဘုတလင်မြို့နယ်၊ ဇီးတောကြီးကျေးရွာ မီလောင်ကျွမ်းရာတွင် အလုံမီးသတ်ကား စက်ချို့ယွင်း
- ဘုတလင်မြို့ နယ်မှာ မီးလောင်မှုတစ်ဖြစ်ပွား အိမ်ခြေ(၁၅)လုံးခန့် ပျက်စီး
Posted: 07 Apr 2013 01:29 AM PDT
၆-၄-၂၀၁၃ရက်နေ့ ၁၆၀၀ အချိန် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြို့ကင်းသာ ကျေးရွာအုပ်စု၊ တဲကူးရွာနေ ဦးစိုးသိန်း(၄၃)နှစ်၏ နေအိမ်မီးဖို ချောင်တွင် ကြက်ဥကြော်ရာမှ မီးစတင် လောင်ကျွမ်းခဲ့ရာ လူနေအိမ်တဲ ၂၁ လုံး၊ (၃)ပင်/(၄)ပင် သွပ်မိုး၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 07 Apr 2013 01:00 AM PDT
ဧပြီလ (၃)ရက်နေ့ ထုတ် Good Heath ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် ၄၃၁
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 07 Apr 2013 12:53 AM PDT
| ||
Posted: 06 Apr 2013 07:50 PM PDT
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့သည် ကုန်စည်စီးဆင်းမှု များဖြင့် နေ့စဉ် စည်ကား လျက်ရှိသော မြို့ကြီး တစ်မြို့ဖြစ်သည်။ ၎င်းမြို့ကြီးသည် အနောက်မြောက် ကူးသန်း ရောင်းဝယ်ရေး စီးပွားရေး ဇုန်ဖြစ်သည့် အတွက် တရုတ် နိုင်ငံထုတ် ကုန်ပစ္စည်းများနှင့် အိန္ဒိယနိုင်ငံထုတ် ကုန်ပစ္စည်းများ ကုန်စည်လဲလှယ်သည့် နေရာတစ်ခုလည်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 06 Apr 2013 07:40 PM PDT
ဒီကနေ့ ဧပြီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ ကျန်းမာရေးနေ့မှာ အဖြစ်များပြီး အဓိက သေဆုံး မှုဖြစ်စေတဲ့ သွေးတိုးရောဂါ ကာကွယ်ရေး ၀ိုင်းဝန်း ကြိုးပမ်းကြဖို့ ကုလသမဂ္ဂ အဖွဲ့ကြီးကနေ နှိုးဆော် လိုက်ပါတယ်။ နှလုံးရောဂါ လေဖြတ်တာနဲ့ သေဆုံးမှုတွေကို အဓိကဖြစ်စေတဲ့ ဒီသွေးတိုးရောဂါကို ကမ္ဘာပေါ်က အသက် ၂၅ နှစ်အထက် လူစုစုပေါင်းရဲ့ သုံးပုံတပုံမှာ ခံစားနေရပြီလို့ သတိပေးလိုက်ပါတယ်။ ၂၅ နှစ်လို ငယ်ရွယ်တဲ့အချိန်ကနေစပြီး ၃ ယောက်မှာ တယောက်နှုန်းနဲ့ အတော်လေးဖြစ်လာနေတဲ့ ဒီရောဂါကို ဖြစ်နေကြတဲ့ကာယကံရှင်တွေ ကိုယ်တိုင်က သူတို့မှာ ဖြစ်နေမှန်းမသိကြတာ အများကြီးရှိပြီး နိုင်ငံတကာ ကျန်းမာရေး အသိုင်းအ၀ိုင်းအနေနဲ့ ဒါကိုဝိုင်းဝန်းကူညီဖို့ အခုလို တိုက်တွန်းလိုက်တာပါ။ အပြည့်စုံကို ဗွီအိုအေသတင်းထောက် Carol Pearson ရဲ့ သတင်းလွှာကို ကိုဝင်းမင်းက တင်ပြထားပါတယ်။
လူ့ခန္ဓာကိုယ်ထဲက ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးကို နှလုံးကနေ တဆင့် အောက်စီဂျင် ပါတဲ့သွေးတွေကို ပေးပို့ရတာမို့ နှလုံးဟာ အသက်ရှင်ဖို့ အသက်သွေးကြော ဖြစ်နေပါ တယ်။ သွေးတိုးတယ်ဆိုတာကတော့ ဒီနှလုံးကသွေးတွေကို သွေးကြော ကနေပို့ရာမှာ နှလုံးသွေးကြော နံရံတွေမှာ ဖြစ်ပေါ်လာတဲ့ ဖိအားတွေ ပုံမှန်ထက် များပြားလာတာကို ဆိုလိုတာပါ။ ဒီသွေးတိုးတာ ရှိမရှိကို ဆေးခန်းတိုင်းမှာရှိတဲ့ လက်မောင်းမှာပတ်တိုင်းတဲ့ သွေးပေါင်ချိန်တိုင်း ကိရိယာနဲ့တိုင်းရင် နှလုံးက သွေးညစ်ထုတ်တဲ့အချိန်မှာဖြစ်တဲ့ ဖိအားကို အထက်သွေးလို့ခေါ်ပြီး နှလုံးက ပြန်လျှော့လိုက်တဲ့အချိန်မြှာ “အထက်သွေး ၁၁၅ အထက်နဲ့ အောက်သွေး ၇၅ ထက်ကျော်သွားတာနဲ့ ဘယ်အဆင့်မှာမဆို အန္တရာယ်များသွားပါပြီ။ ဒါ့အပြင် အထက်သွေး ၁၁၅ ထက် ၂၀ မီလီမီတာတဆင့်စီ ကျော်တိုင်းကျော်တိုင်း ဒီအန္တရာယ်က နှစ်ဆစီ တိုးတိုးသွားတာပါ။” အခုလို အထက်သွေးနဲ့အောက်သွေး ပုံမှန်ထက်မြင့်တက်သွားတာကို သွေးတိုးတာလို့ ခေါ်ကြတာပါ။ အမေရိကန်နိုင်ငံ Cleveland ဆေးရုံက ဒေါက်တာ ဂျော့တောမက်စ် ကလည်း - “သွေးတိုးတာဖြစ်လာတာနဲ့ သွေးကြောတွေရဲ့ နံရံတွေမှာ ဖိအားတွေများလာပါတယ်။ ဒီသွေးကြောတွေက ဦးနှောက် နှလုံးနဲ့ ကျောက်ကပ်တွေကို သွေးပို့ပေးရတာဆိုတော့ ဒီအင်္ဂါ အစိတ်အပိုင်းတွေ ပျက်စီးသွားစေဖို့၊ အထူးသဖြင့်တော့ ကျောက်ကပ်ရောဂါတွေ ဖြစ်ဖို့နဲ့ လေဖြတ်တာတွေ ဖြစ်ဖို့ အန္တရာယ်များသွားပါတော့တယ်။” တကယ်တော့ အခုလို သွေးတိုးတာဖြစ်လာရင် နှလုံးကနေ သွေးထုတ်လွှတ်နိုင်ဖို့ ပုံမှန်ထက်ပို အလုပ်လုပ်ရလေ့ရှိပါတယ်။ ဒါကြောင့်မို့ နှလုံးကြွက်သားတွေက မနိုင်ဝန်ထမ်းပြီး အားနည်းသွားရကာ နှလုံးဖောက်တာ၊ သို့မဟုတ် နှလုံးပျက်တာ ဖြစ်သွားရတာပါ။ ဒီသွေးတိုးရောဂါ ဖြစ်ရတဲ့အကြောင်းရင်းတွေကိုတော့ ၉၅ % မသိရပါဘူး။ ဒါပေမဲ့ ဖြစ်ဖို့အန္တရာယ်ပိုကြီး သွားစေတဲ့အချက်တွေကိုတော့ သိထားပါတယ်။ တခုကတော့ အသက်ကြီးလာတာနဲ့အမျှ သွေးကြောတွေ မာလာတာဖြစ်ပါတယ်။ နောက် မျိုးရိုးဗီဇနဲ့လည်း ပတ်သက်နေတာမို့ မိသားစုထဲမှာ သွေးတိုးဖြစ်တာရှိရင် ဖြစ်ဖို့အန္တရာယ် ပိုများသွားပါတော့တယ်။ ဒါ့အပြင် ၀တာ၊ ဆေးလိပ်သောက်တာနဲ့ ဆား အစားများတာကြောင့်လည်း သွေးပေါင်ချိန် ပိုတက်သွားစေပါတယ်။ ဒေါက်တာ ဂျော့တောမတ်စ် ကပဲ ဆား စားတာနဲ့ပတ်သက်ပြီး ခုလို ပြောပါတယ်။ “ဆား စားတဲ့အကြောင်းကို လူနာတွေ မေးတဲ့အခါကျတော့ သူတို့က ဆားမထည့်ဘဲစားတယ်လို့ ပြောကြတယ်ဗျ။ ဒါက ကောင်းပါတယ်။ ဒါပေမဲ့သတိထားရမှာက စားဖို့အသင့်လုပ်ထားပြီးသား အစားအစာတွေထဲမှာက ဒီ ဆား၊ ဒါမှမဟုတ် ဆိုဒီယမ်တွေက အများကြီးပါနေတယ်ဗျ။” တကယ်တော့ လူ့ခန္ဓာကိုယ်မှာက တနေ့ကို ဆား ၁၅၀ မီလီဂရမ်ပဲ လိုတာပါ။ ဒါပေမဲ့ အမေရိကန်တွေကတော့ ဆိုင်တွေက ပြင်ဆင်ရောင်းချတဲ့ အစားအစာတွေထဲမှာ ဆားပမာဏ ၃,၀၀၀ နဲ့ ၄,၀၀၀ မီလီဂရမ်ကြား ပါတာကို စားနေကြရတယ်လို့ ဆရာဝန်တွေက သတိပေးနေပါတယ်။ တကယ်တော့ ဆရာဝန်တွေအနေနဲ့ သွေးပေါင်ချိန်ကို ထိန်းထားနိုင်ဖို့ ဆားနည်းတာ၊ အဆီနည်းတာတွေနဲ့ ဟင်းသီးဟင်းရွက် အမျှင်များများပါတဲ့အစားတွေကို စားကြဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အလေးချိန်များနေရင်လည် ကိုဝင်းမင်း (ဗွီအိုအေ) | ||
Posted: 06 Apr 2013 10:52 AM PDT
နှစ်ပေါင်းများစွာ နိမ့်ကျခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ် ပြန်လည် ကောင်းမွန်လာ ဖို့အတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနဲ့ ချိတ်ဆက် ဆောင်ရွက် သွားမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့မှာ ပြောကြား လိုက်ပါတယ်။ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းကကျင်းပတဲ့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 06 Apr 2013 02:37 PM PDT
အများပြည်သူ အလုပ်ပိတ်ရက်များတွင် ဧပြီလ ၁၂ ရက်နေ့ မှ ၂၁ ရက်နေ့ အထိကို မဟာသင်္ကြန် နှစ်သစ်ကူး ရုံးပိတ်ရက်များ အဖြစ် ဖော်ပြပါရှိပြီး အဆိုပါ နှစ်သစ်ကူး ရုံးပိတ်ရက်များနှင့် အကျုံးဝင် သက်ဆိုင်သော တိုတယ်ရေနံကုမ္ပဏီရှိ အလုပ်သမားများ အနေဖြင့် ခံစားခွင့် ပြုရန် ထားဝယ်မြို့ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန က အကြောင်းကြားလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 06 Apr 2013 10:28 AM PDT
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ ထောင်နဲ့ချီရှိတဲ့ မူစလင်ဘာသာရေး စိတ်ဓာတ်ပြင်း ထန်သူတွေဟာ အစိုးရကို ဘာသာစော်ကားမှု ဆန့်ကျင်ရေး ဥပဒေ ပြဌာန်းပေး ဖို့အတွက် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဥပဒေပြဌာန်း ပေးဖို့တောင်းဆို ဆန္ဒပြကြ သူတွေဟာ ဟိုက်ဖါဇတ်အီး အစ္စလာမ် (Hifazat-e Islam) အဖွဲ့ဝင်တွေနဲ့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 06 Apr 2013 10:21 AM PDT
တောင်နှင့်မြောက် ကိုးရီးယား အကြား တင်းမာမှုများကြောင့် တောင် ကိုးရီးယားနိုင်ငံရှိ မြန် မာနိုင်ငံသားများ လုံခြုံရေးအတွက် စိုးရိမ်မှု ရှိကြသော်လည်း မိခင်နိုင်ငံသို့ ပြန်မည့် အလားအလာကို မတွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။ “အသစ်ရောက်လာတဲ့ မြန်မာတွေက သူတို့ အတွေ့အကြုံ မရှိတဲ့အခါကျတော့လေ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 06 Apr 2013 10:08 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် မုံရွာမြို့ အောင်မင်္ဂလာ ရပ်ကွက် အမှတ်(၁)လမ်းတွင် ယနေ့ည(၈)နာရီ အချိန်ခန့်က မီးလောင်မှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမှ စုံစမ်း သိရှိရပါသည်။ မီးလောင်မှုဖြစ်စဉ်မှာ အောင်မင်္ဂလာရပ်ကွက် အမှတ်(၁)လမ်း ဦးညွန့်မောင်+ဒေါ်တင်အေး ကုန်စုံဆိုင် မှ မီးအားမြင့်စက် အပူချိန်လွန်ကဲရာမှ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 06 Apr 2013 10:00 AM PDT
မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ဇီးတောကြီး စံပြကျေးရွာတွင် ယခုလ(၆)ရက်နေ့ မွန်းလွှဲ ၁နာရီခန့်က ကလေး သူငယ်များ ကန်ဇွန်းဥ မီးဖုတ်စားရာမှ လူနေအိမ် (၁၅)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်းသည့် နေရာသို့ မုံရွာ ဗဟိုလ်မီးသတ်အဖွဲ့မှ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 06 Apr 2013 09:54 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ဇီးတော ရွာသစ်တွင် ယနေ့ နေ့လည်(၁)နာရီခန့်က မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁၅)လုံး ခန့် မီးလောင်ဆုံးရှူံးခဲ့ပြီး ၀က်(၅)ကောင်(ကျင်းတက်အရွယ်)ခန့် စက်ဘီးများ မီးလောင်ခဲ့တယ်လို့ သတင်းများ ရရှိခဲ့ပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment